အပိုင်း ၄၇
Viewers 13k

Chapter 47


Mori Sue:

Daddy's little ( 47)


ရှော့ပင်းမောလ်ရှိ စန်တာ၏ဘေးတွင် ချယ်လ်စီလေးအား ဒရိတ်ခ် ဓာတ်ပုံရိုက်ပေးနေသည့်အချိန်၌ ပါကာက ဟိုဟိုဒီဒီလျှောက်ကြည့်နေသည် ။ ထိုအချိန်၌ ခရစ်စမတ်အလှဆင်ပစ္စည်းရောင်းဝယ်သည့်ဆိုင်ရှေ့တွင် အငြင်းပွားနေသံတချို့အားကြားလိုက်ရသည် ။


" အားနာပါတယ် ဧည့်သည်ခင်ဗျားရဲ့ငွေကမလုံလောက်ပါဘူး "


ထိုသူကပြောလိုက်သည် ။


" အရမ်းအရမ်းကြီးလို့ ကျွန်တော်ချေးလို့မရဘူးလား "


ပါကာက ထူးဆန်းနေသည်ထင်၍ ထိုလူအားတစ်ချက်ကြည့်လိုက်မိသောအချိန်တွင် သူ၏ခြေလှမ်းများရပ်တန့်သွားရသည် ။


အဲ့ဒီအသံကိုအရမ်းရင်းနှီးနေတယ်...


ထိုလူက သူ၏နက်မှောင်သောဆံပင်အားပိုနီတေးပုံစံ စည်းနှောင်ထားပြီး မျက်လုံးအရောင်မှာ အဓိပ္ပါယ်ဖော်ရခက်စွာပြောင်းလဲနေတတ်သည် ။ သူ၏နူတ်ခမ်းပါးများမှာ နှင်းဆီရောင်သမ်းနေပြီး ဖြူဖြော့သောအသားအရေနှင့် အလွန်ဆွဲဆောင်မူရှိလှသည် ။


" အမ်... ပါ...ပါကာလား "


မူလပါကာ ကိုယ်တိုင်သည်လည်း အလွန်အံ့သြနေပုံရပြီး ပါကာကိုကြောင်အစွာငေးကြည့်နေလေသည် ။


သူက ပါကာ၏ခန္ဓာကိုယ်ထဲတွင်ရှိနေပြီး ပါကာကသူ၏ ခန္ဓာကိုယ်ထဲသို့ကူးပြောင်းသွားလေသည် ။


ဘာတွေဖြစ်နေတာလဲ!


မူလပါကာက ဘောင်းဘီအိတ်ထဲလက်ထည့်၍ ဖြည်းညှင်းစွာလျှောက်လာရင်းပြောလိုက်သည် ။


" မဟုတ်ဘူး... အခုငါက လန်လင်းဘဲ "


အချင်းချင်းအပြန်အလှန်ဝိညာဥ်ကူးပြောင်းခဲ့ကြသော ပါကာနှင့်လန်လင်းမှာ ကိတ်မုန့်ဆိုင်းသေးသေးလေးထဲ၌စကားထိုင်ပြောနေကြသည် ။


ပါကာက ရူပ်ထွေးနေပြီး အခြေအနေကိုလက်မခံနိုင်သေးပေ ။


" ငါနားမလည်နိုင်တော့ဘူး... "


သူသည်ဤကမ္ဘာနှင့်သက်ဆိုင်သောသူမဟုတ်သဖြင့် သူ၏ခန္ဓာကိုယ်မှာ ဤနေရာသို့ရောက်လာရန်အကြောင်းမရှိပေ ။


ပြီးတော့ မူလပါကာကတောင် သူ့ကိုယ်ထဲရောက်နေလိုက်သေးတယ်...


