အပိုင်း ၄၂
Viewers 13k

Chapter 42


Mori Sue:

Daddy's little. (42)


မနက်စာပြင်ဆင်ပေးပြီးဖြစ်၍ ဒန်းနစ်နှင့်ပါကာမှာ စျေးဝယ်ထွက်ရန်တက်ကြွနေကြတော့သည် ။ 


" ရှောင်န် သားပါလိုက်ခဲ့လာ အပြင်သွားကြမယ် "


ဒရိတ်ခ်က ရီမောရင်းပါကာ၏ နဖူးလေးကိုနမ်းရင်ပြောလိုက်သည် ။


" ဒီတစ်ခါတော့ကိုယ်မလိုက်တော့ဘူးနော် "


" ရပါတယ် ဒီတစ်ခေါက်ကခရီးလမ်းရှည်ကြီးရဲ့အစဘဲရှိပါသေးတယ်... ကျွန်တော့်မှာ ခင်ဗျားကိုအထုပ်ထမ်းခိုင်းဖို့အချိန်တွေအများကြီးကျန်ပါသေးတယ် "


ဒီဗိုရာက ပါကာ့အားစိုက်ကြည့်နေသောကြောင့် မျက်ခုံးပင့်ကာပြန်ကြည့်လိုက်သည် ။


ဒီကလေးမလေးက တစ်ကယ့်ကိုအရိုင်းအစိုင်းလေးဘဲ!


ပါကာတက်ကြွစွာ အပြင်ထွက်သွားပြီးနောက်တွင် ဒရိတ်ခ်က နှင်းတောထဲတွင်ဆော့ကစားနေသောကလေးနှစ်ယောက်အား ခေါ်ရန်လိုက်သွားသည် ။


" အိမ်ထဲကိုပြန်ဝင်ခဲ့တော့ ချယ်လ်စီလေးနဲ့ရွိိုင်းလ်ရေ... လုပ်စရာရှိလို့ သားတို့အထဲမှာဘဲလာဆော့ကြတော့ အပြင်မှာကြာကြာနေရင်ဖျားလိမ့်မယ် "


ချယ်လ်စီလေးက ဒရိတ်ခ်အသံကြားသည်နှင့် အမြန်ပြေးလာကာပြောလိုက်သည် ။


" ပါးပါး မီးမီးတို့ကာတွန်းကားကြည့်မယ်လေနော် "


" ရတာပေါ့ နတ်သမီးလေးရဲ့ ဖြည်းဖြည်းလာမပြေးနဲ့ချော်လဲဦးမယ် "


" ရေး "


ကလေးနှစ်ယောက်ပျော်ရွှင်စွာအော်ဟစ်ရင်း အိမ်ထဲသို့ဝင်လာကြသည် ။ ပုံမှန်အားဖြင့် ဒရိတ်ခ်က ချယ်လ်စီလေး အားကာတွန်းကားကိုအချိန်ကြာကြာကြည့်ရန်ခွင့်မပြုပေ ။ 


တီဗီနှင့်ဂိမ်းဆော့ရခြင်းအားစွဲလမ်းသွားသည်ထက် သူမကြိုက်သလောက်အော်ဟစ်ပြေးလွှားဆော့ကစားသည်ကိုသာ ကြိုက်နှစ်သက်သည် ။ တက်ကြွနေသင့်သော ကလေးငယ်လေးများက ချောင်ကပ်၍ဂိမ်းဆော့နေကြသည်ကိုသဘောမကျပေ ။


ထို့ကြောင့် ချယ်လ်စီလေးအား နှစ်နာရီထက်ပို၍ဂိမ်းဆော့တီဗီကြည့်ခွင့်မပြုပေ ။ ပါကာသည်လည်း နားလည်သောကြောင့် အချိန်အများစုကိုသူမလေးနှင့်ဆော့ကစားပေးနေလေ့ရှိသည် ။ ထိုသားအဖအတွဲမှာ ပန်းချီဆွဲခြင်း ၊ ကိတ်မုန့်ဖုတ်ခြင်း ၊ မုန့်လုပ်ခြင်းနှင့် ယောဂကျင့်ခြင်းတို့ဖြင့်အလုပ်များနေတတ်ကြသည် ။ 


