အပိုင်း ၂၁
Viewers 13k

Chapter 21


တေလာက ကားမှန်မှတစ်ဆင့်အပြင်သို့ကြည့်နေခဲ့သည် ။ ယခင်ကဲ့သို့ ရေးစိတ်ကြိုက်ဖြစ်စေရန် ပြုပြင်ပြောင်းလဲပါမည်ဟုမပြောတော့ကာ သူ့ဘက်မှလည်းမည်သည့်စကားမှစမပြောချေ ။ ရေးကလည်းစကားတစ်ခွန်းမပြောခဲ့ကာ တိတ်ဆိတ်စွာဖြင့် အိမ်သို့မောင်းပြန်ခဲ့ကြသော်လည်း ဤအခြေအနေအား ရေး အသားမကျပေ ။


အိမ်သို့ရောက်သည့်အချိန်တွင် တေလာကပုံမှန်ကဲ့သို့ ရိုင်လီလေးကိုပင် မချီပိုးတော့ဘဲအိမ်ထဲသို့သာတန်းဝင်သွားခဲ့သည် ။ ဂျော်ဒန်က သူ့ပါးပါး၏အေးစက်သောအပြာအမူကြောင့် ရေးကိုကြည့်ကာမေးလိုက်သည် ။


" ပါးပါးဘာဖြစ်နေတာလဲ ဖေဖေ..."


ရေးကလည်း ရူပ်ထွေးစွာနှင့်ပြန်ပြောလိုက်သည် ။


" သားရဲ့ပါးပါးကပင်ပန်းနေလို့ဖြစ်မှာပါ "


ရေးက ရိုင်လီလေးကိုချီလိုက်ကာ ဂျော်ဒန်နှင့်အတူအိမ်ထဲသို့ဝင်လာခဲ့သည် ။


" တေလာ! "


သူခေါ်လိုက်သောလည်း မည်သို့သောတုန့်ပြန်သည့်အသံမျိုးကိုမှမကြားရချေ ။


" တေလာ "


ရေးခေါ်နေသည်အားကြားသော်လည်း တေလာကပြန်မဖြေခဲ့ကာရေချိုးရန်အတွက် အဝတ်များချွတ်နေခဲ့သည် ။ ရေးကတေလာအား ခေါ်၍မရသည့်အပြင် ရိုင်လီလေးငိုနေသောကြောင့် အမြန်ပြေးချော့ရတော့သည် ။


" ရူးးး.....ရူး......ပါးပါးကရေချိုးနေလို့ပါ ခဏလေး...ခဏလေးနေရင်ပြန်လာမှာ....."


ရေးက သောင်းကျန်းငိုယိုနေသည့်ကလေးအား အတတ်နိုင်ဆုံးချော့မော့နေခဲ့သည် ။ ထိုအချိန်တွင် ဂျော်ဒန်က အနားကပ်လာကာပြောလိုက်သည် ။


" ဖေဖေ သား ကာတွန်းကားကြည့်ချင်တယ် "


" ဒီညတော့မရဘူး ဂျော်ဒန် သားအိပ်ချိန်ကျော်တော့မယ် "


" ဖေဖေကလဲ...သားကြည့်ချင်လို့​ပါ.....နော်...နော်..."


ဂျော်ဒန်က ရေး၏ဘောင်းဘီစကိုဆွဲကာ မနားတမ်းပူဆာနေသည့်အပြင် ရိုင်လီလေးကလည်းအငိုမတိတ်သေးပေ ။


" ဂျော်ဒန် ...ဖေဖေ... သားညီမလေးကိုချော့နေတာမမြင်ဘူးလား "


ရေးက စိတ်ရူပ်လာသဖြင့်အော်လိုက်သည် ။ သို့သော်လည်း ဂျော်ဒန်ကလက်ပိုက်ကာ ရေး ကိုစူးစိုက်ကြည့်နေခဲ့သည် ။ ထိုအချိန်၌ တေလာက ညအိပ်ဝတ်စုံဖြင့်ရေချိုးခန်းထဲမှထွက်လာသောကြောင့် ရေးကစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည် ။


" နောက်ဆုံးတော့မင်းထွက်လာပြီပေါ့ သူမကမင်းကိုရှာနေတာ "


တေလာက ကလေးအားမချီဘဲ ရေးကိုပါလျှစ်လျူရူကာလျှောက်သွားလိုက်သည် ။ ဂျော်ဒန်က တေလာ့နောက်သို့ပြေးလိုက်ကာ ပေါင်ကိုဖက်ထားရင်းပြောလိုက်သည် ။


" ပါးပါး သားကာတွန်းကားကြည့်ချင်တယ် "


" သားဖေဖေကို...မေးလိုက်နော်...ပါးပါးသွားအိပ်တော့မယ် "


ပြောပြီးသည့်နောက်၌ တေလာက အိပ်ခန်းထဲသို့ဝင်သွားကာတံခါးပိတ်ချလိုက်သည် ။


" တေလာ!"


