အပိုင်း ၃၈
Viewers 15k

Chapter 38


တေလာက အချိန်အတော်ကြာမှအခန်းထဲကထွက်လာသည် ။ သူ၏ကလေးလေးနှစ်ယောက်ကိုအရမ်းလွမ်းနေပြီဖြစ်၍ ဆက်သည်းမခံနိုင်တော့ပေ ။ 


တေလာ မီးဖိုထဲသို့ဝင်သွားသောအခါ ပန်းကန်များဆေးထားပြီးဖြစ်၍ မီးဖိုချောင်လေးမှာသပ်ရပ်နေသည် ။ ဧည့်ခန်းတွင်လည်း ကစားစရာအရုပ်အနည်းငယ်သာတွေ့ရပြီး ပရိဘောဂတချို့ကိုနေရာရွေ့ပြောင်းထားသည် ။


အခန်းတိုင်းတွင် ပစ္စည်းများနေရာတကျရှိနေပြီး မပြည့်စုံသော်ငြားသန့်ရှင်းသပ်ရပ်နေသည် ။ အဝတ်များမှာလျှော်ဖွပ်ပြီးဖြစ်၍ အခြောက်လှန်းရန်နှင့်မီးပူတိုက်ရန်သာလိုသည် ။ 


တေလာက အခန်းထဲသို့ခြွေဖွရင်းဝင်သွားသောအခါ သားအဖများမှာ ကုတင်ပေါ်တွင်ခြေပစ်လက်ပစ်အိပ်ပျော်နေကြသည် ။ တေလာက ကုတင်ခြေရင်းတွက် ပြုတ်ကျနေသော ဂျော်ဒန် ၏အောက်ခံဘောင်းဘီလေးကိုကိုင်၍ တိုးတိုးလေးရေရွတ်လိုက်သည် ။


" စနေနေ့ရဲ့ ကြယ်ငါးလေး "


တေလာက အခန်းထဲမှ စိတ်ကြည်လင်စွာပြန်ထွက်လာခဲ့ပြီး မီးဖိုချောင်ထဲသို့ဝင်၍စတင်ချက်ပြုတ်တော့သည် ။


ရေးက ရိုင်လီလေးကိုနို့ဘူးတိုက်ပြီးနောက် ညစာချက်ပြုတ်ရန်အောက်ထပ်သိုဆင်းလာခဲ့သည် ။ မီးဖိုထဲမှာ အရသာရှိသော ဟင်းရနံ့သင်းပျံ့နေသောကြောင့် ရေးက ပြေးဝင်သွားသောအခါ တေလာက ညစာပင်ချက်ပြုတ်ပြီးပြီဖြစ်သည် ။


ရေးက ကလေးချီထားရင်းနှင့်ပင် တေလာကိုဖက်လိုက်သည် ။


" ကိုယ်တောင်းပန်ပါတယ်နော် အခုကိုယ်သိသွားပါပြီ မင်းပြောသမျှကိုကိုယ်နားထောင်ပါ့မယ် ကျေးဇူးပြုပြီး ကိုယ့်ကိုထပ်ပြီးလျှစ်လျူမရူလိုက်ပါနဲ့တော့နော် ကိုယ်မခံစားနိုင်လို့ပါ အိမ်အလုပ်တွေလဲကူလုပ်ပေးမယ် မင်းကိုထပ်ပြီးမပင်ပန်းစေရတော့ပါဘူး "


တေလာက ရေး၏အပြုအမူကိုအပြည့်အဝကျေနပ်သွားသည် ။ လက်ဆောင်ရသည့်အချိန်ကတည်းက စိတ်ပြေနေပြီးဖြစ်ကာ ရေး၏ခေါင်းကိုပွတ်ပေးလိုက်၍ ကလေးကိုချီလိုက်သည် ။


" ဒီရက်အတွင်းမှာတော်တော်ထွားလာတာဘဲ "


" ဘားဘား... ဘားဘား "


ရိုင်လီလေး၏ လက်ကတေလာ၏ နှာခေါင်းကိုရိုက်မိသွားသောအခါ တေလာမျက်ရည်များကျလာသည် ။ နာ၍မဟုတ်ဘဲ သူ၏ကလေးများအားအလွန်ပွေ့ဖက်ချင်နေသည်မှာကြာပြီဖြစ်သည် ။


