အပိုင်း ၄၆
Viewers 13k

Chapter 46


Mori Sue:

Daddy's little ( 46)


ငါးနှစ်တာမျှဝေးကွာနေသော ဝမ်းကွဲနှစ်ယောက် ပထမဆုံး ပြန်ဆုံတွေ့သည့်အချိန်ဖြစ်၍ တေလာစိတ်လူပ်ရှားနေကာ နေရခက်စွာခေါ်လိုက်သည် ။


" ဂျက်ဆီ "


ဂျက်ဆီက ခဏမျှကြောင်အစွာကြည့်နေပြီးနောက်တွင် တေလာချီထားသည့် ကလေးမလေးကိုတွေ့သွားသည် ။


" တကယ် တေလာ မဟုတ်လား "


ထိုနှစ်ယောက်ကြားမှလေထုမှာ အနည်းငယ်ကို့ယို့ကားယားဖြစ်နေသည် ။ ပုံမှန်အားဖြင့်သူတို့နှစ်ဦးမှာ အဆက်အသွယ်သိပ်မရှိကြ၍ စကားစမြည်ပြောရန်ပင်စကားအစရှာမရချေ ။


တေလာက မိသားစုနှင့်အတူ အပန်းဖြေရန်အတွက် အတူလျှောက်လည်ခဲ့ကြပြီး ကုန်တိုက်တစ်နေရာအရောက်တွင် ခရစ်စမတ်ဆုတောင်းပေးသောစန်တာကိုတွေ့လိုက်ရသည် ။ ဤကာလအတွင်းကုန်တိုက်များအတွင်း ကလေးများအပျော်ဆုတောင်းနိုင်စေရန် စန်တာများရှိလေသည် ။ 


တေလာက ဂျော်ဒန် အား ရေးနှင့်အတူဆုတောင်းရန်စေလွှတ်လိုက်သော်လည်း ဂျော်ဒန် ကရုတ်တရက်ထသောင်းကျန်းကာ သနားစရာစန်တာအားရိုက်နှက်တော့သည် ။ ထိုအကြောင်းကြောင့် ရေးကလုံခြုံရေးများနှင့်ဖြေရှင်းနေရစဥ်တွင် ဂျက်ဆီနှင့်တွေ့ဆုံခြင်းဖြစ်သည် ။


ယခင်အချိန်များ၌ တေလာ၏ မိသားစုတွင်းပြဿနာဖြင့်ပင်ရူပ်ထွေးနေ၍ မိသားစုဝင်များနှင့်အဆက်အသွယ်သိပ်မရှိခဲ့ပေ ။ 


" အမ်...မင်းအဆင်ပြေပြေရှိရဲ့လား "


" အဆင်ပြေပါတယ် "


ဂျက်ဆီက ပါကာ့ကိုမြင်ချင်သောကြောင့်နှင့် အကြောင်းတချို့ကြောင့် ဤမြို့သို့ပြန်လာရခြင်းပင် ။


" မင်းရော အဆင်ပြေပြေရှိရဲ့လား တေလာ "


" ငါလည်းအဆင်ပြေပါတယ် "


တေလာက အမှန်ပင် နေရခက်သောအခြေအနေကြီးထဲမှရုန်းထွက်ချင်နေသည် ။


" မင်းရော တဲရန့်ဆုံးသွားတဲ့သတင်းကိုကြားပြီးပြီမလား "


" အင်း "


" ဟိုကလေးမလေးက တဲရန့်နဲ့မင်းရဲ့သမီးလေး မဟုတ်လား "


တေလာက တဲရန့်နှင့်ရုပ်ချင်းဆင်သောကလေးမလေးအားကြည့်၍ပြောလိုက်သည် ။ ဂျက်ဆီက အကြည့်လွှဲထား၍ တေလာ့ကိုဖြေလိုက်သည် ။


" မဟုတ်ဘူး...သူနဲ့တစ်စက်လေးမှမပက်သက်ပါဘူး "


ဂျက်ဆီအနေနှင့် တဲရန့်နှင့် ပက်သက်သမျှအရာအားလုံးကိုမေ့ပျောက်ချင်နေကြောင်း တေလာ သိသောကြောင့် ဆက်မမေးတော့ချေ ။


" ပါကာ အဖမ်းခံရတဲ့အချိန်တုန်းက သူ့မှာကိုယ်ဝန်ရှိနေခဲ့တယ် "


ဂျက်ဆီက အလွန်အံ့သြသွားပြီး အရမ်းလည်းပူပန်သွားရသည် ။


" ကလေးကိုတော့မထိခိုက်သွားလောက်ပါဘူးနော် သူ့အခြေအနေရောဘယ်လိုရှိလဲ... မြန်မြန်ငါ့ကို သူ့ဖုန်းနံပါတ်ပေးစမ်းပါ "


" သူအဆင်ပြေပါတယ် သူ့သမီးလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး သူအမျိုးသားကလဲသူ့ကိုအရမ်းချစ်တယ် "


အရင်အချိန်များကဲ့သို့မဟုတ်တော့ဘဲ ပါကာအရမ်းပြောင်းလဲလာပြီး သူ့အကြံပေးမူကြောင့်ပင် တေလာမှာ ရေးကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့သည် ။ ပါကာ၏အကြံတစ်ခုကြောင့်ပင် သတ္တိများရှိလာခဲ့ပြီး ကွာရှင်းခံရမည်ဆိုလျှင်တောင် ကောင်းကောင်းမွန်မွန်ဆက်လက်နေထိုင်နိုင်မည်ဟု ထင်မိသည် ။ 


