Chapter 155
ရွှယ်ဖေနှင့်ချန်ယီ
ရွှယ်ဖေက ပင်မခန်းမဆောင်၏ တံခါးဘောင်ပေါ်တွင်ထိုင်နေသည်။ ဘုရင်မင်းမြတ်က ဤကဲ့သို့ ထိုင်နေသည်ကိုမြင်တော့ အထိန်းတော် ကသောကမြော ပြေးလာပြီး ပြော၏။
"အရှင်မင်းကြီး...အရှင်....."
ရွှယ်ဖေက သူ့ကို မှုန်ကုပ်ကုပ်အကြည့်တစ်ချက်ပေးလာသည်ကိုမြင်ရာတွင် ချက်ချင်းပြုံးကာ သူ့စကားများကိုပြောင်းလိုက်သည်။
"ကျွန်တော်မျိုး အခင်းတစ်ခုယူလာပေးပါ့မယ်...တံခါးဘောင်က မာလွန်းပါတယ်..."
ရွှယ်ယွီက ပြန်မဖြေပါဘဲ ထိုအစားပြောလိုက်၏။
"တော်ဝင်ဆရာနဲ့ပတ်သတ်တဲ့သတင်းရသေးလား"
"မရသေးပါဘူး အရှင်မင်းကြီး"
ရွှယ်ယွီက သက်ပြင်းချကာဆိုသည်။
"အရူး"
"မှန်ပါ..."
ရွှယ်ဖေ ဒူးနှစ်ဖက်ပေါ်မှာ လက်ထောက်ပြီး ထရပ်လိုက်ပြီး ပြန်လှည့်ကာ အထဲဝင်သွားရင်းပြောလေ၏။
"တစ်ယောက်ယောက်ကို နယ်စားမင်းကျန့်ကျန်းရဲ့နေအိမ်တော်ကို လွှတ်ပြီး တစ်ချက်ကြည့်ခိုင်းလိုက်"
"နယ်စားမင်းကျန့်ကျန်း... "
ဘဏ္ဍာစိုးက ရွှယ်ဖေနောက်ကနေ အထဲကိုလိုက်ဝင်ပြီး ခါးခါးသီးသီး ပြောလိုက်သည်။
"အရှင်မင်းကြီး... နယ်စားမင်းကျန့်ကျန်းက ရန်စဖို့ရာ မတတ်နိုင်ပါဘူး...ဘယ်လိုထင်ပါသလဲ ဘုရား...သူ့ရဲ့နေရာကို ရှာချင်ပါသလား"
ရွှယ်ဖေက အနွေးမဏ္ဍပ်ထဲဝင်ကာ ထိုင်ချပြီး ခြေထောက်များကို ဆန့်လိုက်၏။ ဘဏ္ဍာစိုးက အလျင်အမြန် လက်ဖက်ရည်တစ်ခွက် ငှဲ့ပြီး ယူလာပေးလေသည်။ သူက ပြုံးကာပြော လိုက်၏။
"ရှာဖွေနေရခြင်းရဲ့ အကြောင်းပြချက်တစ်ခုလည်း ရှိရပါမယ်...ဒီနိမ်ကျတဲ့အစေခံက တုံးအတဲ့အတွက် မသိပါဘူး...အရှင်မင်းကြီး ညွှန်ပြပေးသင့်ပါတယ်"
ရွှယ်ယွီက လက်ဖက်ရည်တစ်ငုံစာသောက်ပြီးနောက် ခွက်ကိုပြန်ချထားပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။
"ဆရာသခင်ချန်ယီက နန်းတော်ထဲကနေတစ်စုံတစ်ခု ခိုးပြီးထွက်ပြေးသွားတယ်လို့ပဲ ဆိုရမှာပေါ့...လန့်ကျင်းက ဆရာသခင်ရဲ့စီနီယာ အကိုကြီးလေ...ဘာလို့နယ်စားမင်းကျန့်ကျန်းရဲ့အိမ်တော်ကို မစစ်ဆေးရမှာလဲ"
"တစ်....တစ်စုံတစ်ခုကို ခိုးတယ်"
