အပိုင်း ၃၀
Viewers 15k

Chapter 30


 ဒရိတ်ခ်က အလုပ်ပရောဂျက်တစ်ခုအတွက် ငါးရက်တာအလုပ်ခရီးထွက်နေသောကြောင့် ပါကာက ချယ်လ်စီ လေးကိုမူကြိုတွင်သွားကြိုရသည် ။ 


အကယ်၍ ဒရိတ်ခ်သာ အလုပ်ခရီးမထွက်သွားခဲ့လျှင် သူ၏ယောကျ်ားမှာ လုပ်ငန်းရှင်သူဌေးတစ်ဦးဖြစ်ကြောင်းမေ့လုနီးနီးပင် ။ ပါကာ ချယ်လ်ဆီလေး အားကားထံတွက်နေရာချပေးနေစဥ်အသံတစ်ခုကိုကြားလိုက်ရသည် ။


" ကယ်ပါဦး!  ကယ်ပါဦး ကယ်ပါဦး "


ပါကာ အသံလာရာကိုရှာရန် ပတ်ဝန်းကျင်တစ်

ဝိုက်လှည့်ပတ်ကြည့်ရူလိုက်သည် ။ အသံထွက်လာသော နေရာဆီပြေးရင်းအရေးပေါ်ဖုန်းနံပါတတကိုဆက်ရန်အသင့်ဖြစ်နေသည် ။


" ဟိုမှာ "


ကောင်ကလေးတစ်ယောက်က ခြုံပုတ်ထောင့်စွန်းကိုလက်ညိုးထိုးရင်းပြောလိုက်သည် ။ ပါကာက ခြုံပုတ်နားသွားကြည့်သောအခါ ဘာမှမတွေ့ရ၍ ရူပ်ထွေးသွားသည် ။


အမျိုးသားတစ်ဦးလား gerတစ်ယောက်လားမသဲကွဲသည့် လူတစ်ဦးကကြောင်တစ်ကောင်ကိုကိုင်ရင်းခြုံပုတ်ထဲမှတိုးထွက်လာသည် ။


" အိုကေ အခုအဆင်ပြေသွားပြီ "


ပါကာ ဘာတွေဖြစ်နေလဲမသိတော့ပေ ။


" ဒီမှာ ခုနကဘာများအရေးပေါ်ဖြစ်လို့ပါလဲ "


" ကျွန်တော်အကူအညီတောင်းသံကြားလို့ဒီကိုပြေးလာတာ "


ပါကာ ဖုန်းကိုင်ရင်းပြောလိုက်သည် ။


" အထင်လွဲစရာတွေဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ် "


ဆံပင်ရွှေရောင်နှင့်လူကပြောလိုက်သည် ။


" အဲ့ဒီကြောင်လေးကခင်ဗျားကြောင်လား  ဒါနဲ့သူနမည်က ကယ်ကြပါဦးလား.... "


" ဟုတ်တယ် အရမ်းထူးဆန်းတယ်မဟုတ်လား သူ့ကိုဒီလိုမခေါ်ဖို့ပြောပါသေးတယ် နားမထောင်ဘူးလေ "


ကောင်လေးက ကြောင်ကိုလှမ်းယူကာပွတ်သပ်ရင်းပြောလိုက်သည် ။


" သူ့နာမည်လေးကကောင်းသားဘဲကို သားကောင်မလေးကတော့အဆင်ပြေတယ်လို့ပြောတယ် "


' ကောင်မလေးအကြောင်းပြောဖို့ အရမ်းငယ်လွန်းနေသလားလို့... အဲ့တာရဲ့အဓိပ္ပါယ်ကဘာဆိုတာတောင်မင်းသိလို့လား '


" စိတ်မပူပါနဲ့ သူကအဲ့ဒီလိုအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး "


ထိုအမျိုးသား gerက အာမခံသောပုံစံနှင့်ပြောလိုက်သည် ။ ထိုအချိန်တွင် ချယ်လ်စီလေးက အော်ရင်းနောက်မှပြေးလိုက်လာသည် ။


" ပါးပါး "


" ချယ်လ်စီလေး ပါးပါးဆီလာခဲ့ "


ထိုကောင်လေးက ချယ်လ်စီ လေးကိုမြင်သောအခါ ဝမ်းသာအားရအော်လိုက်သည် ။


" ချယ်လ်စီ "


" အိုလီဗာ "


ချယ်လ်စီလေးက ခြေတံတိုတိုလေးများဖြင့်ပြေးလာပြီl အိုလီဗာ ကိုဖက်လိုက်သည် ။


" ပါးပါး ဒါကမီးမီးရဲ့သူငယ်ချင်း အိုလီဗာ "


ပါကာက ထိုကောင်လေးကိုအသေးစိတ်ကြည့်ရူလိုက်သည် ။ ရွှေရောင်ဆံပင်လေးနှင့် အညိုရောင်မျက်ဆံရှိပြီး အသားအနည်းငယ်ညိုကာ ပါးမို့လေးများမှာနှင်းဆီရောင်သမ်းနေသည် ။


အဖြူရောင်ကြောင်လေးကိုလက်ထဲတွင်ပွေ့ပိုက်ထားပြီး ချစ်ဖို့အလွန်ကောင်းသည် ။ ပါကာ ကငယ်ရွယ်ပုံရသည့်ထိုကောင်လေး၏ ger အဖေကိုကြည့်လိုက်သည် ။ သူ၏အသားအရေမှာကြွေရည်သုတ်ထားသကဲ့သို့ဖြူဖွေးနေပြီး မျက်မှန်ကိုင်းအောက်မှ လှပသောမျက်ဝန်းတစ်စုံကစွဲမက်ဖွယ်ပင် ။


