အပိုင်း ၃၁
Viewers 13k

Chapter 31


ရှာရွန်ကအိမ်ထဲသို့ဝင်လာရင်းပြောလိုက်သည် ။


" လူးဝစ်ရေ ကိုယ်အိမ်ပြန်ရောက်ပြီ "


" ဖေဖေ "


ကောင်ကလေးနှစ်ယောက်ကပြေးလာပြီး တစ်ယောက်က ရှာရွန်၏ကျောပေါ်သို့ခွတက်၍ တစ်ယောက်ကပခုံးပေါ့သို့ကုတ်တက်နေကြသည် ။


" လိုရီတို ၊ သီအိုဒေါ "


ရှာရွန်က သူတို့၏နာမည်လေးများကို နူးညံ့စွာခေါ်လိုက်သည် ။ ကျော်ပေါ်တွင်ကပ်နေသော လိုရီတိုကိုဆွဲ၍ နဖူးကိုနမ်းလိုက်ပြီးနောက် သီအိုဒေါကိုနမ်းရန်လည်းမမေ့ပေ ။


သီအိုဒေါက ရှာရွန်၏ဘောင်းဘီအနားစကိုဆွဲ၍ပြောလိုက်သည် ။


" ဖေဖေ သားတို့အတူတူဘောလုံးကန်ကြရအောင် "


လိုရီတိုက လက်မခံပေ ။


" ဟင့်အင်း သားတို့ကြက်တောင်ရိုက်ကြမယ်လေ "


ရှာရွန်က အလုပ်မှပင်ပန်းလာသော်လည်း သူ့သားနှစ်ယောက်၏တောင်းဆိုမူကိုမငြင်းဆန်နိုင်သောကြောင့် မေးလိုက်သည် ။


" သားတို့အိမ်စာတွေပြီးပြီလား "


ကောင်ငယ်လေးနှစ်ယောက်စလုံးက ချစ်စရာကောင်းသောမျက်နှာပေးလေးလုပ်ကာ လက်နောက်ပစ်ထားကြ၍ ဖြေလိုက်သည် ။


" မပြီးသေးဘူး "


" ဒါဆိုရင် အိမ်စာပြီးအောင်အရင်လုပ်ကြမယ်လေ ပြီးရင်သားတို့ကြိုက်တာအကုန်ဆော့ကြမယ် ဟုတ်ပြီလား "


လိုရီတိုက ပျော်ရွှင်စွာအော်ဟစ်ခုန်ပေါက်ရင်း အခန်းထဲဝင်သွားတော့သည် ။


" သချ်ာအရင်တွက်မယ် ရေး "


သီအိုဒေါက ဆူပုတ်နေသောမျက်နှာဖြင့်ပြောလိုက်သည် ။


" ငါသချ်ာတွက်ရတာမကြိုက်ဘူး "


" ငါလဲသချ်ာတွက်ရတာမကြိုက်ဘူး အရူးရဲ့ မြန်မြန်လုပ်ရင်မြန်မြန်ပြီးအေးရောလေ "


" ဟုတ်သားဘဲ ဒါဆိုသချ်ာအရင်တွက်ကြမယ် "


အခန်းတံခါးဝတွင် ချောင်းနားထောင်နေသော ရှာရွန်မှာ လိုရီတို၏စကားကြောင့် သဘောကျစွာပြုံးမိသည် ။


လိုရီတို၏ အကျင့်စရိုက်နှင့်ပြောဆိုပုံမှာ လူးဝစ် နှင့်တစ်ထပ်တည်းပင် ။ 


×××


" အရမ်းပြည့်စုံတာဘဲ "


လူးဝစ်က ဘီစကစ်များကိုပါးစပ်အပြည့်ဝါးရင်းပြောလိုက်သည် ။ ကလေးများကျောင်းတက်နေချိန်တွင် တစ်ယောက်တည်းအထီးကျန်နေသောကြောင့် လူးဝစ်က ပါကာ့ဆီအလည်ရောက်လာရခြင်းဖြစ်သည် ။


ပုံမှန်ဆိုလျှင် ပါကာက ပန်းချီဆွဲနှင့် တခြားသောအရာများလုပ်ရင်းအချိန်ဖြုန်းနေတတ်သည် ။ ယခုမူ လူးဝစ်ရောက်လာသောကြောင့် မုန့်များလုပ်ရင်း စကားပြောနေကြသည် ။


