အပိုင်း ၄၃
Viewers 15k

Chapter 43


Mori Sue:

Daddy's little ( 43)


ဒရိတ်ခ်က ချယ်လ်စီလေးအားဆိုဖာပေါ်ချီတင်၍ သူမအလန့်ပြေစေရန်ချော့မော့ပြောဆိုနေသော်လည်း ကလေးမလေးမှာငိုယိုနေဆဲပင် ။ ဒီဗိုရာက သူမ၏အခန်းသို့ပြန်လိုသော်လည်း ဒရိတ်ခ်က ခြေတစ်လှမ်းမှရွေ့ခွင့်မပြုပေ ။


ပထမတွင် သူမ၏ပုန်ကန်တတ်သောဆယ်ကျော်သက်ကာလအပိုင်းအခြားဖြစ်၍ ဝင်မပါခဲ့သော်လည်း ဤမျှယဥ်ကျေးမူမရှိဟုမထင်ခဲ့ပေ ။ သူမအတွက်အရေးမပါသောကိစ္စလေးတစ်ခုသာဖြစ်သော်လည်း ချယ်လ်စီလေးက လေးနှစ်အရွယ်သာရှိသေး၍ ရုပ်ရှင်နှင့်လက်တွေ့ဘဝအားမခွဲခြားနိုင်သေးချေ ။ 


ကလေးများက အရာရာကိုယုံလွယ်ပြီး ချယ်ယ်စီလေးသည်လည်းခြွင်းချက်မဟုတ်ချေ ။ ထိုအချိန်တွင် ဒန်းနစ်နှင့် ပါကာမှာ အထုပ်များဆွဲ၍ရီမောရင်းအိမ်ထဲသို့ဝင်လာသည် ။ အနွေးထည်များချွတ်ပြီးနောက် ဧည့်ခန်းထဲသို့ဝင်လိုက်သောအခါ တွင် လေထုအခြေအနေမှာအလွန်ပင်တင်းမာနေလေသည် ။


ချယ်လ်စီလေး ကဒရိတ်ခ်ကိုဖက်ထားရင်းရိူက်ငိုနေပြီး ဒရိတ်ခ် ကသူမ၏ကျောပြင်ကိုခက်ဖွဖွပွတ်သပ်ပေးနေသည် ။


" ဘာဖြစ်ထားကြတာလဲ "


ပါကာက မကောင်းသည့်အရာတစ်ခုခုဖြစ်ထားသည်ထင်၍မျက်မှောင်ကျုံ့ကာမေးလိုက်သည် ။ သူ၏အသံကိုကြားသောအခါ ချယ်လ်စီလေးမှာ အော်ငိုထားရသောကြောင့်ကွဲအက်နေသောအသံနှင့်ခေါ်လိုက်သည် ။


" ပါးပါး ပါးပါး! "


ပါကာက သူမလေးကိုပြေးချီလိုက်ပြီး တင်းကျပ်စွာဖက်ထားလိုက်သည် ။


" အင်း...ဘာဖြစ်လို့လဲသမီးလေး...မငိုနဲ့နော်...ပါးပါးဒီမှာရှိတယ် မငိုနဲ့တော့ "


ရှောင်န်က သကြားလုံးစားရင်အခန်းထဲဝင်လာသောအခါ၌ ကလေးမလေးမှာအကြောက်အကန်အော်ဟစ်ရင်းထပ်မံငိုယိုပြန်သည် ။


" မကောင်းတဲ့သကြားလုံးတွေ...အဲ့တာမကောင်းတဲ့သကြားလုံးတွေ... မစားလိုက်နဲ့ စားလို့မရဘူး နေမကောင်းဖြစ်လိမ့်မယ် မစားနဲ့ "


ချယ်လ်စီလေးက မစားနှင့်ဟူသာအော်ဟစ်နေ၍ ပါကာက စိတ်ရူပ်ထွေးစွာမေးလိုက်သည် ။


" မကောင်းတဲ့သကြားလုံးတွေလား "


" အိုး...အဲ့တာက ဟာသတစ်ခုသပ်သပ်ပါဘဲ ရုပ်ရှင်ထဲမှာသကြားလုံးစားပြီးသေသွားတဲ့ အကြောင်းကိုသူမပြောနေတာနေမယ်... အဲ့ဒီလူသေသွားတော့သူ့ဝိညာဥ်ကို စန်တာကစားသွားတယ်လေ "


