အပိုင်း ၅၀
Viewers 14k

Chapter 50


Mori Sue:

Daddy's little ( 50)


ကာလိုဒ်နှင့် ဂျိမ်းစ် တို့အချင်းချင်းဆုံတွေ့သည့်အချိန်၌ သူတို့နှစ်ဦးလုံး၏အကြည့်များမှာအေးစက်နေလေသည် ။


" ရှင် မနေ့ကဘယ်ရောက်နေတာလဲ "


ဂျိမ်းစ်က အေးစက်စက်ပင်ပြန်ဖြေလိုက်သည် ။


" ငါအပြင်ရောက်နေတာလေ "


သူ ဘယ်နေရာတွင်ညအိပ်ခဲ့လဲဆိုတာမေးရန်ပင် သူမပျင်းလွန်းနေလေပြီ ။ သူမက သက်ပြင်းချမိသည် ။


" ဂျိမ်းစ်  ကျွန်မတို့ကလေးမွေးတဲ့အချိန်အထိ ရှင်ဒီလိုဘဲနေတော့မှာလား "


ဂျိမ်းစ် ကထူးမခြားနားပုံစံဖြင့်သာပြန်ဖြေလေသည် ။


" အဲ့တာကတော့ မင်းကလေးမွေးတဲ့အခါကျသိရမှာပေါ့ "


" ကျွန်မမှာ အခုကိုယ်ဝန်တောင်ရှိနေပြီဘဲ "


" မင်းက ငါ့ကိုဘယ်လိုမျိုးပြောစေချင်နေတာလဲ! wow မင်းမှာကိုယ်ဝန်ရှိနေပြီပေါ့ ငါသောက်ရမ်းကိုစိတ်လူပ်ရှားနေရပြီ... အဲ့လိုမျိုးလား ...မိသားစုဝင်တွေရှေ့မှာ စိတ်ပျက်စရာကောင်းလောက်အောင် ဟန်ဆောင်နေခဲ့ရပြီးပြီ အိမ်ပြန်ရောက်တဲ့အချိန်လေးမှာတော့ အေးအေးဆေးဆေးနေပါရစေ ဟုတ်ပြီလား "


ကာလိုဒ်က မျက်ရည်များကျလာသော်လည်း အမြန်ပင်သုတ်လိုက်လေသည် ။


" ရှင်တကယ်ကို မတရားဘူး "


" မင်းလဲ တစ်ကိုယ်ကောင်းဆန်ခဲ့တာဘဲမဟုတ်လား ကံတရားကြီးကအပြန်အလှန်ဆိုတာရှိတယ်ထင်ပါရဲ့ "


ထို့နောက် သူတို့မည်သည့်စကားမျှဆက်မပြောဖြစ်ကြတော့ဘဲ တိတ်ဆိတ်စွာသာ မိသားစုနှင့်အတူ ခရစ်စမတ်ညအတူတူဖြတ်သန်းရန် သာသွားကြသည် ။ 


......


ကာလိုဒ် သစ်သီးကိတ်မုန့်အားစားပွဲပေါ်တင်လိုက်သည် ။


" အချစ်လေး မင်းရဲ့ကိတ်မုန့်တွေကအမြဲတမ်းလှပနေတာဘဲ "


အိန်ဂျလာက ကာလိုဒ်၏ပါးကိုနမ်းလိုက်သည် ။ ထိုအချိန်၌ ရှာရွန်မှာဝမ်းကွဲများနှင့်အတူ စကားလက်ဆုံကျနေပြီး တေလာက လူးဝစ်၏ကလေးလေးအတူဆော့ကစားနေသည် ။


" အမလေးလေး သူကအရမ်းချစ်ဖို့ကောင်းလိုက်တာ "


" မင်းရဲ့ အသေးလေးကလည်းချစ်စရာလေးဘဲဟာကို "


ရိုင်လီလေး ရီသောသောအခါတွင် သူမ၏ထွက်ခါသွားသေးသေးလေးများမှာ အလွန်ပင်ချစ်ဖို့ကောင်းနေသည် ။


" အိုး...မင်း အခုတလောအရမ်းပျော်နေရတဲ့ပုံဘဲ "


တေလာက ခပ်ဖွဖွပြုံးလိုက်သည် ။


" ဒါပေါ့ "


ရေးက ချောင်ကပ်နေရင်း သူ၏လျှာမှနာကျင်မူကိုကြိတ်မှိတ်ခံစားနေရသည် ။ တေလာကတောင်းပန်ခဲ့သော်ငြား သူ၏အမှားပင်မဟုတ်ခဲ့ချေ ။ သူတို့နှစ်ဦး၏စစ်အေးတိုက်ပွဲပြီးဆုံးသွားပြီးသည့်နောက်တွင် တေလာ၏စိတ်ခံစားချက်များကို သူအမှန်ပင်အလေးထားလာခဲ့သည် ။


ကိစ္စအသေးအမွှားလေးများအတွက် အချင်းချင်းအငြင်းမပွားချင်တော့သော်လည်း နာကျင်ရသည်မှာတော့အမှန်ပင် ။ ယနေ့ညထမင်းစားနိုင်သည်ကပင် အလွန်ကံကောင်းနေလေပြီ ။


လူးဝစ် ၏ဝမ်းကွဲတစ်ယောက်ဖြစ်သော မိုရိစ့် မှာ ရှာရွန်ဆီလျှောက်လာလေသည် ။ တေလာမှာ မွေးချင်းခုနှစ်ယောက်အနက် အကြီးသုံးယောက်အငယ်သုံးယောက်ကြားမှာ အလယ်လူကွက်တိပင်ဖြစ်လေသည် ။ 