ဒရိတ်ခ်က ပါကာမှာအရင်ကနှင့်မတူညီဘဲ အလွန်ပြောင်းလဲသွားကြောင်းလက်တွေ့မြင်နေရသည် ။ သူ၏ဆိုရှယ်မီဒီယာအကောင့်၌ ပန်းချီပုံလေးများနှင့် မုန့်လုပ်နည်းဗီဒီယိုအတိုလေးများအပြင် တစ်ခါတစ်ရံ ၌ချယ်လ်စီလေးနှင့် ဓာတ်ပုံတချို့တင်လေ့ရှိသည် ။


သို့သော်လည်း ထိုအရာများထဲ၌ သူမလေး၏ကျောင်းနှင့်တည်နေရာ အချိန်စာရင်းကဲ့သို့သတိထားမိနိုင်စေသောအရာများမပါဝင်ပေ ။ ဆိုရှယ်မီဒီယာနှင့် လက်တွေ့ဘဝအားသိသိသာသာပင်ပိုင်းခြားထားလေသည် ။


ပါကာ၏ အကောင့်ထဲ၌ သာမန်မိသားစုဗီဒီယိုအတိုလေးများနှင့် ဟင်းချာချက်ပြုတ်နည်းများအစုံအလင်ရှိနေကာ အပန်းဖြေကြည့်ရူနိုင်သော ကိုယ်ပိုင်ချန်နယ်တစ်ခုကဲ့သို့ပင်ဖြစ်နေလေသည် ။


ဒရိတ်ခ်က ကလေးနှစ်ယောက်အတွက် မုန့်တချို့ပြင်ဆင်ပေးပြီးနောက်တွင် ခရစ်စမတ်ပွဲတော်နှင့်ကိုက်ညီသော ကာတွန်းကားတစ်ပုဒ်ရှာပေးလိုက်သည် ။ ထိုကာတွန်းအကြောင်းအရာမှာ ခရစ်စမတ်ပွဲတော်ကိုခိုးယူရန်ကြိုးစား သောဂရစ်ချ့်အကြောင်းပင် ။


 ကလေးနှစ်မုန့်စားရင်းပျော်ပျော်ရွှင်ရွှင်တီဗီကြည့်နေသည့်အချိန်တွင် ဒရိတ်ခ် ကဗီဒီယိုကောလ်ဖြင့်အလုပ်ကိစ္စဆွေးနွေးရန် အိပ်ခန်းထဲသို့ဝင်သွားသည် ။ ပုံမှန်ဆိုလျှင် ပိတ်ရက်များ၌အလုပ်လုပ်လေ့မရှိသော်လည်း ယခုမူအရေးပေါ်ဖြစ်နေ၍ဖြေရှင်စရန်မှအပ ရွေးချယ်စရာမရှိချေ ။


ဒီဗိုရာက အခန်းထဲတွင်ပျင်းရိလာသောကြောင့် တီဗီကြည့်ရန်အောက်ဆင်းလာသည့်အချိန်တွင် ကလေးနှစ်ယောက်ထိုင်ကြည့်နေကြောင်းတွေ့လိုက်ရ၍ ပြောလိုက်သည် ။


" တော်ပြီ တော်ပြီ...အခုငါကြည့်ရမဲ့အလှည့်ဘဲ နင်တို့သွားကြတော့ "


ဒီဗိုရာ ဆိုဖာပေါ်တွင်လာထိုင်သောအခါ ချယ်လ်စီ ကသူမကိုစိုက်ကြည့်ရင်းပြောလိုက်သည် ။


" ဒါပေမဲ့ ဖေဖေကသမီးတို့အကြာကြီးကြည့်လို့ရတယ်လို့ပြောထားတယ် "


" ဒါပေမဲ့ဆိုတည်းကအရေးမပါတော့ဘူးလေ အခုငါ့အလှည့်ရောက်ပြီ မကျေနပ်ရင်လဲသွားသာသေလိုက်ကြ "


