အပိုင်း ၃၇
Viewers 13k

Chapter 37


ပါကာဆီမှ ဖုန်းလက်ခံရပြီးနောက်တွင် ရှာရွန်ကအလွန်စိတ်ပူနေပြီး အစည်းအဝေးခန်းထဲမှချက်ချင်းပြေးထွက်လာခဲ့သည် ။ အရေးပေါ်ခန်းရှေ့သို့ရောက်သောအခါ အလွန်မောပန်းနေပုံရကာ စကားပင်မပြောနိုင်ပေ ။


သူတစ်လမ်းလုံးများပြေးလာတာလား ..


" ငါ...ဒဏ်ငွေရိုက်ခံလိုက်ရတယ် သောက်ရူးရဲတွေ "


' ရှာရွန် အခုလေးတင်ကျိန်ဆဲလိုက်တာဟုတ်တယ်မလား! '


သူတို့အဖေအား မြင်သောအခါ အမြွှာလေးနှစ်ယောက်မှာပြေးလာ၍ ရှာရွန်ကိုဖက်ထားကြသည် ။


" ဖေဖေ "


" ပါးပါးက အဆင်ပြေမှာပါနော် "


" သားတို့ရဲ့ပါးပါးက ကလေးလေးနောက်တစ်ယောက်ကိုမွေးနေတာပါ "


ရှာရွန်က ကလေးနှစ်ယောက်ကိုဖက်ရင်းပြောလိုက်သည် ။


" သားတို့ရဲ့ပါးပါးက သားတို့အတွက်အငယ်လေးမွေးပေးနေတာ သားတို့ကအခုကစပြီးအစ်ကိုကြီးတွေဖြစ်သွားပြီနော် အရမ်းမသောင်းကျန်းကြနဲ့ "


" ဟုတ်ကဲ့ "


ညီအစ်ကိုနှစ်ယောက်က မသောင်းကျန်းတော့ဘဲငြိမ်သက်စွာစောင့်နေသောအချိန်တွင် ဆရာဝန်တစ်ယောက်ထွက်လာသည် ။


" ခင်ဗျားကကလေးအဖေလား... မွေးခန်းထဲကိုလာလို့ရပါတယ် "


ဆရာဝန်က ရှာရွန်အတွက်ကျန်းမာရေးဝတ်စုံနှင့် နှာခေါင်းစည်းတို့ကိုဝတ်ဆင်ခိုင်းကာ မွေးခန်းထဲသို့ခေါ်သွားသည် ။ ထိုအချိန်တွင် လူးဝစ်မှာ ကုတင်ပေါ်တွင်လဲလျောင်းနေသည် ။


" အဆင်​ပြေရဲ့လား "


" အင်း...ဟင့်အင်းမပြေဘူး ငါအရမ်းကြောက်နေတာ တစ်ခုခုများမှားသွားရင်ဘယ်လိုလုပ်မလဲ ငါသောက်ရေးမပါတဲ့ မကောင်းတဲ့အတွေးတွေကိုဘဲတွေးမိနေတယ် "


လူးဝစ်၏နဖူးတွင်ချွေးများစိုရွဲနေသောကြောင့် ရှာရွန်ကသုတ်ပေးလိုက်ပြီး နဖူးလေးကိုနမ်းကာပြောလိုက်သည် ။


" မင်းစိုးရိမ်သင့်တဲ့တစ်ခုတည်းသောအရာ နောက်ထပ် ယောက်ျားလေးတစ်ယောက်ထပ်မွေးလာရင် ဘယ်လိုထိန်းမလဲဆိုတာဘဲ "


" အဲ့ဒါက ဘယ်လိုလုပ်ပြီစိုးရိမ်စရာဖြစ်ရမှာလဲ "


ရှာရွန်က ဆုံးဖြတ်ထားသောလေသံနှင့်ပြောလိုက်သည် ။


" ဘာလို့ဆို ငါနောက်ထပ်ကလေးထပ်မယူဖို့ဆုံးဖြတ်လိုက်ပြီ "


လူးဝစ်က မေးမြန်းချင်ပါသော်လည်း ရုတ်တရက်သူ၏ဗိုက်မှစူးအောင့်လာခဲ့သည် ။


" လူနာက ကလေးကိုညှစ်ထုတ်ဖို့လိုအပ်တယ် "


" အား...အား..."


လူးဝစ်က ရှာရွန်၏လက်ကိုဖြူဖျော့လာသည်အထိ ဆုပ်ကိုင်ထားပြီး ရှာရွန်ကလည်း သူ၏လက်ကလေးကိုပြန်လည်ဆုပ်ကိုင်ထားပြီး လွှတ်မပေးချေ ။


" ညှစ်ထားဦး "


"အား..."


" နည်းနည်းလောက်ထပ်ညှစ်လိုက်ပါဦး "


" ညှစ်နေတာဘဲလေ ထပ်ညှစ်ခိုင်းမနေနဲ့ အား...အား...အား..."


" ခေါင်းကိုမြင်နေရပြီ အကြိမ်ရေနည်းနည်းလောက်ထပ်ညှစ်လိုက်ရင် ရပြီ "


လူးဝစ်က ရှိသမျှအားကုန်သုံးညှစ်လိုက်ကာ မကြာမီမှာပင် ကျန်းမာသောကလေးလေးတစ်ယောက်မွေးဖွားလာသည် ။


" ဂုဏ်ယူပါတယ် ကလေးလေးကယောက်ျားလေးပါ "


ရှာရွန် စိတ်သက်သာရရစွာသက်ပြင်းချမိသည် ။ မိန်းကလေးဖြစ်လျှင်ပိုကောင်းမည်ဆိုသော်ငြား ကလေးထပ်ယူရန်စိတ်မကူးတော့ပေ ။


ဆရာဝန်က ကလေးကိုသန့်ရှင်းကာအနှီးနှင့်ထုပ်ပြီးနောက် လူးဝစ်ထံသို့ပေးလိုက်သည် ။ နီတာရဲကလေးပိစိလေးမှာ လူးဝစ်၏လက်ထဲ၌ကျယ်လောင်စွာငိုကြွေးနေသည် ။


.....


