အပိုင်း ၃၆
Viewers 13k

Chapter 36


တစ်လကြာပြီးနောက်...


မိန်းမကြီးတစ်ယောက်ကအော်လိုက်သည် ။


" ကိုယ့်ကလေးကိုမထိန်းနိုင်ဘူးလား "


လူးဝစ်ကလည်း ပြန်လည်ပြောဆိုလိုက်သည် ။


" ခင်ဗျားကလေးကအရင်စတာလေ "


လူးဝစ်က ပါကာ ၊ ချယ်လ်စီလေးတို့နှင့်အတူ ပန်းခြံသို့လာကြခြင်းဖြစ်သည် ။ ကလေးများကအတူတူရေသနတ်ဖြင့်ပျော်ရွှင်စွာဆော့ကစားနေကြချိန်တွင် ကလေးတစ်ယောက်ကပြေးဝင်တိုက်၍ ပြန်လည်တောင်းပန်ခြင်းလည်းမရှိပေ ။


လိုရီတို ကထိုကလေးအားပြန်လည်တောင်းပန်ရန်ပြောသောအခါ ထိုကလေးကငြင်းဆန်သည့်အပြင်ရိုင်းစိုင်းစွာပြောဆိုသောကြောင့် လိုရီတို ကရေသေနတ်ဖြင့်ထိုကလေးကိုပစ်လိုက်သည် ။


ထိုကလေး၏အမေမှာ လိုရီတိုကိုဆူပူပါသော်လည်း လူးဝစ်သွေးအပြည့်ပါသည့် လိုရီတိုမှာဂရုပင်မစိုက်ပေ ။ လူးဝစ်မှာသူ့သား၏အမူအရာအား ချောင်းကြည့်ရင်းရီနေသည် ။


မိန်းမကြီးက လိုရီတိုကိုရိုက်ရန်လက်ရွယ်လိုက်သောကြောင့် သီအိုဒေါကထိုမိန်းမအား ရေသေနတ်ဖြင့်ပစ်လိုက်သည် ။


ဤသို့ဖြင့် ဒိိီိအခြေအနေသို့ရောက်လာရခြင်းပင် ။ မိန်းမကြီးက သူမ၏သားဘက်မှကာပြောလိုက်သည် ။


" ငါသားဆော့နေတဲ့နေရာမှာ နင့်ကလေးတွေကလာရူပ်နေတာလေ "


လူးဝစ်က မျက်ခုံးပင့်ကာပြောလိုက်သည် ။


" ဒါကအများပိုင်ပန်းခြံနော် ခင်ဗျားရဲ့ကလေးက အမေတူတော့ယဥ်ကျေးမူမရှိတာမဆန်းတော့ပါဘူး "


" နင့်မှာ ကိုယ်ဝန်ရှိနေတာနဲ့ဘဲ လူတိုင်းကနင့်ဘက်မှာရှိနေမယ်ထင်နေတာလား "


" ကိုယ်ဝန်ကိုဆွဲထည့်ရတဲ့လောက်ထိ ခင်ဗျားကအရှက်မရှိပါလား ကိစ္စနှစ်ခုကဘာမှမဆိုင်ဘူး တခြားစီဘဲနော် "


ပါကာ က လူးဝစ်အတွက်စိတ်ပူနေသည် ။ ကလေးရှိနေသည့်အတွက် စိတ်ခံစားချက်ပြင်းထန်ခြင်းသည် သူကိုယ်တိုင်အတွက်ရောပါမကောင်းပေ ။ အထူးသဖြင့်မီးဖွားချိန်နီးလာသောကာလတွင် အစစအရာရာ သတိထားရမည်ဖြစ်သည် ။


" ဒီမှာ မဒမ် ခင်ဗျားရဲ့ကလေးကအရင် ခုန်ဝင်လာတာ သူတောင်းပန်လိုက်တာနဲ့ကိစ္စကဖြေရှင်းပြီးသားဖြစ်သွားမှာပါ " 


"  မင်းကဘယ်သူမို့လို့လဲ "


" ကျွန်တော်က သူ့ရဲ့ဝမ်းကွဲပါ မဒမ် ခင်ဗျားကပတ်ဝန်းကျင်ကလူတွေကိုပါအနှောင့်အယှက်ဖြစ်စေနေပြီ "


ပါကာက ဝယ်သူတစ်ယောက်ကိုဆက်ဆံသကဲ့သို့တည်တည်ငြိမ်ငြိမ်ပြောပြသော်လည်း ထိုမိန်းမကြီးက အော်ဟစ်နေဆဲဖြစ်သည် ။


" နင်နဲ့ဘာဆိုင်လို့ဝင်ပါနေရတာလဲ  ဖယ်နေစမ်းပါ "


" ခင်ဗျားကမှအကျိုးအကြောင်းမဆီလျှော်တာဘဲ "


" နင်တို့က ငါတို့သားမိကိုဝိုင်းအနိုင်ကျင့်နေကြတာ လာကြည့်ကြပါဦး "


သူမ၏အော်သံကြောင့် လူစုလူဝေးဖြစ်လာသောအခါ လူးဝစ်၏ကိုယ်ဝန်ကိုထိခိုက်မည်စိုး၍ ပါကာက လက်ဆွဲကာထွက်သွားဖို့ပြင်လိုက်သည် ။


