အပိုင်း ၄၀
Viewers 15k

Chapter 40


နှစ်ယောက်အတူအထုပ်အပိုးများနေရာချပြီးနောက် ဒရိတ်ခ် ကပါကာ့ကို ဖက်၍သက်ပြင်းဖွဖွချကာပြောလိုက်သည် ။


" အရမ်းပင်ပန်းနေလား "


" အင်း "


" ဒါဆို ခဏလောက်အိပ်လိုက်ပါလား "


" ဒါဆို ကျွန်တော် နားလိုက်မယ်လေနော် "


ဒရိတ်ခ်က ပါကာ အနားယူအိပ်စက်နိုင်စေရန်အတွက် တိတ်တဆိတ်အခန်းထဲမှထွက်လာသည် ။ ရန်ဆဲလ် က ရှောင်န် ကိုကျောင်းသွားကြိုရန်မလိုအပ်သော်လည်း ဝမ်းကွဲများရောက်နေသောကြောင့် ထိုသို့ပြုလုပ်သည်က ပိုကောင်းမွန်သည် ။


သူအိမ်ထဲသို့ ဝင်လာလာချင်းပင် သူ၏ရှစ်နှစ်အရွယ်သားငယ်လေးမှာ လေးငါးနှစ်အရွယ်ရှိအလွန်ချစ်ရာကောင်းသော ကလေးမလေးနှင့်အတူတူဆော့ကစားနေသည်ကိုတွေ့လိုက်ရသည် ။ 


ထိုကလေးမလေးမှာ သူတို့နှစ်ဦးအားတွေ့သောအခါ ချိုသာစွာပြုံးပြလာပြီး သူမလေး၏လက်သေးသေးလေးဖြင့် ကိတ်မုန့်လေးနှစ်ခုကိုကမ်းပေးလာသည် ။


" တစ်ယောက်တစ်ခုစီလား? "


ရှောင်န်က ခါးကိုင်းလိုက်ပြီး သူမပေးသောကိတ်မုန့်အားယူလိုက်သည် ။ ရန်ဆဲလ် လည်းထိုနည်းတူပင် ။ ရှောင်န်ရသောကိတ်မုန့်လေးမှာ ပန်းရောင်ခရမ်လေးပေါ်တွင် အဖြူရောင်ပုလဲလုံးလေးများဖြင့်အလှဆင်ထားပြီး ရန်ဆဲလ် ရရှိသောကိတ်မုန့်လေးမှာ အညိုရောင်ဝက်ဝံလေးတစ်ကောင်ပုံစံဖြစ်သည် ။


" ကိတ်မုန့်လေးတွေကိုအရသာရှိရှိစားပါ အဖိုးနဲ့အန်ကယ်လေး "


သူမလေးက ပြုံးကာထပ်ပြောလိုက်သည် ။


" ကိတ်မုန့်ဆက်ပို့ ကြရအောင် လက်ထောက်လေး ရွိုင်းလ် "


ချယ်လ်စီလေး ကပျော်ရွှင်စွာဖြင့် အော်ဟစ်ခုန်ပေါက်နေပြီး ရွိုင်းက သူမမအနောက်မှပြေးလိုက်သွားပြီး အလွန်ပျော်ရွှင်နေပုံရသည် ။


" ဒီကိတ်မုန့်လေးက တစ်သက်လုံးရဖူးသမျှထဲမှာအချိုဆုံးဖြစ်မယ်ထင်တယ် "


" သူမကတကယ်ကိုအရမ်းချစ်ဖို့ကောင်းတယ် "


ရန်ဆဲလ်နှင့် ရှောင်န်တို့မှာ ပြိုင်တူရီမိလိုက်ကြသည် ။


ရန်ဆဲလ်က ပါကာ့ကိုတွေ့ရန် အခန်းနားသို့အသွားတွင် ဒန်းနစ်နှင့် ဒရိတ်ခ် တို့မှာစကားစမြည်ပြောနေကြသည် ။ 


ရန်ဆဲလ်က ဒန်းနစ် ၏နဖူးကိုနမ်းလိုက်ပြီးနောက် ဒရိတ်ခ်အားနူတ်ဆက်လိုက်သည် ။


" တွေ့ရတာဝမ်းသာပါတယ် ဒရိတ်ခ် "


ထိုအချိန်တွင် ပါကာက အခန်းထဲမှာထွက်လာကာပြောလိုက်သည် ။


" ဒီမှာလူစုံနေကြတာဘဲ "


ရန်ဆဲလ်က ဒရိတ်အား ပြုံးပြီးပြောလိုက်သည်  ။


" ဒန်းနစ်က မင်းအကြောင်းကိုအမြဲတမ်းပြောပြတယ် "