ဒီဗိုရာက ချယ်လ်စီလေးကိုအပေါ်စီးကနေစိုက်ကြည့်ပြီး ရိုင်းစိုင်းစွာပြောဆိုနေသောကြောင့် သူမလေးက ပြန်ပြောလိုက်သည် ။


" သူများကိုရိုင်းရိုင်းစိုင်းစိုင်းပြောတာ မကောင်းဘူးလို့ ပါးပါးကပြောတယ် "


ဒီဗိုရာက ဂရုမစိုက်ဘဲ ကလေးများထံမှ ရီမုကိုဆွဲယူလိုက်သည် ။ 


" နင့်ပါးပါးက ငကြောင်တစ်ကောင်ဘဲ "


" ငကြောင်ဆိုတာဘာကိုပြောတာလဲ "


" နင်မေးနေတာမပြီးနိုင်တော့ဘူးလား "


ချယ်လ်စီလေးက ​တီဗီကိုလက်ညိုးထိုးရင်း ဒီဗိုရာပြောင်းကြည့်နေသောဇာတ်ကားအကြောင်းမေးလိုက်သည် ။


" အဲ့ကားကဘာအကြောင်းလဲ "


ဒီဗိုရာက ပြုံးရင်းပြောလိုက်သည် ။


" အဲ့ဒီဇာတ်ကားကလဲ ခရစ်စမတ်အကြောင်းရိုက်ထားတဲ့ကားဘဲလေ "


ချယ်လ်စီလေး၏ မျက်လုံးများမှာ သိချင်ဇောကြောင့်တောက်ပနေသည် ။


" ရေခဲမင်းသမီးလေးလိုမျိုးလားဟင် "


ဒီဗိုရာက ချယ်လ်စီလေးကိုထူးထူးဆန်းဆန်းပြုံးကာစိုက်ကြည့်နေပြီး ပါကာ့ကိုလက်စားခြေရန်နည်းလမ်းတစ်ခုကိုမှန်းဆမိသွားသည် ။


" ဟုတ်တယ် သေချာပေါက်အဲ့ဒီဇာတ်ကားကိုကြည့်သင့်တယ်နော် "


ချယ်လ်စီလေးဆိုဖာပေါ်၌ ထိုင်သည့်အချိန်တွင် ဇာတ်ကားမှာစတင်ပြသနေပြီဖြစ်သည် ။


×××


အလုပ်အစည်းအဝေးပြီးသွားသည့်နောက်၌ ဒရိတ်ခ်က ကလေးနှစ်ယောက်၏အခြေအနေကိုစစ်ဆေးရန်ဆင်းလာသည့်အချိန်၌ ထူးထူးဆန်းဆန်း အသံများကြားလိုက်ရသည် ။ ကလေးများကြည့်ရန် ဖွင့်ပေးထားခဲ့သောကာတွန်းကားအသံမျိုးမဟုတ်ဘဲ မသင့်တော်သောဇာတ်ဝင်ခန်းများပါဝင်သည့် ကြောက်စရာလူသတ်ကားတစ်ကား၏ဇာတ်ဝင်ခန်းမှအသံမျိုးဖြစ်နေသည် ။


လှေကားမှအမြန်ပြေးဆင်းကာ ကလေးများရှေ့ရောက်သည့်အခါ၌ ဒီဗိုရာက အားရဝမ်းသာရီမောနေပြီး ချယ်လ်စီလေးက ဆိုဖာပေါ်တွင်ကြောက်လန့်တကြီးအော်ဟစ်နေ၍ ရွိုင်းလ်မှာ သူ၏နားများကိုလက်ဖြင့်ပိတ်ပြီး ငိုနေသည် ။


ဒရိတ်ခ်က တီဗီကိုအမြန်ပိတ်လိုက်ပြီးနောက် ချယ်လ်စ်လေးအား ပြေးဖက်လိုက်သည် ။


 ဒီဗိုရာက အနည်းငယ်မျှအပြစ်ရှိသလိုခံစားနေရပုံမပေါ်သည့်အပြင် ချယ်လ်စီလေး ကြောက်လန့်နေသည်အားကြည့်ကာ အားရကျေနပ်နေပုံပေါ်သည် ။


xxxxxx