Chapter 32
ပါကာက ဒရိတ်ခ်ကိုမြင်လိုက်ရသောအခါ သူ၏နှလုံးပင်အပြင်ခုန်ထွက်လာမတတ်ခံစားနေရသည် ။
ဒရိတ်ခ်၏မျက်နှာထားက မုန်တိုင်းတိုက်တော့မလိုဖြစ်နေပြီး ဝီလီယမ်က နေရခက်သောအမူအရာဖြင့်အနောက်တွင်ရပ်နေသည် ။ အခန်း၏လေထုက ကြောက်မက်ဖွယ်ကောင်းစွာအေးစက်နေပြီး ပါကာက တံတွေးမြိုချကာပြောလိုက်သည် ။
" ကျွန်တော်...ကျွန်တော်အတည်ပြောတာမဟုတ်ပါဘူး "
ဒရိတ်ခ်၏မျက်နှာမှာ ပြောင်းလဲသွားခြင်းမရှိပေ ။ ဝိီလီယမ်က ပါကာ့အတွက်တိတ်တဆိတ်ဆုတောင်းပေးနေလိုက်သည် ။
မည်သို့သောယောက်ျားက သူတို့၏ လုပ်ဆောင်ချက်အားအပြစ်ပြောသည်ကို သည်းခံနိုင်မည်နည်း...
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုအကြီးကြီးထိပါးလိုက်တာဘဲနော်!
" တကယ်ပြောတာမဟုတ်ပါဘူး ကျွန်တော်က ဥပမာ..."
" ဝီလီယမ် "
" ဟုတ်ကဲ့ဆရာ "
ဒရိတ်ခ်က ဝီလီယမ်ကိုအေးစက်စွာလှည့်ပြောလိုက်သည် ။
" မနက်ဖြန်ကျရင် မနက်စာနဲ့ချယ်လ်စီလေးကို ကျောင်းပို့ဖို့ တာဝန်ယူလိုက် ပါကာအောက်ဆင်းလာနိုင်မှာမဟုတ်ဘူး "
( TN / ဟားဟားဟားဟား သေပြီ)
ဒရိတ်ခ်က ဘာမှဆက်မပြောတော့ဘဲ လှေကားထိပ်သို့သာမော့ကြည့်နေသည် ။ လူးဝစ်က ကွတ်ကီးများကို ပါးစပ်အပြည့်ထိုးထည့်ရင်းပြောလိုက်သည် ။
" အကျိုးသက်ရောက်မူက သံသယဖြစ်စရာကိုမလိုဘူးဆိုတာငါတွေ့ပြီ "
လူးဝစ်က ဝမ်းသာအားရပြောလိုက်သောကြောင့် ပါကာကအံကြိတ်ရင်းပြောလိုက်သည် ။
" လူးဝစ် "
" အင်း "
လူးဝစ်က သူ၏ဘဝလေးအနည်းငယ်အန္ဒရာယ်ရှိနေသည်ဟုခံစားလာရသည် ။
" ငါလုပ်ပေးတဲ့ မုန့်နဲ့ပါစတာကစားလို့ကောင်းလား "
ပါကာ၏အပြုံးတွင် လူသတ်ချင်သောအရိပ်အယောင်များပါဝင်နေသည် ။
" ဟုတ်တယ် တကယ်အရမ်းအရသာရှိတယ် "
" ကောင်းတယ် မင်းနောက်တစ်ခေါက်စားရမှာမဟုတ်တော့ဘူး "
" ဘာလို့လဲ "
" မင်းအကြံပေးဆိုတော့ ငါပေးတယ်လေ ဒါပေမဲ့ငါ့နောက်မှာအန္ဒရာယ်အကြီးကြီးရောက်နေတာကိုဘာလို့မပြောတာလဲ "
လူးဝစ်က ပါကာ၏စကားအားပြန်မချေပနိုင်သောကြောင့် ပါးစပ်အပြည့်ထိုးသွပ်ထည့်နေရုံသာတတ်နိုင်သည် ။
ယောကျ်ားမာနအားထိပါးခံလိုက်ရသော ဒရိတ်ခ်မှာ မျက်နှာမသာမယာနှင့် ကုတင်ပေါ်တွင်ထိုင်စဥ်းစားနေသည် ။ ယခင်အချိန်များအတွင်း ပါကာကအမြဲဆူညံအော်ဟစ်နေ၍ သူတို့နှစ်ဦးကောင်းကောင်းမွန်မွန် စကားပြောဆိုဖြစ်သောအချိန်မှာအလွန်ရှားပါးသည် ။
ယခု ပါကာနှင့်အေးအေးဆေးဆေးနေထိုင်နေသောအချိန်အတွင်း၌ အတင်းတွန်းအားမပေးချင်သောကြောင့် သူဘက်မှစတင်တောင်းဆိုခြင်းမပြုခဲ့သည့်အပြင် အတတ်နိုင်ဆုံး ငြင်သာပေးခဲ့သည် ။
