Chapter 39
နောက်တစ်လကုန်ဆုံးသွားပြန်သည် ။
ဒန်းနစ်က ခြံထဲသို့ဝင်လာသော မိသားစုသုံးယောက်ပါသည့်ကားအား ပြုံးရင်းကြည့်နေသည် ။
" ဖိုးဖိုး ချယ်လ်ချယ်လ် တူတူစားဖို့မုန့်တွေအများကြီးယူလာတယ် "
ချယ်လ်စီလေးက မုန့်အိတ်ကိုကိုင်ထားရင်းလက်ဝှေ့ယမ်းပြလိုက်သည် ။ ထိုနောက်သူမက ဒန်းနစ်ဆီသို့ပြေးလာသောကြောင့် ဒန်းနစ်ကသူမကိုဖမ်း၍ပွေ့ချီလိုက်သည် ။
" မီးမီးတို့ မုန့်မစားခင်လက်ဆေးရမယ် သန့်ရှင်းရေးကအရေးကြီးတယ်လို့ ပါးပါးကပြောတယ် "
" ချယ်လ်စီလေးက တစ်နေ့ထက်တစ်နေ့ပိုပြီးချစ်ဖို့ကောင်းလာတာဘဲ သမီးကိုပြန်မလွှတ်တော့ဘဲနေမှာနော် "
ဒရိတ်က ကားထဲမှခရီးဆောင်အိတ်ကိုထုတ်ယူလိုက်သည် ။
" ရှောင်န်က ကျောင်းမှာအချိန်ပိုရှိလို့တက်နေတယ် ရန်ဆဲလ်က တော့အခုထိအလုပ်ကပြန်မရောက်သေးဘူး "
" ဒီဇင်ဘာလကြီးထဲမှာ အချိန်ပိုတက်နေရတာလား "
" အင်း သူကကိုယ်ပိုင်ဝင်ငွေရှာချင်တယ်ဆိုပြီး ပထမနှစ်လေးတွေကိုစာပြန်သင်ပေးနေတယ်လေ "
" သူတောင်တော်တော်ရင့်ကျက်လာပြီဘဲ "
ဖုန်းကြည့်နေသော ဒီဗိုရာက ဒရိတ်ခ်တို့အားမြင်သည်နှင့် ပြတင်းပေါက်မှခေါင်းထွက်၍ရိုင်းစိုင်းစွာအော်လိုက်သည် ။
" ဟေး ဒန်းနစ် အဲ့ဒီလူတွေကဘယ်သူတွေလဲ "
" ဒီဗိုရာ စကားပြောတဲ့ပုံကိုပြင်လိုက်စမ်း "
" မေးတာဘဲအရင်ဖြေစမ်းပါ သူတို့ကဘယ်သူတွေလဲ "
ပါကာက လူတစ်ယောက်၏အပြုအမူကိုဝေဖန်အကဲခတ်တတ်သောသူမဟုတ်သော်လည်း မိန်းမငယ်လေး၏စကားပြောပုံကိုတော့မကြိုက်ပေ ။ ဘယ်လောက်ထိချစ်ဖို့ကောင်းနေပါစေ ယဥ်ကျေးမူမရှိလျှင် ရိုက်နှက်သင့်သည့်ချီးထုပ်လေးများဟုသူမှတ်ယူထားသည် ။
ပါကာက သူမအားကြည့်နေသောကြောင့် ဒီဗိုရာကပြောလိုက်သည် ။
" ဘာလာကြည့်နေတာလဲ "
ပါကာ မျက်လုံးလှိမ့်လိုက်ကာ ဒန်းနစ်ကိုပခုံးကိုပုတ်ရင်းပြောလိုက်သည် ။
" ကလေးတွေက ယဥ်ကျေးမူရှိဖို့သင်ယူသင့်တယ်နော် "
ဒန်းနစ် သက်ပျင်းချလိုက်မိသည် ။ ဒီနှစ်၏ခရစ်စမတ်နေ့ရက်များက ရှည်ကြာပေလိမ့်မည် ။ ဒီဗိုရာ အပေါ်ထပ်မှပြေးဆင်းလာရင်း ဒန်းနစ်ကိုအနှောင့်အယှက်ပေးနေသည် ။
