Chapter 25
ရှာရွန်က သူ့အမျိုးသားလေးစိတ်ကျေနပ်စေရန် တစ်ခေါက်လောက်ဖုန်းဆက်ပေးရန်ဆုံးဖြတ်လိုက်သည် ။ ထိုအခါမှသူလည်း အရိုက်မခံရတော့မည်ဖြစ်သောကြောင့် လေသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။
" ကိုယ်ကဘေဘီလေးအတွက် အရာအားလုံးလုပ်ပေးနိုင်တယ်နော် "
ရှာရွန်က စပီကာဖွင့်ကာဖုန်းခေါ်ရင်း သူ၏အမျိုးသားလေးကိုခိုးကြည့်လိုက်သည် ။
လူးဝစ်၏လက်ထဲ၌ ဘယ်အချိန်ကတည်းကကိုင်ထားမှန်းမသိသော ဘေ့စ်ဘောတုတ်တစ်ချောင်းရှိနေသည် ။
သူအဲ့ဒါကြီးကိုဘယ်ကဆွဲထုတ်လာတာလဲ....
အဲ့ဒါကြီးနဲ့ ထရိုက်လိုက်မှာတော့မဟုတ်ပါဘူးနော်...
ဖုန်ခေါ်ဆိုမူမှာ အသံမက်ဆေ့အဖြစ်သာအဆုံးသတ်သွားရသည် ။
[ ပါကာကိုင်ဖို့မအားလို့ အသံမက်ဆေ့ချန်ထားခဲ့နိုင်ပါသည်]
ရှာရွန်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည် ။
" တွေ့လား သူအိပ်နေလောက်ပါပြီဆို "
" ဒါဆိုလဲ သူ့အိမ်သွားကြမယ်လေ "
" ဘာကြီး... လူးဝစ်... အချစ်လေးရေ အခုဆယ့်နှစ်နာရီတောင်ကျော်နေပြီလေကွာ နောက်တစ်နေ့မနက်တောင်ကူးနေပြီလေ! "
" အတိအတကျကိုမနက်ဖြစ်နေပြီ လာ...သွားကြမယ် "
လူးဝစ်က ရှာရွန်ကိုကုတင်ပေါ်ကဆွဲချရင်း သူ၏ဆာလောင်နေသောဗိုက်ကလေးကိုဖြည့်တင်းရန်သာ အလွန်စိတ်အားထက်သန်နေသည် ။
" အဝတ်မလဲတော့ဘူးလား..."
" မြန်မြန်လုပ်ပေးလေ "
ရှာရွန်က ကိုယ်ဝန်ရှိနေသောသူ၏ အမျိုးသားလေးအား လွန်ဆန်ရန်ခွန်အားမရှိပါချေ ။ ကိတ်မုန့်သာမစားရလျှင် ထိုညအတွက်အဆာပြေအဖြစ်သူ့ကိုတောင် ထသတ်စားနိုင်ချေရှိသည် ။ ဤကလေးတစ်ယောက်မွေးပြီးပါက နောက်ထပ်ကလေးမယူတော့ရန် ဆုံးဖြတ်ချက်ချလိုက်သည် ။
ကိုယ်ဝန်ဆောင်ကာလအတွင်း လူးဝစ်၏ရူးသွပ်သွားမူမှာ သာမန်မဟုတ်ပေ ။ မနက်ဆယ်နှစ်နာရီအချိန်တွင် သူ့အမျိုးသားအဆာပြေကိတ်မုန့်စားရရေးအတွက် အိပ်ရာဝင်အဝတ်အစားဖြင့် ညီငယ်လေး၏အိမ်သို့ကားမောင်းသွားနေရသည် ။
ရှာရွန် နှင့်လူးဝစ်တို့၏အိမ်ထောင်သက်တမ်းမှာ ဆယ်နှစ်ရှိပြီဖြစ်၍ အမြွှာနှစ်ယောက်အားမွေးဖွားထားပြီးဖြစ်သည် ။ မိသားစုအရူပ်တော်ပုံအတွင်းရှိ လူတိုင်းမှာဟန်ဆောင်မျက်နှာဖုံးများတပ်ဆင်ထားကြကာ ကလေးများအတွက်စစ်မှန်နွေးထွေးသော ချစ်ခြင်းမေတ္တာဟူ၍မရှိပေ ။
လူးဝစ်နှင့်ရှာရွန်မှာ မိဘများသဘောတူ၍လက်ထပ်ထားကြရသော်ငြား နှစ်ယောက်စလုံးမှာ ဟန်ဆောင်မျက်နှာဖုံးအောက်တွင်မရှင်သန်လိုကြပေ ။ သူတို့၏ကလေးများကိုလည်း ထိုမိသားစုအတွင်းကလေးများကဲ့သို့ ဟန်ဆောင်မူများကြားတွင်နေသာကျသွား ခြင်းမျိုး မဖြစ်စေလိုသောကြောင့် အမြွှာနှစ်ယောက်အားအရမ်းဂရုစိုက်ကြသည် ။
လက်ထပ်ခါစအချိန်များတွင် အဆင်မပြေမူတချို့ရှိခဲ့သော်လည်း အချင်းချင်းညှိနိူင်းတိူင်ပင်ကြပြီး အချင်းချင်း လေးလေးစားစားတန်ဖိုးထားဆက်ဆံကြသည် ။
