အပိုင်း ၄၈
Viewers 13k

Chapter 48


Daddy's little ( 48)


ပါကာက စိတ်သက်သာရရစွာသက်ပြင်းချလိုက်သည် ။ မူလပါကာ မှာဆိုးသွမ်းသောသူမဟုတ်ဘဲ သူ၏ကိုယ်ပိုင်ဘဝကိုတဖြည်းဖြည်းချင်းသာဖြတ်သန်းချင်သောသူမျိုးပင် ။ 


ဒရိတ်ခ် နှင့်ချယ်လ်စီလေး ပေါ်၌သူ၏ဆက်ခံခဲ့သောပုံစံမှာ မမှန်ကန်ခဲ့သည့်အပြင် ငယ်ရွယ်သောဆယ်ကျော်သက်လေးတစ်ဦးအတွက် ကလေးတစ်ယောက်နှင့်အိမ်ထောင်ရှင်တစ်ဦးဘဝ တွင်နေထိုင်ရသည်မှာအလွန်ခက်ခဲခဲ့သည် ။


လက်ထပ်ရန်ဖိအားပေးခံခဲ့ရသည့်အပြင် သူ၏ငယ်ရွယ်သောကာလများအား အရက်ဖြင့်သာအားတင်းဖြတ်ကျော်ခဲ့သည် ။ ယခုမူ သူလိုချင်သော ဘဝပုံစံလေးအတိုင်း နေ့ရက်တိုင်းကိုသူချစ်သောသူနှင့် အေးအေးဆေးဆေးဖြတ်သန်း၍ နေထိုင်သွားမည်ဖြစ်သည် ။


မူလပါကာက အတိတ်မှသူ၏ပြုမူပုံများမှာ ခင်ပွန်းသည်နှင့်သမီးကလေးအပါ် မတရားမှန်းသိသော်ငြား ဖြေရှင်းနည်းမှာအရက်သောက်၍အော်ဟစ်ပေါက်ကွဲဖို့သာစဥ်းစားမိသည် ။ 


" ငါ့ကိုယ်ထဲရောက်နေတာ မင်းဖြစ်နေလို့အရမ်းဝမ်းသာမိတယ် ငါကသူတို့အတွက် ကောင်းမွန်တဲ့လက်တွဲဖော်နဲ့ဖခင်မဟုတ်ခဲ့ပေမဲ့ မင်းကအရမ်းကောင်းတဲ့လူဖြစ်တော့ငါ တကယ်စိတ်ချသွားရပြီ "


ပါကာနှင့် လန်လင်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အားရပါးရရီမောမိလိုက်ကြသည် ။ အချိန်ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် အပြန်အလှန်ဖုန်းနံပါတ်လဲလှယ်ကာ နူတ်ဆက်လမ်းခွဲလိုက်ကြသည် ။ 


ပါကာ၏ ရင်ထဲမှ ရူပ်ထွေးနေသောအရာများလည်း ပြေပျောက်သွားပြီး သူတို့နှစ်ဦးစလုံးကိုယ်စီပျော်ရွှင်နေကြသောကြောင့် စိတ်သက်သာရာရသွားရသည် ။ သူတို့နှစ်ဦးမှာ သူငယ်ချင်းကောင်းများအဖြစ်အတူတူဆက်သွယ်ပြောဆိုနိုင်သေးသည် ။


ဒရိတ်ခ်က ပါကာပြန်လာသောအခါ သူ၏စိတ်အခြေအနေမှာအလွန်ပင် ကောင်းမွန်နေကြောင်းသတိထားမိသည် ။


ပါကာက ဒရိတ်ခ်ကိုကြည့်၍ ​ညင်သာစွာပြုံးပြလိုက်သည် ။


" ဒီနှစ်ခရစ်စမတ်က အရမ်းကြီးမဆိုးဘူးလို့တော့ ကျွန်တော်ထင်တယ် "


ဒရိတ်ခ် ကအကြောင်းစုံနားမလည်သော်လည်း ခေါင်းညိမ့်ကာထောက်ခံလိုက်သည် ။ ထို့နောက် ပစ္စည်း အနည်းငယ်ဝယ်ယူကာ အိမ်ပြန်သွားကြသည် ။


ထိုနေ့ည၌ ပါကာ ဖုန်းကောလ်တစ်ခုလက်ခံရရှိသည် ။


" လူးဝစ်လား "


" ပါကာ... မင်းရဲ့အစ်ကိုက စိတ္တဇအရူးကောင်တစ်ယောက်ဘဲ "


ဖုန်းထဲမှ အကြီးအကျယ်အော်ဟစ်ပေါက်ကွဲသံကြောင့် လန့်ဖျပ်သွားရသည် ။


" တကယ်လား..."


ပါကာက မေးလိုက်သည် ။


" မင်းဘာလို့ အဲ့လိုပြောတာလဲ "


" မင်းစဥ်းစားကြည့်စမ်း... တကယ်လို့ မင်းဆယ်နှစ်လောက်လက်ထပ်ထားတဲ့သူက ရုတ်တရက်ကြီး ပြောင်းလဲသွားမယ်ဆိုရင် မင်းလက်ခံနိုင်မလား...သူ့ကိုငါအတုလို့တောင်ထင်နေပြီ "


လူးဝစ်က ခဏမျှရပ်တန့်ပြီးနောက်ဆက်ပြောလိုက်သည် ။


" ဒါပေမဲ့ ပိုဆိုးတာတစ်ခုရှိသေးတယ် !"


