အပိုင်း ၄၄
Viewers 13k

Chapter 44


Daddy's little ( 44)


ဒန်းနစ်က လှေကားဆီသို့ဦးတည်လျှောက်သွားသည့်အချိန်တွင် ဒီဗိုရာက ပြေး၍ရှေ့မှပိတ်ရပ်ကာမေးလိုက်သည် ။


" ဒန်းနစ် ရှင်ဘာတွေပြောနေတာလဲ?  ပါးပါးအိမ်ကထွက်သွားတာက ရှင်နဲ့အဖေနဲ့ဖောက်ပြန်ကြလို့လေ သူ့ရဲ့ဘဝကိုရှင်ဖျက်ဆီးခဲ့တာ "


ဒန်းနစ်က ရှောင်န်ကိုလှည့်ကြည့်ရင်းစိတ်ရူပ်စွာပြောလိုက်သည် ။


" မင်းတို့ကို အဲ့ဒီလူကဒီလိုပြောပြထားတာလား? "


ရှောင်န်က အလွန်ပင်နေရခက်နေခဲ့သည် ။


" အဲ့ဒီလိုမျိုးခပ်ဆင်ဆင်ပါဘဲ "


ဒန်းနစ်က ခံပြင်းစွာခပ်ဖွဖွရီရင်းပြောလိုက်သည် ။


" ငါမင်းတို့ရဲ့အဖေနဲ့ လူကြားမကောင်းတဲ့ကိစ္စမျိုးဘာတစ်ခုမှမလုပ်ထားဘူး "


" ဒါပေါ့ ရှင်ကငြင်းနေလို့ရတာဘဲ အခုရှင်ကအောင်နိုင်သူကြီးဆိုတော့ အဖေကရှင်ဘာပြောပြောမှန်တယ်လို့ထောက်ခံနေမှာဘဲလေ အခုတောင်ပါးပါးကိုအိမ်ထဲအဝင်မခံဘူးမဟုတ်လား "


" ဒီဗိုရာ မင်းရဲ့ပါးပါးကဆေးစွဲနေတဲ့ သောက်သုံးမကျတဲ့ဆန်ကုန်မြေလေးဘဲ ရန်ဆဲလ်က ငယ်ရွယ်သေးတဲ့မင်းတို့တွေရဲ့အနားမှာ သူ့လိုလူမျိုးကိုထားချင်မယ်လို့ထင်လား... ဟမ် "


" မဟုတ်ဘူး ပါးပါးကို မစွပ်စွဲနဲ့ "


ဒန်းနစ်က သူမကိုမျက်တောင်မခတ်စိုက်ကြည့်ပြီးသည့်နောက်၌ ဆက်လက်ဖုံးကွယ်မထားတော့ရန်ဆုံးဖြတ်လိုက်သည် ။


" မင်းတို့ငယ်ငယ်လေးကတည်းက သူဆေးစွဲနေတာကြာပြီ မင်းတို့ကွယ်ရာမှာအမြဲလိုလိုခိုးသုံးနေခဲ့တာ...မင်းရဲ့ခြေထောက်ကမီးဟပ်တဲ့အမာရွတ်က သူဆေးသွားဝယ်ဖို့မင်းကိုပစ်ထားခဲ့လို့ဖြစ်ရတာ...အဲ့ဒီ အချိန်မှာမင်းတို့မောင်နှမတွေကိုစောင့်ရှောက်ပေးခဲ့တယ်ဆိုတာက ကလေးငယ်လေးတွေဒုက္ခခံစားနေရမှာကမ​​ကြည့်ရက်လို့ဘဲ မင်းတို့အဖေနဲ့ဘာမှမသက်ဆိုင်ခဲ့ဘူး ငါကသူ့ကိုတောင် မင်းတို့ကိုဂရုစိုက်မပေးနိုင်တဲ့အတွက်မုန်းတီးနေခဲ့သေးတယ် "


လွန်ခဲ့သောခုနှစ်နှစ် အချိန်ကဒန်းနစ်သည်  ဤအိမ်တွင်နေထိုင်ခဲ့ခြင်းမဟုတ်ဘဲ သာမန်တိုက်ခန်းလေး၌သာနေထိုင်ခဲ့သည် ။ ပိုက်ဆံမရှိ၍မဟုတ်ဘဲ သူကိုယ်တိုင်နေထိုင်လိုခဲ့ခြင်းကြောင့်သာ ။ ထိုအချိန်တွင် ဒန်းနစ်က ဆောက်လုပ်ရေးဒီဇိုင်နာ အဖြစ်အလုပ်လုပ်ကိုင်နေပြီး အိမ်ပြန်နောက်ကျသောအချိန်တိုင်းတွင် ဘေးအခန်းမှညလုံးပေါက်ရန်ဖြစ်နေသံများကိုကြားရသည် ။


ထိုအခန်းမှာနေ့တိုင်းလိုလိုအော်ဟစ်ဆူညံနေလေ့ရှိပြီး အလွန်စိတ်ဒုက္ခပေးလွန်းသောအိမ်နီးချင်းများပင် ။ တစ်နေ့၌ ကလေးမလေးတစ်ယောက်မှာသူ၏အိမ်တံခါးဝတွင်လာရပ်နေခဲ့သည် ။