ဂျဲနက်မှာ ကလေးအရမ်းချစ်သောသူဖြစ်၍ ယောက်ျားလေး လေးယောက်နှင့် Ger နှစ်ယောက်အမျိုးသမီးတသ်ယောက်တို့ဖြစ်သည် ။ အငယ်ပိုင်းမျိုးဆက်မှတစ်ဝက်မှာ ဂျဲနက်၏သားသမီးများပင် ။ 


ထိုမိသားစုကြီးအတွင်း လက်ထပ်ဝင်လာသောအမျိုးသားများတွင်  နောက်ခံအင်အားမကောင်းပါက သို့မဟုတ် ထူးချွန်ကာအလုပ်ကြိုးစား​သောသူမျိုးမဟုတ်ပါက လက်ထပ်ရန်ခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ ။  


ရေးမှာ နောက်ခံအင်အားမတောင့်တင်းသော်လည်း ထူးချွန်ကာကြိုးစားသောသူတစ်ယောက်ဖြစ်လေသည် ။ ဂျိမ်းစ်မှာ နောက်ခံအင်အားကောင်းမွန်သောမိသားစုမှလာသည့်အပြင် သူကိုယ်တိုင်လည်း ထူးချွန်လေသည် ။ တစ်ဖက်၌ မိုရိစ့်မှာ ထူးချွန်သောခင်ပွန်းတစ်ယောက်မဟုတ်သော်လည်း သူ၏အလုပ်တွင်တော့အထိုက်လျှောက်ထက်မြက်သောသူဖြစ်သည် ။


" မင်း အရမ်းငြိမ်နေတာဘဲ "


ရေးက အလွန်ပျင်းရိစွာပြန်ဖြေလိုက်သည် ။


" အင်း "


ရေးမှာ စကားပြောရန်ပင်စိတ်မပါချေ ။ သူနူတ်ခမ်းလူပ်လိုက်သည့်အခါတိုင်း၌ ကွဲနေသာနေရာမှာ ပြန်လည်နာကျင်လာပြီးသွေးထွက်လာသည် ။


မိုရိစ့် က ရေး၏ဘေးတွင်ဝင်ထိုင်ရင်းမေးလိုက်သည် ။


" အခုဆို မင်းသမီးလေးက နည်းနည်းအရွယ်ရောက်လာပြီဆိုတော့ ကလေးထပ်ယူဖို့အစီအစဥ်ရှိလား "


ရေးက ဖြည်းဖြည်းချင်းပြောလိုက်သည် ။


" ငါတို့မဖြစ်လောက်တော့ဘူး "


မိုရိစ့်က ပြုံးလိုက်သည် ။


" ဘာလို့လဲ ငါတို့အမေ ကလေးတွေကိုအရမ်းချစ်တာမင်းသိရဲ့သားနဲ့ သူများကတတ်နိုင်သမျှမြေးတွေအများကြီးရချင်နေတာလေ "


" ငါမယူချင်တော့ဘူးလေ ဘာလို့ဂရုစိုက်နေရမှာလဲ ငါတို့မိသားလေးက ဒီလောက်ဆိုရင်ဘဲပြည့်စုံနေပါပြီ "


ရေးက သူ၏မျက်လုံးများကိုမှိတ်ချလိုက်သည် ။ အမှန်တကယ်၌ တေလာ၏ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ခံစားချက်ပြင်းထန်မူများကြောင့် မီးဖွားချိန်အတွင်းတွင်အမှားအယွင်းရှိခဲ့၍ သားအိမ်၌ထိခိုက်သွားခဲ့သည် ။ 


ထို့ကြောင့် ကလေးထပ်ယူမည်ဆိုပါကလည်း အဖတ်မတင်နိုင်ချေကများလေသည် ။ ရေးက ပျက်ဆီးနေသောသားအိမ်မှာ တေလာ၏ကျန်းမာရေးကိုထိခိုက်စေမည်စိုး၍ ဖြတ်ထုတ်ရန်အကြံပေးခဲ့ရာတေလာ သည်လည်းမငြင်းဆန်ခဲ့ချေ ။


ထိတ်လန််စေခဲ့သော်ငြား ကျန်းမာရေးအတွက်ကြောင့်တေလာ လက်ခံခဲ့သည် ။ ဤအချက်မှာစုံတွဲကြားမှလျို့ဝှက်ချက်လေးတစ်ခုဖြစ်ပြီး မည်သည့်အကြောင်းအတွက်မှ တေလာ့ကို သူမစွန့်လွှတ်နိုင်ပါချေ ။


ထို့အချိန်၌ပင် ကာလိုဒ်က ဝိုင်ခွက်ကိုဇွန်းဖြင့်ခေါက်ရင်းလူတိုင်း၏ အာရုံကိုဆွဲဆောင်လိုက်သည် ။ ဂျိမ်းစ်က ပြုံးလိုက်ရင်း ကာလိုဒ်၏လက်ကိုချိတ်၍ လူတိုင်းအမြင်၌အလွန်လိုက်ဖက်လွန်းသည့်စုံတွဲများပင်



" အဟမ်း...ကျွန်မတို့ကြေငြာစရာတစ်ခုရှိပါတယ်..."


ကာလိုဒ်က စိတ်လူပ်ရှားစွာဖြင့်ပြောလိုက်သည် ။


" ကျွန်တော်တို့မှာ ကလေးလေးရှိနေပြီ "


အခန်းတစ်ခုလုံး ကောင်းချီးသြဘာပေးသည့်လက်ခုပ်သံများနှင့် ဆူညံသွားသော်လည်း ရေး ကမဆိုင်သလိုသာနေလိုက်သည် ။


မိသားစုထဲမှာ အစစ်အမှန်ပျော်ရွှင်နေတာ ဘယ်နှစ်ယောက်များရှိမှာမို့လို့လဲ...


Xxxxxx