Chapter 26
ပါကာက သူ့အစ်ကို၏အမျိုးသားအတွက် အဆာပြေမုန့်များပြင်ဆင်ထုပ်ပိုးပေးနေသည် ။ တစ်အိမ်လုံးစားရန်အတွက် အများအပြားပြုလုပ်ပေးထားသောကြောင့်သာမဟုတ်လျှင် လူးဝစ်စားရန်အတွက်ရှိလိမ့်မည်မဟုတ်ပေ ။
ဘဲလ်တီးသံကြား၍ တံခါးဖွင့်ကြိုဆိုသည့်အချိန်တွင် ပါကာက ထူးဆန်းသောလေထုအခြေအနေအားသတိပြုမိလိုက်သည် ။ သူ၏အစ်ကိုမှာ အပြစ်ပေးခံရသောပုံစံနှင့် လက်မြောက်ရင်း လူးဝစ်ရှေ့တွင်ရပ်နေသည် ။
လူးဝစ်က ရှာရွန်အား ပြဿနာမရှာရန်သတိပေးသော အကြည့်နှင့်ကြည့်နေသည် ။ တစ်လမ်းလုံးထုရိုက်ခံလာရပြီးနောက်တွင် ရှာရွန်မှာ အမှန်ပင်ကြောက်လန့်နေပြီဖြစ်သည် ။
" ကျေးဇူးပြုပြီး သူထပ်မသောင်းကျန်းခင် မြန်မြန်မုန့်ကျွေးလိုက်စမ်းပါကွာ "
ရှာရွန်က ပါကာအားတောင်းဆိုလိုက်သည် ။ ဘေးမှ လူးဝစ်က ရှာရွန်အားတံတောင်နှင့်တွန်းကာပြောလိုက်သည် ။
" ငါသူ့ကိုဝါးစားပစ်မှာကိုကြောက်နေတာလေ "
" ငါ့အစ်ကိုထက်မုန့်တွေကပိုပြီးအရသာရှိပါတယ်... ပန်းကန်ထဲမှာထည့်ထားတာတွေအပြင် အိမ်ပြန်ယူဖို့ပါထုပ်ပေးထားသေးတယ် မနက်ဖြန်မှငါအသစ်ထပ်လုပ်ပေးမယ်လေ "
လူးဝစ်က ပါစတာတစ်ပွဲအတွက်နှင့် သူအစ်ကို ကိုသတ်ပြစ်လိုက်မည်အား တကယ် မမြင်ချင်ပေ ။
" ပါကာ မင်းကတကယ်အကောင်းဆုံးဘဲ "
လူးဝစ်က စိတ်လူပ်ရှားစွာအော်ဟစ်ပြီးနောက် ရှာရွန် ၏အကူအညီဖြင့်စားပွဲတွင်ဝင်ထိုင်လိုက်သည် ။ ထို့နောက် ပါစတာနှင့် ခရမ်အပြည့်သုတ်ထားသောကိတ်မုန့်ကို အားရပါးရစားသောက်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည် ။
ရှာရွန်က သူ၏အမျိုးသားလေး စိတ်ကြိုက်စားသောက်နေသည်နှင့် ဒေါသမထွက်တော့သည်ကိုကြည့်ကာ ဝမ်းသာသွားရသည် ။
" ကျေးဇူးဘဲ ပါကာရယ် မင်းရဲ့ကိတ်မုန့်ကိုသာမစားရရင် ငါသေသွားမှာတောင်စိုးတယ်... ကွာရှင်းဖို့ကိစ္စကဘယ်လိုဖြစ်သွားပြီလဲ "
ရှာရွန်က မိသားစု၏ရှေးရိုးစွဲအယူအဆကြီးကြောင့်နှင့်ပါကာ့ကို ဟန်ဆောင်မနေစေချင်ပေ ။ ဒရိတ်ခ်က လူကောင်းတစ်ယောက်ဆိုသည်မှာ သေချာ၍ သူတို့နှစ်ဦး အချင်းချင်းနားလည်ကြီးပျော်ပျော်ရွှင်ရွှင်နေသွားစေလိုသည် ။
" ပါးပါး "
လူတိုင်းက ထိုအသံလေးထွက်လာသောနေရာကို တစ်ပြိုင်နက်ကြည့်မိလိုက်ကြသည် ။ ဒရိတ်က ချယ်လ်စီ လေးကိုချီထားပြီး သူမလေးက ယခုချက်ချင်းပင်ငိုချတော့မည့်ပုံဖြစ်နေသည် ။