ကလေးမလေးမှာအလွန်သနားစဖွယ်ဖြစ်သောကြောင့် မိဘများမရှိသည့်အချိန်တွင် ဒန်းနစ်ကကလေးတစ်သိုက်ကိုအမြဲလိုလိုထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည် ။ တစ်လမျှကြာမြင့်သောအခါတွင် ဒန်းနစ်က ကလေးများ၏အဖေထံသွား၍အကြောင်းစုံပြောပြသောအခါတွင်မှ အခြေအနေအမှန်ကိုသိသွားရပုံသည် ။ 


ကလေးများအား ဖြစ်သလိုပစ်ထားခဲ့သည့်အတွက်ထိုစုံတွဲမှာ ညလုံးပေါက်ရန်ဖြစ်နေကြပြီး မနက်ရောက်သောအချိန်တွင် ဆေးစွဲနေသောအမျိုးသားမှာ ရန်ဆဲလ်၏အလုပ်မှအပ်နှံငွေများနှင့်မိသားစုငွေများကိုယူ၍ထွက်ပြေးသွားခဲ့သည် ။


ရန်ဆဲလ် ဘာသာငွေကိစ္စကိုဖြေရှင်းလိုက်ရန် စာတစ်စောင်ကိုသာချန်ထားခဲ့လေသည် ။ အလုပ်မှရန်ပုံငွေကိစ္စကိုအပူတပြင်းဖြေရှင်းနေသည့်အချိန်တွင် ဒန်းနစ်က ကလေးသုံးယောက်ကိုဆက်လက်ကြည့်ရူပေးခဲ့သည် ။


ထိုနှစ်ပိုင်းအခြားများ၌ ရန်ဆဲလ်မှာ  မနည်းအားတင်း၍ဖြတ်ကျော်ခဲ့ရပြီး သူ့ဘဝတွင်အခက်ခဲဆုံးအချိန်များပင် ။ ဒန်းနစ်က အကျိုးအကြောင်းနားမလည်သောသူမျိုးမဟုတ်၍ အချိန်ရသလိုကလေးများကိုကြည့်ရူပေးရင်း ရန်ဆဲလ်ကိုထိုတိုက်ခန်း၌ဆက်လိုက်နေထိုင်စေခဲ့သည် ။


လျှော်ကြေးပေးကာအရင်အလုပ်မှနုတ်ထွက်ပြီးနောက်တွင် ဒရိတ်ခ် ၏အဆက်အသွယ်ဖြင့် ရန်ဆဲလ်အားအလုပ်သွင်းပေးခဲ့သည် ။ သူကိုယ်တိုင်အလုပ်ကြိုးစားနေသရွေ့တခြားမည်သည့်ရူပ်ထွေးမူများ ဖြစ်မလာနိုင်ပေ ။


ဒန်းနစ် ၏ကြင်နာမူများကို ရန်ဆဲလ်ကမှတ်သားထားပြီး အကူအညီလိုသည့်အချိန်တိုင်းတွင် ​အသင့်ရီနေပေးခဲ့သည် ။ အချိန်အတန်ကြာအတူနေထိုင်ပြီးနောက် အငယ်ဆုံးလေးရွိုင်းလ်မှာ ဒန်းနစ်အား သူ၏ပါးပါးဟုပင်အသိအမှတ်ပြုထားခဲ့သည် ။ 


ကလေးသုံးယောက်အား သူ၏ကိုယ်ပိုင်ကလေးများကဲ့သို့ပြုစုစောင့်ရှောက်ပေးခဲ့ပြီး နှစ်နှစ်ကြာသောအခါ ရန်ဆဲလ်နှင့်လက်ထပ်ခဲ့သည် ။ ဒရိတ်ခ် မှာ ပါကာ၏ရူပ်ထွေးသောအခြေအနေများကိုဖြေရှင်းနေရသဖြင့် လက်ထပ်ပွဲသို့မတက်ရောက်နိုင်ခဲ့ချေ ။ 


( AN / လက်ထပ်ပွဲနေ့မှာ ပါကာကအကြောင်းတချို့ကြောင့်အချုပ်ကျနေခဲ့ပါတယ် )


ထိုအချိန်က ကလေးများနှင့် သူတို့၏ပါးပါးကိုတွေ့ရန်ချုပ်ချယ်ထားခြင်းမရှိသေးပေ ။ သို့သော်လည်း ဒီဗိုရာအား လိမ်ညာ၍ သူမ၏ခေါင်းထဲသို့ ဒန်းနစ်မကောင်းကြောင်းများရိုက်သွင်းနေသည်အားသိရသည့်အချိန်တွင် ချက်ချင်းအဆက်အသွယ်ဖြတ်ခဲ့သော်လည်း ငယ်ရွယ်သောကလေးမလေးက သူ့ပါးပါးစကားများကိုသာအမှန်ဟုမှတ်ယူထားပြီးဖြစ်သည် ။ 


ဒန်းနစ်က သူ့ပါးပါး၏အိမ်ထောင်ရေးကိုကြားဝင်ဖျက်စီး၍ ရန်ဆဲလ် အားထိန်းချုပ်ထားသည်ဟုသာတွေးထင်နေခဲ့ပြီး သူမ၏ပါးပါးမှာဆေးစွဲ၍ သူမတို့မောင်နှမအပေါ်ဆက်ဆံခဲ့ပုံများကိုတော့မမှတ်မိရှာပေ ။


xxxxxxx