ရေးက စိတ်ဆိုးစွာလှမ်းအော်လိုက်သည် ။ တေလာဘာဖြစ်နေလဲသူမသိတော့ချေ ။ ရွေးချယ်စရာမရှိတော့ဘဲ ဂျော်ဒန်အားကာတွန်းကားပြပြီးသည့်နောက်တွင် အိပ်ရာထဲထိုးထည့်ကာ ရိူင်လီလေးအားမနည်းချော့မော့သိပ်လိုက်ရသည် ။ အချိန်နှစ်နာရီအားနှစ်ရက်လောက်ကြာသည်ဟုပင်ထင်မိသည် ။


" တေလာ မင်းဘာဖြစ်နေတာလဲ "


ရေးက တေလာမအိပ်သေးကြောင်းသိသည် ။ ရေးအသံကြားသည့်နှင့်တေလာက ဖုန်းကိုခေါင်းအုံးအောက်ထိုးထည့်ကာ မျက်လုံးမှိတ်ပြီးအိပ်ချင်ယောင်ဆောင်လိုက်သည် ။


ရေးက ထပ်အငြင်းမပွားချင်တော့သောကြောင့် ရေချိုးပြီးအိပ်ရန်သာတွေးလိုက်သည် ။ သို့သော် သူရေချိူးနေစဥ်အချိန်အတွင်းတွင် ရိုင်လီလေးကငိုလာခဲ့သည် ။ ရေးက တေလာအိပ်ရာမှထ၍ရိုင်လီလေးအားချော့မော့မည်ဟုထင်ခဲ့သည် ။


အချိန်အတန်ကြာသည်အထိ ရိုင်လီလေးက ငိုယိုနေဆဲဖြစ်သောကြောင့်ရေး ထွက်ကြည့်သည့်အချိန်၌ တေလာကအိပ်မောကျနေကာ ဟောက်ပင်ဟောက်နေသေးသည် ။


ရေးက တေလာ ညစာစားပွဲတွင်ပင်ပန်းလာသောကြောင့် ဟုထင်ကာ တစ်ညမျှကလေးထိန်းပေးရန်တွေးကာစိတ်လျော့လိုက်သည် ။ ရေးက တစ်ညလုံးနီးပါး ရိုင်လီလေးအားချော့မော့နေရပြီး နောက်ဆုံး၌အနားယူ ရန်အခန်းထဲသို့ပြန်လာခဲ့သည် ။ အခန်းထဲသို့ဝင်လိုက်ပြီး တေလာအားကြည့်လိုက်သောအချိန်တွင် သူ၏မမွေးရသေးသောသွေးသားလေးအားလွယ်ထားသည့်ဗိုက်က​လေးကိုတွေ့လိုက်ရသည် ။


ဂျော်ဒန်တစ်ယောက်တည်း ရှိနေသည့်အချိန်တွင် ထိန်းကျောင်းရန်မခက်ခဲသော်လည်း ရိုင်လီလေးအနားတွင်ရှိနေသောအချိန်၌ မေးခွန်းပေါင်းစုံတရစပ်မေးတော့သည် ။ သူ၏ပါးပါးအားချစ်သေးလားနှင့် ပါးပါးဝလာပြီးရုပ်ဆိုးသွားလျှင်ရော ချစ်ဦးမလားဆိုသည့်အူကြောင်ကြောင်မေးခွန်းများပင်ပါဝင်သည် ။


တေလာ ဘယ်လိုပုံဘဲဖြစ်ဖြစ် သူချစ်နေဦးမည်ဆိုသော်လည်း တေလာ၏ အိမ်၌ပျင်းရိနေသည်အားမကြိုက်ခြင်းဖြစ်သည် ။ သူနှင့်တေလာသည်ကောလိပ်တက်သည့်အချိန်များကတည်းကတွဲလာကြခြင်းဖြစ်သည် ။ 


ရေးကစီနီယာတန်းတက်နေချိန်၌တေလာက ဂျူနီယာတန်းတက်နေဆဲဖြစ်သည် ။ စာလုပ်ရန်ဂိုက်ပြပေးခဲ့ကမှသူတို့၏အချစ်ဇာတ်လမ်းစတင်ခဲ့ခြင်းဖြစ်သည် ။ ရေးကမျက်လုံးမှိတ်ကာအိပ်ရန်ကြိုးစားပါသော်လည်း ရိုင်လီလေးက ထငိုလာတော့သည် ။


xxxxxxxxx