အပိုင်း ၂၇
Viewers 14k

Chapter 27


စားသောက်ပြီးသည့်နောက်တွင် လူးဝစ်အတွက် အဆာပြေမုန့်များပါထည့်ပေးလိုက်ကာ အိမ်ပြန်လွှတ်လိုက်သည် ။ ပါကာက နှစ်ခြိုက်စွာအိပ်မောကျနေသော ကလေးမလေးကိုဖက်ထားပြီး ဒရိတ်ခ်က ပါကာ၏ခါးလေးကိုဖက်ရင်း မိသားစုလိုက်အနားယူအိပ်စက်ကြတော့သည် ။


×××


Ger တစ်ယောက်ကမီးဖိုအတွင်းမိသားစုအတွက် မနက်စာချက်ပြုတ်နေပြီး အသားညိိုညိုအမျိုးသားတစ်ဥိီးက ထို ger လေး၏ခါးကိုအနောက်မှသိုင်းဖက်လိုက်သည် ။


ထို gerလေးမှာ သူ့အမျိုးသား၏ကျီစယ်သောအပြုအမူကြောင့်ပြုံးမိသွားရသည် ။ အမျိုးသားမှာ သူ၏နူးညံ့သောဇနီးလေး၏ လည်တိုင်အားခပ်ဖွဖွနမ်းလိုက်စဥ်တွင် ဇနီးလေးကရီရင်းပြောလိုက်သည် ။


" ရန်ဆဲလ် ငါမနက်စာလုပ်တယ်လေ... မနှောင့်ယှက်နဲ့ "


ရန်ဆဲလ်က တစ်ချက်မျှထပ်နမ်းပြီးနောက်ပြောလိုက်သည် ။


" အင်းပါ ကိုယ်ပန်းကန်တွေထုတ်ပေးမယ် "


သို့သော်လည်း မလွှတ်ပေးသေးဘဲ ဒန်းနစ်အားဖက်ထားဆဲပင် ။


" အော့... အဖေတို့ကအရမ်းပိုလွန်းတာဘဲ "


အခန်း၏ပန်းရောင်လေထုမှာ အခန်းထဲသို့ဝင်လာသည့် အသားညိုညိုမိန်းမငယ်လေးကြောင့်ပျက်စီးသွားရသည် ။ သူမ၏အသားအရောင်မှာ ရန်ဆဲလ်ထက်ဖျော့၍ အညိုရောင်မျက်ဝန်းများနှင့် အလွန်လှပလေသည် ။ ရန်ဆဲလ်ကသူ၏ ဆယ့်သုံးနှစ်အရွယ်သမီးအား လှည့်ကြည့်၍အေးစက်စွာပြောလိုက်သည် ။


" ဒီဗိုရာ မင်းရဲ့ပါးပါးကိုဒီလိုလေသံနဲ့မပြောရဘူးလို့ငါမှာထားတယ်နော် "


ဒီဗိုရာက နှာမူတ်ရင်းပြောလိုက်သည် ။


" သူမွေးပေးခဲ့တာမို့လို့လား "


သူမက လက်မခံသော်လည်း ရန်ဆဲလ်က ဘာမှဆက်ပြောတော့ပေ ။


" ကောင်းသောမနက်ခင်းပါ ဒီဗိုရာ "


ဒီဗိုရာက မျက်လုံးလှိမ့်လိုက်ကာ သူမ၏ဖုန်းကိုထုတ်ကြည့်နေလိုက်သည် ။


" ဒီဗိုရာ သမီးကိုနူတ်ဆက်နေတယ်လေ "


ရန်ဆဲလ်က အံကြိတ်ရင်းပြောလိုက်သည် ။


" မနက်ခင်းက ဘာကောင်းစရာအကြောင်းရှိနေလို့လဲ "


ရန်ဆဲလ်က သူမကိုဆူပူချင်သော်လည်း ဒန်းနစ်ကတားလိုက်၍ငြိမ်ကျသွားသည် ။ ထိုအခြေအနေအားမြင်သောအခါ ဒီဗိုရာမှာပို၍ပင်ဒေါသထွက်သွားသည် ။ တစ်ချိန်တည်းမှာပင် ကလေးတစ်ယောက်ပြေးထွက်လာကာ ဒန်းနစ်၏ခါးကိုဖက်ရင်းချိုသာစွာပြောလိုက်သည် ။


" မောနင်းပါးပါး "


ဒန်းနစ်က ထိုကောင်လေး၏ပါးကိုနမ်းရင်းပျော်ရွှင်စွာပြောသည် ။


" မောနင်း ရွိုင်းလ် "


" သူနင့်ကိုမွေးပေးခဲ့တာမဟုတ်ဘူး အဲ့ဒီလိုခေါ်မနေနဲ့ "


သူမက ရွိုင်းကိုဒေါသတကြီးအော်ပြောလိုက်သည် ။


" အသုံးမကျတဲ့ဟာလေး နင့်ရဲ့ပါးပါးအရင်းကိုတောင်နင်မသိဘူးလား "


" ဒီဗိုရာ သမီရဲ့မောင်လေးကိုအဲ့လိုမအော်ရဘူး "


ရန်ဆဲလ်က သူမကိုပြောလိုက်သည် ။


" ဒါပေမဲ့ သူက "


ရန်ဆဲလ်က ထပ်မံသတိပေးလိုက်သည် ။


" သမီးအခုထိပြန်မနူတ်ဆက်ရသေးဘူးနော် "


ဒီဗိုရာက အံကြိတ်ရင်းပြောသည် ။


" မောနင်း "


မကြာခင်မှာပင် နောက်ထပ်ကောင်လေးတစ်ယောက်ဝင်လာသည် ။


" မောနင်း ဖေဖေနဲ့ပါးပါး "