( TN/ ဒီနေရာမှာ မူလပါကာကိုလန်လင်း လို့ဘဲသုံးနူန်းသွားပါမယ်) 


" ငါတို့အချင်းချင်း ခန္ဓာကိုယ်တောင်ကူးပြောင်းပြီးသွားပြီးလေ ဘာထူးဆန်းနေလို့လဲ "


" ပါကာ...အဲ လန်လင်း "


ပါကာ အမှန်ပင်နေရခက်နေသည် ။


" အမ် လန်လင်း...မင်းဘာလို့ဒီနေရာကိုရောက်နေရတာလဲ "


လန်လင်းက ပြုံးရင်းပြောလိုက်သည် ။


" မန်နေဂျာအတွက် လက်ဆောင်ဝယ်ပေးချင်လို့ "


" အမ်....မန်နေဂျာဒရိုင်ဘာလား "


လန်လင်းကော်ဖီပင်သီးသွားရလေသည် ။ လန်လင်း ဤခန္ဓာကိုယ်ထဲတွင်နိုးထလာချိန်၌ မည်သည့်မှတ်ဥာဏ်မျှမရရှိခဲ့သောကြောင့် ဆေးရုံတက်နေသည့်အချိန်အတွင်း ထိုမန်နေဂျာဒရိုင်ဘာကိုသာ အားကို၍နေသားကျစေရန်ချိန်ညှိယူခဲ့ရသည် ။


လန်လင်းက ပြောလိုက်သည် ။


" မင်းဘဝက ဘယ်လောက်တောင်ကောင်းမွန်တဲ့ လက်ဆောင်တွေပိုင်ဆိုင်ထားလဲဆိုတာ မင်းနားမလည်ပါဘူး "


" ရီစရာဘဲ ငါလဲမင်းကိုအဲ့လိုဘဲထင်တယ် "


" ငါကိုယ့်ငါသိပါတယ် "


လန်လင်းက ကော်ဖီခွက်ကိုချရင်းမေးလိုက်သည် ။


" ချယ်လ်စီလေးရော ဘယ်လိုနေလဲ? အော် ငါမေ့နေတာကြည့်စမ်း ကွာရှင်းမဲ့ကိစ္စရော မင်းတော်တော်ခက်ခဲခဲ့လား "


" ကလေးကအဆင်ပြေပါတယ် ငါသူတို့နှစ်ယောက်စလုံးကို ဂရုတစိုက်နဲ့ပျော်အောင်ထားတယ် "


" ဒါတွေအကုန်ဖြစ်ခဲ့ပြီးတာတောင် ဒရိတ်ခ်က မကွာရှင်းသေးဘူးလား... သူကတကယ့်ကို M တစ်ကောင်လို့ငါထင်ခဲ့ပေမဲ့ အခုတော့အမှန်ဖြစ်နေပုံဘဲ "


( TN / M = masochist)


ပါကာက လန်လင်းကို ကြည့်၍ရီရမလားပင်မသဲကွဲတော့ချေ ။


သူအခုလေးတင် ဒရိတ်ခ်ကို M ကောင်လို့ခေါ်လိုက်တာ ဟုတ်တယ်မလား?


ပါကာက ပြောလိုက်သည် ။


" မင်း ငါ့ကိုတွေ့ပြီးတော့ မင်းကိုယ်ပိုင်ဘဝကိုပြန်မလိုချင်ဘူးလား "


" တော်ပါပြီ မင်းလည်း မှတ်ဥာဏ်အပိုင်းအစတွေကနေ ငါဘယ်လောက်တောင်တစ်ကိုယ်ကောင်းဆန်တဲ့လူလဲဆိုတာတွေ့မှာပေါ့... ဒါပေမဲ့ မင်းရဲ့ကိုယ်ထဲငါရောက်လာပြီးနောက် မင်းရဲ့ဘဝနေထိုင်မူပုံစံကိုကြည့်ပြီး ငါဘယ်လောက်တောင်အသုံးမကျတဲ့ လူလဲဆိုတာကိုတွေ့လာရတယ်...  အမှန်အတိုင်းပြောရရင် ငါချယ်လ်စီလေးကို ခေါ်ပြီး ကွာရှင်းထွက်သွားချင်ပေမဲ့ ငါ့မိသားစုကရမဲ့ဖိအားတွေကိုကြောက်နေခဲ့တာ... ဒါ့ကြောင့် မို့လို့ ဒေါသတွေအကုန်လုံးကိုသူမလေးဆီပုံချခဲ့မိတယ် ငါကတကယ်ကို မကောင်းတဲ့ကောင်မှန်းသိပါတယ်... "