အထိန်းတော် စကားကိုမနည်းထုတ်ပြောလိုက်ရပြီး လက်ဖက်ရည်ခွက်ပြုတ်ကျလုမတတ် လက်တွေတုန်လာ၏။
ရွှယ်ဖေက စားပွဲပေါ်က စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး ရေးရန်အတွက် မှင်တံတစ်ချောင်းယူလိုက်သည်။ သူ့ခြေထောက်များက စားပွဲပေါ်မှာတင်ထားဆဲဖြစ်ပြီး မထီမဲ့မြင်ဟန်ဖြင့်ခေါင်းညိတ်ကာ ပြောလေ၏။
"ဟုတ်တယ်...သူကိုယ်တော့်ရဲ့နှလုံးသားကို ခိုးသွားတာ"
"ခွမ်း–——"
ဘဏ္ဍာစိုး ဤတစ်ကြိမ်တွင့် အမှန်တကယ်သွက်သွက်ခါသွားပြီး လက်ဖက်ရည်ပန်းကန်ကို ကြမ်းပြင်ပေါ် ချခွဲမိသွားတော့သည်။ သူက အလျင်အမြန် ကြမ်းပြင်ပေါ်ထိုင်ကာ သန့်ရှင်းရေးလုပ်ရင်းပြောလိုက်၏။
"အရှင်မင်းကြီး ဒီအစေခံကို ဟာသမလုပ်ပါနဲ့"
ထို့နောက် သူက သူ့ဘာသူ တတွတ်တွတ်ပြောနေ လေသည်။
"နောက်ဆုံးတော့ တော်ဝင်ဆရာ ဘာလို့ထွက်ပြေးသွားမှန်း ငါသိသွားပြီ"
ရွှယ်ဖေက နားပါးသည်ဖြစ်ရာ သူ့ကို လှမ်းကန်လိုက်ကန်လိုက်ပြီး ပြောလိုက်၏။
"ဘာလို့ မြန်မြန်ထွက်မသွားသေးတာလဲ"
"မှန်ပါ...မှန်ပါ..မှန်ပါ"
ရွှယ်ဖေမျှော်လင့်ထားသလိုပဲ ချန်ယီက နယ်စားမင်းကျန့်ကျန်း၏အိမ်တော်ကိုသွားခဲ့သည်။ ရွှယ်ယွီက သူ့ကို မကြိုဆိုပါသော်လည်း အဆုံးမတော့ သူက လန့်ကျင်း၏ ဂျူနီယာညီလေးဖြစ်လေရာ ညီအစ်ကိုတစ်ယောက်အဖြစ် မိသားစုခံစားချက်တချို့ရှိပေ၏။ ရွှယ်ယွီက လန့်ကျင်းကို အရှက်မရစေချင်သဖြင့် ဘာမှမပြောခဲ့ချေ။ ထိုသည်က တိတ်တဆိတ် သဘောတူပေးခြင်ပင်။
ရွှယ်ယွီက ငယ်စဥ်ကတည်းက ထက်မြက်ခဲ့ပြီး ကြီးလာသောအခါ ပို၍ပင်ဉာဏ်ကောင်းလာသော်လည်း မာနကြီးပြီး အထိန်းအကွပ်မဲ့လေသည်။ ငယ်စဥ်ကတည်းက သင်ကြားပေးခဲ့သော ရှန်းယီကပဲ သူ့ကိုနိုင်၏။ ရွှယ်ဖေဟာ ကြီးပြင်းလာသည်နှင့်အမျှ ရှန်းယီအပေါ် ကွဲပြားသော ခံစားချက်များရှိလာခဲ့သည်။
ပထမတော့ ချန်ယီ အိမ်ထောင်ပြုချင်သောအခါ ရွှယ်ဖေက မိန်းကလေးက တော်ဝင်ဆရာနှင့်မထိုက်တန်ကြောင်းဆိုကာ တော်ဝင်ဆရာအတွက် အိမ်ထောက်ဖက်ကောင်းကို ကိုယ်တိုင်ရှာပေးလိုလေ၏။ သို့သော်လည်း နှစ်နှစ် သုံးနှစ်ရှာပြီးသည့်တိုင် တော်ဝင်ဆရာ့အတွက် လူမှန်သူမှန်ရှာမတွေ့နိုင်သေးပေ။ ချန်ယီက ရွှယ်ဖေထက်ဆယ်နှစ်ပိုကြီးသည်။ သူက စာပေပညါရှင်တစ်ဦးနှင့်တူပြီး မွေးရာပါချောမောကာ နုပျိုသောမျက်နှာနှင့် အသက်ကြီးသည့်ပုံမပေါ်သော်လည်း တကယ်တမ်းကျ သူက အသက်သုံးဆယ်ထဲရောက်လေပြီ။
