Chapter 28
နှစ်ပတ်တာမျှအချိန်အတွင်း ရေးမှာ ပေါက်ကွဲထွက်မလိုပင်ဖြစ်နေသည် ။ တေလာက တစ်လုံးနေ၍စကားတစ်ခွန်းပင်မပြောတော့ပဲ သူကိုယ်တာသာသက်တောင့်သက်သာဖြစ်အောင်နေတော့သည် ။
အလုပ်ဆင်းသည်နှင့် အိမ်အလုပ်များအားလုံးကို ရေးက လုပ်ကိုင်ပြီး ကလေးထိန်းရသေး ၍ရူးတော့မလိုပင် ။ သူတို့နှစ်ဦးကိုယ်လက်နှီးနှောခြင်းမပြုရသည်မှာပင် အချိန်အတော်ကြာ ပြီဖြစ်သည် ။
သူတောင်းဆိုသောအချိန်တိုင်း တေလာကပင်ပန်းနေသည်ဟုသာအမြဲငြင်းဆိုနေသည့်အပြင် သူကိုယ်တိုင်လည်း အလုပ်များလွန်း၍နားပူနားဆာပင်လိုက်မလုပ်နိုင်ချေ ။
ယခုတွင် တေလာအမြဲပြောနေသော အကူလိုကြောင်းမှာ အမှန်ဖြစ်ကြောင်းသူသိသွားရသည် ။ ကလေးထိန်ခြင်းနှင့် အိမ်သန့်ရှင်းရေးလုပ်ရသည်မှာ လွယ်ကူသည်မဟုတ်ပေ ။
ပြီးခဲ့သည့်ရက်များအတွင်း တေလာကတစ်ခန်းတည်းပင်လာမအိပ်တော့ပဲ သူ့အားလေလိုပင်လျှစ်လျူရူထားလေသည် ။ သူကိုယ်တိုင်လည်း တေလာပျော်ရွှင်အောင် မည်ကဲ့သို့အလိုလိုက်ပေးရမည်မတွေးတတ်ချေ ။
ရေးက ဂျော်ဒန် လေးအားအောက်ခံဘောင်းဘီဝတ်ပေးနေစဥ်တွင် သူ၏သားကသောင်းကျန်းခြင်းမရှိဘဲ ငြိမ်ခံနေသောကြောင့်မေးလိုက်သည် ။
" ဂျော်ဒန်အဆင်ပြေရဲ့လား "
" အကုန်လုံးက ဖေ့ဖေ့အမှား "
ဂျော်ဒန်က ဒေါသတကြီးပြောလိုက်၍ ရေး ရူပ်ထွေးသွားရသည် ။
" ဘာကိုလဲ "
" ပါးပါးက အမြဲစိတ်ညစ်နေရတာ ဘာလို့လဲဆိုတော့ ဖေဖေကအလုပ်ကပြန်လာတာနဲ့ ပါးပါးကိုအော်တယ် သားနဲ့လည်းမဆော့ပေးဘူး ဟင်းဘယ်လိုချက်ရမလဲတောင်ဖေဖေသိလို့လား... သားဖွားဖွားတို့နဲ့ဘဲသွားနေမယ်... ဖေ့ဖေ့ကိုမုန်းတယ် အသုံးမကျတဲ့လူကြီး "
ဂျော်ဒန်က သူ၏အရုပ်လေးများကို ထုပ်ပိုးနေသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည် ။ သူကတေလာ့ကို ပြစ်တင်ပြောဆိုနေခဲ့သော်လည်း အခြေအနေမှန်ကိုမမြင်ဘဲကန်းနေသူမှာသူသာဖြစ်သည် ။ တေလာက ဒီမိသားစုတစ်ခုလုံး၏တာဝန်ကို ထမ်းထားရသည်ကိုပင် သူကဝေဖန်နေခဲ့ကာအသိအမှတ်မပြုပေးခဲ့ပေ ။
ရေးက ဧည့်သည်အိပ်ခန်းသို့သွား၍ တံခါးကိုခပ်ဖွဖွခေါက်ရင်း ညင်သာစွာပြောလိုက်သည် ။
" ငါဒီနေ့ဂျော်ဒန်ကို ကျောင်းလိုက်ပို့မှာမဟုတ်ဘူး သူ့အဖွားဆီသွားချင်တယ်ပြောလို့လိုက်ပို့လိုက်ဦးမယ် ငါပြန်လာတဲ့အချိန်အထိမင်းဂရုစိုက်နေနော် "
"..."
