အပိုင်း ၂၃
Viewers 14k

Chapter 23


ဒရိတ်ခ်က အစည်းအဝေး စာရွက်ပေါ်ရှိအမည်စာရင်းအား မှတ်ပြီးသည့်နောက်တွင် စတေစီအား ဘုတ်အဖွဲ့အစည်းအဝေးရှိရာ ခန်းမဆီသို့ စာရွက်စာတမ်းများယူခိုင်းလိုက်သည် ။


" မစ္စတာဖော့လ်ခ်မွန်ရဲ သူ​ဌေး နဲ့တွေ့ဖို့လူတစ်ယောက်စောင့်နေပါတယ် " 


စတေစီက ပြောလိုက်သောကြောင့် ဒရိတ်ခ် ကမေးလိုက်သည် ။


 

" ငါ့ကိုလား...?သူဘယ်သူလဲ "


" လူသာဘရော့ဝှစ် လို့ပြောပါတယ်သူဌေး " 


" ဘာရော့ဝှစ်လား .. စီးပွားရေးအကြောင်းဆွေးနွေးဖို့လာတာလား "


" ဟုတ်ပါတယ် သူဌေး အရမ်းအရေးကြီးတယ်လို့တော့ပြောပါတယ် "


" ကောင်းပြီလေ "


အစည်းအဝေးခန်းမထဲ၌ အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်တစ်ယောက်က စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းနေခဲ့သည် ။ ဒရိတ်ခ် ခန်းမထဲသို့ရောက်သည်နှင့် အချင်းချင်းနားလည်မူဖြင့်ခေါင်းငြိမ့်ပြကာ လက်ဆွဲနူတ်ဆက်ပြီးနောက်ပြန်ထိုင်လိုက်ကြသည် ။


စတေစီက ဒရိတ်ခ်နှင့်ဧည့်သည်တို့အတွက် ကော်ဖီတစ်ခွက်ပြင်ဆင်ပေးပြီးနောက် အလိုက်တသိဖြင့်ပြန်ထွက်သွားလေသည် ။


လူသာက မကျေမနပ်ဖြစ်နေသော လေသံနှင့်နူတ်ဆက်လိုက်သည် ။


" တွေ့ရတာဝမ်းသာပါတယ် မစ္စတာဖော့လ်ခ်မွန်ရဲ "


ဒရိတ်ခ်က ထိုကောင်လေး၏ စကားပြောဆိုသောပုံစံအားအမူမထားကာ သူ၏ကော်ဖီကိုသာ အေးအေးဆေးဆေးသောက်နေခဲ့သည် ။ ဒရိတ်အနေနှင့်လည်း ယဥ်ကျေးနေစရာမလိုချေ ။ သူတို့နှစ်ဦး၏ ပထမဆုံးတွေ့ဆုံမူမှာပင် ထိုကောင်လေးကသူ၏ အကျင့်စရိုက်အားဖုံးကွယ်မထားခဲ့ပေ ။


" စီးပွားရေးအကြောင်းဆွေးနွေးဖို့လာတာမဟုတ်ဘူး ဆိုတော့ ငါမယဥ်ကျေးတော့ဘူး မင်းသဘောပေါက်တယ်မဟုတ်လား "


ဒရိတ်ခ်၏ လေသံမှာ မျက်နှာပေးနေသောပုံစံမပေါက်သကဲ့သို့ ဖော်ရွေနေခြင်းမျိုးလည်းမဟုတ်ကာ ကျွမ်းကျင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ လေသံမျိုးနှင့်ဖြစ်သည် ။


" ဟုတ်တယ် ကျွန်တော် လက်ထပ်ခွင့်တောင်းမလို့ "


လူသာ သူ၏ခြေချိတ်ထိုင်ရင်းဆက်ပြောလိုက်သည် ။ 


" ခင်ဗျားမှာ ခင်ပွန်းသည်နဲ့ကလေးရှိတယ်လို့ကြားတယ် " 


ဒရိတ်ခ်၏ အကြည့်များစူးရှသွား၍ လူသာ့မေးခွန်း ဦးတည်ရာမှာကောင်းမည်မဟုတ်ဟုခန့်မှန်းမိနေ၏ ။