" မင်းရဲ့ယောက်ျားက အရမ်းပြီးပြည့်စုံတဲ့အကြောင်းရေရွတ်နေတာလား "


" ဒါပေါ့ အရူးကဘဲသူ့လိုလူမျိုးကိုမပြည့်စုံဘူးပြောလိမ့်မယ် "


လူးဝစ်ကဆက်ပြောလိုက်သည် ။


" ငါပြောပြမယ် ရှာရွန်ဒေါသထွက်တာကို ငါတစ်ခါမှမမြင်ဖူးသေးဘူး "


ပါကာက အကြောဆန့်ရင်းတွေးမိသည် ။ရှာရွန်ကအလွန်သဘောကောင်းသည်းခံတတ်သော လူစားဖြစ်၍ ဒေါသထွက်သည်မှာရှားသည် ။


" မင်းတို့လက်ထပ်ထားတာ ဆယ်နှစ်ကျော်လောက်ရှိပြီမဟုတ်လား "


" ငါပြောချင်တာအဲ့တာ ဆယ်နှစ်လေ! ဆယ်နှစ်လုံးလုံး လူတစ်ယောက်ကဆယ်နှစ်လုံးလုံးဒေါသမထွက်တာဖြစ်နိုင်ရဲ့လား? "


လူးဝစ်နှင့် ရှာရွန်တို့၏အကျင့်စရိုက်မှာဆန့်ကျင်ဘက်ပင် ။ လူးဝစ်က ဒေါသထွက်လွယ်ပြီး ဆူဆူညံညံလုပ်တတ်၍ သူ့အကျင့်ကြောင့် အဆင်ပြေသောသူငယ်ချင်းရှားပါးသည် ။


" မင်းတို့တစ်ခါမှရန်မဖြစ်ကြဖူးဘူးလား "


" မဟုတ်ဘူးကွာ ငါတို့တစ်ခါတစ်လေ ငြင်းခုံကြတာတော့ရှိပေမဲ့ သူတစ်ခါမှဒေါသမထွက်ဘူး... ငါအော်ဟစ်နေပေမဲ့ အမြဲတမ်းသူကအေးဆေးဘဲ ငါ့ကိုလဲတစ်ခါမှပြန်မအော်ဘူး တစ်ခုရှိတာက အဲ့ဒီလိုညမှာဆိုရင် သူအမြဲတမ်းကြမ်းတမ်းတော့တာဘဲ သောက်ရမ်းရိုမန့်ဖြစ်ပေမဲ့ကွာ ငါ့တစ်ကိုယ်လုံးကိုအရေခွံခွာနေသလိုဘဲ ...ငါ့အိမ်ထောင်ရေးကြီးကအရမ်းပြည့်စုံတော့ လောကကြီးကိုတောင်သံသယဝင်လာပြီ "


ပါကာက လူးဝစ်၏ကိုယ်ဝန်ဆောင်ကာလအတွင်း ဒေါသကိုအနည်းနှင့်အများခန့်မှန်းပြီး၍ မွေးလာသောကလေးမှာဘယ်လောက်တောင် သောင်းကျန်းလိမ့်မလဲသူသိချင်သေးသည် ။


" ဒါဆိုမင်းက သူ့ကိုဒေါသထွက်စေချင်တာလား "


" ဟုတ်တယ် ဒါပေမဲ့အခုတော့မဟုတ်ဘူး စောစောစီးစီးရေမြွှာပေါက်ပြီးကလေးမမွေးချင်သေးဘူး သူရဲ့အိပ်ယာပေါ်ကကြမ်းတမ်းမူကသာမန်မဟုတ်ဘူး ငါသွားစဖို့သတ္တိမရှိနော် "


ပါကာက အားရာပါးရရီမောလိုက်သည် ။ လူးဝစ်၏တည့်တိုးပြောတတ်သောအကျင့်စရိုက်လေးမှာ တစ်ခါတစ်ရံ၌ ချစ်ဖို့ကောင်းနေပြန်သည် ။


" မင်း SM ကစားနည်းလေးကိုများစိတ်မဝင်စားဘူးလား "