ဤသည်ကြောင့် ပါကာက သူ့၏စွမ်းဆောင်ရည်ကိုမေးခွန်းထုတ်လာမည်ဟုမထင်မိခဲ့ချေ ။
ချယ်လ်စီ လေးအားမူကြိုမှသွားကြိုပြီးနောက် ညစားစားချိန်အထိအရာအားလုံးက ပုံမှန်လိုပင်ဖြစ်နေသောကြောင့် ထိုကိစ္စအား ဒရိတ်ခ်မေ့သွားလောက်ပြီဟုထင်လိုက်သည် ။
အိပ်ရာဝင်ချိန်၌ ဒရိတ်ခ်က ချယ်လ်စီလေးကို သူမ၏အခန်းထဲတွင်သွားသိပ်လိုက်ပြီး သူတို့၏အိပ်ခန်းတံခါးကိုလော့ချလိုက်သည် ။ ပါကာအနေဖြင့် အမဲဖျက်ခံရတော့မည့်သူ၏ကံကြမ္မာကို လိမ်လိမ်မာမာလက်ခံရန်သာရှိတော့သည် ။
" နားထောင်ပါဦး ဒရိတ်ခ် အဲ့ဒါကခင်ဗျားထင်သလိုမျိုးမဟုတ်ပါဘူး လူးဝစ်က ရှာရွန်ကိုဘယ်လိုဒေါသထွက်အောင်လုပ်ရမလဲလို့မေးပြီး အကူအညီတောင်းလို့ ကျွန်တော်ကဥပမာ ပြောပြလိုက်တာပါ "
ပါကာက နေရခက်စွာနှင့်တောင်းပန်လိုက်သည် ။
" ခင်ဗျားကြားသွားမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး တောင်းပန်ပါတယ်နော် "
ဒရိတ်ခ် ကသူ၏နားသို့လျှောက်လာပြီး ပါကာ၏ပါးပြင်ကိုညင်သာစွာပွတ်သပ်ရင်းပြောလိုက်သည် ။
" အော် အဲ့လိုလား ကိုယ်သိပြီ "
ပါကာက ဒရိတ်ခ်ခွင့်လွှတ်လိုက်သည်ထင်၍ စိတ်သက်ရာရစွာသက်ပြင်းချမိသည် ။ ဒရိတ်ခ်က ပါကာ့ကိုနမ်းလိုက်ပြီးနောက် နားနားသို့ကပ်၍ပြောလိုက်သည် ။
" ဒါပေမဲ့ ကိုယ်ကမင်းထပ်မပြောနိုင်အောင်သက်သေပြချင်သေးတယ်လေကွာ "
ပါကာ ကနောက်ထပ်ဤကိစ္စနှင့်ပက်သက်၍ ဘယ်တော့မှဥပမာထပ်မပေးရန်ဆုံးဖြတ်ချက်ချလိုက်သည် ။
နောက်တစ်နေ့မနက်၌ ချယ်လ်စီလေး ကသမ်းဝေကာသူမ၏ မျက်လုံးများကိုပွတ်သပ်ရင်းဆင်းလာသည် ။ ဝီလီယမ်က က ချယ်လ်စီလေး ကိုကြည့်ရင်း အိပ်ရေးမဝမည်ကိုစိုးရိမ်သောကြောင့်မေးလိုက်သည် ။
" မနေ့ညက အိပ်ရေးမဝခဲ့ဘူးလား သခင်မလေး "
" ဟုတ် ပါးပါးနဲ့ဖေဖေတို့က တစ်ညလုံးအကျယ်ကြီးကစားနေကြလို့ မီးမီးအိပ်မပျော်ဘူး ...ပါးပါးကဖေဖေရဲ့နာမည်ကိုအကျယ်ကြီးအော်ခေါ်ပြီး စကစားကြတော့တာဘဲ ပါပါးကဖြေးဖြေးလေးလုပ်ဖို့ပြောရင် ဖေဖေက မီးမီးနားမလည်နိုင်တာတွေပြောရော "
ပြောရင်းနှင့် ချယ်လ်စီလေးကသမ်းဝေလိုက်သေးသည် ။
သူတို့ဘယ်လောက်တောင် အသံကျယ်နေကြလို့လဲ?
တံခါးပိတ်ထားသည့်အပြင် ချယ်လ်စီလေး၏အခန်းနှင့်ဒရိတ်ခ်၏ အခန်းအကွာအဝေးအတွင်းကြားနိုင်သည်အထိဆိုလျှင် အလွန်ကျယ်လောင်ပေလိမ့်မည် ။
ဝီလီယမ်က ချယ်လ်စီလေးအတွက်မတရားသလိုခံစားလိုက်ရသည် ။
" ကျောင်းသွားတဲ့လမ်းမှာ ခဏလောက်အိပ်လိုက်နော် "
" ဟုတ် "
Xxxxxx