" အင်း...အဲ့ဒီတော့ "


"  ခင်ဗျားတို့ရဲ့အိမ်ထောင်ရေးက အဆင်မပြေဘူးလို့လဲကြားသေးတယ် ဒီလိုဆိုရင်ရော ခင်ဗျား ပါကာ့ကိုကွာရှင်းလိုက် ပြီးရင် ကျွန်တော်သူ့ကိုလက်ထပ်ခွင့်တောင်းပြီး လူသိရှင်ကြားလက်ထပ်မယ် ...ခင်ဗျားသမီးရဲ့အုပ်ထိန်းခွင့်ကိုလိုချင်တယ်ဆိုရင်လဲ ကျွန်တော်သဘောတူပေးမှာပါ... ပါကာ့ကိုလက်ထပ်ရရင်တော်ပြီ..."


လူသာက အရှက်မရှိမျက်နှာပြောင်တိုက်ပြောနေရင်း ဒရိတ်ခ် ၏အမူအရာအားအကဲခတ်ရန်လည်းမမေ့ပေ ။ 


ပထမဆုံးအကြိမ်တွေ့ဆုံသည့် အချိန်တည်းကပင် လူသာကပါကာ့ကို စိတ်ဝင်စားခဲ့၍ နည်းမျိုးစုံနှင့်ရင်းနှီးရန်ကြိုးစားခဲ့သည် ။ သို့သော်လည်း ပါကာက အိမ်ထောင်သည်တစ်ဦးဖြစ်နေသောကြောင့် သူ၏အသည်းနှလုံးကွဲကြေသွားသလိုခံရသော်လည်း အိမ်ထောင်ရေးအဆင်မပြေဟူသည့်သတင်းမှာ သူ၏မျှော်လင့်ချက်ဖယောင်းတိုင်လေးအား ပြန်လည်လင်းလက်လာစေခဲ့သည် ။


ပါကာက သူ၏ချဥ်းကပ်မူအား လက်မခံ၍ ဒရိတ်ခ်ထံသို့လာရောက်ပြောဆိုရခြင်းဖြစ်လေသည် ။ အဆင်မပြေမည့်အတူတူ ပါကာအားလွတ်လပ်ခွင့်ပေး၍ သူနှင့်လက်ထပ်နိုင်ရန် ဒရိတ်ခ် ဘက်မှအရင်ကွာရှင်းစေလိုခြင်းဖြစ်သည် ။


ဒရိတ်ခ်က လူသာအားအချိန်အတန်ကြာစိုက်ကြည့်နေပြီးနောက် သက်ပြင်းချ၍ ကော်ဖီခွက်ကိုချကာ ဖောင်တိန်နှင့်စာရွက်ယူရင်းပြောလိုက်သည် ။


" ငါသိပြီ "


ဒရိတ်ခ်က စာရွက်ပေါ်တွင်နံပါတ်တချို့ချရေးပြီးနောက် လူသာ့ရှေ့သို့တွန်းပေးကာအပြင်သို့ထွက်သွားတော့သည် ။ လူသာက စာရွက်ကိုကြည့်၍အနည်းငယ်ရူပ်ထွေးသွားခဲ့ရသည် ။


' ဒါတွေက ပါ့ကာ့ကိုဆက်သွယ်ဖို့လား...သူ့ကိုဆက်သွယ်ဖို့လား...'


ဒရိတ်ခ်က အစည်းအဝေးခန်းထဲမှ ရုပ်တည်နှင့်လျှောက်ထွက်လာကာ စတေစီကအပေါက်ဝမှနေ၍ နောက်သို့လိုက်လာသည် ။


လမ်းချိုးတစ်ခုတွင် ရုတ်တရက်ရပ်လိုက်သောကြောင့် စတေစီက ဒရိတ်ကိုကြည့်လိုက်သည် ။ သူမ၏သူဌေးမှာ ရယ်ချင်စိတ်ကိုအောင့်အီးထားရ၍မျက်ရည်ပင်ဆို့နေလေသည် ။