ဒရိတ်ခ်က ပြုံးရင်းပြောလိုက်သည် ။


" သူပဲကျွန်တော်ကို မိဘတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာလေ ကျွန်တော့်အတွက်အဖေတစ်ယောက်လိုဘဲ "


ရှောင်န် ကလည်းဒရိတ်ခ်၏ စကားအားအပြည့်အဝပင်ထောက်ခံလေသည် ။


" ပါးပါးကတကယ်ကို မိဘကောင်းပီသတာပါ "


ရှောင်န်၏ ဝတ်ပုံစားပုံကြောင့်မည်သူမျှ ထိပ်တန်းကျောင်းသားတစ်ဦးအဖြစ်တွဲမြင်မိမည်မဟုတ်ပေ ။ အသက်ကြီးလာသော်လည်း ရှောင်န်က ကလေးတစ်ယောက်လိုပြုမူနေဆဲပင် ။ သူက ဒန်းနစ်ဆီမှချီးကျူးခံရလျှင် အလွန်ပျော်ရွှင်နေတတ်သည် ။


" မင်းက အမြဲတမ်းလိမ္မာတဲ့ကလေးမို့လို့ ထိန်းသိမ်းရလွယ်တယ်လေ သိပ်လဲဂျီမကျတတ်ဘူး ငယ်ငယ်တုန်းက တကယ်ချစ်ဖို့ကောင်းတာ ဒရိတ်ခ်နဲ့ မင်းနဲ့က အရမ်းတူတာပဲ "


ပါကာက နွေးထွေးကြင်နာသော ဒန်းနစ်အားကြည့်၍ပြုံးမိသည် ။ ရှောင်န်အတွက် ဒန်းနစ်လိုပါးပါးမျိုးရှိသောကြောင့် ကံကောင်းခဲ့သည့်အပြင် ဒရိတ်၏ငယ်ဘဝအတွင်းလည်း ဒန်းနစ်အဖော်ပြုပေးခဲ့၍ အရမ်းအထီးမကျန်ခဲ့ရလောက်ပေ ။


ပါကာက ချောကလတ်ပူပူလေးတစ်ခွက်ဖျော်နေသောအခါတွင် ဒန်းနစ်က စိုးရိမ်စွာမေးလိုက်သည် ။


" သူမ ပြဿနာလာရှာသေးလား "


" မလာပါဘူး သူမအခန်းထဲမှာဘဲနေနေတယ် ဒီအချိန်က ဆယ်ကျော်သက်လေးတွေရဲ့ ပုန်ကန်တတ်တဲ့အချိန်ဘဲလေ သူမစိတ်ပြေတဲ့အထိလွှတ်ထားလိုက်ပါ "


" ရှောင်န် ကလည်းဆယ်ကျော်သက်ဘဲလေ သူကယောကျ်ားလေးဆိုတော့ပိုပြီးတောင် ထိန်းရသိမ်းရခက်ဦးမယ် "


ရန်ဆဲလ်က ရွဲ့ပြောလိုက်သောကြောင့် ဒန်းနစ်က သူ့ပခုံးကိုလှမ်းရိုက်လိုက်သည် ။ စကားစမြည်အနည်းငယ်ပြောဆိုပြီးနောက် ပါကာက ဒန်းနစ်နှင့် တစ်အိမ်လုံးစားသောက်ရန် ချက်ပြုတ်ပြင်ဆင်ရာတွင် ကူညီရန်မီးဖိုချောင်ထဲသို့လိုက်လာသည် ။


" ပါကာ မင်းတစ်ကယ်ဘယ်လိုချက်ပြုတ်ရမလဲသိလို့လား "


ဒန်းနစ် ၏အံ့သြနေသောအမူအရာကိုကြည့်ရင်း ပါကာက ပြုံး၍ပြောလိုက်သည် ။


" ဒါပေါ့ အရသာရှိပြီးကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေဘယ်လိုချက်ပြုတ်ရမလဲကျွန်တော် သိတယ်လေ ဒရိတ်ခ်နဲ့ချယ်လ်စီလေး ဆိုအရမ်းကြိုက်တာ "


" ဒါဆိုရင် ခရစ်စမတ်ညစာစားပွဲကြီးအတွက် အမြန်ချက်ပြုတ်ဖို့ မင်းကိုအားကိုးလို့ရမယ်ထင်တယ် "


" စိတ်ချလိုက် ကျွန်တော်ကိတ်မုန့်ရမဲ့အချိန်နဲ့ညှိပြီး ဟင်းချက်လိုက်မယ် "