ပါကာက အိမ်ပြန်လာကာ ချယ်လ်စီ လေးကိုအိပ်ရာပေါ်တွင်သိပ်ထားပြီးနောက် ဒရိတ်ခ် နှင့်အတူမျက်နှာသစ်ရင်း ကလေးလေးအကြောင်းပြောပြနေသည် ။


" တကယ် သေးသေးလေးနဲ့နီရဲနေတာပါဆို "


ဒရိတ်ခ်က ဆံပင်အခြောက်ခံနေရင်း လူးဝစ်၏ကလေးအကြောင်း ဝမ်းသာစွာပြောနေသော ပါကာ့ကိုပြုံးပြီးကြည့်နေသည် ။


" အင်း...ချယ်လ်စီလေးတုန်းကလဲ နီတာရဲလေးလေ ကိုယ်ဆိုလန့်ပြီးသူမကိုတောင်မချီရဲဘူး "


ထိုအချိန်တွင် ပါကာကနှစ်ဆယ့်သုံးနှစ်သာရှိသေးကာ ကလေးမွေးဖွားရခြင်း၏နာကျင်မူနှင့်သူ၏ပုန်ကန်လိုသောစိတ်တို့မှာ ကလေးနှင့်ဝေးကွာသောဆက်ဆံရေးကိုဖြစ်ပေါ်စေခဲ့သည် ။


ဒရိတ်ခ် ကလည်းသူအား မိဘကောင်းပီသရန်အရမ်းတွန်းအားမပေးခဲ့သောကြောင့် အကြိမ်ရေအနည်းငယ်သာ ချယ်လ်စီလေးကိုချီဖူးသည် ။


အသက်နှစ်နှစ်အထိချယ်လ်စီလေးမှာ နို့ထိန်းနှင့်ကြီးပြင်းလာခဲ့ရသည် ။


" ကျွန်တော်တောင်းပန်ပါတယ် "


ပါကာက သူနှင့်မသက်ဆိုင်သော်လည်း အပြစ်ရှိသလိုခံစားနေရ၍တောင်းပန်လိုက်သည် ။


" အခုတော့ အဆင်ပြေသွားပါပြီ "


ဒရိတ်ခ်က ပါကာ့ကိုနမ်းရင်းဆက်ပြောလိုက်သည် ။


" ကိုယ်တို့လဲ နည်းနည်းလောက်ကြိုးစားကြည့်ကြမလား... ဟမ် "


" ချယ်လ်စီလေးက ကုတင်ပေါ်မှာအိပ်နေတယ်လေ ခင်ဗျားအမှတ်မရှိသေးဘူးလား "


ဒရိတ်ခ်က ပါကာ၏လည်တိုင်ကိုဖြည်းဖြည်းချင်းနမ်းရင်းပြောလိုက်သည် ။


" ကိုယ်တံခါးလော့ချထားပါတယ် "


" သူမတကယ်လို့ ရူရူးပေါက်ဖို့လာရင်ရော? အမ်း...ဒရိတ်ခ်...အ...မကောင်းဘူးထင်တယ်...နော်. "


ဒရိတ်ခ်က ပါကာ၏ခန္ဓာကိုယ်အနှံ့ ပွတ်သပ်နမ်းရူံ့နေကာ နံရံတွင်ဖိကပ်ထားလိုက်သည် ။ ထို့နောက် ညင်သာစွာဖြင့်ပါကာ့၏ လျို့ဝှက်နေရာလေးထဲသို့ ထိုးဖောက်ဝင်ရောက်လာသည် ။


သို့သော်လည်း ဒရိတ်ခ်၏စံချိန်မှီအရွယ်အစားကြောင့် တိုးတိုးလေးညည်းညူမိလေသည် ။


" အ..ဒရိတ်ခ် "


ဒရိတ်က ပါကာ၏လည်တိုင်လေးကို ပွတ်သက်ကာ နှစ်သိမ့်ပေးလိုက်သည် ။


" ခဏလေးဆို မနာတော့ပါဘူး  ...အသံမထွက်နဲ့ လိမ္မာတယ်မလား "


" ဖေဖေရေ "


နှစ်ယောက်စလုံး တံခါးခေါက်သံနှင့်အတူ ရပ်တန့်သွားကြသည် ။ ပါကာက ရှက်လွန်း၍ဒရိတ်ခ်၏ ရင်ဘက်၌သာမျက်နှာအပ်ထား၍ ခေါင်းမမော့ရဲပေ ။


" ပါးပါးအဆင်ပြေရဲ့လား ပါးပါးအသံကနေမကောင်းသလိုဘဲ ဖေဖေ


"


ဒရိတ်ခ်က အရှက်သည်းနေသော ပါကာ့၏ခေါင်လေးကိုငုံ့နမ်း၍ ရီရင်းပြောလိုက်သည် ။


" သမီးရဲ့ ပါးပါးကို ဖေဖေဂရုစိုက်ပေးနေတယ် စိတ်မပူနဲ့ "


" ချယ်ချယ်လည်း ဂရုစိုက်ပေးချင်တယ် တံခါးဖွင့်ပေး "


ဘာကြောင့် သူ့ဖေဖေနဲ့ပါးပါးက တံခါးလော့ချထားကြမှန်း ချယ်လ်စီလေးမတွေးတတ်ချေ ။


xxxxxxx