အပိုင်း ၂၂
Viewers 13k

Chapter 22


နာရီအလန်းမြည်လာချိန်၌ ရေးက ပင်ပန်းနွမ်းနယ်စွာ မျက်လုံးဖွင့်လိုက်သည် ။ မနေ့ညက နာရီအနည်းငယ်မျှပင် မအိပ်စက်ခဲ့ရချေ ။ သူကဘေးတွင်အိပ်နေသည့် တေလာအား နိူးရန်ခေါ်လိုက်သည် ။


" တေလာ "


သူက အက်ရှနေသောအသံဖြင့်ပြောလိုက်သည် ။


" အိပ်ရာထချိန်ရောက်ပြီလေ "


ရေးက တေလာအား အသာအယာလူပ်နိုးလိုက်သောလည်း တေလာက အင်းအင်းအဲအဲလုပ်ကာပြန်အိပ်သွားသည် ။ ရေးက တေလာအိပ်ရာမထချင်သည်အား အနည်းငယ်ထူးဆန်းနေသော်လည်း ဆက်မနိုးတော့ပေ ။


ရေးက မျက်နှာသစ်ကာ ရေချိုးပြီးသည့်နောက်တွင် အိပ်ယာပေါ်၌တေလာ့ ကိုမတွေ့ရတော့သောကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည် ။ 


တောလာက ဂျော်ဒန်ကျောင်းသွားရန် ပြင်ဆင်ပေးနေသည်ဟုထင်ခဲ့သည် ။ အလုပ်သွားရန် ဝတ်စားပြီးသည့်နောက်တွင် မီးဖိုထဲချောင် သို့ဆင်းသွားသောအခါ မနက်စာလည်းအသင့်မရှိ သည့်အပြင် တေလာလည်းမရှိနေပေ ။


"  ဘာ...ဘာတွေလုပ်နေတာလဲ... "


ရေးက ဒေါသထွက်သွားသလို အနည်းငယ်လည်း ရူပ်ထွေးနေခဲ့သည် ။ ဧည့်ခန်းထဲတွင် တေလာက ဆိုဖာပေါ်တွင်ထိုင်ကာ ဂိမ်းဆော့နေပုံရပြီး နို့နှင့်စီရယ်အား ရောစားနေခဲ့သည် ။


" shit!  မင်းဘာလုပ်နေတာလဲ !"


ရေးက စိတ်မရှည်တော့ကာ အော်လိုက်သည် ။ တေလာက ရေးအား တစ်ချက်မျှလှည့်ကြည့်ပြီးသည့်နောက်၌ နားကြပ်တပ်ကာ ဂိမ်းပြန်ဆော့နေခဲ့သည် ။ ရေးက တေလာ၏ လျှစ်လျူရူထားသော အပြုအမူအားနားမလည်တော့ပေ ။


" တေလာ...တေလာ...ကိုယ်မင်းကို စကားပြောနေတယ်လေ !"


တေလာက ယခင်ကကဲ့သို့ သူ၏အာရုံစိုက်ခံရအောင် မကြိုးစားတော့ကာ သူကသာ တေလာ သတိထားမိအောင်ကြိုးစားနေရသည် ။ သို့သော်လည်း တေလာ၏မျက်လုံးများက လှည့်ကြည့်လာခြင်းမရှိဘဲ ဂိမ်းအသံကိုသာမြှင့်လိုက်သည် ။ 


နောက်ကျနေပြီဖြစ်၍ ရေးကသူကိုယ်တိုင်သာ အရာအားလုံးပြင်ဆင်ရတော့သည် ။ ဂျော်ဒန် အားကျောင်းပို့ရန် ကိုယ်တိုင်အဝတ်လဲပေးသည့်အချိန်တွင် တစ်အိမ်လုံး ဆူညံနေခဲ့သည် ။ 


" မဟုတ်ဘူး...ကြာသပတေး နေ့ကလိပ်ကလေးကိုဝတ်ရမှာ "


" ဝတ်လိုက်စမ်းပါ ဂျော်ဒန်ရယ် ကျောင်းနောက်ကျလိမ့်မယ် "


ရေးက ဂျော်ဒန်လက်ခံလာစေရန် ဖြောင်းဖြနေပါသော်လည်း ကလေးကလက်ပိုက်ရင်း ငြင်းဆန်နေဆဲဖြစ်သည် ။


" မရဘူး...မရဘူး...ကြာသပတေး နေ့လိပ်ကလေး "


ဂျော်ဒန် ခြေဆောင့်ရင်း ထပ်ကာထပ်ကာအော်ဟစ်နေသောကြောင့် ရိုင်လီလေးအား လန့်နိုးလာစေခဲ့သည် ။ 