ရေးက ရိုင်လီလေးကို ရေချိုးပေးနေစဥ်တွင် တစ်ခုခုကိုသတိထားမိသွားသည် ။


" ဟမ်...သွားတွေလား "


အပြည့်အဝမပေါက်သေးသော်လည်း သွားဖုံးမှထိပ်ဖျားလေးများဖောက်ထွက်လာပြီဖြစ်သည် ။


" ရေး ရေ...ငါတို့သမီးလေး သွားပေါက်နေပြီ "


တေလာက ကလေးနှင့်တန်ဖိုးရှိသောအချိန်များအတူဖြတ်သန်းရန် မကြုံတွေ့လိုက်ရသလိုခံစားရသောကြောင့် ဝမ်းနည်းသွားရသည် ။ ထို့ကြောင့်ရိုင်လီလေးကို အဝတ်သေချာဝတ်ပေးပြီးနောက် ရေးကို ကြည့်ကာပြောလိုက်သည် ။


" နောက်တစ်ခေါက် ထပ်ပြီး မင်းမလိမ္မာ ဘူးဆိုရင်ငါအခုလို စိတ်ကောက်နေမှာမဟုတ်တော့ဘူး တစ်ခါတည်းကွာရှင်းပြီး ကလေးတွေနဲ့ထွက်ပြေးသွားမှာ "


ရေး တေလာအားနောက်မှ သိုင်းဖက်ရင်းပြောလိုက်သည် ။


" ကိုယ်သိပါပြီ မင်းအတွက်အကူအညီရအောင်အိမ်ဖော်ရှာပေးမယ် "


" အိမ်ထဲမှာသူစိမ်းတွေရှိနေမှာမကြိုက်ဘူး "


" ဒါဆိုရင်လဲ ကိုယ်အလုပ်သွားနေတဲ့အချိန်တွေမှာ အမေက ကလေးလာကူထိန်းပေးမယ်ပြောတယ်... ကိုယ်အိမ်ပြန်ရောက်တာနဲ့ ကလေးတွေကိုကိုယ်ကြည့်ပါ့မယ် ပိတ်ရက်တွေမှာကိုယ်သန့်ရှင်းရေးလုပ်မယ်လေ မင်းကဟင်းချက်ပေး ဂျော်ဒန်က အစားရွေးတော့ကိုယ်ချက်ပေးတာဆိုသူမစားဘူး "


" ဂျော်ဒန်က အရာရာမှာဇီဇာကြောင်တယ် "


" အဲ့ဒီအကျင့်က ဘယ်သူ့ဆီကအမွေရလာတာဆိုတာတောင် ကိုယ်မတွေးတတ်တော့ပါဘူးကွာ ကိုယ်ဒေါသထွက်တတ်ပေမဲ့ ကိုယ့်သားကိုတော့မမှိိီဘူးဖြစ်နေတယ်... ကိုယ်တစ်ရက်လောက်ဒိတ်လုပ်ရအောင် ဗစ်ကီ ကိုကလေးထိန်းဖို့လာခိုင်းလိုက်မယ် "


" ဗစ်ကီက ဘာလို့လုပ်မှာလဲ "


" သူအရုပ်တွေစုနေလို့ပိုက်ဆံလိုနေတယ် သူ့မှာပိုက်ဆံမရှိဘူးဆိုပြီးအမြဲညည်းညူနေတာ "


" အင်းပါ "


ရေးက တေလာ့ကိုတင်းကြပ်စွာဖက်ထားရင်းပြောလိုက်သည် ။


" နောက်တစ်ပတ်ကိုယ်အလုပ်ပြန်ဝင်တဲ့အခါကျရင်လဲ ကိုယ်တို့အဆင်ပြေပြေညှိနိူင်းနေကြရအောင်နော် "


တေလာက သက်ပြင်းချလိုက်သော်လည်း ရေး အရင်လိုပုံစံဖြစ်သွားမည်ကိုမစိုးရိမ်ပေ ။


" ကိုယ်မင်းကိုချစ်တယ် တေလာ "


တေလာက နူးညံ့စွာပြုံးရင်းပြန်ဖြေလိုက်သည် ။


" ငါလဲချစ်ပါတယ် "


xxxxx