" ဟမ်... လူးဝစ် မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး "


လူးဝစ်က အသက်ပြင်းပြင်းရူ၍ အော်​ပြောလိုက်သည် ။


" ငါသူနဲ့လက်ထပ်ထားတာ ဆယ်နှစ်လောက်ရှိနေပြီကွာ ငါပြောသမျှကိုသူသဘောတူလိမ့်မယ် ထင်ခဲ့ပေမဲ့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာက ငါ့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုဘဲမဟုတ်ဘူးလား...ငါသူ့ကို မိန်းကလေးလိုချင်တယ်လို့ပြောခဲ့ပေမဲ့ မွေးလာခဲ့တာကယောက်ျားလေးလေ "


" အင်းလေ "


" အေး...ငါ လာဗီလေးကိုချော့ရင်း နောက်သုံးနှစ်လောက်နေရင် ကလေးထပ်ယူဖို့တိုင်ပင်တော့ အဲ့ဒီခွေးသားကဘာပြောတယ်မှတ်လဲ "


" ဟမ်... ငါကဘယ်လိုလုပ်သိမှာလဲ "


" အဲ့ဒီခွေးသားက မယူဘူးလို့ပြောတယ်လေ... အဲ့ဒါဘာအချိုးလဲ ...မယူဘူးတဲ့လေ ကလေးတွေကိုငါထိန်းကျောင်းရင်း အကူအနေနဲ့အိမ်ဖော်တစ်ယောက်လောက်ဘဲရှာဖို့လိုအပ်တာပါ ဒါကိုဘသောမတူဘူးလေ အိမ်ဖော်တစ်ယောက်ခန့်ဖို့တောင် သူ့မှာပိုက်ဆံမရှိတာလဲ မဟုတ်ဘဲနဲ့ "


လူးဝစ် သောင်းကျန်းပြောဆိုနေသည်အား ပါကာက တိတ်တဆိတ်သာ နားထောင်နေသည် ။


" အဲ့တော့ ဘာဆက်ဖြစ်သွားလဲ "


လူးဝစ်က ဒေါသတကြီးပြောလိုက်သည် ။


" ရှင်းရှင်းလေးဘဲလေ သူငါနဲ့ကလေးထပ်မယူချင်ဘူးဆိုရင် ငါတခြားတစ်ယောက်နဲ့ယူလိုက်မယ်လို့ "


အခြေအနေမှာ ဤမျှထိဆိုးရွားသွားလိမ့်မည်မှန်း ပါကာ မထင်မခဲ့ချေ ။


" ဒါပေ...ဒါပေမဲ့...အဲ့ဒီခွေးကောင်က ငါ့ကိုချော့မဲ့အစား ဘာပြောလာတယ်မှတ်လဲ... အဲ့ဒါဆိုရင် ကွာရှင်းစာချုပ်ကြိုပြင်ထားလိုက်ရမလားတဲ့... သူလုပ်ရမှာတစ်ခုတည်းက သူ့ရဲ့သုတ်ကိုငါ့ထဲထည့်ပေးရုံဘဲလေ... သူဘာတွေအပန်းကြီးသွားမှာမို့လို့လဲ... သောက်သုတ်တွေဘဲဟာကို... "


လူးဝစ်၏ အသံမှာ ဒေါသကြောင့်ပိုမိုကျယ်လောင်လာ၍ နားကန်းစေလောက်သည် ။


" သူ...သူထပ်ပြောသေးတယ် ကလေးတွေရဲ့ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို သူဘဲယူပြီး ငါလုယူဖို့ကြိုးစားရင် တရားစွဲမယ်တဲ့...ငါက ဆယ်နှစ်လုံးလုံးဘာအလုပ်မှမလုပ်ခဲ့လို့ သူဘဲတရားခွင်မှာနိုင်မှာသေချာတယ်တဲ့...အဲ့ဒါအပြင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မူအတွက် လျော်ကြေးတောင်တောင်းဦးမယ်တဲ့လေ...တကယ်လို့ ငါနဲ့ကလေးယူမဲ့လူကချမ်းသာတယ်ဆိုရင် ငါတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့အတွက်တောင် ဆုတောင်းပေးမယ်တဲ့...ငါရဲ့ဆိုးသွမ်းတဲ့အကျင့်တွေကြောင့် နောက်လူကဘယ်လိုမှသည်းခံနိုင်မှာမဟုတ်လောက်ဘူးတဲ့လေ...ပြီးတော့ နောက်မွေးတဲ့ကလေးက သူနဲ့ရတဲ့ကလေးတွေကိုအနိုင်ကျင့်မယ်ဆိုရင် တရားစွဲဖို့ကိုအသင့်ပြီးပြီးသားဘဲတဲ့ "


အဲ့ခွေးသားရဲ့ မှာတမ်းတွေက ဒီမှာတင်မပြီးသေးဘူး....!


Xxxxxxx