ချယ်လ်စီလေးက ပါကာ၏ရင်ဘတ်တွင်မျက်နှာအပ်ထားပြီး အနည်းငယ်မျှမော့မကြည့်ပေ ။ ဒရိတ်ခ်၏ မျက်နှာပေါ်ရှိအမူအရာမှာလူသတ်ချင်နေကြောင်း ပေါ်လွင်နေပြီး စကားပြောလိုက်သည်နှင့် ရန်ပွဲတစ်ခုဖြစ်လာမည်မှာအသေအချာပင် ။


ဒရိတ်ခ်၏ စိတ်တိုင်းကျဆိုသောင်းကျန်းလိုက်ပါက ချယ်လ်စီလေး ပိုလန့်သွားမည်ကိုစိုးရိမ်၍သာမဟုတ်လျှင် ဒီဗိုရာ့အခြေအနေမှာမတွေးရဲစရာပင် ။ 


ဒန်းနစ်က စိုးရိမ်စွာမေးလိုက်သည် ။


" ဒီဗိုရာ မင်းဘာတွေလုပ်ထားတာလဲ "


" ဘာလို့အရမ်းစိုးရိမ်နေကြတာလဲ... ကျစ်... ခရစ်စမတ်ညကားလေးတစ်ကားတည်းအတူတူကြည့်ရုံဘဲကို "


သူမက ဂုဏ်ယူနေသောမျက်နှာပေးဖြင့် နူတ်ခမ်းသပ်ရင်းဆက်ပြောသည် ။


" အတိအကျပြောရရင်လေ... စန်တာရဲ့ည ဇာတ်ကားဘဲ ကောင်းတယ်မဟုတ်လား "


" ဘာပြောတယ်!  သောက်ရေးမပါတာကြီး လေးနှစ်အရွယ်ကလေးကို အဲ့ဒီလိုသောက်ဇာတ်ကားမျိုးပြစရာလား "


ပါကာက စိတ်မထိန်းတော့ဘဲအော်ပြောလိုက်သောကြောင့် ဒန်းနစ်က သတိပေးရန်ကြိုးစားလိုက်သည် ။


" ပါကာ ကလေးတွေရှိတယ်လေ "


" သိတယ် ဒါပေမဲ့ကျွန်တော်ဘယ်လိုမှစိတ်မထိန်းနိုင်ဘူး သူမဘယ်လိုလုပ်ခဲ့လဲကြားတယ်မဟုတ်လား လေးနှစ်အရွယ်ကလေးကို လိင်အကြမ်းဖက်အကြောင်းအရာတွေပါတဲ့သည်းထိတ်ရင်ဖိုဇာတ်ကားကြီးကြည့်ခိုင်းခဲ့တာလေ... မိဘတစ်ယောက်အနေနဲ့ ကျွန်တော်ဘယ်လိုလုပ်စိတ်အေးအေးထားနိုင်ပါ့မလဲ "


ဒန်းနစ်သည်လည်း ဒီဗိုရာ၏အပြုအမူကအရမ်းလွန်သွားကြောင်းသိသော်ငြား ပါကာ့အားစိတ်အေးအေးထားရန်ဖြောင်းဖြနေရသေးသည် ။


" ပါကာ စိတ်ငြိမ်ငြိမ်ထားပြီးမှဆက်ပြောကြရအောင်နော် "


" စိတ်ငြိမ်ငြိမ်ထားရမယ် ဒီဗိုရာလုပ်လိုက်လို့ ကျွန်တော့သမီးဘယ်လောက်တောင်ကြောက်သွားသလဲသေသေချာချာကြည့်လိုက်ပါဦး "


ဒန်းနစ်က ပါကာ့ရင်ခွင်ထဲမှ ချယ်လ်စီလေးကိုကြည့်လိုက်သည် ။ သူမလေးကပါကာ့ကိုသာ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားပြီး အနီးဝန်းကျင်ကိုပင်ကြည့်မနေချေ ။ ဒီဗိုရာ၏အပြုအမူကသူမလေးအား စိတ်ဒဏ်ရာရသွားစေသည်မှာ အလွန်ထင်ရှားသည် ။