" အဲ့တာတော့ငါနဲ့အဆင်မပြေဘူး အနာမခံနိုင်သလို သူများကိုလည်းအကြောင်းမဲ့သက်သက်မနှိပ်စက်နိုင်ဘူး ငါကရှာရွန် နည်းနည်းလေးပိုပြီးစိတ်ခံစားချက်ပြင်းပြသွားတာကိုဘဲလိုချင်တာ မင်းသိတယ်မလား "


" အင်း ငါသဘောပေါက်ပြီ... ဒါဆိုရင်တောင်မှ သူ့ကိုဘယ်လိုဒေါသထွက်အောင်လုပ်ကြမလဲ?  သူမင်းကိုဘယ်လောက်ချစ်လဲတလောကလုံးအသိ ဒေါသထွက်ဖို့ဆိုတာမဖြစ်နိုင်ဘူးနော် "


" ဒါ့ကြောင့်မို့လို့ ငါမင်းကိုအကြံဥာဏ်တောင်းနေတာလေ မင်းကစကားနဲ့တင် လူတစ်ယောက်ကိုအရေခွံခွာပြီးသားဖြစ်အောင်ပြောနိုင်တယ်လေ ငါ့ကိုသင်ပေးစမ်းပါ "


ပါကာက ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်သည် ။


" မင်းသူ့ကို အဲ့တာနဲ့ပက်သက်ပြီးဝေဖန်လို့ရတယ်လေ "


" ဘာကိုပြောတာလဲ? ငါဘယ်လိုဘဲသောင်းကျန်းပါစေ သူကတည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းပေးဦးမှာ "


" ငါပြောတာ သူ့ရဲ့ အိပ်ရာပေါ်ကအရည်အချင်းကိုလေကွာ သူတို့လိုလူမျိုးတွေက အဲ့လိုအကြောင်းနဲ့ပက်သက်ပြီး အရမ်းအထိမခံဖြစ်တတ်ကြတယ်မဟုတ်လား "


" ငါ့ကိုဥပမာပြောပြစမ်းပါ မင်းနဲ့ဒရိတ်ခ်ပုံမှန်ရန်ဖြစ်နေကြသလိုမျိုးလား "


" ငါလဲသူ့ကိုရန်မစရဲဘူး "


" လုပ်ပါ နည်းနည်းေလာက်ဘဲငါ့ကိုအစမ်းလေးပြောပြလေနော် သရုပ်ဆောင်ပြလေ "


လူးဝစ်က စိတ်အားထက်သန်စွာပင်တောင်းဆိုနေသောကြောင့် ပါကာကသက်ပြင်းချ၍အစမ်းပြောပြရန် ကြိုးစားလိုက်သည် ။


" ဟုတ်ပြီလေ အဟမ်း "


ပါကာက လည်ချောင်းတစ်ချက်ရှင်းလိုက်သည် ။


" သေစမ်း ! ငါတစ်ကယ်ကိုဆက်သည်းမခံတော့ဘူး!  အရမ်းစိတ်ပျက်ဖို့ကောင်းတာဘဲ ဒီထက်ပိုပြီးတိုးတက်အောင်မစွမ်းဆောင်နိုင်တော့ဘူးလား ! တစ်နေ့ထက်တစ်နေ့ပိုပိုပြီးပျင်းဖို့ကောင်းလာတဲ့အပြင် မြန်မြန်ဆန်ဆန်လည်းပြီးသွားသေးတယ် ပြီးတာနဲ့ချက်ချင်းအိပ်ပျော်သွားရော အဲ့တာကထိုးထည့်လိုက်ရုံလို့ဘဲ ငါခံစားရတယ် အမှန်တကယ်ဆက်ဆံရတဲ့အရသာဆိုတာတောင်မခံစားလိုက်ရဘူး "


ပြီးနောက် ပါကာက လူးဝစ်၏တုံ့ပြန်ပုံကို ကြည့်လိုက်သောအခါ အလွန်အံ့အားသင့်နေသောမျက်နှာထားဖြင့်တံခါးဝသို့ကြည့်နေကြောင်းတွေ့လိုက်ရသည် ။


ထို့ကြောင့် လူးဝစ်ကြည့်သောနေရာကိုလိုက်ကြည့်သောအခါ မိုးကြိုးပစ်ချခံလိုက်ရသလိုခံစားလိုက်ရသည် ။


" သောက်ကျိုးနည်း ဒရိတ်ခ်ကြီးဟ!"


Xxxxxxx