အပိုင်း ၄၁
Viewers 13k

Chapter 41


Mori Sue:

Daddy's little ( 41)


ညစာစားသောက်ကြပြီးနောက် ဒရိတ်ခ် နှင့်ပါကာရေချိုးပြီးကာစအချိန်တွင် ချယ်လ်စီ လေးက သူမ၏ငါးရုပ်ခေါင်းအုံးလေးအားပိုက်ကာ အခန်းထဲမှထွက်သွားရန်ပြင်နေသည် ။


" ဖေဖေနဲ့ပါးပါး မီးမီးဒီညကိုကိုနဲ့အတူတူသွားအိပ်မလို့ မီးမီးကို အရမ်းလွမ်းမနေကြနဲ့နော် "


သူမ၏ ခြေထောက်တိုတိုလေးများဖြင့်ပြေးထွက်သွားသောကြောင့် ပါကာက လှမ်းသတိပေးလိုက်သည် ။


" အရမ်းမပြေးနဲ့လေ ချော်လဲမယ် "


" ဟုတ်ကဲ့ ပါးပါး အများကြီးချစ်တယ်နော် "


ဒရိတ်ခ် ကကုတင်ပေါ်တွင်လဲလျောင်းရင်း သူ့သမီးလေး ထွက်သွားသည်အားသက်ပြင်းချရင်းကြည့်နေသည် ။ သူမလေးကြောင့် အကြိမ်ပေါင်းများစွာ တို့လို့တန်းလန်းချုပ်တီးထားနေရစဥ်မှာပင် ပါကာကလည်း သူ့ကိုစနောက်ရနေသည်အားအလွန်ပင်ပျော်ရွှင်နေလေသည် ။


ဒီအပတ်ထဲမှာပင် ချယ်လ်စီလေးက အတူအိပ်ရန်ရုတ်တရက်ရောက်လာခဲ့သောကြောင့် အကြိမ်များစွာလမ်းတစ်ဝက်တွင်ရပ်တန့်ခဲ့ရသည် ။ 


တစ်ကြိမ်တွင် သူ၏အရာမှာ ပါကာ့ကိုယ်တွင်းသို့တစ်ဝက်တစ်ပျက် ဝင်ရောက်နေဆဲအချိန်မှာပင် ချယ်လ်စီလေးကအတူတူအိပ်ရန်ရောက်လာသည် ။ ပါကာမှာ ကလေးအရှေ့တွင်လက်ပူးလက်ကြပ်မိလုနီးနီးဖြစ်သွားသောကြောင့် အလွန်ရှက်ရွံ့သွားပြီးထပ်မံအစပျိုးရန်ငြင်းဆန်နေတော့သည် ။


ဒါကြောင့်မို့လို့ ပူစပ်ပူစပ်လေးများမဖန်တီးရသည်မှာ အချိန်များစွာကြာမြင့်နေပြီဖြစ်သည် ။ ယခုတွင် သူမလေးက ရွိုင်းလ်နှင့်အတူသွားအိပ်မည်ဆို၍ ဒရိတ်ခ် မှာထကမိမတတ်ပင်ပျော်ရွှင်နေ၍ မထိန်းချုပ်ထားနိုင်ဘဲရီမိတော့သည် ။


" သူမ ရွိုင်းလ်နဲ့အတူတူသွားအိပ်မယ်လို့ပြောတာကြားတယ်မလား "


" သူမက အဖော်အရမ်းမက်တာကို "


ဒရိတ်ခ်က ပါကာအားသူ၏ဘေးသို့ဆွဲလိုက်ပြီး ပထမဦးစွာ နဖူးလေးအားခပ်ဖွဖွနမ်းပြီးသည့်နောက်တွင် ပူစပ်ပူစပ်လေးများမှ အစပြု၍ မီးတောက်ပေါက်ကွဲသည်အထိ ကြမ်းတမ်းရန်မီးပိတ်လိုက်လေသည် ။


×××


ရန်ဆဲလ်က အိပ်ရာဝင်ရန်ပြင်ဆင်နေရင်းပြောလိူက်သည် ။


" ဒီနေ့ညရဲ့ ညစာစားပွဲကအရမ်းစိတ်ဝင်စားဖို့ကောင်းခဲ့တယ်နော် "