သူက သက်ပြင်းချကာဆက်ပြောလိုက်သည် ။


" ငါ ဒရိတ်ခ်နဲ့လက်ထပ်ခဲ့ရလို့ ကောလိပ်ပြီးတဲ့အထိဘဲကျောင်းတက်ခဲ့ရတယ် သူငါ့ကိုထောင်ကလွတ်အောင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပေမဲ့ ငါသူ့ကိုမချစ်နိုင်ဘူး သူကပိုကောင်းတဲ့လက်တွဲဖော်တစ်ယောက်နဲ့ထိုက်တန်ပါတယ် "


လန်လင်းက နောင်တရခြင်းမရှိဘဲ ဒရိတ်ခ်နှင့်ချယ်လ်စီလေးအား ပါကာစောင့်ရှောက်ပေးနိုင်သည့်အတွက် အလွန်ပျော်ရွှင်နေသည် ။ 


" မင်းစိတ်မကောင်းဖြစ်တယ်လို့ ခံစားနေရ တာတောင်ဘာလို့ သူတို့အပေါ်အဲ့လိုဆက်ဆံခဲ့ရတာလဲ "


" ငါမသိတော့ပါဘူး ငါ့အိမ်ကပေးမဲ့ဖိအားတွေကိုကြောက်လို့ သူတို့ကိုဒေါသဖြေစရာအဖြစ်အသုံးချခဲ့မိတာ... ငါမင်းဘဝမှာနေထိုင်တဲ့အချိန်အထိ ငါ့ဒေါသတွေကိုထိန်းချုပ်တတ်ဖို့သင်ယူနေရတုန်းဘဲ "


ကိစ္စများကစီစဥ်ထားသည့်အတိုင်း ဖြစ်မလာသောအခါမျိုး၌ လန်လင်း မှာဒေါသတကြီးသောင်းကျန်းလေးရှိသော်လည်း မန်နေဂျာမှာ သူ၏ဘေးတွင်အဖော်ပြုပေးခဲ့သည် ။ အချိန်အတော်အကြာ အတူအလုပ်လုပ်ပြီးနောက်တွင် သူတို့နှစ်ဦးတရားဝင်တွဲခဲ့ကြသည် ။


ယခုမူ သူ့၌ နောက်မှဖိအားပေးမည့်မိဘများမရှိတော့သကဲ့သို့ ဂရုစိုက်ထိန်းသိမ်းစရာ ဖခင်တစ်ဦး၏ဂုဏ်ပုဒ်လည်းမရှိတော့ပါချေ ။ သူသည် သာမန်ကောင်လေးတစ်ဦးဖြစ်ပြီး စာရေးချင်သောအိမ်မက်ကိုလည်းအကောင်အထည်ဖော်နေနိုင်ပြီဖြစ်သည် ။


လန်လင်းက ကောက်ရိုးမီးတောက် ဝုန်းဒိုင်းဆက်ဆံရေးမျိုးကိုမကြိုက်နှစ်သက်ဘဲ တစ်ယောက်နှင့်တစ်ယောက်အချိန်ယူကာ အကဲခတ်သွားသောဆက်ဆံရေးမျိုးကိုသာသဘောကျသည် ။ အလောတကြီးပြုမူခြင်းမရှိဘဲ တဖြည်းဖြည်းချင်းသာ သံယောဇဥ်တွယ်သွားချင်သည် ။


" မင်းက လန်လင်းဘဲဖြစ်ဖြစ် ပါကာဘဲ ဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် မင်းဘဝကိုဆက်ပြီးကောင်းကောင်းမွန်မွန်ဖြတ်သန်းရမယ်နော် "


Xxxxxx