အပိုင်း ၄၅
Viewers 14k

Chapter 45


Daddy's little ( 45)


ဒီဗိုရာက သူမ၏ခေါင်းကိုခါယမ်းရင်း ပြောလိုက်သည် ။


" မဖြစ်နိုင်တာ ရှင်လိမ်နေတာ! "


" အော်ဟစ်မနေနဲ့ ဒီဗိုရာ အစကမင်းသဘောကျနေခွင့်ပြုပေးခဲ့ပေးမဲ့ မင်းရဲ့အပြုအမူတွေက အရမ်းလွန်လာတာ ကိုယ့်ကိုယ်တောင်သိရဲ့လား "


ဒန်းနစ်က သက်ပြင်းဖွဖွချလိုက်ရင်း သူမကိုစိတ်ပျက်စွာကြည့်နေသည် ။


" မင်းရဲ့ ပါးပါးက ငါနဲ့ရန်ဆဲလ်ရဲ့ အကြောင်းကိုဘယ်လိုပြောပြထားလဲငါမသိပေမဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေကိုငါဆက်ပြီးသည်းခံမှာမဟုတ်တော့ဘူး မင်းကမိသားစုနှစ်စု ပျော်ပျော်ရွှင်ရွှင်နေရမဲ့ခရစ်စမတ်ကိုဖျက်ဆီးပစ်လိုက်တာဘဲ...ဘာမှမသိသေးတဲ့ကလေးတစ်ယောက်ကိုစိတ်ဒဏ်ရာပေးရတာအရမ်းပျော်ဖို့ကောင်းနေလား "


ဒန်းနစ်က သူမကိုအံကြိတ်ရင်းမေးလိုက်သည် ။


" မင်းဒီလိုစိတ်ဓာတ်မျိုးရှိနေတာကိုသာ ရန်ဆဲလ် သိရင်အရမ်းစိတ်ပျက်သွားမယ်ထင်တယ် "


ဒီဗိုရာက သူမ၏ဒေါသတကြီးဖြင့် နူတ်ခမ်းကိုက်ကာပြောလိုက်သည် ။


" စိတ်မဝင်စားဘူး ကျွန်မရဲ့ပါးပါးကိုဘဲတွေ့ချင်တယ် "


ထို့နောက်တွင်သူမက ခြေဆောင့်ရင်းလှေကားပေါ်သို့တက်နေသည့်အချိန်၌ ဒန်းနစ်က လှောင်ရီကာမေးလိုက်သည် ။


" သူကမင်းကိုလိုချင်မှာတဲ့လား "


ဒီဗိုရာ၏ ခြေလှမ်းများမှာ ခေတ္တရပ်တန့်သွားပါသော်လည်း ဘာမျှပြန်ပြောမလာခဲ့ချေ ။


" ဖြစ်ခဲ့သမျှကိစ္စတွေအကုန်လုံးအတွက်တောင်းပန်ပါတယ် သူမကိုအရမ်းအလိုလိုက်ထားမိလို့ဖြစ်ရတာပါ ...နောက်တစ်ခါမရှိစေရအောင်သေချာဂရုစိုက်ပါ့မယ် "


ပါကာက ချယ်စီလေး၏ကျောကိုပုတ်ပေးနေရင်းပြောလိုက်သည် ။


" ဒီလောက်တောင် သူ့ပါးပါးနဲ့တွေ့ချင်နေမှတော့ ပေးတွေ့ခိုင်းလိုက်ပေါ့ "


" ဖြစ်ပါ့မလား "


" ကလေးမှမဟုတ်တော့တာကို ကိုယ်တိုင်ဆုံးဖြတ်ပါစေပေါ့ ပိတ်ရက်ကိုသူ့ပါးပါးနဲ့နေရအောင်လိုက်ပို့ပေးထားလိုက်လေ "


" ပါကာ... ဖြစ်ပါ့..."


" ဒီဗိုရာပြောသွားတဲ့ပုံကိုကြည့်လေ ယုံတဲ့ပုံမှမပေါ်တာ အတူတူနေခိုင်းပြီး သူ့ရဲ့အသုံးမကျတဲ့ပါးပါးက ဘယ်လောက်တောင်ချစ်ပေးနိုင်မလဲကြည့်ရအောင် သူတို့နှစ်ယောက်ကစရိုက်တူတော့ အဆင်ပြေချင်ပြေသွားမှာပေါ့ "


ဒန်းနစ်က ဤကိစ္စကိုဆွေးနွေးရန် ရန်ဆဲလ် အိမ်ပြန်လာချိန်ကိုစောင့်နေပြီး ပါကာက ချယ်လ်စီလေးကို ချီ၍အခန်းထဲသို့ဝင်သွားသည် ။ ထိုနေ့ည၌ ဒရိတ်ခ်နှင့်ပါကာ မည်မျှပင်ချော့မော့ပါစေ ချယ်လ်စီလေးကအိပ်စက်ရန်ငြင်းဆန်နေသည် ။


