အပိုင်း ၂၄
Viewers 13k

Chapter 24


အိမ်ထဲသို့ဝင်သည်နှင့်တစ်ပြိုင်နက် ပါကာကဒရိတ်ခ်အား ကြိုဆိုအနမ်းလေးပေးလိုက်ကာ လက်ဆွဲအိတ်ကိုယူလိုက်သည် ။ ဒရိတ်က နက်ခ်တိုင်ကိုဆွဲဖြည်ရင်းမေးလိုက်သည် ။


" ချယ်လ်စီးလေးရော "


" သူမအိပ်ပျော်နေတယ် ဖေဖေပြန်လာတာကိုတောင်မစောင့်နိုင်ရှာတော့ဘူး "


" မင်းလဲနားသင့်တယ် နောက်ကျနေပြီလေ "


ဒရိတ်က ပါကာ့၏ပါးပြင်လေးအားငုံ့နမ်းလိုက်သည် ။


" တကယ်တော့လေ ကျွန်တော်ခင်ဗျားမရှိတော့အိပ်မပျော်ဘူး "


ပါကာက အသံ​သေးသေးလေးနှင့်ပြောလိုက်၍ ဒရိတ်ခ်က ဝမ်းသာအားရနှင့် ဖက်နမ်းတော့သည် ။


" ဒါပေမဲ့ ကိုယ်ရှိမှမင်းတကယ်အိပ်လို့မရမှာနော် "


ဒရိတ်ခ် ကမြူဆွယ်သောလေသံနှင့်ပြောလိုက်၍ ပါကာကသက်ပြင်းချကာပြောလိုက်သည် ။


" ခင်ဗျားတကယ်အရှက်မရှိတာဘဲ "


ဒရိတ်ခ်က ပါကာ့လက်ကိုဆွဲ၍အပေါ်ထပ်သို့အတူတူတက်လာကြသည် ။


" ဒါနဲ့ လူသာဘရော့ဝှစ် ဆိုတဲ့လူကိုမင်းသိလား "


ပါကာ အနည်းငယ်ရူပ်ထွေးသွားသည် ။


အဲ့လူကဘယ်သူမို့လို့လဲ...


" ကျွန်တော်မမှတ်မိဘူး သူကဘယ်သူမို့လို့လဲ "


" ဒီနေ့သူက ကိုယ်ရုံးကိုလာပြီးတော့ မင်းနဲ့ကွာရှင်းခိုင်းတယ်လေ ဒါမှသူမင်းကိုလက်ထပ်လို့ရမှာတဲ့ ကိုယ့်မှာဒေါသထွက်ရမလားရီရမလာတောင် မသိတော့ပါဘူးကွာ "


ဒရိတ်ခ်က အမှန်တိုင်းပြောပြလိုက်သောအခါ ပါကာလန့်သွားရသည် ။


" သူကရူးနေတာလား... "


" ဟုတ်တယ် သူတစ်ကယ်ရူးနေတာဖြစ်လောက်မယ် ကိုယ့်ရဲ့ရုံးအထိလာပြီးတော့ ကိုယ့်ရဲ့အမျိုးသားလေးကိုကွာရှင်းခိုင်းတဲ့အပြင် ကိုယ့်သမီးလေးကိုပါအပိုင်သိမ်းချင်နေတာလေ ဒါပေမဲ့ သူပြောတဲ့ပုံစံကအရမ်းကလေးဆန်လွန်းတော့ ကိုယ်အားရပါးရဘဲရီနိုင်တော့တယ် "


ဒရိတ်ခ်က ပြောရင်းနှင့်ပင် ပါကာ၏အမူအရာကိုအကဲခတ်နေသည် ။ ပါကာ၏တုံ့ပြန်မူမှာ လူသာအားအမှန်ပင်မသိပုံရသောကြောင့် ဒရိတ်ခ် စိတ်အေးသွားရသည် ။ နောက်ဆုံးတွင်ထိုကဲ့သို့ ကလေးဆန်သောသူမှာ စိတ်ထဲထား၍ပင်မထိုက်တန်ချေ ။


" ဒရိတ်ခ် "


ပါကာက အိပ်ရာခင်းနေရင်းခေါ်လိုက်သည် ။


" အင်း "


" ခင်ဗျားက ကျွန်တော့မိသားစုနဲ့တွေ့ပြီးပေမဲ့ ကျွန်တော်ခင်ဗျားမိသားစုဝင်တွေ့နဲ့ မတွေ့ဖူးဘူးနော် "