" သူတို့ထွက်ပြေးနေကြပြီ ဟေ့ နေဦးလေ "


မိန်းမကြီးက ပါကာ့ကို လှမ်းဆွဲလိုက်သော်ငြား ဟန်ချက်ပျက်သွား၍ လူးဝစ်၏ပုခုံးကိုကိုင်မိသွားသည် ။ အားနှင့်ဆောင့်ဆွဲခံလိုက်ရသည်ဖြစ်သောကြောင့် လူးဝစ်လဲကျသွားသည် ။


" လူးဝစ် "


လူးဝစ်က မြေပြင်တွင်လက်ထောက်ထားရင်း​ပြောလိုက်သည် ။


" အား ငါနေလို့မကောင်းဘူး "


လူးဝစ်၏ ဘောင်းဘီမှအရည်တချို့စိမ့်ထွက်လာသောကြောင့် ပါကာကအမြန်လူနာတင်ကားခေါ်လိုက်သည် ။


" စိတ်ငြိမ်ငြိမ်ထားနော်လူးဝစ် ငါလူနာတင်ကားခေါ်ထားတယ် ဘာမှမဖြစ်ဘူး တစ်နေရာရာမှာအရင်ထိုင်ရအောင် မင်းထလိုက်ငါကူတွဲပေးမယ် "


" မင်းဘာလို့အရမ်းစိတ်လူပ်ရှားနေရတာလဲ ငါအဆင်ပြေပါတယ် မနာပါဘူး "


ပါကာက စိတ်ပူနေသလောက် လူးဝစ်ကအလွန်တည်ငြိမ်နေလေသည် ။ လူနာတင်ကားစောင့်နေချိန်အတွင်း လူးဝစ်က ခုံတန်းရှည်ပေါ်တွင်ထိုင်နေရင်း အသက်ပြင်းပြင်းရူနေသည် ။


သီအိုဒေါကမေးလိုက်သည် ။ 


" ပါးပါး အဆင်ပြေရဲ့လား "


" မင်းတို့ပါးပါးက ရေမြွှာပေါက်နေပြီ "


လူးဝစ်က ကလေးနှစ်ယောက်၏ပါးကိုနမ်းလိုက်ကာနှစ်သိမ့်လိုက်သည် ။


" မင်းတို့ရဲ့ ညီလေးလားညီမလေးလားမသိရသေးပေမဲ့ သူရောက်လာတော့မယ် "


လူနာတင်ကားစောင့်ဆိုင်းနေစဥ်အတွင်း လူးဝစ်မှာနာကျင်လာ၍ချွေးစေးများပင်ကျလာသည် ။ ပါကာကသူ၏ဘေးတွင် ယပ်ခပ်ပေးနေသောကြောင့် လူးဝစ်ကပြောလိုက်သည် ။


" ပါကာ "


" အင်း "


" မင်း... မင်း ရှာရွန်ဆီကိုဖုန်းဆက်ပေးပါလား"


" ငါသူ့ကိုဆက်သွယ်ပြီးပါပြီ သူခဏနေရောက်လာတော့မှာပါ "


" တော်ပါသေးရဲ့ အား..."


လူးဝစ်က သူ၏ဗိုက်ကိုကိုင်းရင်းအော်ဟစ်နေသည် ။ ကလေးများက သူတို့၏ပါးပါးနာကျင်နေရသောကြောင့် သူတို့ပါလိုက်ငိုမိကြသည် ။


ရုတ်တရက်နူးညံ့သောခေါ်ဆိုသံတစ်ခုထွက်ပေါ်လာသည် ။


" ပါကာ "


ပန်းစည်းကိုင်ထား သောအရပ်ရှည်ရှည်လူတစ်ယောက်က ပါကာ့အားနွေးထွေးစွာပြုံးပြနေသည် ။


" ကိုယ်တို့မတွေ့တာကြာပြီနော် အချစ်လေး "


ပါကာ ကအလွန်ပင်စဥ်းစားရခက်နေတော့သည် ။


' ဒီလူကဘယ်ကလဲ ငါသိလို့လား? လူမှားပြီးလာနောက်နေတာတော့မဟုတ်လောက်ဘူးမလား ?'


ထိုအချိန်၌လူနာတင်ကားရောက်လာသောကြောင့် ပါကာက လူးဝစ်ကိုတွဲ၍ကလေးများနှင့်အတူလိုက်သွားသည် ။ လူသာက သူ၏ချစ်ရသောအမျိုးသားလေးအားတင်ဆောင်သွားသည့် လူနာတင်ကားကိုသာနောက်မှကြည့်၍ကျန်ခဲ့သည် ။


လူသာက သူ၏အချစ်ကိုဝန်ခံရန်အထူးပြင်ဆင်ထားခဲ့သော်လည်း ယခုမူမဖြစ်မြောက်ခဲ့ပေ ။ 


လူနာတင်ကားပေါ်တွင် လူးဝစ်က ပါကာ့အားအော်ဟစ်၍မေးနေသည် ။


" ပါကာ အဲ့တာဘယ်သူကြီးလဲ "


" ငါလဲမသိဘူးလေ အခုမှတွေ့ဖူးတာကြီးကို "


ပါကာက အမှန်ပင်ထိုလူအားမသိပေ ။


xxxxxxx