အပိုင်း ၂၉
Viewers 13k

Chapter 29


ရေးက ငြိမ်သက်စွာဖြင့် သူ့အမေပြောလာမည့်စကားများအားနားထောင်နေသည် ။


" အမှန်အတိုင်းပြောရရင် သားတို့အိမ်ထောင်ရေးမှာဝင်စွက်ဖက်ဖို့ အမေစိတ်အားထက်သန်နေတာမဟုတ်ဘူး ပြီးတော့လဲ သားအတွက်မဟုတ်ဘဲ အမေ့မြေးလေးတွေခံစားရမှာစိုးလို့ အမေပြောတာ... ကလေးထိန်းရတာလွယ်တယ်လို့ သားဘာကြောင့်ထင်ရတာလဲ "


" အမေ သားတို့ကိုလဲ ဒီလိုဘဲပျိုးထောင်ခဲ့တော့လွယ်ကူတယ်ထင်တာ "


" အမေ့မှာရွေးချယ်စရာမရှိခဲ့ဘူးလေ တစ်ခါတစ်လေအမေ အရမ်းပင်ပန်းပြီးလက်လျော့လိုက်ချင်ပေမဲ့ သားတို့ကိုချစ်တဲ့စိတ်နဲ့အားတင်းနေခဲ့ရတာ  မင်းတို့အဖေ အမေတို့ကိုစွန့်ပစ်သွားကတည်းက အရမ်းခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရတာ ကံကောင်းစွာနဲ့ သားကအမှီအခိုကင်းတဲ့အမျိုးသားလေးတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့ပြီး ကိုယ်ပိုင်မိသားစုတောင်ရှိနေပြီ သားသူတို့ကိုတန်ဖိုးထားသင့်တယ် "


" သားသူတို့ကိုတန်ဖိုးထားလို့ ဒီလောက်ထိလိုက်ညှိနိူင်းနေတာပေါ့ မဟုတ်ရင်ကြိုးစားမိမှာတောင်မဟုတ်ဘူး "


သူမက သက်ပြင်းချလိုက်ကာ အိပ်ပျော်သွားသောကလေးလေးကိုငုံ့ကြည့်လိုက်သည် ။


" ပထမဆုံးအနေနဲ့ မင်းသူ့ကိုဘယ်လောက်ထိချစ်ကြောင်း သူသိအောင်နေ့တိုင်းပြောရမယ် "


" သားပြောပါတယ် "


" အလျှင်မလိုပါနဲ့ မင်းသူ့ကိုတကယ်ချစ်တယ်လို့ခံစားမိစေအောင် စိတ်ရင်းနဲ့ပြောရမယ် သူအူကြောင်ကြောင်မေးခွန်းတွေမေးရင်လည်း စိတ်ရှည်ရှည်ထားပြီးဖြေပေး ဥပမာ ငါဝလာလားလို့မေးတဲ့အခါကျရင် သားရဲ့အဖြေကသူ့ကိုစိတ်ကျေနပ်စေရမယ် "


" ဒါပေမဲ့သူက "


" သူပိန်ပိန်ဝဝမင်းကသူ့ကိုအမြဲတမ်းချစ်နေပြီး တန်ဖိုးထားပေးမယ်ဆိုတာကိုပြောပေးရမယ် မင်းရဲ့အဖေကငါ့ကိုစိတ်သက်သာရရစေမဲ့စကားတွေကိုဘယ်တုန်းကမှမပြောခဲ့ဖူးဘူး အရာအားလုံးထက်မင်းသူ့ကိုချစ်ကြောင်း သူမြင်အောင်ပြ "


ရေးက ကော်လိပ်တက်စဥ်ကနေ့ရက်များအကြောင်းပြန်တွေးမိသွားသည် ။ ထိုနေ့ရက်များက အရမ်းသာယာချိုမြိန်လွန်း၍ သူ၏လက်ကျန်တစ်ဘဝလုံးကိုတေလာနှင့်အတူဖြတ်သန်းသွားရန်ဆုံးဖြတ်ချက်ချ၍ လရောင်အောက်၌လက်ထပ်ခွင့်တောင်းခဲ့သည် ။