ချန်ယီက လက်တွေကျကျနည်းလမ်းဖြင့် လက်ထပ်ချင်ပါသော်လည်း ရွှယ်ဖေ က သူဆက်မထိန်းနိုင်တော့သလို ခံစားရသဖြင့် သူ့အတွေးများကို ဖွင့်ပြောပစ်လိုက်၏။ ယင်းက တော်ဝင်ဆရာ့ကို အလွန် အင်မတန် အံအားသင့်သွားစေပြီး အရှက်မဲ့သော ရွှယ်ဖေကြောင့် အကြပ်ရိုက်ပြီး နောက်ဆုံးတွင် နန်းတော်ကနေ ထွက်ပြေးသွားခဲ့သည်။
155.2
ချန်ယီထွက်ပြေးလာရသည့်အကြောင်းအရင်းကို ကြားရသောအခါ ရွှယ်ယွီ မရယ်ဘဲမနေနိုင်ပေ။ သူကိုယ်တိုင်ကိုယ်၌က အနည်းငယ်ယုတ်မာသဖြင့် သဘာဝအတိုင်း စကားကောင်းကောင်းမပြောတတ်ချေ။ သူက ပြောလိူက်၏။
"အဖေလို သားလို ဆရာလို"
ရွှယ်ယွီက အနှီတော်ဝင်ဆရာကို လျော့တွက်မိခြင်းသာဖြစ်လေသည်။ ချန်ယီက ကြည့်လျှင် အန္တရာယ်ကင်းဟန်ရှိရုံတင်မကဘဲ သူ၏အငြင်းသန်မှုကို လန့်ကျင်းတစ်ယောက်သာယှဥ်နိုင်စွမ်းရှိသော်လည်း သူ၏အဆိပ်ပြင်းသောပါးစပ်က သူ၏အရောင်အဆင်းကို အနည်းငယ်မျှပင် သက်ရောက်မှုမရှိပေ။
သူက ငြိမ်သက်စွာ ပြုံးရင်း ဆိုလေ၏။
"အစ်ကိုလို ညီလို"
ရွှယ်ယွီ၏မျက်နှာက ချက်ချင်းဆိုသလို အရောင်ပြောင်းသွားပြီး ချန်ယီကို စိုက်ကြည့်လိုက်ပြီး ခါးခါးသီးသီး ထွက်သွားသည်။
ချန်ယီ လန့်ကျင်က သူ့ကိုကြည့်နေသည်ကိုမြင်သဖြင့် ပြောလိုက်၏။
"ငါ့ကို အပြစ်လာမတင်နဲ့...မင်းမိသားစုက တစ်ယောက်က ငါ့ကို အရင်လာယုတ်ပတ်တာ...ငါက ငါ့ကို အရင်လာမစော်ကားရင် ငါကလည်း ဘယ်သူ့ကိုမှစော်ကား မနေဘူး"
လန့်ကျင်း၏မျက်နှာက အမူအရာမဲ့လျက်ပင်။
သူက အေးဆေးတည်ငြိမ်စွာ ကြည့်နေသော်လည်း လွယ်လင့်တကူ ပြောလေသည်။
"ခင်ဗျားပြန်သွားတာကောင်းလိမ့်မယ်"
ချန်ယီ ပြန်မပြောနိုင်ခင်မှာပဲ လန့်ကျင်းက ထပ်ပြောပြန်၏။
"အခုပြန်ပြန် နောက်မှပြန်ပြန်...ဘယ်လိုပဲဖြစ်ဖြစ် ပြန်သွားရမှာမှန်း ခင်ဗျားကိုယ် ခင်ဗျားသိပါတယ်...