ဒရိတ်ခ်က ပါကာနှင့်အတူမျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ဝင်ရင်းပြောလိုက်သည် ။


" ကိုယ်တို့ကဆက်ဆံရေးမကောင်းဘူး ကိုယ့်အသက်ဆယ့်ခြောက်နှစ်ကတည်းက သံယောဇဥ်ဖြတ်ပြီးအိမ်ပေါ်ကဆင်းလာခဲ့တာ အဲ့အချိန်ကတည်းက ကိုယ်တိုင်တစ်ယောက်တည်းနေခဲ့တာဘဲ "


" တကယ်လား ကျွန်တော့်ကို ခင်ဗျားအ​ကြောင်းတွေထပ်ပြောပြပါလားဟင် ကျွန်တော်သိချင်လို့ပါ "


ဒရိတ်ခ်က ရေချိုးခန်းမီးကိုမဖွင့်ဘဲ ပါကာကိုဖက်၍ သူ၏လည်တိုင်တွင်းခေါင်းဝှေ့ကာပြောလိုက်သည် ။


" ကိုယ်မိဘတွေက ကိုယ့်ကိုမရည်ရွယ်ဘဲရခဲ့တာ သူတို့မလိုချင်သေးတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ဝန်ရှိခဲ့တယ်လေ ဒါကြောင့်မို့လို့ ကိုယ့်ကိုဆိုအမြဲဆိုးဆိုးဝါးဝါးဆက်ဆံတယ် ...ကိုယ်အိမ်ကထွက်လာပြီးနောက်ပိုင်း အဖိုးနဲ့အဖွားကိုစောင့်ရှောက်ပေးနေတဲ့ ger ဦးလေးတစ်ယောက်နဲ့အတူတူနေခဲ့တာ အခုထိတစ်ခါတစ်လေတော့သူနဲ့အဆက်အသွယ်ရှိပါတယ် ချယ်လ်စီ လေးရဲ့ပုံလေးတွေတော်သူ့ဆိီပို့ပေးဖြစ်တယ်... မင်းတို့နှစ် ​ယောက်ကိုသာတွေ့ရင်သူအရမ်းဝမ်းသာမှာ "


" တကယ်လား... ကျွန်တော့်ကို ခင်ဗျားအကြောင်းတွေမကြာခဏပြောပြနော် "


" အင်းပါ...ကိုယ်ပြောပြပါ့မယ်...ကိုယ့်ဦးလေးကကိုယ့်ကို ငယ်ငယ်လေးတည်းကစောင့်ရှောက်ပေးခဲ့တာလို့ပြောလို့ရတယ်ကိုယ်အိမ်မှာဘာမှမစားရတိုင်း ကိုယ့်ဦးလေးဆီခိုးထွက်ပြီး ထမင်းသွားစားလေ့ရှိတယ် ကိုယ်အရမ်းဗိုက်ဆာနေတဲ့အချိန်မှာ သူချက်ပေးတဲ့ဟင်းတွေက ကမ္ဘာပေါ်မှာအရသာအရှိဆုံးဘဲ ...ကိုယ့်မိဘတွေက အဖိုးတို့ကိုမထောက်ပံ့တော့သူတို့ကဆင်းဆင်းရဲရဲနေကြရတာ ဒါ့ကြောင့် မို့လို့ကိုယ် အသက်ကြီးလာတဲ့အချိန်မှာ ကိုယ့်အဖိုးနဲ့အဖွားကို ကောင်းကောင်းမွန်မွန်ထားချင်တာ "


ထို့နောက် ဒရိတ်ခ်က သက်ပြင်းချ၍ဆက်ပြောလိုက်သည် ။


" ကံမကောင်းတာက ကိုယ်ကောလိပ်တက်နေတဲ့အချိန်မှာ သူတို့ဆုံးသွားကြပြီး ကိုယ်နဲ့ဦးလေးဘဲကျန်ခဲ့တယ် "


ဒရိတ်ခ်၏ ငယ်ဘဝအတိတ်ဆိုးများတွင် သူမပါဝင်နိုင်ခဲ့သော်လည်း အနာဂတ်တွင်မူပို၍ကောင်းကောင်းဆက်ဆံပေးမည်ဖြစ်သည် ။ သူက ဒရိတ်ခ် ကိုပြန်ဖက်ထားလိုက်ပြီး စိတ်သက်သာရရစေရန် ကျောကိုခပ်ဖွဖွပုတ်ပေးနေသည် ။