" ဒါကရီစရာမဟုတ်ဘူးနော် ရန်ဆဲလ် ငါကညစာစားပွဲကို မိသားစုဝင်တွေအချင်းချင်းအဆင်ပြေပြေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တာ "


ရန်ဆဲလ်က နှစ်သိမ့်သည့်အနေဖြင့် ဒန်းနစ်၏ မျက်ခုံးစွန်းလေးအားခပ်ဖွဖွအနမ်းလေးတစ်ပွင့်ပေးလိုက်သည် ။


" မင်းမျှော်လင့်သလိုဖြစ်လာမှာပါကွာ "


နောက်တစ်နေ့မနက်စောစောအချိန်၌ အမျိုးသားGerနှစ်ယောက်မှာ အိပ်ရာအရင်ထပြီးမိသားစုအတွက်မနက်စာပြင်ဆင်နေချိန်တွင် အလုပ်သွားရန်မလိုသောဒရိတ်ခ်မှာ အပျင်းကျ၍ အားရပါးရအိပ်စက်နေပြီး ရန်ဆဲလ်မှာ အပြင်သွားရန်အလျင်လိုနေသည် ။


" ကိုယ်ဒီနေ့ တကယ်ကိုအလျှင်လိုနေတာဘေဘီရယ် "


ရန်ဆဲလ်က ဒန်းနစ်၏နဖူးကိုနမ်းပြီးနောက် ကော်ဖီခွက်ကိုဆွဲ၍ အလျှင်အမြန်စားသောက်နေသည် ။ ဒီဗိုရာက လှေကားမှဆင်းလာပြီးနောက်တွင် ပါကာအားကြည့်လိုက်ပြီး ယမန်နေ့ညကပြဿနာကိုစတင်မီးမွှေးခဲ့သူမှာ သူမမဟုတ်သည့်အတိုင်းပင် ။


ဒန်းနစ်က ဒီဗိုရာ အားမနက်စာပြင်နေရင်းပြုံးပြီးနူတ်ဆက်လိုက်သည် ။


" မောနင်း ဒီဗိုရာ "


" ဟမျ့ "


" မောနင်းပါ ပါးပါး "


ထိုအချိန်တွင် ရှောင်န်ရောက်လာပြီး ဒီဗိုရာ၏ရှေ့တည့်တည့်၌ဝင်ထိုင်ရင်းပြောလိုက်သည် ။


" သူမကိုဂရုစိုက်မနေပါနဲ့ မောနင်းနော် အစ်ကိုပါကာ "


" မောနင်းပါ ရှောင်န် "


ဒီဗိုရာက ပြန်လည်နူတ်ဆက်ခြင်းမပြုဘဲ စားပွဲတွင်ဝင်ထိုင်လိုက်ပြီး ဒန်းနစ်က ဒီဗိုရာ့အတွက် မနက်စာပန်းကန်ချပေးသောအချိန်တွင် ပါကာကပြန်ဆွဲယူလိုက်သည် ။


" ဘာလုပ်တာလဲ "


ဒီဗိုရာက ကျယ်လောင်စွာထအော်လိုက်၍ ဒန်းနစ်က ပါကာ့ကို အားနာစွာကြည့်နေခဲ့သည် ။ ပါကာက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီးသည့်နောက်တွင် အေးအေးဆေးဆေးကော်ဖီဆက်သောက်နေပြီး မည်သူ့ကိုမျှအဖက်မလုပ်ပေ ။


ရှောင်န်သည်လည်း ထိုနှစ်ဦးကြားထဲတွင် နေရခက်နေသည် ။ ဒရိတ်ခ် ၏အမျိုးသားလေးမှာ အမှန်ပင်သူများကိုရန်စရာ၌ကျွမ်းကျင်လှသည် ။


" ဒန်းနစ် ဘာလို့ရပ်ကြည့်နေတာလဲ တစ်ခုခုလုပ်ဦးလေ "


ဒန်းနစ်က မနက်စာပန်းကန်ကိုယူရန် လက်လှမ်းလိုက်သောအခါ ပါကာကပြောလိုက်သည် ။


" ဦးလေးအဲ့ဒီ ပန်းကန်ကိုမထိပါနဲ့ "


ပါကာက သူ၏လက်တွင်းမှ ကော်ဖီခွက်ထဲသို့သကြားထပ်ထည့်နေရင်း အမူအရာမှာအလွန်ပင်တည်ငြိမ်နေသည် ။


