Ch 35
Viewers 12k

အခန်း (၃၅) ကျွန်မမှာ… ကျွန်မမှာ အဘိုးမရှိတော့ဘူး

 

အာ့ထောင် ငါတို့ကိုပဲ ဂရုစိုက်မနေနဲ့” ကျောက်လန်ဟွာက သူမရဲ့ လက်မောင်းကို ချစ်ခင်စွာ ဆွဲယူပြီး သူမကို ထိုင်ခိုင်းလိုက်သည်၊ “နင်လည်း စွပ်ပြုတ်ပူနေတုန်းလေး သောက်လိုက်ဦး။”

 

ဟုတ်ကဲ့ပါ”

 

ရှန်းယောင်သည် သူ့မျက်ဝန်းထဲရှိ စိတ်ပျက်သွားသည့် အရိပ်အယောင်များကို ဖုံးကွယ်ရန် မျက်လွှာချထားခဲ့သည်။

 

သူ့ရှေ့ရှိ ပန်းကန်လုံးထဲမှာ ငါးဟင်းတုံးများ ထပ်ထပ်ရောက်လာတာကိုတွေ့တော့ သူက စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါတွင် ကျီကျောက်ရဲ့ ရွှင်မြူးနေသော ဗာဒံစေ့သဏ္ဌာန်မျက်ဝန်းတွေနဲ့ အကြည့်ချင်း ဆုံတွေ့လိုက်ရသည်။

 

အသီးအရွက်ချဉ်ဖတ်ငါးဟင်းရဲ့ အရသာကို ရှင် မြည်းစမ်းကြည့်ပါလား။”

 

ရှန်းယောင်က ခေါင်းညိတ်ပြီး ငါးဟင်းအရသာကို ဂရုတစိုက် မြည်းစမ်းကြည့်လိုက်သည်။

 

ငါးအသားက နူးညံ့ပြီးချောမွေ့တယ်။ ပါးစပ်ထဲမှာ အရည်ပျော်ကျသွားပြီး ချဉ်ချဉ်စပ်စပ်အရသာ အရမ်းကြွယ်ဝတယ်” ရှန်းယောင်က အသေအချာ မှတ်ချက်ပေးသည်၊ “ဒါက အရမ်းအရသာရှိတယ်။”

 

ဒါဆိုရင် ရှင် များများစား” ကျီကျောက် ရွှင်မြူးစွာ ပြောလိုက်သည်။

 

ကျီကျောက်သည် သူမ၏ ဟင်းချက်လက်ရာပေါ် ယုံကြည်မှုအပြည့်ရှိသည်။

 

ရှန်းယောင်သည် အခါတိုင်းဆို အစားများများ သိပ်စားလေ့မရှိပေမယ့် ဒါကိုကြားပြီးနောက် ထမင်း နောက်တစ်ပန်းကန် ထပ်ယူခဲ့သည်။

 

အာ့ထောင် အပြင်က ရေစည်ထဲမှာ အသက်ရှင်နေတဲ့ ငါးသုံးကောင် တွေ့တယ်။ ဒီည ဘယ်လို အရသာရှိတာလေး ချက်ပြုတ်ဖို့ စီစဉ်ထားလဲ” ဒုတိယမရီးရှန်းက ဒါကိုမေးဖို့ မစောင့်နိုင်တော့ဘူး။

 

ဒုတိယမရီး၊ ငါးဟင်းကို ဘယ်လိုအရသာမျိုး စားချင်လဲရှင့်”

 

အရသာရှိသရွေ့ အကုန်ကြိုက်တယ်” ဒုတိယမရီးရှန်းက ကမန်းကတန်း ပြောလိုက်သည်။

 

ဒါဆို ဒီည ငါးကင်လုပ်ပေးမယ်” ကျီကျောက်က ရွှင်မြူးစွာ ပြောလိုက်သည်။

 

ဒါဆို အရမ်းစားကောင်းမှာပဲ” ညကျရင် အရသာရှိတဲ့ အစားအသောက်တွေ စားရမယ်ဆိုတာနဲ့ ဒုတိယမရီးရှန်းတစ်ယောက် ပြုံးနေတာကို မရပ်နိုင်တော့ဘူး။