အဖြစ်သည်းမနေစမ်းနဲ့"
ချန်ယီမျက်နှာက လန့်ကျင်း၏အရာအားလုံးကိုနားလည်နေဟန်အကြည့်ကြောင့် ပူလောင်လာသည်။ သူ ထရပ်ကာ ဧည့်ခန်းဆီသို့ လျှောက်သွားရင် စိတ်ထဲမှ ပြောလိုက်၏။
"မဟုတ်ဘူး...မင်းအစ်ကိုဆိုလိုချင်တာ အဲ့သလိုမဟုတ်ဘူး"
ထို့နောက် တဖြည်းဖြည်းနှင့် သူဝေးကွာသွားခဲ့သည်။
နယ်စားမင်းအိမ်တော်မှာ တစ်လလောက် စားလိုက်သောက်လိုက်နေပြီးနောက် တစ်လတိတိသူငြိမ်သက်သွား၏။ မထမလဝက်၌ သူ အလွန်အေးအေးလူလူရှိနေခဲ့ပြီး အင်မော်တယ်တစ်ယောက်၏နေ့ရက်များကဲ့သို့ပင်။ နေ့တိုင်း ဝိုင်သောက်ကာ ကချေသည်များ သူတို့၏ခန္ဓာကိုယ်ကို မပေါ့တပေါ်လှုပ်ယမ်းကပြနေသည်ကို ကြည့်၍ ကဗျာတချို့ပင်ရေးခဲ့ပြီး ယင်းက အဆိုမယ်များကို မေ့လဲသွားလောက်သည်အထိ
ရင်ခုန်သွားစေခဲ့သည်။ လူတိုင်းက သူ့အရည်အချင်းကိုချီးကျူးကြ၏။ သို့ပေမဲ့ ဒုတိယလဝက်မှာတော့ ချန်ယီက တဖြည်းဖြည်းနှင့်ငြီးငွေ့လာပါတော့သည်။ သူက အမှန်တကယ်အသက်ကြီးလာပြီး အချိန်ဖြုန်းခဲ့၍ဖြစ်မည်၊ ထိုအစား တစ်ခုခုပျောက်ဆုံးနေသလို ခံစားရ၏။
ဘာပျောက်နေတာလဲ...
ချန်ယီ၏ နှလုံးသားက တဒုတ်ဒုတ်မြည်လာပြီး ရုတ်ချည်း ရွှယ်ဖေကို အမှတ်ရသွားခဲ့သည်။ သူ ခေါင်းခါပြီး သက်ပြင်းချလိုက်ပြန်၏။
ဘာပျောက်နေတာလဲ... ဘာလိုများ အောက်ခြေထိရှာဖွေချင်နေရတာလဲ ...အသက်ဆုံးဆယ်ထဲရောက်တာတောင် ငါက မရင့်ကျက်မဘဲ ကလေးဆန်နေသေးတာကအမှန်ပဲလား...