" ကျွန်တော်တို့ သူတို့အုပ်ဂူကိုသွားလည်လို့ရပါသေးတယ် "


မကြာခင်မှာပင် ချယ်လ်စီလေးက အိပ်ချင်မူးတူးနှင့်ယုန်ရုပ်လေးဆွဲကာကုတင်ပေါ်ကုတ်တက်လာသည် ။ ပြီးခဲ့သည့်ရက်များအတွင်း ချယ်လ်စီ လေးကညဘက်တိုင်းလာခိုးအိပ်တတ်သောကြောင့် တံခါးကိုလော့မချဘဲဖွင့်ပေးထားရသည်။ 


ဒရိတ်ခ် နှင့်ပါကာက တစ်ယောက်နှင့်တစ်ယောက်ပြုံးကြည့်မိကြပြီး မျက်နှာအမြန်သစ်ကာ ချယ်လ်စီလေးနှင့်အတူ အိပ်ရာဝင်ကြသည် ။


×××××××××××××


ရှာရွန်က ညလယ်ကြီးသူ့ကိုလူပ်နိူးနေသည်အားခံစားမိသည် ။


" အချစ်ရေ "


" အချစ်ရေ ထစမ်းပါဦး "


လူးဝစ်က ရှာရွန်၏လူပ်နိူးနေမူကြောင့် ဆက်အိပ်မရတော့ပေ ။ ထို့ကြောင့် ထိုညအတွင်းလေးကြိမ်မြောက်သမ်းဝေရင်းစကားထပြောလိုက်သည် ။


" ဒီတစ်ခါရောဘာလဲ ရေခဲမုန့်လား ကွတ်ကီးနဲ့ဂျယ်လီလား..."


သူ့အမျိုးသားလေး၏ ကိုယ်ဝန်ဆောင်ခြင်ချင်းတက်မူမှာ အမှန်ပင်မရိုးရချေ ။ သို့သော်လည်း စိတ်မရှည်ဖြစ်ခြင်းမရှိဘဲ ဖြည့်ဆည်းပေးရန်အသင့်ရှိသည် ။ ကလေးများက ကိုယ်ဝန်ဆောင်ကာလအတွင်း သူတို့၏မိခင်များ၏ဟော်မုန်းပြောင်းလဲမူကိုလူံ့ဆော်ပေးကြကြောင်းသူသိသည် ။ 


အဓိကစိုးရိမ်သည်မှာ သူ၏အမျိုးသားလေးက ကလေးများအတွက်မနက်စာပြင်ပေးသောအချိန်တွင် ပင်ပန်းနေကိုမည်သာဖြစ်သည် ။ ရှာရွန်ကမလုပ်ရန်တားပါသော်လည်း လူးဝစ်ကမိသားစုတာဝန်တစ်ခုဟူ၍လုပ်ဆောင်မြဲပင် ။


" ငါကိတ်မုန့်စားချင်တယ် "


" အိမ်မှာဘာကိတ်မုန့်မှမရှိဘူးလေ ဘေဘီရယ် ပြီးတော့လဲ ကိတ်မုန့်ဆိုင်တွေကဒီအချိန်မဖွင့်သေးဘူး မနက်မှကိုယ်ဝယ်ပေးမယ်လေနော် "


ကုတင်ဘေးမှနာရီအားကြည့်လိုက်သောအခါ ညဆယ့်နှစ်နာရီတစ်မိနစ်သာရှိသေး၏ ။


" ပါကာ့ရဲ့ကိတ်မုန့်ကိုစားချင်တယ် "


လူးဝစ်က အလွန်စားချင်နေသောလေသံနှင့်ပြောလိုက်သည် ။


" ပါကာက ဒီအချိန်ဆိုအိပ်နေလောက်ပြီလေ အချစ်လေးရဲ့ "


ရှာရွန်ကအတတ်နိုင်ဆုံးဖြောင်းဖြပြောဆိုသည် ။


" ကိတ်မုန့်စားချင်တယ်လို့! "


 လူးဝစ်က ပြောဆိုရင်းဖြင့် ရှာရွန်ကိုထုရိုက်နေလေသည်။


xxxxxxxx