အပိုင်း ၄၉
Viewers 13k

Chapter 49


Mori Sue:

Daddy's little ( 49)


မပြီးနိုင်မစီးနိုင် နားဒုက္ခပေးပြီးနောက် ၌ဒေါသအနည်းပြေသွားပြီဖြစ်၍ ရှာရွန် နှင့်ဆွေးနွေးရန်အခန်းထဲသို့ဝင်သွားသည့်အခါတွင် ရှာရွန် ကညဝတ်အဝတ်လဲနေဆဲဖြစ်သည် ။ သူက လူးဝစ်အား တစ်ချက်မျှလှည့်ကြည့်ပြီးနောက်၌ အကြည့်လွှဲသွားသည် ။


" မင်းကိုယ့်အပေါ် အရမ်းဒေါသထွက်နေလို့မရဘူးနော် "


ရှာရွန် သူ့ဘက်ကမှန်နေသည့်အတိုင်းပင် ပြုံးပြလိုက်သေးသည် ။ 


" အင်း...ငါ သမီးလေးတစ်ယောက်လိုချင်တယ် "


" ဒါပေမဲ့ ကိုယ်ကလေးထပ်မလိုချင်တော့ဘူး လူးဝစ်ရယ် အငယ်ဆုံးလေးတောင် သုံးလမပြည့်သေးဘူး မင်းကကလေးထပ်ယူဖို့တွေးနေပြီ "


" ငါ့ဘာသာငါ ဗိုက်ကြီးပြီးမွေးတာလေ မင်းနဲ့ဘာဆိုင်လဲ "


" ကိုယ်တို့နှစ်ယောက်လုံးရဲ့ အိမ်ထောင်ရေးနဲ့လဲသက်ဆိုင်တယ်လေ "


လူးဝစ်က နူတ်ခမ်းကိုက်လိုက်ပြီးနောက် ဘာမျှဆက်မပြောတော့ဘဲ ကုတင်ပေါ်သို့သာဒေါသတကြီးထိုင်ချလိုက်သည် ။ ရှာရွန် ဘက်မှလည်း လူးဝစ်အား အလျော့ပေးရန်စိတ်ကူးမရှိချေ ။


ဖြူကောင်လေးက တစ်ခါတစ်ရံမှာသူ့ကိုယ်ကဆူးတွေကိုနှိမ့်ချထားဖို့လိုအပ်သေးတယ်လေ!


ရှာရွန် ကလူးဝစ်ကို နမ်းရန်ခေါင်းငုံ့လာသော်လည်း လူးဝစ်က ဟမ့်ဟု အသံထွက်ကာရှောင်တိမ်းလိုက်သည် ။ ရှာရွန် ကလူးဝစ်၏ လည်ပင်းကိုခပ်ဖွဖွကိုက်ရင်းပြောလိုက်သည် ။


" မင်းက တကယ်ဖြူကောင်လေးဘဲ "


" ရှာရွန် မင်းရူးနေတာလား "


လူးဝစ် ကသူ၏လည်ပင်းမှကိုက်ရာကိုဖိရင်း ဒေါသတကြီးအော်ဟစ်လိုက်သည် ။  ရှာရွန် ကဂရုမစိုက်စွာဖြင့် သူ၏နူတ်ခမ်းကိုသပ်ရင်း လူးဝစ်ဘေးတွင်ဝင်ထိုင်ကာ အလုပ်လုပ်ရန်ပင်ပြင်ဆင်နေလိုက်သေးသည် ။


ခဏမျှ အလုပ်လုပ်ဟန်ဆောင်ပြီးသည့်နောက်တွင် လူးဝစ်၏ ဂုတ်ပိုးလေးအားနမ်းရင်း အသံခပ်နိမ့်နိမ့်ဖြစ့်ခေါ်လိုက်သည် ။


" လူးဝစ် "


လူးဝစ်က ဘာစကားမှပြန်မပြောချေ ။ ရှာရွန်မှာ သူ၏ ဒေါသကြီးနေသောဖြူးကောင်လေးမှာ အရမ်းချစ်ဖို့ကောင်းကြောင်းရှာဖွေတွေ့ရှိသွားပြီး မစရမနေနိုင်ပါတော့ချေ ။ ရှာရွန်က သူ၏အိပ်ကပ်ထဲမှ ကွန်ဒုံးဘူးကိုထုတ်၍ လူးဝစ်ရှေ့၌ဝှေ့ယမ်းပြလိုက်သည် ။