ချန်.ယီ စားသောက်ပြီးနောက် အခန်းဆီသို့ပြန်သွားခဲ့သည်။ ခါတိုင်းနေ့တွေဆို သူက လမ်းလျှာက်ထွက်ပြီး ဒေသခံစာပေပညါရှင်တချို့နှင့် သောက်လေ့ရှိ၏။ သို့ပေမဲ့ ဤရက်ပိုင်းတွင် သူငြီးငွေ့လာသလို ခံစားရပြီး မသွားဖြစ်တော့ပေ။
အခန်းထဲတွင် မီးအိမ်မရှိသလို ရှန်းယီကလည်း သူ့ကို ခစားရန်အစေခံတွေမလိုအပ်ပေ။ သူ တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ မီးထွန်းတော့မည့်အချိန်တွင် သူ့ပခုံးကို နောက်ကနေဆုပ်ကိုင်ပြီး ရုတ်ချည်းအဖက်ခံလိုက်ရ၏။
ရှန်းယီ ထိတ်လန့်သွားပြီး အော်မိလုမတတ်ပင်။ သို့ပေမဲ့ ထိုလူက သူ့ပါးစပ်ကို အုပ်ပြီး စပ်ဖြီးဖြီးဆိုလာသည်။
"မလန့်ပါနဲ့ ကျွန်တော်ပါ"
ထိုအမျိုးသား၏အသံကို ကြားရသောအခါ ချန်ယီ ပို၍ပင်ထိတ်လန့်သွား၏။
ရွှယ်ဖေကြီးမဟုတ်ဘူးလား...
ချန်ယီ အသည်းအသန် ခြေနှစ်လှမ်းပြန်ဆုတ်လိုက်သည်။ ရွှယ်ဖေက မီးထွန်းလိုက်ပြီး တစ်ခန်းလုံး အလင်းရောင်တောက်တောက်ဖြင့် လင်းထိန်သွားခဲ့၏။ ရှန်းယီ တစ်ဖက်လူ၏မျက်နှာထက်ရှိ အပြုံးကို မြင်လိုက်ရသည်။ သူ သူ့ကို မမြင်ရသည်မှာ တစ်လကျော်ကြာပြီဖြစ်ကာ ရွှယ်ဖေက ပို၍ပင် အရပ်ရှည်လာပုံရ၏။ ယခုတော့ မင်းသားငယ်လေးဟာ သူ၏တော်ဝင်ဆရာထက်
အရပ်ပိုရှည်လာခဲ့လေပြီ။
ရွှယ်ဖေက ပြုံးပြုံးရွှင်ရွှင်ဆိုလေသည်။
"တော်ဝင်ဆရာ... ဆရာကကျွန်တော့်ကို တကယ်လာပြီးရှာရအောင်လုပ်တာပဲ"
ချန်ယီက ပြောလိုက်၏။
"အရှင်မင်းကြီးက ဘာလို့ဖုန့်ပြည်ထောင်ကို လာရတာပါလဲ...လက်ရှိအချိန်မှာ ရွှယ်နန်းတော်မှာပဲရှိသင့်ပါတယ်"
ရွှယ်ဖေက ပြောသည်။
"ကျွန်တော်က ရုပ်ဖျက်ပြီးခရီးသွားနေရုံပါပဲ...တိုင်းသူပြည်သားတွေရဲ့အမြင်ကိုလေ့လာရင်း တော်ဝင်ဆရာကိုလည်း နန်းတော်ပြန်ဖို့ လမ်းကြုံ ဝင်ကြိုရင်းပေါ့"
ချန်ယီ နှုတ်ခမ်းဆူကာပြောလိုက်၏။
"ဒီနိမ့်ကျတဲ့ ငယ်သားက နန်းတော်ကို အရှင်မင်းကြီးနဲ့အတူတူပြန်မသွားနိုင်မှာစိုးမိပါတယ်...ဒီနိမ့်ကျတဲ့ငယ်သားက လက်ထပ်တော့မှာပါ...လက်ထပ်ပြီးရင်တော့ ဇနီးကို နန်းတော်ဆီပြန်ခေါ်လာမှာပေါ့ဘုရား"
"အိုး...လက်ထပ်တော့မယ်ပေါ့"
ရွှယ်ဖေက နည်းနည်းမှ မအံ့ဩပါဘဲ ဆက်ပြောလေသည်။
"ဟုန်ယန်ရင်ပြင်က မိန်းကလေးလား...ဒါမှမဟုတ်
ယီရှန်း ပွဲကြည့်စင်ကမိန်းကလေးလား..."