 

အမေ” ကျီကျောက်က သူမ၏ ပန်းကန်လုံးနှင့် ထမင်းစားတူတွေကို အောက်ချပြီး ကျောက်လန်ဟွာကို တိုးတိုးလေး ခေါ်လိုက်သည်၊ “အမေ ကျွန်မ ငါးနှစ်ကောင်ကို ရှီလျို့ရွာကို ပြန်ပို့လို့ရမလား။”

 

အရူးမလေး၊ ဒီငါးတွေကို နင်တစ်ယောက်တည်း ဖမ်းမိလာတာလေ။ သူတို့က ဘယ်လိုလုပ်ချင်လဲဆိုတာ နင်ကိုယ်တိုင် ဆုံးဖြတ်လို့ရတာပေါ့” ကျောက်လန်ဟွာက အပြုံးဖြင့် ပြောသည်၊ “စန်းလန်၊ နေ့လည်ကျရင် အာ့ထောင်နဲ့ အတူ ရှီလျို့ရွာကို လိုက်သွားပေးချေ။ ဒါနဲ့ စကားမစပ် နင် ငါ့ကို ဝယ်ခိုင်းထားတဲ့ ဆန်တွေ၊ ခေါက်ဆွဲတွေရော ငါ အဆင်သင့် ပြင်ထားပြီးပြီ။ ခဏနေ နင့်မိဘအိမ်ပြန်တဲ့အခါကျရင် ငါ စန်းလန်ကို လိုက်ပို့ခိုင်းပေးမယ်။”

 

ကျေးဇူးပါ အမေ၊ အမေက အကောင်းဆုံးပဲ” ကျီကျောက်သည် သူမ၏ မျက်ဝန်းအိမ်မှာ မျက်ရည်တွေဝဲလုမတတ် အလွန်အမင်း ကျေးဇူးတင်နေမိခဲ့သည်။

 

ဇွန်လရဲ့ နေ့လည်ခင်းမှာ နေက နည်းနည်းပူတယ်။

 

ကျီကျောက်သည် ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံမျှပင်ရှိသေး ချွေးတွေ စီးကျလာတာကို ခံစားလိုက်ရသည်။

 

အရှေ့နားမှာ ကျိုင်းပင်အိုကြီး တစ်ပင် ရှိတယ်၊ ကိုယ်တို့ ခဏလောက် အနားယူကြမလား” ရှန်းယောင်က သူ ယူဆောင်လာတဲ့ ရေအိတ်ကို သူမအား ကမ်းပေးရင်း တိုးတိုးလေး မေးမြန်းလိုက်သည်။

 

ရပါတယ်”

 

ကျီကျောက်သည် သစ်ပင်၏ ပင်စည်ကို မှီ၍ ခဏလောက် အနားယူလိုက်သည်။

 

ကိုယ့်ကို ခဏစောင့်” ရှန်းယောင်သည် အဝေးမှ အစိမ်းရောင်တွေကို လှမ်းမြင်တော့ သူ့ကျောပေါ်မှ ခြင်းတောင်းကို ချက်ချင်းချကာ အလျင်စလို ထွက်ခွာသွားခဲ့သည်။

 

သိပ်မကြာခင်မှာပဲ ရှန်းယောင်သည် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားတဲ့ ကြာရွက်ကို ကိုင်ပြီး ပြန်ရောက်လာကာ သူမခေါင်းပေါ် ဆောင်းပေးလိုက်သည်။

 

ကြာရွက်၏ ရနံ့သည် သူမ၏ စိတ်နှလုံးကို လွှမ်းခြုံသွားပြီး ကျီကျောက်က သူ့ကို ကျေးဇူးတင်စကားဆိုလိုက်သည်။

 

အနားယူပြီးနောက် နှစ်ယောက်သား ခရီးဆက်ထွက်ခဲ့ကြပြီး နောက်ဆုံး၌ ရှီလျို့ရွာကို သုံးနာရီခန့်တွင် ရောက်ရှိသွားခဲ့သည်။