ဒီဗိုရာက ယခုအထိပင်သူမအမှားလုပ်ထားမှန်းမသိသေးချေ ။


" ရှင့်ရဲ့ကလေးကိုက အရမ်းအပိုလုပ်လွန်းနေတာ "


ပါကာက သူမ၏အပြုအမူကိုဆက်သည်းမခံနိုင်သောကြောင့်ပြောလိုက်သည် ။


" ခရစ်စမတ်မှာ စိတ်ဒဏ်ရာရစေဖို့အတွက် မိသားစုလိုက်ဒီကိုလာလည်ခဲ့တာမဟုတ်ဘူး ဒန်းနစ် ကျွန်တော်အားနာပေမဲ့ ဒီအိမ်မှာဆက်မနေနိုင်တော့ပါဘူး "


" ပါကာရယ် ငါတောင်းပန်ပါတယ် နောက်ထပ်ဒီလိုမျိုးမဖြစ်စေရပါဘူး "


ဒီဗိုရာက လက်ပိုက်ရင်း ဒန်းနစ်နှင့်ပါကာ သဘောထားကွဲလွဲကြသည်အား အားရကျေနပ်စွာကြည့်နေသည် ။ ရှောင်န်က ချယ်လ်စီလေးထပ်လန့်သွားမည်စိုး၍ သကြားလုံးများကိုအမြန်ဖွက်လိုက်သည် ။ တက်ကြွပျော်ရွှင်နေတတ်သော ကလေးမလေးမှာ ယခုကဲ့သို့ ငိုယိုနေသည်ကိုအမှပင်စိတ်မကောင်းပေ ။


ဒရိတ်ခ်၏ အမူအရာ​အရဤကိစ္စအားလုံးဝခွင့်လွှတ်ပေးမည်မဟုတ်ပေ ။


" ဦးလေး ကျွန်တော်လဲ  ချယ်လ်စီလေးအတွက် ဒီအိမ်ကမလုံခြုံဘူးလို့ခံစားရတယ် "


ဒန်းနစ်က မိသားစုစုံစုံလင်လင်ဖြင့် ခရစ်စမတ်အားလပ်ရက်အားပျော်ရွှင်စွာဖြတ်သန်းရမည်ဟုထင်ခဲ့သော်လည်း ဒီဗိုရာ၏ ယဥ်ကျေးမူမရှိသောအပြုအမူများကြောင့်ပြဿနာတစ်ခုပြီးတစ်ခုသာတက်နေရသည် ။ 


ရှောင်န် သည်လည်း ငြင်းဆန်ခြင်းမရှိသည့်ဒီဗိုရာ၏ မျက်နှာအားအလွန်ပင်စိတ်ပျက်နေပြီဖြစ်သည် ။ 


ဒန်းနစ်က တောင်းတောင်းပန်ပန်ပြောဆိုနေပြီး ဒရိတ်ခ်တို့မိသားစုအားထွက်မသွားစေချင်ပေ ။


" ဒရိတ်ခ်ရယ် ဦးလေးဂတိပေးပါတယ် ထပ်မဖြစ်စေရတော့ပါဘူး "


" ဘာလို့တားနေတာလဲ သူတို့ထွက်သွားချင်တယ်ဆိုရင် ထွက်သွားခိုင်းလိုက်..."


" ပါးစပ်ပိတ်ထားစမ်း...ဘာမှဝင်မပြောနဲ့ "


ဒန်းနစ်က ဒီဗိုရာအား ဒေါသတကြီးအော်ဟစ်ပြောလိုက်သည် ။


" မင်းဒီလိုမျိုးဆိုးသွမ်းနေလို့ မင်းရဲ့သောက်သုံးမကျတဲ့ ပါးပါးကမင်းကိုစွန့်ပစ်သွားတာပေါ့ "


" ဘာ..ဘာပြောလိုက်တယ် "


ဒီဗိုရာက မယုံကြည်နိုင်သောအမူအရာဖြစ်နေဆဲအချိန်တွင် ဒန်းနစ်က သက်ပြင်းချလိုက်သည် ။


xxxxxxx