အပိုင်း ၃၃
Viewers 14k

Chapter 33


ချယ်လ်စီလေးအား ကျောင်းလိုက်ပြီး အိက်ထဲဝင်လိုက်သောအခါ ဒရိတ်ခ်က ပါကာ့ကိုချီရင်းဆင်းလာသည်ကိုတွေ့လိုက်ရသည် ။ မနက်ဆယ့်တစ်နာရီပင်ကျော်နေလေပြီ ။


" မောနင်းပါဆရာတို့ "


" မောနင်း ဝီလီယမ် "


ပါကာက ဒရိတ်ခ်၏ရင်ဘတ်ထဲ၌ကွေးနေပြီး သူ၏ဖုန်းမှစာရိုက်ပြလိုက်သည် ။


" မောနင်း ဝီလီယမ် "


မနေ့ညက အသေအကျေအော်ဟစ်ခဲ့ရသောကြောင့် သူ၏လည်ချောင်းမှာအသံပင်မထွက်နိုင်တော့ချေ ။ ထို့အပြင် လည်ချောင်းအတွင်းပိုင်းကပါ ထုံကျင်နေလေသည် ။


ထိုင်ခုံပေါ်သို့ ဒရိတ်ခ်ချပေးလိုက်သောအခါ ကူရှင်များခံထားသည့်တိုင် သူ၏လျို့ဝှက်သောနေရာလေးမှာ နာကျင်သွားရသေးသည် ။


×××


ရေးက နှင်းဆီပန်းတစ်စည်းကို တေလာနေသောအခန်းတံခါးဝတွင်ချထားလိုက်ပြီး စာတစ်စောင်အားတံခါးအောက်မှထိုးထည့်လိုက်သည် ။ ထို့နောက် ကလေးနှစ်ယောက်နှင့်အတူအချိန်ဖြုန်းနိုင်ရန်အတွက် အလုပ်မှခွင့်ရက်ရှည်ယူလိုက်သည် ။


ပထမဦးစွာ အဝတ်လျှော်ရန်ပြင်ဆင်လိုက်သည် ။ ကလေးထိန်းရင်းအိမ်အလုပ်လုပ်ရသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ ။ ရိုင်လီလေးငိုသည်နှင့်နို့ဘူးပြေးတိုက်ရသေးသည် ။


သူ၏အမေက တစ်နေ့တည်းအရာအားလုံးပြီးရန်မမျှော်လင့်နှင့်ဟုပြောပြထား၍ ဒီနေ့၏ရည်မှန်းချက်မှာ အဝတ်ပြီးအောင်လျှော်ရန်ဖြစ်သည် ။ တစ်အိမ်လုံးဝတ်စရာမရှိ၍ကိုယ်လုံးတီးနေရခြင်းမျိုးအဖြစ်မခံနိုင်ပေ ။


အဝတ်လျှော်ရင်းဖြင့် ရိုင်လီလေးအားနို့ဘူးတိုက်ရသေးသည့်အပြင် ဟင်းချက်ရင်းသူမအားထိန်းရသေးသည် ။ ရေး၏ ဟင်းချက်လက်ရာမှာအရမ်းကြီးမကောင်းပါသော်ငြား အတတ်နိုင်ဆုံး ကြိုးစားချက်ပြုတ်နေသည် ။ 


ဂျော်ဒန်လေးအား ကျောင်းကြိုချိန်ရောက်သည့်တိုင် ညနေစာပြင်၍မပြီးသေးသလို အဝတ်များမှာလည်းမခြောက်သေးပေ ။ ရေး ကလေးကျောင်းသွားကြိုသောအချိန်တွင် တိုင်လာက ရေး ထည့်ထားသောစာကိုဖတ်ရင်းပြုံးနေသည် ။


တေလာက အခန်းပြင်သို့ထွက်ပြီး ရေးကိုကူညီ၍ကလေးများကိုပွေ့ဖက်နမ်းရူံ့ချင်ပါသော်လည်း အတတ်နိုင်ဆုံး စိတ်တင်းထားရသည် ။ ရေး မှတ်လောက်သားလောက်အောင်ခံစားရဖို့လိုသည် ။