ထိုအချိန်ကလည်း လူးဝစ်ကိုကယ်တင်ရန်ကြိုးစားခြင်းကြောင့်သာ ပါကာ ထောင်ထဲရောက်သွားရခြင်းဖြစ်နိုင်သည် ။ ပါကာ၏စိတ်ဓာတ်မှာ မဆိုးရွားဘဲ အပြောဆိုးသောကြောင့်သာ အထင်လွဲခံနေရခြင်းပင် ။


×××


ပါကာ သွားတိုက်နေသည့်အချိန်တွင် ဒရိတ်ခ်က ချယ်လ်စီလေးကိုအဖော်ပြုပေးရင်း ကာတွန်းကားကြည့်နေသည် ။ ညသန်းခေါင်ယံ၌ သူမလေးအိပ်မက်ဆိုးမက်၍လန့်နိုးလာသဖြင့် ဒရိတ်ခ် နှင့်ပါကာမှာ စိတ်ထားကောင်းသောစန်တာအကြောင်း ကာတွန်းများဖွင့်ပြခဲ့ရသည် ။


သူမလေး ခဏမျှအိပ်ပျော်သွားပြီးနောက်တွင် မနက်လေးနာရီအချိန်လောက်၌တစ်ဖန်ပြန်နိုးလာပြန်ကာ ဒရိတ်ခ်မှာ သူမလေးနှင့်အတူဆော့ပေးနေရသည် ။ ပါကာက သွားတိုက်နေရင်းဖြင့်ညည်းတွားလိုက်သည် ။


" ကလေးတစ်ယောက်ကိုပြုစု ပျိုးထောင်ရတာကတကယ်မလွယ်ကူပါလားနော် "


ကိုယ်လက်ဆေးကျောပြီးသည့်နောက် ပါကာမီးဖိုထဲဝင်လာသည့်အချိန်တွင် ပင်ပန်းနေပုံရသောကြောင့် ဒန်းနစ်စိတ်မကောင်းဖြစ်သွားရသည် ။


" ကော်ဖီဖျော်ပေးရမလား "


ပါကာက ထမင်းစားပွဲပေါ်သို့ခေါင်းတင်ရင်းပြောလိုက်သည် ။


" ကျွန်တော့ကို ကြက်သွေးသာထိုးပေးပါလား တကယ်အရမ်းပင်ပန်းတာဘဲ "


ဒီဗိုရာ ကလှောင်ပြောင်လိုက်သည် ။


" ရှင့်ကို ရုပ်ဆိုးရုံဘဲလို့ထင်ထားတာ အခုတော့ပိုပြီးရီစရာကောင်းသွားပြီ "


ပါကာက ဒန်းနစ်လှမ်းပေး လာသောကော်ဖီခွက်ကိုယူလိုက်ရင်း သမ်းဝေကာပြောလိုက်သည် ။


" အာ...မင်းပါးစပ်ကိုပိတ်ထားစမ်းပါ...မင်းနဲ့အရည်မရအဖတ်မရတွေပြောဖို့တောင် ငါ့မှာအားမရှိဘူး "


" မောနင်း ပါးပါး "


ပါကာနှင့် ဆန့်ကျင်ဘက်ပင် ချယ်လ်စီလေးမှာ အလွန်တက်ကြွနေပြီး ဒရိတ်ခ်ကချီထားရာမှာ သူမလေးကိုထိုင်ခုံပေါ်သို့ချပေးလိုက်သည် ။


" မမဒီဗိုရာ လိမ္မာလာအောင် မီးမီးဆုံးမပေးမယ်နော် မဟုတ်ရင် စန်တာဖိုးဖိုးကြီးရဲ့ အမြွှာလူဆိုးကြီးက မမကိုလာစားသွားလိမ့်မယ် "


" ဘာဘဲဖြစ်ဖြစ် ဂရုမစိုက်ဘူး "


ဒီဗိုရာက မျက်လုံးလှိမ့်ကာပြောလိုက်သောကြောင့် ချယ်လ်စီလေး ကပြုံးရင်း ပစ္စည်းတစ်ခု၏ခလုတ်ကိုလျို့ဝှက်စွာနှိပ်လိုက်သည် ။ မကြာခင်ပင် ရှောင်န်နှင့် ဒီဗိုရာတို့မှာ နားပိတ်ထားကြတော့သည် ။


" အဲ့တာဘာကြီးလဲဟ "


ချယ်လ်စီလေးက လူယုတ်မှာလေသံနှင့်အားရပါးရရီမောနေသည် ။


" တကယ် မမတို့အပေါ်အလုပ်ဖြစ်တာဘဲ "


အိုလီဗာက တရိစ္ဆာန်များကိုလေ့ကျင့်ရာ၌အသုံးပြုသော အထူးအသံလိူင်းကို ချယ်လ်စီလေးအား ဒေါင်းလုတ်ဆွဲပေးခဲ့သည် ။ သူမက ထိုအသံဖြင့် ချယ်လ်စီလေး၏ဆိုးသွမ်းသောမမအား ပညာပေးစေချင်သည် ။


" အိုး...အဲ့ဒီအသံကဆယ်ကျော်သက်လေးတွေရဲ့နားထဲမှာဆို အရမ်းပြင်းထန်တာလား "


( AN / အဲ့ဒီအသံက တီဗီတွေလိူင်းမမိတဲ့အခါမှာထွက်တဲ့ တဂျစ်ဂျစ်အသံတွေလိုမျိုးကိုမှ ကြိမ်နူန်းပြောင်းလဲထားတာမျိုးပါ ငါတို့ကျောင်းကစာသင်ချိန်မှာ ဆရာကတစ်ခါဖွင့်ပြတော့ တစ်နေကုန်လုံးငါခေါင်းကိုက်နေခဲ့သေးတယ် )


xxxxxxxxx