ဒရိတ်က သူ၏ဗိုက်ကိုဖိ၍ အချိန်အတန်ကြာအားရပါးရရယ်မောနေသည် ။ လူငယ်လေးတစ်ဦး၏စိတ်ကြီးဝင်ပြောဆိုနေသောစကားများမှာ ရယ်ရလွန်း၍ဒေါသပင်မထွက်နိုင်ချေ ။


အားရပါးရရယ်မောပြီးသော်လည်း သူ၏မျက်နှာပေါ်တွင်ဆက်လက်ရယ်မောလိုဟန် အပြုံးတစ်ပွင့်ကျန်ရှိနေဆဲပင် ။ သူဌေးတစ်ဦး၏တည်ကြည်သောပုံရိပ်အားထိန်းသိမ်းရန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စတေစီအား​ပြောလိုက်သည် ။


" နောက်တစ်ကြိမ်သူလာချင်တယ်ဆိုရင်လာပါစေ ဒါပေမဲ့ငါ့ကိုတော့လာမခေါ်နဲ့တော့ "


လမ်းလျောက်ရင်းရယ်သွားသော သူမ၏သူဌေးအားကြည့်ကာစတေစီ နားမလည်နိုင်တော့ပေ ။ 


အဲ့ဒီလူက ဘယ်လိုအကြောင်းအရာမျိုးပြောလိုက်လို့ ဒီလောက်တောင်ရယ်မောသွားရတာလဲ ?.


သူမအလုပ်လုပ်လာသောသက်တမ်းတစ်လျှောက်လုံးတွင် ဒရိတ်ခ် အားရပါးရရယ်မောသည်အား ဤတစ်ကြိမ်သာမြင်ဖူးသေးသည် ။


ပါကာ၏အသံအားကြားရရန်အလွန်စိတ်လူပ်ရှားနေသော လူသာမှာ ဒရိတ်ပေးသွားသည့် ဖုန်းနံပါတ်ကိုဝမ်းသာအားရဆက်လိုက်သော်လည်း တစ်ဖက်မှပြန်ဖြေလာသူမှာ ပါကာမဟုတ်ပါချေ ။


" ဟယ်လို ××× စိတ်ကျန်းမာရေးဆေးရုံကပါရှင့် ဘာများကူညီပေးရမလဲ "


လူသာက ဒရိတ်လှည့်စားခြင်းကိုခံလိုက်ရသည့်အတွက် အလွန်ဒေါသထွက်နေသည် ။ သူကပြဿနာရှာမည့်အစား ယဥ်ယဥ်ကျေးကျေးလာရောက်တောင်းဆိုနေသည်ကို ဟာသလုပ်ခံလိုက်ရ၍ကျေနပ်ခြင်းမရှိပေ ။


ပါကာက ဒရိတ်ခ် ကိုမနှစ်သက်သည့်အတွက် လမ်းခွဲပြီးလွတ်လပ်ခွင့်ပေးလိုက်ခြင်းသည်သာ သူပါကာ့ကို အလွယ်တကူလက်ထပ်ယူနိုင်မည့်အခွင့်အရေးဖြစ်သည် ။ သူကသေချာပေါက်ပင် ဒရိတ်ခ်ထက်ပို၍ ပါကာ့ကိုရတနာလေးလိုတန်ဖိုးထားချစ်ခင်ပေးနိုင်သည် ။


ဒရိတ်ခ်က ကားမောင်းပြီးအိမ်ပြန်နေသောအချိန်အထိ ရီချင်နေဆဲပင် ။ ထိုလူငယ်လေးကအရှက်မရှိလား ရူးနေတာလားခွဲခြားမရပေ ။


ခင်ပွန်းတစ်ယောက်အား သူ၏အိမ်ထောင်ဖက်ကိုကွာရှင်းပေးရန် မျက်နှာပြောင်တိုင်လာရောက်တောင်းဆိုသော ကလေးဆန်ဆန်လုပ်ရပ်အား သူဒေါသမထွက်နိုင်ဘဲ ရီချင်စိတ်တစ်ခုတည်းသာရှိသည် ။


xxxxxx