အမွှာလေးများရရှိလာခဲ့ချိန်တွင် ပို၍ပင် သူတို့၏အချစ်များခိုင်မာလာခဲ့သည် ။ ယခုဆိုလျှင်အမွှာကလေးများမှာ အသက်ရှစ်နှစ်ပင်ရှိပြီဖြစ်သည် ။ ထိုအမြွှာကလေးများမှာ အလွန်အဆော့သန်ကြသော်လည်း တစ်မျိုးတစ်ဖုံချစ်ဖို့ကောင်းကြပြန်သည် ။
×××
ပါကာက ချယ်လ်စီလေး၏ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်သည် ။ ချစ်ဖို့ကောင်းသောထိုနတ်သမီးလေးမှာ အအိပ်ကြမ်းလွန်းလှသည် ။ မနက်တိုင်းတွင် သူမ၏ခြေဖဝါးသေးသေးလေးမှာ ပါကာ၏မျက်နှာကိုကန်ရက်သားနိုးထလာတတ်သည် ။
ဒရိတ်ခ် ၏အတွေ့အကြုံအရ ဗိုက်ကိုအကန်မခံရသည်မှာပင် ကံကောင်းသည်ဟုဆိုနိုင်သည် ။ ဒရိတ်ခ်၏ ဝမ်းဗိုက်မှာ သူမ၏ကွန်ဖူးကျင့်ဖော်ကဲ့သို့ပင် အမြဲကန်ကျောက်ခံခဲ့ရသည် ။ သူမလေး၏အအိပ်ကြမ်းပုံအား အမှန်ပင်မထိန်းသိမ်းနိုင်ပါချေ ။ သို့ရာတွင် မနက်ခင်းအိပ်ရာထသောအချိန်၌ နတ်သမီးလေး၏အိပ်ရာထအနမ်းချိုချိုလေးမှာ အချက်ပေါင်းများစွာအကန်ခံရလျှင်တောင် ထိုက်တန်သည်ဟုပင်တွေးမိမည်ဖြစ်သည် ။
ပါကာက သူ၏ဖုန်းကိုစစ်ဆေးမိသည့်အချိန်တွင် တစ်စုံတစ်ယောက်မှ အကြိမ်ပေါင်းများစွာခေါ်ဆိုထားသောကြောင့် ပြန်လည်ခေါ်ဆိုလိုက်သည် ။
" ဟယ်လို "
" ပါကာရေ "
လူးဝစ်က စိတ်လူပ်ရှားစွာအော်ခေါ်လိုက်သည် ။
" ဖုန်းတွေခေါ်ထားတာဘာကိစ္စရှိလို့လဲ "
" အရေးကြီးတဲ့ကိစ္စရှိတာပေါ့... ငါအရမ်းအရသာရှိတဲ့ ပါစတာနဲ့ကိတ်လေးစားချင်တယ် "
ပါကာက အနည်းငယ်ရူပ်ထွေးသွားသော်လည်း လူးဝစ်ကကိုယ်ဝန်ရှိနေသောကြောင့် အစားအသောက်မကြာခဏစားသောက်လိုသည်မှာ ပုံမှန်ဟုပင်တွေးလိုက်သည် ။
" ဟုတ်ပြီလေ ချယ်လ်စီလေးအတွက်လုပ်ပေးထားတဲ့ ကွတ်ကီးနဲ့မုန့်တွေတော့ရေခဲသေတ္တာထဲမှာထည့်ထားတာရှိတယ် ငါမင်းအတွက်ပြင်ပေးမယ် "
ပါကာက အိပ်ပျော်လုနီးနီးဖြစ်နေသော ဒရိတ်ခ်ကိုပါ အိပ်ရာထဲမှဆွဲထုတ်လိုက်သည် ။
" လူးဝစ်က ချင်ခြင်းတပ်ပြီးစားသောက်ချင်နေပုံရတယ် "
ဒရိတ်ခ်က ခပ်သဲ့သဲ့ရီရင်းပြောလိုက်သည် ။
" မင်းကိုယ်ဝန်ဆောင်တဲ့အချိန်ကလည်းအဲ့ဒီလိုဘဲ "
" ကျွန်တော်ကလား "
ပါကာ၏ ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ခံစားချက်များကိုဘုရားသာသိလိမ့်မယ် ။ တစ်ခါတစ်ရံ တွင်လမ်းလျောက်မည်ဟုအပူကပ်ပြီး တစ်ခါတစ်ရံ၌ ဒရိတ်ခ်အားတစ်ညလုံးချီ၍လမ်းလျှောက်ခိုင်းတတ်သည် ။ သမုဒရာကြီးထဲမှာ ပုလဲများကောက်ခိုင်းခြင်းနှင့်လပေါ်မှရေကိုပင် ယူချင်သည်ဟုပူဆာခြင်းမျိုးမှာလည်းမရှားပေ ။
တစ်မိနစ်အတွင်း စိတ်ခုနှစ်မျိုးခန့်ကွဲထွက်နေတတ်ပြီး ဒရိတ်အားအနည်းငယ်မျှပင်အနားမပေးချေ ။ ပါကာ၏ ဟော်မုန်းပြောင်းလဲမူမှာ အလွန်ကိုပြင်းထန်ပြီး ငိုယိုအော်ဟစ်သောင်းကျန်းနေသည်မှာလည်း အချိန်တိုင်းပင် ။