" ဘာဖြစ်လို့လဲဟင် သမီးလေး "
ပါကာက ချယ်လ်စီလေးကို ချီဖို့လက်ဆန့်ရင်းပြောလိုက်သည် ။ ဒရိတ်ခ် ကသူမလေးကိုပါကာ့ထံ ပေးရင်းရှင်းပြလိုက်သည် ။
" သူမနိုးလာပြီး မင်းကိုမတွေ့တော့ မင်းထွက်သွားပြီထင်နေတာ "
သူကူးပြောင်းလာသည့်နေ့မှစတင်၍ ချယ်လ်စီ လေးနှင့်အလွန်ပင် နီးနီးကပ်ကပ်ရှိခဲ့သည် ။ အတူကစား ၊ အတူစား ၊ အတူယောဂကျင့်သည့်အပြင် အတူချက်ပြုတ်ကြသည် ။ ကျောင်းသွားသည့်အချိန်မှလွဲ၍ အတူပူးကပ်နေကြပြီး ထိုသားဖ၏ကြား၌ ဒရိတ်ခ်ပင် ဝင်မနှောင့်ယှက်ရဲချေ ။
အကြီးနှင့်အသေးလေးတို့နှစ်ယောက်၏ ချစ်စရာကောင်းစွာပြုမူနေကြပုံများအား လက်ပိုက်ကြည့်နေရုံသာတတ်နိုင်လေသည် ။
ပါကာက ချယ်လ်ဆီလေး ၏ပူပန်နေမူကို နားလည်သည် ။
မူလကိုယ်၏လုပ်ရပ်များမှာ ဆိုးရွားလှသည် ဖြစ်၍ ကလေးမလေးစိတ်ဒဏ်ရာများကိုကုစားပေးရန် အချိန်ယူရမည်ဖြစ်သည် ။
" နေပါဦး... မင်းတို့မကွာရှင်းကြတော့ဘူးလား "
ရှာရွန် အံ့သြသွားသော်လည်း တစ်ပြိုက်နက် တည်းပင် ဝမ်းသာသွားရသည် ။
" မကွာရှင်းပါဘူး သူတို့အားလုံးထင်ကြေးပေးနေကြသလို ကျွန်တော်လုပ်စရာလား အစ်ကိုရဲ့ "
ပါကာက ရီမောရင်း ချယ်လ်စီလေး၏ ပါးကိုနမ်းလိုက်သည် ။
လူးဝစ်က ရှာရွန်အားလက်ညိုးထိုးပြီးလှောင်ရီတော့သည် ။
" ငါမင်းကိုမပြောဘူးလား ပါကာက အရမ်းချစ်ဖို့ကောင်းပါတယ်လို့ သူ့ရဲ့သဘောထားကိုဘဲကြည့်လေ အဲဲ့ဒီလူတွေကိုနည်းနည်းလေးမှမျက်နှာမပေးဘူးလေ ဟားဟား..."
ထိုနောက်လူးဝစ်က ဆက်ပြောလိုက်သည် ။
" မင်းတို့အရင် ကလေးကိုသွားသိပ်သင့်တယ်နော် သူမတော်တော်လေးအိပ်ငိုက်နေပြီ "
ချယ်လ်စီလေးက ပါကာ၏လက်မောင်း အတွင်း အိပ်ပျော်တော့မလိုလိုဖြစ်နေသည် ။ ပါကာက သူမသက်တောင့်သက်သာရှိစေရန် အနေအထားအနည်းငယ်ပြုပြင်ပေးပြီး ပြောလိုက်သည် ။
" အင်း...ဒါပေမဲ့ သူမလေးအိပ်ပျော်သွားတဲ့အချိန်အထိစောင့်တာပိုကောင်းတယ် "
ယုန်ရုပ်ကလေးကိုင်ကာ အိပ်ပျော်နေသည့် ချယ်လ်စီလေးအား ကြည့်ရင်း ရှာရွန်ကိုလက်တို့ပြောလိုက်သည် ။
" အချစ်လေး ငါတို့ဒီတစ်ခေါက် မိန်းကလေးမရရင် နောက်တစ်ယောက်လောက်ထပ်မွေးရအောင်နော် "
ရှာရွန်က လူးဝစ်ကို အလန့်တကြားလှည့်ကြည့်ပြီးငြင်းဆန်ချင်သော်လည်း သူတို့၏အိပ်ရာပေါ်၌ချထားခဲ့သည့် ဘေ့စ်ဘောတုတ်တံအကြောင်းတွေးမိကာ အောင့်သက်သက်နှင့်သာပြုံးပြလိုက်သည် ။
xxxxxx