" ဗိုက်ဟောင်းလောင်းဖြစ်နေတဲ့အချိန်မှာတောင် စွာကျယ်စွာကျယ်လုပ်နိုင်ဦးမလား ကြည့်ကြရသေးတာပေါ့ "


ထမင်းစားခန်းထဲသို့ ဒရိတ်ခ်ဝင်လာသောအခါတွင် ပါကာက ခပ်ရေးရေးပြုံးနေပါသော်လည်း အခန်းအတွင်းရှိလေထုမှာပုံမှန်မဟုတ်သောကြောင့် ခြေလှမ်းများရပ်တန့်သွားရသည် ။


ဒရိတ်ခ်က ဒန်းနစ်ကိုကြည့်လိုက်သောအခါ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်နေသောအရိပ်အယောင်များတွေ့နေရပြီး မနက်စာစားသောက်နေသည့် ရှောင်န်မှာ ကြိတ်ပျော်ရွှင်နေပုံရသည် ။


" မောနင်း "


ပါကာက ပြုံးရင်းမနက်စာပန်းကန်ကို ဒီဗိုရာရှေ့သို့ကမ်းပေးလိုက်သော်လည်း သူမလက်ထဲရောက်ခါနီးတွင် ရုတ်တရတ်ရပ်တန့်ကာပြုံးရင်းပြောလိုက်သည် ။ 


" နေပါဦး...နေပါဦး မင်းတစ်ခုမေ့နေသေးတယ် "


ဒီဗိုရာက မျက်ခုံးပင့်ရင်းစိတ်မရှည်စွာမေးလိုက်သည် ။


" ဘာကျန်သေးလို့လဲ "


" မင်းက ငါ့ရဲ့လေးနှစ်အရွယ်သမီးလေးလောက်တောင်ယဥ်ကျေးမူမရှိတော့ သင်ပြပေးရဦးမှာပေါ့...ပထမဆုံး မင်းအခန်းထဲကိုဝင်လာတာနဲ့ ကိုယ့်ထက်အကြီးတွေကိုနူတ်ဆက်ရမယ် မောနင်းနဲ့ဂွတ်နိုက် ပြောရုံလောက်နဲ့တော့မင်းသေမသွားပါဘူး... ပြီးတော့ ကိုယ့်ထက်အကြီးကမင်းကို တစ်ခုခုပေးရင် သေချာပေါက်ကျေးဇူးတင်စကားပြောရမယ် ...မင်းတစ်ခုခုကိုလိုချင်တဲ့အခါ ကျေးဇူးပြုပြီးတော့ လို့လဲရှေ့ကထည့်ဖို့မမေ့နဲ့ ...ဒီလိုအခြေခံယဥ်ကျေးမူလေးကိုတောင်နားမလည်ရင် ငါတို့လုပ်ပေးတာတွေကိုမသိတတ်တဲ့လူကို ဘာမှကျွေးစရာအကြောင်းမရှိဘူး... နားလည်လား "


ပါကာက မျက်နှာတည်ကြီးနှင့်ပြောနေသောကြောင့် ဒီဗိုရာ ကအချိန်အနည်းငယ်စဥ်းစားပြီးနောက်တွင် သဘောတူညီလိုက်သည် ။


" အင်း "


" တော်တယ် ဒါဆိုအခု ဘယ်လိုပြောရမှာလဲ "


" မနက်စာအတွက်ကျေးဇူးတင်ပါတယ် "


ပါကာက မနက်စာပန်းကန်ကို ဒီဗိုရာ့ရှေ့သို့ ချပေးလိုက်ပြီး ဒန်းနစ်ကိုလှည့်ပြုံးပြလိုက်သည့်အချိန်တွင် ရှောင်န်ကအမြန်ပြောလိုက်သည် ။


" မနက်စာအတွက်ကျေးဇူးတင်ပါတယ်နော် ပါးပါးနဲ့အစ်ကိုပါကာ "


ဒန်းနစ်က ကို့ယို့ကားယားဖြစ်နေသောအခြေအနေမှ လွတ်မြောက်သွားပြီဖြစ်၍သက်ပြင်းဖွဖွချကာ ဒရိတ်အား အခန်းထဲဝင်ရန်အချက်ပြလိုက်သည် ။


xxxxxx