သူ့စကားကို ကြားပြီးနောက် ချန်ယီမျက်နှာပူလာ၏။ ဤရက်ပိုင်းတွင် သူ ဆောင်ကြာမြိုင်တွေထဲမှာ အရက်သောက်နေခဲ့မှန်းသိသည့်အတွက် မျက်နှာထားကို ပိုတင်းပြီးပြောလိုက်ရုံသာရှိသည်။
"မှန်ပါ...သူမက ယုတ်ညံ့တဲ့မိသားစုမှာမွေးဖွာလာခဲ့ပေမဲ့ ကျွန်တော်မျိူး သူမကိုသဘောမကျမဖြစ်ပါဘူး...ဘာလို့လဲဆိုတော့... ဘယ်လိုပဲဖြစ်ဖြစ် ဒီနိမ့်ကျတဲ့ငယ်သားက လက်ထပ်ပြီးတာနဲ့ တန်းပြီး မြို့တော်ကိုပြန်မှာမလို့လေ"
ရွှယ်ဖေက သူ့ကိုစိုက်ကြည့်လိုက်ရင်း မျက်လုံးများ မသိမသာကျဥ်းမြောင်းသွား၏။ ချန်ယီ တွေးလိုက်သည်၊'ဆိုးလိုက်တာ'။ဤအမူအရာက ရွှယ်ဖေမှာ အကြံဆိုးတစ်ခုရှိနေပြန်သည့် အဓိပ္ပါယ်ပင်။
ရွှယ်ဖေက ရှေ့တစ်လှမ်းတိုးလိုက်ရင်း သူ့လက်က လျှပ်စီးလက်သလို တိုးဝင်လာပြီး ချန်ယီ၏လက်ကိုဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ဒွိဟဖြစ်စေသောအပြုံးနှင့် ပြောလေ၏။
"ဆရာက ကျွန်တော်ဘာတွေးနေလဲဆိုတာကို ထွင်းဖောက်မြင်ခဲ့တယ်ထင်တယ်...ဆရာက ကျွန်တော့်ကို ကလေးဘဝကတည်းကနေ အရွယ်ရောက်တဲ့အထိကြည့်နေခဲ့တာ...ကျွန်တော်က အမြဲတမ်းအောက်ခြေထိလိုက်တတ်တဲ့လူစားမျိုး... မအောင်မြင်ဘူးဆိုရင်တောင် ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး...အခုဆရာက လက်ထပ်တော့မယ်ဆိုတော့ ...အဲ့တာကို ကျွန်တော်နဲ့ တစ်ကြိမ်လောက် လုပ်လို့ရတယ်...ကျွန်တော် ဆရာကို လိုက်လျောပေးမယ်"
"မင်း..."
သူ၏ပေါ့ပြက်ပြက်စကားများကြောင့် ရှန်းယီခဏလောက် ဒေါသထွက်သွားသော်လည်း ဒေါသကို ဖိနှိပ်ပြီး ဆိုလိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့အပြောအဆိုတွေကိုဂရုစိုက်ပါ...ဒါဧကရာဇ်တစ်ပါးပြောဆိုပြုမူသင့်တဲ့ပုံစံမဟုတ်ပါဘူး"
ရွှယ်ဖေ သက်ပြင်းချကာဖြင့် တမင်တကာ သူ့လက်ကိုလွှတ်ပေးပြီး ပြောလိုက်၏။
"ထားလိုက်ပါတော့...အမှန်တော့ ကျွန်တော်က ယောကျာ်းတစ်ယောက်နဲ့ တစ်ခါလောက်လိင်ဆက်ဆံဖူးချင်ရုံပဲဖြစ်လောက်မှာပါ...ရုပ်ရည်အရဆိုရင် ဦးလေးငယ်ကပိုပြီးစွဲမက်စရာကောင်းတယ်...တော်ဝင်ဆရာက ရှက်နေတယ်ဆိုမှတော့ ကျွန်တော် ဦးလေးငယ်ကို ကိုယ်တိုင်ပဲသွားရှာလိုက်တော့မယ်...ဒီလိုနောက်ကျနေမှ တော်ဝင်ဆရာကို နှောက်ယှက်မိလို့ တကယ်စိတ်မကောင်းပါဘူး"
xxxxxx