ဒန်းနစ်က ပါကာ၏ ယုံကြည်မူရှိသောပုံစံကြောင့် အားပါးတရရီမောမိသည် ။ စားပွဲပေါ်တွင်ဟင်းလျာများခင်းကျင်းပြင်ဆင်ပြီးနောက် လူတိုင်းကိုညစာစားရန်အသိပေးလိုက်သည် ။


ချယ်လ်စီလေး ကဒီဗိုရာ ကိုတွေ့သောအခါ မျက်တောင်လေးပုတ််ခတ်ပုတ်ခတ်လုပ်ရင်းပြောလိုက်သည် ။


" မမ ကိတ်မုန့်စားဖို့လာမယူဘူးနော် "


" ငါက နင့်ကိတ်မုန့်ကို ဘာကိစ္စလာယူရမှာလဲ "


သူမက မျက်လုံးလှိမ့်လိုက်ကာ ချယ်လ်စီလေးဘေးမှ ဖြတ်လျှောက်လာသည် ။ ဒရိတ်ခ်က ချယ်လ်စီလေးကို ထိုင်ခုံပေါ်ချီတင်ပေးပြီးနောက် သူမလေးအတွက် ဟင်းပွဲများကိုရွေ့ပေးလိုက်သည် ။


" အရသာရှိတဲ့ အစားအစာတွေကိုချက်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် ပါးပါးနဲ့ဖိုးဖိုး "


ဒန်းနစ်နှင့် ပါကာနှစ်ယောက်စလုံးကပြိုင်တူဖြေလိုက်မိကြသည် ။


" ရပါတယ် နတ်သမီးလေးရဲ့ "


လူတိုင်းက ပျော်ရွှင်စွာဖြင့် အရသာအရမ်းရှိသောညစာအတွက် ဒန်းနစ်နှင့်ပါကာအားကျေးဇူးတင်နေပြီး ဒီဗိုရာတစ်ယောက်သာ မကြည်မသာမျက်နှာနှင့်တိတ်ဆိတ်နေသည် ။


" အရေးမပါတဲ့ဟာလေးက စပြီးကျေးဇူးတင်လိုက်တာနဲ့ လူတိုင်းကချက်ချင်းကြီးလိုက်ပြီးယဥ်ကျေးကြတော့တာဘဲနော် "


ဒဗိုရာက ရိုင်းစိုင်းစွာပြောဆိုနေသော်လည်း ပါကာမှလွဲ၍ လူတိုင်းကလျှစ်လျူရူထားကြသည် ။


" မင်းကလွဲရင် လူတိုင်းကတစ်ယောက်အပေါ်တစ်ယောက်ဘယ်လိုယဥ်ကျေးရမလဲသိတယ်လေ "


ဒီဗိုရာက ပါကာ့ကိုကြည့်သောအခါ ပါကာကသူမအား ပြုံးပြလိုက်သည် ။


" ရှင်ဝင်ပြောဖို့မလိုဘူး "


" ငါကလဲမင်းကိုဆုံးမဖို့စိတ်မဝင်စားနေပါဘူး "


' ပထမဆုံး ညစားစားပွဲမှာတင် စစ်ပွဲအငွေ့အသက်တွေရနေပြီ '


ဒန်းနစ်က သက်ပြင်းဖွဖွချရင်း ခေါင်းယမ်းလိုက်သည် ။


" ဖေဖေ တစ်ခုခုဝင်ပြောဦး "


" အင်း...တစ်ခုခု "


ရန်ဆဲလ်က ပြောပြီးနောက် အားရပါးရဆက်လက်စားသောက်နေသည် ။ 


ရှောင်န်က စားသောက်ရင်းမထိန်းနိုင်မသိမ်းနိုင်ရီမောနေပြီး ပါကာနှင့်ဒီဗိုရာက အကြည့်စစ်ပွဲများဆင်နွဲနေကြချိန်တွင် ချယ်လ်စီလေးနှင့်ရွိုင်းက အစားအသောက်ကိုသာအာရုံရှိသည် ။


ဒန်းနစ်က ခေါင်းငုံ့ထားကာ ဒရိတ်ခ်သည်တော့ သူ့အမျိုးသားလေး၏ချစ်စရာစွာတေးလန်ပုံစံလေးအားကြည့်ရူရင်းပြုံးမိသည် ။


ယခုနှစ် ခရစ်စမတ်ညစာစားပွဲမှာ ပိုမိုသက်ဝင်ပြီးစိတ်လူပ်ရှာဖွယ်များစွာဖြင့်ပြည့်နှက်နေသည် ။


xxxxx