အခန်းထဲမှမည်သည့်တုံ့ပြန်သံမှမကြားရဘဲ တိတ်ဆိတ်နေဆဲပင် ။ ရေးက ဂျော်ဒန်ကိုခေါ်၍ထွက်သွားတော့သည် ။
" ဖွားဖွားရဲ့မြေးလေး "
ဒန်နာက သူမ၏မြေးလေးကိုတွေ့ရ၍အရမ်းပျော်ရွှင်နေသည် ။
" အိုး...သားအရမ်းဝလာတာဘဲ "
ဒန်နာက ဂျော်ဒန်ကိုချီဖို့ကြိုးစားရင်း တစ်စုံတစ်ယောက်ကိုလိုက်ရှာနေသည် ။
" ဟမ်...တေလာရော တေလာမပါဘူးလား "
သူမကစိုးရိမ်စွာမေးလိုက်ပြီးနောက် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အနည်းငယ် ပိန်သွားသောသူမ၏သားကိုကြည့်လိုက်သည် ။ ရိုင်လီလေးနှစ်လသား အရွယ်ခန်မှစ၍သူတို့မတွေ့ဖြစ်ကြသည်မှာ သုံးလခန့်ရှိပြီဖြစ်သည် ။
ကလေးနှစ်ယောက်နှင့် တေလာခက်ခဲမည်ကိုသိ၍ ရေးကိုပင် အလုပ်ကူလုပ်ပေးရန်ပြောမိသေးသည် ။ ကလေးများ၏အသက်ငါးနှစ်အတွင်းကာလသည် အလွန်ထိန်းရသိမ်းရခက်၍ လူကြီးများအတွင်ပင်ပန်းဆုံးကာလဖြစ်သည် ။
ရေးက သူ၏အမေနှင့်မျက်လုံးချင်းဆုံ၍မကြည့်ရဲပေ ။ ပြဿနာတစ်ခုခုဖြစ်လျှင်သူမက သေချာပေါက် တေလာ့ဘက်တွင်ရှိလိမ့်မည် ။ အိမ်တွင်းရေးပြဿနာအားထုတ်မပြောချင်သော်လည်း မျက်နှာအောက်ချ၍အကြံဥာဏ်တောင်းရန် ဆုံးဖြတ်ချက်ချလိုက်သည် ။
ဂျော်ဒန် ဆော့နေသည်ကိုစောင့်ကြည့်ရင်း ရေးက အကြောင်းစုံပြောပြလိုက်သည် ။
" အမေ ကျွန်တော်တစ်ကယ်ကိုနေသားမကျဘူး သူကျွန်တော့်ကိုအပြစ်တင်တာဘဲဖြစ်ဖြစ် အော်တာဘဲဖြစ်ဖြစ်လုပ်လို့ရပါတယ် ကျွန်တော်သူ့အသံကိုမကြားရတာတောင်ကြာပြီ တစ်ချိန်ထဲမှာဘဲ သူကသူမဟုတ်သလို ခံစားရတယ် "
ဒန်နာက သူ့သား၏အိမ်ထောင်ရေးတွင် ဝင်ရောက်မစွက်ဖက်လိုသည်မှာ တေလာ၏မိသားစုဘက်မှပုံစံများကိုမကြိုက်၍ဖြစ်သည် ။ တေလာက အလွန်ပြည့်စုံသောအိမ်ထောင်ဖက်တစ်ယောက်ဖြစ်ပြီး သူမအားချစ်စရာမြေးလေးနှစ်ယောက်မွေးပေးထားသည့်အပြင် ရေးကိုလည်းဂရုစိုက်သည် ။
သူမအနေနှင့်တေလာ့ကိုအလွန်သဘောကျသည့်အတွက် ရံဖန်ရံခါ ပြောခြင်းနှင့်တွေ့ဆုံခြင်းတို့ပြုလုပ်တတ်ကြသည် ။ ယခုတော့ထိုပြည့်စုံသောကောင်လေးမှာ သူမ၏ငတုံးသားကြောင့်စိတ်ညစ်နေရသည် ။
သူမ၏အကြံပေးစကားကိုလက်မခံလိုလျှင် သူမကလည်းလေကုန်ခံပြီးမပြောပြချင်ပေ ။သို့သော်လည်း သူမငတုံးသား၏ အပြုအမူများကြောင့် မြေးလေးနှစ်ယောက်ခံစားရမည်ကိုလည်းစိုးရိမ်သည် ။
သူမ၏ ပွေ့ဖက်မူထဲတွင်သက်တောင့်သက်သာ နို့ဘူးစို့နေသော ကလေးမလေးအားငုံ့ကြည့်လိုက်သည် ။
xxxxxxx