" ဒါဆိုချစ်စရာကောင်းတဲ့နတ်သမီးလေးနာမည်က ချယ်လ်စီပေါ့ ဦးဦးရဲ့နာမည်က ဖရန်ကယ်လ်ပါ ဟိုလူဆိုးလေးကသမီးအကြောင်းအမြဲတမ်းပြောပြတယ် "


ဖရန်ကယ်လ် ကပြုံးရင်း ချယ်လ်စီလေးနှင့်လက်တွဲနူတ်ဆက်ရန်လက်ဆန့်လိုက်သည် ။


" သမီးက ပါးပါးနဲ့ဖေဖေတို့ရဲ့ နတ်သမီးလေး ချယ်လ်စီ ပါ ဦးဦး "


သူမလေးက တောက်ပစွာပြုံးရင်း ပြန်လည်လက်ဆွဲနူတ်ဆက်လိုက်သည် ။


" သမီးကအရမ်းချစ်ဖို့ကောင်းတော့သတိထားနော် သမီးရဲ့ဖေဖေနဲ့ပါးပါးဆီကနေသူများတွေလာလုနေဦးမယ် "


ဖရန်ကယ်လ်က စနောက်လိုက်သည် ။


" ဟယ်လို ကျွန်တော်က ပါကာဖော့ခ်မွန်ရဲပါ "


" ဖရန်ကယ်လ် ရစ်ချက်ပါ "


ချယ်လ်စီလေးက ပျော်ရွှင်စွာ​ပြောလိုက်သည် ။


" အိုလီဗာ အခုငါ့ပါးပါးနဲ့ နင့်ပါးပါးနဲ့ကသိသွားကြပြီဆိုတော့ ငါ့အိမ်မှာနင်လာဆော့ပြီး မုန့်တူတူစားလို့ရပြီ "


" ကောင်းတာပေါ့ ငါပိုက်ဆံချွေတာလို့ရပြီ "


" အဲ့လိုမပြောရဘူးလေ အိုလီဗာ "


" ဒါပေမဲ့ ပါးပါး "


" ကျွန်တော့်သားအပြောအဆိုမတတ်တာအတွက်တောင်းပန်ပါတယ် "


ဖရန်ကယ်လ်က အလွန်အားနာနေပုံရသည် ။


" အဆင်ပြေပါတယ် ချယ်လ်စီလေးမှာ သူငယ်ချင်းတစ်ယောက်ရှိနေတာကိုဘဲ ကျွန်တော်ပျော်နေတာပါ အများကြီးလျှောက်မတွေးပါနဲ့ "


" သမီးမှာ သူငယ်ချင်းတွေရှိလာရင် မုန့်အတူတူမျှစားရမယ်လို့ ပါးပါးကပြောထားတယ် အိုလီဗာကသမီးရဲ့သူငယ်ချင်းလေ သူနဲ့ကိတ်မုန့်တွေအများကြီးအတူတူစားချင်တယ် "


ကူသမူနှင့်နောက်ဆွဲတွဲအကျိုးသက်ရောက်မူများကြောင့် စာသင်နှစ်တစ်ဝက်စာမျှ ချယ်လ်စီလေးကျောင်းမသွားခဲ့ရပေ ။ သူမတွင် သူငယ်ချင်းမရှိဘဲ အိုလီဗာနှင့်သာကျောင်းတက်စဥ်ရင်းနှီးသည် ။


" အိုလီဗာ "


ဖရန်ကယ်က အသံတိုးတိုးလေးနှင့်ခေါ်လိုက်ပြီးနောက် ပြုံးကာပြောလိုက်သည် ။


" ဒါကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ "


ပါကာနှင့် အိုလီဗာက ဖုန်းနံပါတ်ချင်းအပြန်အလှန်လဲလှယ်ပြီးနောက် လမ်းခွဲလိုက်ကြသည် ။


ဖရန်ကယ်လ်က နံပါတ်တစ်ခုကိုခေါ်ဆို၍ပြောလိုက်သည် ။


" ဟယ်လို တစ်နာရီအတွင်းကျွန်တော်ရောက်မယ် "


ကောင်ကလေးက ပွေ့ချီထားသည့်ကြောင်လေးကိုချလိုက်၍ ဖရန်ကယ်လ်က နှစ်သိမ့်သည် ။


" အရမ်းစိတ်မပူပါနဲ့ သားမနက်မတိုင်ခင်ပြန်ရောက်မှာပါ "


" ဒါပေမဲ့ သားကိုကျောင်းလိုက်ပို့ရင် ပါးပါးကပင်ပန်းပြီးဖျားဦးမယ်မလား "


" ဟား ဟား ပါးပါးဂတိပေးထားတာကိုတည်အောင်လုပ်ရမှာပေါ့ "


" အမြဲတမ်းအဲ့လိုပြောခဲ့တာဘဲကို "


ကားရပ်လိုက်သည်နှင့် အိုလီဗာက နောက်ပြန်လှည့်မကြည့်ဘဲဆင်းသွားတော့သည် ။


အိမ်ပြန်ရောက်သည့်အချိန်တွင် ပါကာကချယ်လ်စီလေး အတွက်ညစာပြင်ပေးပြီးနောက် သူမလေးအား သူတို့၏အခန်းထဲတွင်သိပ်လိုက်သည် ။


ထို့နောက် သက်ပြင်းရှည်ကြီးချလိုက်သည် ။ သုံးရက်သာရှိသေးသော်လည်း ဒရိတ်ခ်ကို အလွန်လွမ်း၍ လိုက်သွားချင်စိတ်မှာ သည်းမခံနိုင်လုနီးနီးပင် ။


Xxxxxxx