" မောနင်းပါ ရှောင်န် "


ဒန်းနစ်က ပျော်ရွှင်စွာပင်ပြန်လည်နူတ်ဆက်လိုက်သည် ။ ရှောင်န် က ဒန်းနစ်၏နဖူးကိုနမ်းလိုက်ကာ ဝက်ပေါ်ခြောက်တစ်ပြားကိုယူ၍ စားပွဲတွင်ဝင်ထိုင်လိုက်သည် ။


" ရွံဖို့ကောင်းလိုက်တာ ငါတို့အမေရဲ့နေရာမှာ ကြုံရာလူကိုအစားထိုးလိုက်တာလား "


" ငါ့အတွက်တော့ အရင်ကတည်းကသူ့ကို ပါးပါးအဖြစ်သတ်မှတ်ထားပြီးသားဘဲလေ "


ဒန်းနစ်က ရှောင်န်၏အဖြေကိုကြားသည့်အခါ အလွန်စိတ်သက်သာရရသွားသည် ။ ထိုကလေးသုံးယောက်လုံးမှာ သူ၏သွေးသားမဟုတ်ပေ ။ ရန်ဆဲလ်နှင့်လက်ထပ်ခဲ့သော ငါးနှစ်တာအတွင်းတွင် ကိုယ်ပိုင်ကလေးယူရန်စိတ်မကူးခဲ့ဘဲ ထိုကလေးသုံးယောက်ကိုသာ ဂရုစိုက်ပျိုးထောင်ခဲ့သည် ။


ဒီဗိုရာမှလွဲ၍ ကျန်ယောက်ျားလေးနှစ်ယောက်မှာ ဒန်းနစ်အား သူတို့၏ပါးပါးအဖြစ်မှတ်ယူထားပြီးဖြစ်သည် ။ ဒန်းနစ်အနေနှင့် ဒီဗိုရာသူ့အား ပါးပါးဟုမခေါ်သည်နှင့် ရင်းရင်းနှီးနှီးမနေလိုမူအတွက်အပြစ်မတင်သော်လည်း သူမ၏ရိုင်းစိုင်းသောအပြောအဆိုများကိုမူသဘောမကျပေ ။


ဒန်းနစ် ကမနက်စာပန်းကန်ကို လိုက်ချပေးသောအခါ ဒီဗိုရာမှလွဲ၍ လူတိုင်းကျေးဇူးတင်စကားပြောကြသည် ။ 


" ရန်ဆဲလ် ငါရဲ့ဝမ်းကွဲတချို့က ဒီမြို့ကိုလာလည်ပြီးရက်အနည်းငယ်နေကြမှာ မင်းစိတ်မရှိဘူးဆိုရင် သူတို့နဲ့ငါအတူတူအချိန်ဖြုန်းလို့ရမလား "


" ရတာပေါ့ မိသားစုအချင်းအချင်းအတူတူတွေ့ကြရင်ပိုတောင်အဆင်ပြေဦးမယ် "


ဒီဗိုရာကပျော်ရွှင်စွာထပြောလိုက်သည် ။


" ဒါဆိုရင် ပါးပါးကိုလဲပြန်ခေါ်လို့ရတယ်မဟုတ်လား "


ရှောင်န်က သဘောမတူသည်ဟန်နှင့်မျက်နှာလွှဲသွားခဲ့ပြီး ရန်ဆဲလ်က ငြင်းဆိုလိုက်သည် ။


" ဒါကမိသားစုဝင်တွေဘဲတွေမှာ သူကငါတို့မိသားစုဝင်မဟုတ်တော့ဘူး! အဲ့ဒီ့အတွက်သူလာခွင့်မရှိဘူး "


ဒီဗိုရာကလက်မခံပေ ။


" ငါတို့ဒီတစ်ခါတော့ သူ့ကိုခေါ်လို့အဆင်ပြေမှာပါ "


ဒန်းနစ်က ပြုံးရင်းပြောလိုက်သည်နှင့် ရန်ဆဲလ်က သဘောတူလိုက်သောကြောင့် ဒီဗိုရာ ပို၍ပင်သောင်းကျန်းတော့သည် ။


" အဖေကအမြဲတမ်း သူပြောမှသဘောတူတယ် သမီးရဲ့ပါးပါးကို အဖေမတွေ့ချင်တာသူ့ကြောင််မဟုတ်လား...သမီးသူ့ကိုဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူး "


သူမကစားပွဲပေါ်ရှိပန်းကန်များကို လွှင့်ပစ်လိုက်ချင်သော်လည်း သူမအဖေ၏အပြစ်ပေးခံခဲ့ရမူကိုတွေးကာမလုပ်ရဲတော့ချေ ။ ထိုတစ်ခါက မီးဖိုချောင်တစ်ခုလုံးအနှံ့သန့်ရှင်းရေးလုပ်ခဲ့ရသည့်အပြင် ကြမ်းပြင်များအားလည်း အစွန်းတစ်စက်မရှိစေရန်တိုက်ချွတ်ခဲ့ရသည် ။ း သူမ၏လက်များပင်ပေါက်ပြဲတော့မလိုဖြစ်သွားခဲ့ရသေးသည် ။


ရန်ဆဲလ်က သူမ၏အပြုအမူတချို့ကို လျှစ်လျူရူပေးထားသည်ဆိုသော်ငြား ဒန်းနစ်ကိုစော်ကားပြောဆိုခဲ့လျှင် ဘယ်သောအခါမှ လွယ်လွယ်ကူကူခွင့်မလွှတ်ပေးခဲ့ချေ ။


ထိန်းချုပ်ရန် ခက်ခဲသော်လည်း တစ်ခါတစ်ရံ သူမအားစည်းကမ်းတကျအပြစ်ပေးသည် ။


xxxxx