သူမ၏ငါးရုပ်ခေါင်းအုံးလေးကိုဖက်ထား၍ မျက်နှာတစ်ဝက်အားစောင်နှင့်အုပ်ထားပြီး သနားစဖွာ်မျက်ဝန်းရွဲကြီးများကိုသာဖော်ထားသည် ။


" မီးမီး အိပ်နေတုန်းစန်တာရောက်လာပြီး သူရဲ့သွားချွန်ချွန်ကြီးတွေနဲ့ မီးမီးကိုကိုက်စားသွားရင်ဘယ်လိုလုပ်မလဲ...မအိပ်ချင်ဘူး "


ကလေးသူငယ်ညှင်းပန်းနှိပ်စက်မူ ဥပဒေနှင့်သာမညိပါက ဒီဗိုရာအား အမှန်ပင်အားရပါးရဆွဲထိုးလိုက်ချင်သည် ။ ယုန်ပေါက်လေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ နေသောချယ်လ်စီ လေးကိုကြည့်၍ ပါကာအရမ်းစိတ်မကောင်းဖြစ်သွားရသည် ။


" စန်တာက သမီးကိုစားမှာမဟုတ်ပါဘူး အဲ့ဒီလူဆိုးကြီးက စန်တာ့ရဲ့အမြွှာညီလေ "


ဒရိတ်ခ်က ထိုသို့ပြောရင်းသူမလေးကိုဖက်ထားလိုက်သည့်အခါ ချယ်လ်စီလေး ကစောင်အောက်မှခေါင်းထွက်၍ စိတ်ဝင်တစားမေးလိုက်သည် ။


" အမြွှာ! "


" အင်း...မလိမ္မာတဲ့ကလေးတွေကိုဘဲစားတဲ့အမြွှာညီ "


" မလိမ္မာတဲ့ကလေးတွေလား?  ဒါပေမဲ့ ကလေးတွေကိုစားတာဘဲလေ ဖေဖေရယ် "


" အဲ့တာကဘာဖြစ်လို့လဲဆိုတော့ သူတို့ကအရမ်းဆိုးသွမ်းနေပြီး ခရစ်စမတ်ပွဲတော်ကိုဖျက်စီးကြတာကြောင့်မို့ "


ဒရိတ်ခ်က သူမလေး၏ခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးနေသည် ။


" အဲ့တာဆို သူက မမဒီဗိုရာကိုစားပစ်မှာလားဟင် "


" ကောင်းကောင်းမွန်မွန်မနေဘဲ ဆိုးနေဦးမယ်ဆိုရင်တော့အစားခံရလိမ့်မယ် "


" ဒါပေမဲ့ သမီးကမမကို အစားမခံရစေချင်ဘူး အဲ့တာကအရမ်းနာမှာ မီးမီးမမကိုလိမ္မာလာအောင်ပြောပေးမယ်လေ "


ပါကာက ခေါင်းညိမ့်လိုက်သော်လည်း ချယ်လ်စီလေး အား ဒီဗိုရာနှင့်ထပ်ပြီးမတွေ့စေချင်တော့ပေ ။ ထိုညတွင် ပါကာပြောသည့်အတိုင်းလုပ်ဆောင်ရန် ဒန်းနစ်က ရန်ဆဲလ် နှင့်တိုင်ပင်သည် ။


" မရဘူး ဒီဗိုရာက ဆိုးသွမ်းတယ်ဆိုပေမဲ့ အဲ့ဒီလူနဲ့ပေးတွေ့လိုက်မယ်ဆိုရင် ပိုဆိုးသွားနိုင်တယ် "


" အကြာကြီးမဟုတ်ဘူးလေ ငါတို့လဲစောင့်ကြည့်နေကြမှာဘဲကို "


" မဖြစ်နိုင်လောက်ဘူး သူကသေချာပေါက် ဒီဗိုရာကိုအသုံးချလိမ့်မယ်  သူ့အတွက်သာအကျိုးရှိမယ်ဆိုရင် ဘာကိုမှဂရုမစိုက်တတ်တဲ့လူမျိုးဆိုတာမင်းသိနေတာဘဲ "


ဒန်းနစ်က သက်ပြင်းချလိုက်ပြီးနောက် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆက်လက်ကြိုးစားရန်ဆုံးဖြတ်လိုက်သည် ။


" ဒါဆိုလဲ သူ့ကိုဒီအိမ်ထဲခဏခေါ်ထားရအောင် "


" ဟမ် "


" ဒီဗိုရာက အရမ်းတွေ့ချင်နေတာဘဲ အဆင်ပြေမှာပါ "


" ဒရိတ်ခ်တို့မိသားစုလည်း အတူတူရှိနေတယ်လေကွာ "


" ငါသိပါတယ် ဒါပေမဲ့ အရာအားလုံးကိုသူမကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိသင့်နေပြီလေ "


ရန်ဆဲလ်က သဘောတူလိုက်သော်လည်း လူစုံတက်စုံရှိသည့်အချိန်၌ မည်သည့်ဆိုးရွားသောအဖြစ်အပျက်များမဖြစ်စေရန်သာ ဆုတောင်းလိုက်သည် ။


xxxxxx