" အေး...အေး...မင်းကအရမ်းဂျီကျတာဘဲကွာ "


ရေးက အလွန်ပင်စိတ်မရှည်တော့ကာ ဂျော်ဒန်အား အောက်ခံဘောင်းဘီအတင်းဝတ်ပေးနေခဲ့သည် ။ 


" မဟုတ်ဘူး...မဟုတ်ဘူး...လိပ်ကလေးပါဆို "


ဂျော်ဒန်က အတင်းရုန်းကန်ကော ဘောင်းဘီဝတ်နေခြင်းအား အနည်းငယ်မျှပင်ပူးပေါင်းမူမရှိချေ ။ တေလာက ဘေးအခန်းမှနေ၍ အကုန်လုံးကြားနေရသော်လည်း ဝင်မပါဘဲလွှတ်ထားလိုက်သည် ။


ရေးက အကုန်ပြင်ဆင်ပြီးသည့်အချိန်၌ မနက်ဆယ်နာရီပင် ကျော်နေပြီဖြစ်သည် ။ တစ်မိသားစုလုံး တေလာမှလွဲ၍ မနက်စာမစားရကာ ကလေးများအတွက်လည်း နေ့လည်စာမရှိပေ ။ တစ်မနက်လုံး တေလာက ရေးအားတစ်ချက်ကလေးမျှပင် ဝင်မကူညီခဲ့ချေ ။


နောက်ဆုံး၌ ရေးက ကလေးနှစ်ယောက်အား နွားနို့နှင့်စီရယ်အား ရောကြွေးလိုက်ရသည် ။ ဂျော်ဒန်ကဂျီကျနေပြီး ပန်းကန်များအားလွှင့်ပစ်သည့်အချိန်မှ ရေးကသူ့သားဘယ်ဘောက်ဆိုးကြောင်းနားလည်လာခဲ့သည် ။ ဒီကလေးဆိုးနှစ်ယောက်နှင့် တေလာမည်သို့ဖြတ်သန်းနေခဲ့သလဲ သူနားမလည်နိုင်တော့ပေ ။


ရိုင်လီလေးက သူ၏ရှပ်အကျီပေါ်သို့ အန်ချလိုက်သောကြောင့် အကျီထပ်လဲလိုက်ရသေးသည် ။ ရေးကအလွန် စိတ်ရူပ်နေကာ အခုထိအလုပ်မသွားရသေးပေ ။ ရေးက ပုံမှန်ကဲ့သို့ မနက်ခင်းနူတ်ဆက်အနမ်းလေးရရန် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ပါသော်လည်း တေလာကအဖက်မလုပ်သောကြောင့် အလုပ်သာသွားလိုက်ရသည် ။


.......


ပါကာနှင့် ချယ်လ်စီ လေးက အိမ်ထဲ၌ အကြောလျော့နေကြသည် ။ ချယ်လ်စီလေးက မကြာခင်တွင် ကျောင်းပြန်တက်ရတော့မည်ဖြစ်သောကြောင့် ပါကာအနည်းငယ်ဝမ်းနည်းနေခဲ့သည် ။


သူကထိုအသေးလေးနှင့် တစ်နေကုန်အချိန်ဖြုန်းရသည်အား အသားကျနေပြီဖြစ်သောကြောင့် သူတစ်ယောက်တည်းအိမ်မှာကျန်ခဲ့ရမည်က အလွန် အထီးကျန်ဖွယ်ဖြစ်သည် ။ ပုံမှန်နေ့ရက်များ၌ ပါကာနှင့်ချယ်လ်စီလေး တို့ကအတူအချိန်ဖြုန်းကြကာ ပိတ်ရက်များဆိုလျှင် ဒရိတ်ခ်နှင့် ရုပ်ရှင်အတူကြည့်ခြင်းနှင့် မိသားစုလိုက်စျေးဝယ်ထွက်ကြသည် ။


တစ်ခါတစ်ရံ၌ ပန်းခြံများနှင့်ကစားကွင်းများသို့ပါ သွားလေ့ရှိကာ ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုဘဝလေးပင်ဖြစ်သည် ။


" ဘယ်ဘက်သို့ကွေးပါ..."


တီဗီထဲမှ လူတစ်ယောက်၏ညွှန်ကြားချက်ထွက်လာခဲ့သည် ။ ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်နှင့် ပုပုသေးသေးကလေးမလေးတို့မှာ ဘေးဘက်သို့ပြိုင်တူပင်ကွေးလိုက်ကြသည်အား ကြည့်ကာ ဝီလီယမ် ရီမိသည် ။ ထိုသားအဖနှစ်ယောက်၏ အတွဲညီနေပုံအား ဝင်မနှောင့်ယှက်ခဲ့ပေ ။


xxxxx