Chapter-8
Viewers 320

    အပိုင်း (၈)


    လှံသွားကိုရှောင် ဆိုသောစကားကို နားလည်စွာဖြင့် သူမ၏အစွမ်းကို မဖော်ပြရန် သူမသဘောပေါကမိသည်။တုံးချင်ယောင်ဆောင်တာကတစ်ပိုင်း ဟိုမောင်နှမနှစ်ယောက်ရဲ့ဓားစာခံအဖြစ်မခံနိုင်တာက တစ်ပိုင်းဖြစ်နေသည်။


    မနက်ဖြန်တွင် ရင်ဆိုင်ကြုံတွေ့ရတော့မည့် အဖြစ်ကိုတွေးကာ မျက်လုံးအစုံကိုမှေး၍ သူမ၏နှုတ်ခမ်းအားကွေးကာ သရော်တော်တော်ပြုံးလိုက်လေတော့သည်။


            ..............................................................................


    မောင်နှမနှစ်ယောက်ကြောင့် သူမရဲ့အနေအထားဟာ ဘယ်လောက်နိမ့်ကျသနားစရကောင်းမှန်း သိခဲ့ရသည်ဟုဆိုရလျှင် ယခုသူမဟာ ထိုသနားဖွယ်အခြေအနေမှ လွတ်မြောက်ခဲ့ပြီဖြစ်သည်။


    မနက်ခင်းရဲ့ ပထမဆုံးအဖြစ်အပျက်ကတော့ ၁၇ ၁၈ခန့်ရှိမည်ဖြစ်သော အစေခံမိန်းကလေးနှစ်ဦးမှ သူမအခန်းတံခါးအား ခြေဖြင့်ကန်ဖွင့်ကာ ဝင်လာခြင်းဖြစ်သည်။အိပ်ယာပေါ်တွင် အိပ်နေဆဲဖြစ်သော သူမအား လေးစားမှုမရှိစွာ အတင်းအကျပ်ဆွဲထူလိုက်သည်။သူမက သခင်မလေးနှင့်မတူဘဲ အိမ်တော်ရှိ အဆင့်အနိမ့်ဆုံး အစေခံတစ်ယောက်လိုလိုပင်။


    "ညည်းက ညည်းကိုညည်းများ တစ်ကယ်အခြေမြင့်တဲ့ သခင်မလေးတစ်ပါးလိုလုပ်နေပြီး အခုအရွယ်ထိကို သူများအကူအညီယူပြီး အဝတ်ဝတ်ပေးနေရတုန်းပါလား"


မျက်နှာထားတင်းတင်းနဲ့အစေခံမတစ်ယောက်ဟာ သူမကိုယ်ကျပ်အင်္ကျ ီကို အတင်းဆွဲချွတ်လိုက်ရင်း ပြောလိုက်တာပါ။ထို့နောက် သူမကို အဝတ်အစားအသစ်အား လုံးဝသိမ်မွေ့မှု မရှိစွာ ဝတ်ဆင်ပေးပြန်ပါတယ်။အစေခံ၏ မျက်နှာတွင်လည်း သူမအား စက်စုပ်တဲ့အမူအယာဟာ အထင်းသားပေါ်လွင်နေပါသေးတယ်။


                ....................................................................


    "သခင်ကြီးကသာ သူမကို ဒီနေ့တွေ့ချင်တယ်လို့ အမိန့်မပေးခဲ့ရင် ဘယ်သူကများ ဒီဟာမလေးကို စောက်ရေးစောက်ဖက်လုပ်နေမှာလဲ။ငါကတော့ သခင်ကြီး ဘာတွေအတွေးပေါက်နေမှန်း နားမလညတော့ပါဘူးအေ။မိသားစုကို အရှက်ကွဲစေတဲ့ ဒီဟာမလေးကို အိမ်တော်မှာထားပြီး စောင့်ရှောက်နေသေး"ဟု အခြားတစ်ယောက်မှပြောလိုက်ပြန်ပါသည်။ဒီတစ်ယောက်ကတော့ ရှန်ယန်ရှောင်ရဲ့ ဆံပင်ကို ဖြစ်သလိုပဲ ဖြီးပေးနေပါတယ်။


    ရှန်ယန်ရှောင်အား လာရောက်ဆောင်ရွက်ပေးနေတယ်လို့ ပြောရမယ့်အစား လာနှိပ်စက်တာဟု သုံးတာက ပိုမိုသင့်တော်မည်ဖြစ်ပါသည်။