" ဒီအရာက မင်းကိုယ်ဝန်မရဖို့တားဆီးနိုင်တယ်နော် "


လူးဝစ်က ကွန်ဒုံးဘူးအား အမြန်ဆွဲလု၍ စိတ်ရူပ်စွာပြောလိုက်သည် ။


" ငါတို့က လပ်ထပ်ပြီးသားစုံတွဲ တွေဘဲလေ ဒါတွေသုံးဖို့မလိုပါဘူး "


ရှာရွန် က ဝန်ခံလိုက်သည် ။


" ကိုယ်မင်းကို မယုံပါဘူး ငါတို့အကာအကွယ်မသုံးဘဲဆက်ဆံမိလို့ မင်းကိုယ့်ကိုလှည့်စားသွားမှာကြောက်နေမိတယ် "


" ငါ မင်းနဲ့လက်ထပ်ထားတာဘဲ ဘယ်နှနှစ်ရှိနေပြီလဲ... ငါကမင်းရဲ့တရားဝင်ယောက်ျားနော် "


" အိုး...အဖိုးတန်လွန်းတဲ့ သူများနဲ့ကလေးယူချင်နေတဲ့ ကိုယ့်ရဲ့အမျိုးသားလေးရယ် "


လူးဝစ်က ထိုတစ်ချက်နှင့်ပင်ထိုးနှက်ခံလိုက်ရပြီး ဆက်စိတ်မကောက်နိုင်ပါတော့ချေ ။ လူးဝစ်က သက်ပြင်းချလိုက်ပြီးနောက် အလျော့ပေးလိုက်သည် ။


" ဟုတ်ပါပြီ တခြားတစ်ယောက်နဲ့ဆိုတဲ့အကြောင်းကို ငါထပ်မပြောတော့ပါဘူး... ကလေးလဲထပ်မယူတော့ဘူး "


ရှာရွန်က စိတ်ကျေနပ်စွာပြုံးလိုက်သော်လည်း လူးဝစ်မမြင်စေခဲ့ပေ ။ ဒေါသကြီးသောဖြူကောင်လေးမှာ ယခုမှသူ့ပြောခဲ့သောစကား၏အမှားကိုဆန်းစစ်မိသွားပုံပေါ်သည် ။


' ကောင်းပြီလေ အနာဂတ်မှာ ကလေးထပ်ယူချင်တယ်ဆိုရင်တောင် သူ့ယောက်ျားကိုဖြည်းဖြည်းချင်း လက်ခံလာအောင်ပြောယူရမယ်... သူ့ရှေ့မှာ တခြားတစ်ယောက်နဲ့ကလေးယူမယ်လို့ပြောတာက ယုံကြည်မူကိုအလွဲသုံးစားလုပ်တာနဲ့အတူတူဘဲလေ သူ့စကားကရှာရွန် အပေါ်အရမ်းလွန်သွားခဲ့တာဘဲလေ '


လူးဝစ်က လေသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။


" ဒါဆိုရင် ငါတို့မိန်းကလေးတစ်ယောက်လောက်မွေးစားကြရင်ရော "


" ရတာပေါ့ ဒါပေမဲ့ အချိန်လေးနည်းနည်းလောက်တော့ စောင့်ဦးလေနော် "


" အိုကေတယ် အိုကေတယ် "


လူးဝစ်က ချက်ချင်းပင် ကြက်သွေးထိုးခံလိုက်ရသလိုတက်ကြွသွားသည် ။ ရှာရွန်က သူ၏အမျိုးသားလေးနှင့် သဘောတူညီမူရသွားပြီဖြစ်၍ ဝမ်းသာအားရပင် ချစ်ချစ်လေးအားပွေ့ဖက်၍အိပ်စက်တော့သည် ။


×××


တစ်ဖက်တွင် ရေးက သူ၏သမီးငယ်လေးအား လမ်းလျှောက်သင်ပေးနေသည် ။  ကလေးမလေးပထမဆုံးလမ်းစလျှောက်ခြင်းဖြစ်ပြီး သူမ၏ခြေလှမ်းသေးသေးလေးများဖြင့် ပျော်ရွှင်စွာတခစ်ခစ်ရီမောရင်း တေလာ့ထံတစ်လှမ်းချင်းလျှောက်လာနေသည် ။