"ဟေ့ ဒန်းနစ် အခုထိမေးတယမဖြေရသေးဘူးနော် "
" ပါးပါးဘာသံတွေလဲဟင် "
" ရွိုင်းလ် သားနိုးလာပြီလား "
ရွိုင်းလ်က ဒန်းနစ်၏ ခါးကိုဖက်ထားရင်းအိပ်ချင်မူးတူးဖြစ်နေဆဲပင် ။ ဒီဗိုရာက ရွိုင်းကိုအော်ပြောလိုက်သည်။
" သူက နင့်ရဲ့ပါးပါးမဟုတ်ဘူးလို့ ငါဘယ်နှခါပြောရမလဲ "
ချယ်လ်စီလေးက ထိုရိုင်းစိုင်းသောမိန်းမငယ်လေးအား မနှစ်သက်သောကြောင့် ရွိုင်းလ်ကိုသာကြည့်လိုက်သည် ။
" ကွတ်ကီးတူတူစားကြမလား "
" ကွတ်ကီး သားကွတ်ကီးကြိုက်တယ် "
ချယ်လ်စီလေးက ဒန်းနစ်ချီထားသည်မှဆင်း၍ နူတ်ဆက်လိုက်သည် ။
" ငါက ချယ်လ်စီ ဖော့ခ်မွန်ရဲပါ "
" ရွိုင်းလ်ပါ "
ရွိုင်းလ်နှင့် ချယ်လ်စီလေးတို့က လက်သေးသေးများဖြင့်ပင် လက်ဆွဲနူတ်ဆက်လိုက်သေးသည် ။
" ငါတို့လက်ဆေးပြီး ကွတ်ကီးစားကြရအောင် "
"အင်း "
ကလေးနှစ်ယောက်က ပျော်ရွှင်စွာအပေါ်ထပ်သို့ပြေးတက်သွားကြသောကြောင့် ဒန်းနစ်ကအော်ပြောလိုက်သည် ။
" သတိထားကြဦးနော် "
ဒီဗိုရာ မျက်လုံးလှိမ့်လိုက်ကာပြောလိုက်သည် ။ ယခုတော့ ဘယ်သူတွေလဲသူမသိသွားပြီဖြစ်သည် ။
" နားထောင်ရှင်တို့က ကျွန်မအဖေအိမ်မှာလာနေကြတာဆိုတော့ လိုက်နာရမဲ့စည်းကမ်းတွေရှိတယ် နောက်ထပ်သူစိမ်းတွေကိုအိမ်ထဲခေါ်ထည့်မလာနဲ့ ပြီးတော့ ဘာပစ္စည်းမှမဖျက်ဆီးမိအောင်ကလေးကိုထိန်းဦး "
ပါကာက အရင်ပါကာလို ကတ်ကတ်ကတ်ရန်တွေ့လိုက်ချင်သော်လည်း ဒရိတ်ခ်ကြောင့်သည်းခံနေလိုက်ရသည် ။
ဒရိတ်ခ်က မျက်ခုံးပင့်ကာပြောလိုက်သည် ။
" သူ့အဖေရဲ့အိမ်တဲ့လား "
" ငါ မပြောပြဖို့မှာထားတာ သူမနဲ့ရင်းရင်းနှီးနှီးဖြစ်ချင်လို့ပါ "
" အခုတောင် ငါးနှစ်ရှိနေပြီလေ သူမနဲ့ရင်းနှီးလာမယ်မျှော်လင့်နေတုန်းလား "
" ငါအသားကျနေပါပြီ သူမတစ်ခုခုဆိုးဝါးတာမလုပ်သရွေ့အဆင်ပြေပါတယ် "
ဒရိတ်ခ်က လှေကားထိပ်ကိုကြည့်နေဆဲဖြစ်သော ပါကာ့ကိုလက်ညိုးထိုးရင်းပြောလိုက်သည် ။
" သူမပါကာ့ကို မလေးမစားပြောဆိုတာကိုမကြိုက်ဘူး "
အားလပ်ရက်က ဆိုးဆိုးဝါးဝါး အဆုံးမသတ်ဖို့သာဆုတောင်းရင်း ဒန်းနစ်သက်ပြင်းချလိုက်မိသည် ။
xxxxxxxx