    "ဒိလိုလုပ်နေတာက အစားအသောက်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ဒီတစ်ခေါက်ဆိုရင် သားရဲတွင်းကိုတောင် ကျူးကျော်လိုက်သေးအေ။သခင်ကြီးကတော့ ဒီငတုံးမကို လွယ်လွယ်နဲ့လွှတ်မပေးဖို့ သေချာပါတယ်"


    "ဒီလိုဟာမျိုးတွေကို စောစောစီးစီး ကိုင်တွယ်ထားရမှာအေ့။အပြင်လောကတစ်ခုလုံးက ဒီငတုံးမကိုအကြောင်းပြုလို့ ငါတို့အိမ်တော်တစ်ခုလုံးကို လှောင်ရီနေကြတယ်လေ"


                .........................................................................


    အစေခံမနှစ်ယောက်လုံးဟာ စကားလမ်းကြောင်းပြောင်းမယ့် အရိပ်အယောင်မရှိဘဲ သူမတို့ မကျေနပ်မှုတွေအား ပြောဆိုနေကြလေသည်။လူကြီးပိုင်းမှလူငယ်မျိုးဆက်အထိ မိသားစုခေါင်းဆောင်ဖြစ်တဲ့ ရှန်ဖန်ကလွဲလို့ တစ်မိသားစုလုံးဟာ သူမကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်ပဲ သတ်မှတ်နေကြတာပါ။ဒါတင်မကသေးဘဲ မိသားစုကို အရှက်ကွဲစေသော သူမကိုစောစောသေအေးတာပဲလို့ သဘောပိုက်ထားနေကြတာပါ။


    နားထောင်ဖို့ခက်သော အကြောင်းအရာတွေကို ထိုအစေခံနှစ်ယောက်က ဆက်လက်ပြောဆိုနေဆဲပါ။ဆယ့်လေးနှစ်အရွယ် ငတုံးမကတော့ အမူအယာတစ်ချက်မပျက်ဘဲနဲ့ထိုအစေခံနှစ်ယောက် သူမအားရှုံ့ချပြောဆိုနေတာကို နားမလည်တဲ့ပုံစံနဲ့ပဲ နေနေပါတယ်။


    နှိပ်စက်မှုတစ်သီတစ်သန်းကြီး ပြီးဆုံးတဲ့အခါမှာတော့ သူမကို ပင်မအိမ်ဆောင်ထဲသို့ ဆွဲခေါ်သွားပါတော့တယ်။လမ်းတစ်လျှောက်လုံးမှာ ရှန်ယန်ရှောင်ဟာ သူမအဝတ်ကို ဆွဲကာခေါ်သွားခြင်းကို တစ်စက်မှမရုန်းကန်ဘဲ လိုက်လာခဲ့ပါတယ်။ဒါပေမယ့် ကြောင်တောင်တောင်မျက်လုံးတစ်စုံရဲ့အောက်မှာ လည်ဝယ်သောအရိပ်အယောင်တစ်ချို့ကို သေချာကြည့်မိပါက သတိထားမိနိုင်ပါတယ်။


    ပင်မအိမ်ဆောင်တံခါးရှေ့ရောက်တာနဲ့ အစေခံနှစ်ယောက်လည်း အမှိုက်ထုပ်အားပစ်သလို သူမကို ထားကာ ပြန်ထွက်သွားကြပါတော့တယ်။ဘယ်သူမှ မသိလိုက်တာကတော့ အစေခံနှစ်ယောက်ရဲ့ခါးတွင်ချိတ်ထားတဲ့ လက်ဝါးအရွယ်ရှိ အိတ်နှစ်လုံးကို ငတုံးမတစ်ယောက်က ဖြုတ်ယူထားလိုက်တာကိုပါပဲ။


    ရှန်ယန်ရှောင်လည်း ဒီလောကိုရောက်တည်းက ပထမဆုံးရရှိတဲ့ ဝင်ငွေကို သူမရဲ့ အတွင်းအိတ်ထဲကို အသာအယာထည့်လိုက်ပါတယ်။သူမလည်း တံခါးပေါက်ကနေ ပင်မဆောင် အတွင်းသို့ ဝင်ရာက်လိုက်ပါတယ်။သူမအဆောင်တွင်းရောက်တာနဲ့ပဲ တံခါးနှစ်ချပ်လုံးကပိတ်သွားပါတယ်။ငါ့ပိုက်ဆံအိတ်ဆိုသော အလန့်တကြားရေရွတ်လိုက်သော အသံနှစ်သံဟာ လေးလံသောတံခါးပိတ်သံအောက်မှာ ပျောက်ကွယ်သွားပါတော့တယ်။