သူတို့အိမ်ထောင်ရေး၏ အစောပိုင်းကာလများနှင့်ဂျော်ဒန်လေး မွေးဖွားသည့်အချိန်အထိ အလွန်ပျော်ရွှင်ဖွယ်ကောင်းခဲ့သေးသည် ။ နူးညံ့သောအမျိုးသားလေးအပြင် သားငယ်လေးနှင့်ဆော့ကစားပြီး နေ့ရက်တိုင်းကိုပျော်ရွှင်စွာဖြတ်သန်းခဲ့သည် ။


တေလာ၏ ဒုတိယကိုယ်ဝန်ဆောင်ချိန်မတိုင်ခင်အထိ အရာအားလုံးက ပြည့်စုံနေခဲ့သည် ။ ဒုတိယကိုယ်ဝန်ရခဲ့သောအချိန်၌ ရေးမှာ အလုပ်များနေခဲ့ပြီး တေလာနှင့်အတူရှိမပေးနိုင်ခဲ့သည့်အပြင် ဂျော်ဒန် လေးကိုလည်းအဖော်မပြုပေးနိုင်ခဲ့ပေ ။


ထိုအချိန်မှစ၍ အလုပ်ပင်ပန်းသောဒဏ်ကြောင့် ဂျော်ဒန်လေးအတူဆော့ကစားဖို့ တောင်းဆိုတိုင်းငြင်းဆန်ခဲ့သည် ။ သူတို့မိသားစုမှာတစ်အိမ်တည်းအတူတူနေကြသော်လည်း နှလုံးသားများကဝေးကွာနေခဲ့ကြသည် ။


ရေးက ခွေးလေးနှင့်ပျော်ရွှင်စွာဆော့ကစားနေသော ဂျော်ဒန် လေးကိုကြည့်ရင်းအတွေးများစွာတွေးမိနေသည် ။


 သူမ သား၏အလေးအနက်တွေးတောနေပုံကိုကြည့်ရင်း သူ၏အမှားကိုသဘောပေါက်နိုင်စေရန် မျှော်လင့်မိသည် ။


သူပြောခဲ့သောစကားများနှင့်မတူညီဘဲ မိသားစုတွင်းကလေးဆန်ဆုံးသူမှာ သူကိုယ်တိုင်သာဖြစ်ကြောင်းသဘောပေါက်သွားသည် ။ ရိုင်လီလေးကို ကိုယ်ဝန်ဆောင်ထားသော ကာလတစ်လျှောက်လုံး တေလာတစ်ယောက်တည်းသာခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရသည် ။


အလုပ်ပင်ပန်းသည်ဟုသာအကြောင်းပြနေခဲ့ပြီး တေလာ၏ဘက်မှခံစားချက်များကိုသူမတွေးပေးမိခဲ့ပေ ။ သူတို့နှစ်လုံး အတွက်ခက်ခဲခဲ့သောအချိန်များပင် ။


" ဘီစကစ်ကဒီမှာလာလုလေ "


" ဝုတ် ဝုတ် "


ဂျော်ဒန်လေးက ခွေးလေးနှင့်ပျော်ရွှင်စွာဆော့ကစားနေသည် ။


ရေးက သူ၏မျက်လုံးများကို မှိတ်သည်နှင့်ပြန်မဖွင့်ချင်တော့ပေ ။ ဤရက်များအတွင်းတနေ့ သုံးနာရီခန့်သာအိပ်စက်ရသောကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည် ။ 


ဒန်နာက သူမ၏သား အိပ်ပျော်လုနီးနီးဖြစ်နေသည်ကိုကြည့်ရင်း ပြုံးလိုက်သည် ။


သူကောင်းကောင်းအနားယူဖို့လိုအပ်သည်လေ !


Xxxxxx