တေလာက သူမလေး၏လမ်းလျှောက်နေပုံအား ဓာတ်ပုံရိုက်နေပြီး ရေးမှာလည်းအလွန်ပျော်ပွှင်နေသည် ။


ထိုအချိန်၌  ဂျော်ဒန် လေးကပြေးလာလေသည် ။


" ပါးပါး သားအဆင်သင့်ဖြစ်ပြီ "


တေလာက ဂျော်ဒန်၏အဝတ်အစားအား သပ်သပ်ရပ်ရပ်ဖြစ်စေရန်ပြင်ဆင်ပေးနေသည့်အချိန်၌ ရေးက ရိုင်လီလေးကိုချီရင်းပြောလိုက်သည် ။


" ရိုင်လီလေးရ အချိန်အကြာကြီးနေမှ သမီးရဲ့ဝမ်းကွဲတွေနဲ့ထပ်ဆော့ရတော့မှာဘဲ "


တေလာက ကိတ်မုန့်နှစ်လုံးအားကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ ရေးက သစ်သီးဝိုင်တချို့ကိုဝယ်ယူထားခဲ့သည် ။ ကလေးနှစ်ယောက်အားကားထဲတွင် နေရာချပေးပြီးနောက်တွင် လိုအပ်သည့်ပစ္စည်းများအားလုံးကိုပါသေချာစစ်ပြီးကားနောက်ခန်းထဲတွင်ထည့်လိုက်သည် ။


တေလာက ကားထဲဝင်ထိုင်တော့မည့်အချိန်တွင်ပင် ရေးကသူ၏ခါးလေးကိုဆွဲ ၍ဖက်ထားလိုက်သည် ။


" ရေး ငါတို့နောက်ကျနေလိမ့်မယ်နော် "


ရေးက သူ၏ခေါင်းအား တေလာ၏လည်တိုင်နားတွင်မြုပ်နှံထားရင်း ခွေးပေါက်လေးတစ်ကောင်လိုတိုးဝှေ့နေသည် ။


" မင်းအရင်ကလည်း အစောကြီးသွားရတာကိုမကြိုက်ဘဲနဲ့ကို နောက်ကျပါစေပေါ့ "


" ဒါပေမဲ့လည်း နောက်ကျတာကြီးကတော့ မကောင်းဘူးလေ "


" သူတို့အားလုံးဂရုစိုက်တဲ့လူတွေက မင်းရဲ့အစ်ကိုနဲ့ဝမ်းကွဲတွေကိုဘဲမလား ကိုယ်တို့နောက်ကျလို့လဲ ဘာမှမဖြစ်ပါဘူး "


တေလာက ​ညင်သာစွာပြုံး၍ ရေးကိုသူ့ဘက်မှအနမ်းစပေးလိုက်သည် ။ ငြင်သာစွာနမ်းရိူက်နေရာမှာ ရေး၏အနမ်းများမှာ ကြမ်းတမ်းလာသောကြောင့် တေလာ မတတ်နိုင်ဘဲခပ်တိုးတိုးလေးညည်းညူမိသွားသည့်အချိန်တွင် ရေး၏လက်များမှာသူ၏ခန္ဓာကိုယ်တစ်လျှောက်ပွတ်သပ်နေသည် ။


" ရား..."


ဂျော်ဒန်မှာ ကားပြတင်းပေါက်မှခေါင်းထွက်၍ ခြောက်လိုက်သောကြောင့် တေလာမှာလန့်သွားပြီး ရေး၏လျှာကိုကိုက်မိသွားကာ သွေးထွက်သွားသည် ။


ဂျော်ဒန်က နာကျင်သွား၍ရူံ့မဲ့နေသော သူ့အဖေအားကြည့်၍ နားမလည်စွာမေးလိုက်သည် ။


" ဖေဖေ အဆင်ပြေရဲ့လားဟင် သွေးတွေထွက်နေတယ် "


တေလာလည်း လန့်သွားရသည် ။


" မင်း အဆင်ပြေရဲ့လား... "


Xxxxxxx