တေလာက ပါကာနှင့်စကားပြောလိုသော်လည်း သူ့တွင်ပါကာ၏ ဖုန်းနံပါတ်မရှိသောကြောင့် နောက်မှသာသွားတွေ့ရန်ဆုံးဖြတ်လိုက်သည် ။


တံခါးဝမှ ပန်းစည်းနှင့်လက်ဆောင်ဘူးကိုယူ၍ဖွင့်ကြည့်သောအခါ ရောင်စုံအံစာတုံးလေးများကိုတွေ့လိုက်ရသည် ။ တေလာ့တွင် ရောင်စုံအံစာတုံးများစုဆောင်းသောအကြိုက်ရှိသော်လည်း ဂျော်ဒန်ငယ်ငယ်က တစ်ခါမြိုချမိ၍ထပ်မစုဖြစ်တော့ပေ ။


နှစ်အနည်းငယ်ကြာပြီဖြစ်သောကြောင့် သူကိုယ်တိုင်ပင်မေ့ပျောက်နေသော်လည်း ရေးကမှတ်မိနေ၍အလွန်ပျော်ရွှင်သွားသည် ။


သူကဓာတ်ပုံများကိုထုတ်ကြည့်ပြီး ငယ်ရွယ်သောနေ့ရက်များအကြောင်းပြန်တွေးမိသည် ။ 


.....,.


" မစ္စတာအန်ဒါဆန် ခင်ဗျားသားရဲ့အခြေ

အနေက အရင်အပတ်တွေထက်ပိုပိုပြီးဆိုးရွားလာနေတယ် ခင်ဗျားသေသေချာချာစစ်ဆေးသင့်တယ် "


ဆရာက စိုးရိမ်စွာပြောလိုက်သော်လည်း ကြားရသော ရေးမှာဘာကြောင့်မှန်းမသိ သဘောမကျပေ ။


" ဘာကိုစစ်ဆေးရမှာလဲ "


" သူဒီ့ထက်ပိုပြီးထိန်းချုပ်ရခက်လာမယ်ဆိုရင် ကျောင်းနားခံရတာမျိုးတောင်ဖြစ်နိုင်တယ် "


ရေးက မျက်ခုံးပင့်ရင်းဝင်ပြောလိုက်သည် ။


" ကျွန်တော်လဲအမြဲတမ်းစိတ်အခြေအနေဆိုးရွားနေတတ်တာဘဲလေ "


" မစ္စတာဟန်ဒါဆန် ခင်ဗျားရဲ့သားက ကလေးတစ်ယောက်ကိုထိခိုက်အောင်လုပ်ခဲ့တယ် ခင်ဗျားသူ့ကို သေသေချာချာစစ်ဆေးပေးသင့်တယ် "


ရေးက ဘာမှဆက်မပြောတော့ပေ ။ ဂျော်ဒန် ကားထဲသို့ဝင်ထိုင်သောအခါ ရေးကသူ့ကိုစိတ်ပူစွာကြည့်လိုက်သည် ။ ကလေးတစ်ယောက်ရဲ့သောင်းကျန်းမူဟုဆိုရအောင်လည်း ဂျော်ဒန် ၏တုံ့ပြန်ပုံမှာအနည်းငယ်ပြင်းထန်နေသည် ။


ဂျော်ဒန်က ဒေါသထွက်လွယ်သောကလေးဖြစ်သောကြောင့် တတ်နိုင်သမျှ စိတ်အေးအေးထားရန် သူနှင့်တေလာအမြဲကြိုးစားခဲ့ကြသော်လည်း တစ်ခါတစ်ရံ တွင်အသုံးမဝင်ပေ ။ ယခုရက်များအတွင်း တေလာ၏အပြုအမူများကြောင့်ပါ ဂျော်ဒန်၏စိတ်အခြေအနေပိုဆိုးသွားမည်ကိုစိုးရိမ်နေမိသည် ။


Xxxxxxxx