 

သို့ရာတွင် ကျီမိသားစုရဲ့ အငွေ့အသက်က အခုလောလောဆယ် အတော်လေး အုံ့မှိုင်းနေ၏။

 

ကျီကျောက်သည် ခြံစည်းရိုးမှာ ချိတ်ဆွဲထားတဲ့ အဖြူရောင်အစတွေကို တွေ့လိုက်ရတဲ့အခါ ရုတ်ခြည်းဆိုသလို သူမ ရင်ထိတ်သွားမိသည်။

 

ကျီကျောက်သည် ခြံဝင်းတံခါးကို အလျင်စလို တွန်းဖွင့်ပြီး ဝင်သွားချိန်တွင် သူမ၏ အဖွားဖြစ်သူ အမျိုးသမီးရှဲ့တစ်ယောက် မြေပြင်ပေါ် ဒူးထောက်ပြီး ရင်ကွဲလုမတတ် ငိုကြွေးနေတာကို တွေ့လိုက်ရသည်။

 

အဖိုးလား” ကျီကျောက်သည် ရှေ့သို့ အလျင်စလို ပြေးသွားခဲ့သည်။ ထိုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော လူအိုကြီးကျီသည် လုံးဝ မလှုပ်ရှားတော့ပေ။

 

ကျီကျောက်သည် တဆတ်ဆတ် တုန်ယင်နေသော လက်ညှိုးကို ဆန့်ထုတ်ပြီး သူ့နှာခေါင်းအောက် ထားကြည့်လိုက်သည်။

 

အဖိုး…”

 

ကျီကျောက်သည် ဝမ်းနည်းနာကျင်စွာ အော်လိုက်ပြီး သူမ တစ်ကိုယ်လုံး တုန်ယင်ပျော့ခွေကျသွားခဲ့သည်။

 

သူမ နောက်ကနေ လိုက်ပါလာသော ရှန်းယောင်ကသာ သူမကို မဖေးမထားဘူးဆိုရင် မြေပေါ်လဲကျသွားလိမ့်မည်။

 

မင်း အဆင်ပြေရဲ့လား” ရှန်းယောင်က မသိစိတ်က သူမ ပုခုံးကို ကိုင်ကာ တိုးတိုးလေး မေးလိုက်သည်။

 

ကျွန်မ… ကျွန်မ အဆင်မပြေဘူး” ကျီကျောက်က သူမ၏ မျက်ဝန်းတွေ ဖျော့တော့စွာ မှိတ်ချလိုက်သည်။

 

ရုတ်တရက်ဆိုသလို သူမ၏ ရင်ထဲတွင် ဖော်ပြ၍ငှာမစွမ်းသာသော ခါးသီးမှုနှင့် အပြစ်ရှိစိတ်တို့ ပြည့်နှက် နက်ရှိုင်းလာခဲ့သည်။

 

ကျီကျောက်သည် ဒါက မူလပိုင်ရှင်၏ ခန္ဓာကိုယ်တွင် စွဲညှိနေဆဲဖြစ်သည့် မူလပိုင်ရှင်၏ မသိစိတ်တစ်ခုဖြစ်ကြောင်း ကောင်းစွာ သိပေသည်။

 

မူလပိုင်ရှင်သည် စက်ဆုပ်ဖွယ်ကောင်းသော်လည်း သူမသည် ကျေးဇူးမသိတတ်သူတစ်ဦး မဟုတ်ပေ။ သူမကို လူအိုကြီးကျီ မကယ်တင်ခဲ့လျှင် သူမသည် ဟိုးအရင်ကတည်းကပင် သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း သူမ ကောင်းကောင်း သိသည်။

 

ဒါပေမယ့် အခုတော့ လူအိုကြီးကျီ ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပြီ။

 

ကျွန်မ… ကျွန်မမှာ အဖိုး မရှိတော့ဘူး” ကျီကျောက်သည် ဒီစကားကို အံကြိတ်ပြောပြီး မျက်ရည်တွေ သူမပါးပေါ် တဟုန်ထိုး စီးကျလာခဲ့သည်။