အပိုင်း ၅၁
Viewers 13k

Chapter 51


Mori Sue:

Daddy's little (51)


ချယ်လ်စီ လေးကဒီဗိုရာ၏ အခန်းထဲတွင်ဆော့ကာစားနေပြီး သူမ​လေးက အချိန်တိုင်းလိုလိုပင် ဒီဗိုရာနားကပ်နေလေ့ရှိသည် ။ ထို့အပြင် ရန်ဆဲလ်က သူမ၏ဖုန်းကိုသိမ်းထား၍ ဘာမျှလုပ်မရချေ ။


အားလပ်ရက် ကုန်ထိကလေးထိန်းပေးသောအခါမှ ဖုန်းပြန်ရမည်ဆိုသဖြင့် ရွေးချယ်စရာမရှိဘဲ ကလေးထိန်းနေရတော့သည် ။


ရလဒ်အနေဖြင့် ချယ်လ်စီမှာ အိပ်ချိန်မှလွဲ၍အနောက်မှတကောက်ကောက်လိုက်နေသည် ။ သူမ၏ ကုတင်ပေါ်၌ အေးအေးလူလူဆော့ကစားနေသော ချယ်လ်စီလေးအားကြည့်ကာပြောလိုက်သည် ။


" နင့် ပါးပါးနဲ့ဘာလို့သွားမဆော့တာလဲ "


" ပါးပါးက ဖိုးဖိုးနဲ့တူတူဟင်းချက်နေတယ်လေ "


" ဒါဆိုလဲ ရွိုင်းလ်နဲ့ သွားကစားနေလေ "


" အပြင်မှာအရမ်းအေးတယ်လေ ရွိုင်းလ်က ဖိုးဖိုးရဲ့ဖုန်းနဲ့ ဂိမ်းဆော့နေတယ် "


" နင့်အဖေကရော "


" ဖိုးဖိုးနဲ့အတူတူဘောလုံးပွဲသွားကြည့်လေ "


ထို ကလေးမလေးမှာ သူမ၏မေးခွန်းတိုင်းအတွက် အဖြေရှိနေသောကြောင့် ကွန်ပျူတာဖြင့်သာ ဂိမ်းဆော့ရန်ပြင်လိုက်သည် "


ချယ်လ်စီလေးက ချိုသာစွာဖြင့်မေးလိုက်သည် ။


" မမ မီးမီးနဲ့အတူ မိတ်ကပ်ပြင်ချင်လားဟင် "


ဒီဗိုရာက တစ်ခုခုပြောချင်သော်လည်း သူမပျင်းနေပြီဖြစ်သောကြောင့် အတူတူဆော့ရန်ဆုံးဖြတ်လိုက်သည် ။


" အင်း အင်း "


" အဲ့တာဆို မီးမီးရဲ့မိတ်ကပ်နဲ့ အဝတ်အစားလေးတွေသွားယူလိုက်ဦးမယ်နော် "


ဒီဗိုရာက မျက်လုံးပြူးသွားကာမေးလိုက်သည် ။


" နင့်မှာ မိတ်ကပ်ပစ္စည်းတွေတောင်ရှိတယ်လား "


"  အွန်း...ဘန်ဘန်နဲ့ ဒီးဒီးကို အလှပြင်ပေးဖို့အတွက် ပါးပါးတို့က ဝယ်ပေးထားတာ "


" နင့်ရဲ့မိဘတွေက နင့်ကိုအရမ်းအလိုလိုက်ပြီးဖျက်ဆီးနေကြတာဘဲ "


ကလေးမလေးတွင် လိုအပ်သည့်အရာဟူ၍မရှိပေ ။ သူမ၏အဖေမှာ သူမစိတ်တိုင်းကျအရာအားလုံးဖြည့်ဆည်းပေးလိမ့်မည်ဖြစ်ပြီး သူမ၏ပါးပါးမှာ သူမအားအရိပ်တကြည့်ကြည့်ဖြင့်ဂရုစိုက်နေပေလိမ့်မည် ။


" မဟုတ်ဘူး ပါးပါးကသမီးကိုဖျက်ဆီးနေတာမဟုတ်ဘူး "


ဒီဗိုရာ ကမျက်ခုံးပင့်ရင်းပြောလိုက်သည် ။


" တကယ်လား? နင့်ရဲ့ပါးပါးက နင်ကို အထိခိုက်မခံဖြစ်နေပြီး နင်နည်းနည်းလေးတောင်းဆိုလိုက်တာနဲ့ နင့်ရဲ့အဖေကဝယ်ပေးပြီးသားဘဲလေ... အဲ့တာကနင့်ကို ဖျက်ဆီးနေတာမဟုတ်ဘူးလား "


" ဖေဖေက မီးမီးကိုပျော်အောင်ထားပေးချင်နေတာ...ပြီးတော့ ပါးပါးက မီးမီးအပေါ်အရမ်းကောင်းပေးနေတာ "


ဒီဗိုရာ နားမလည်နိုင်ခဲ့ပေ ။


" နင့်ပါးပါးက နင့်အပေါ်အရမ်းကောင်းပြဖို့လိုနေသေးလို့လား သူကနင့်ပါးပါးဖြစ်နေပြီးသားဘဲလေ "


ချယ်လ်စီလေးက သူမ၏လက်ချောင်းလေးများကို ဆိတ်နေသည် ။


" ပါးပါးက အရင်တုန်းကအရမ်းဆိုးခဲ့တာ "


ထိုနောက် သူမက ပြုံးရင်းပြောလိုက်သည် ။


" ဒါပေမဲ့ အခု ပါးပါးကအရမ်းကောင်းလာပြီ... မီးမီးကိုအရမ်းအရသာရှိတဲ့အစားအသောက်တွေချက်ကျွေးတယ်... ကာတွန်းကားလည်းတူတူကြည့်ပေးပြီး မီးမီးအိပ်မက်ဆိုးတွေမက်ရင်ဖက်ထားပေးတယ် ဖေဖေကမီးမီးကို နမ်းပြီးတူတူအိပ်ပေးသေးတယ် မမအိပ်မက်ဆိုးတွေမက်ရင် မမပါးပါးနဲ့အတူတူသွားအိပ်ကြည့်ပါလား "


" အရင်တုန်းက ငါအိပ်တယ် အခုငါကအရမ်းအသက်ကြီးနေပြီလေ "


ဒီဗိုရာနှင့် ရွိုင်းလ်မှာ ငယ်စဥ်အခါက အမြဲလိုလို ဒန်းနစ်နှင့်အတူတူသွားအိပ်တတ်ကြသော်လည်း သူမပါးပါး အရင်းနှင့်စကားပြောပြီးသည့်အချိန်မှစ၍ သူမသွားမအိပ်တော့ချေ ။


" ဒါပေမဲ့ မီးမီးက အသက်ကြီးသွားရင်တောင်ပါးပါးနဲ့ သွားအပ်ဦးမှာဘဲ "


" ဒါဆိုရင်နင့်ရဲ့ မမွေးလာရသေးတဲ့မောင်လေးတွေ ညီမလေးတွေကို ဘိုင့်ဘိုင့်လို့သာ နူတ်ဆက်လိုက်တော့ "


" ဘာလို့လဲမမ မီးမီးနားမလည်ဘူး "


ဒီဗိုရာက စိတ်ရူပ်ထွေးနေသည့်ပုံစံဖြင့်တွေးတောနေသော ချယ်လ်စီလေး အားကြည့်၍ပြုံးမိချေသည် ။


သူမက အရမ်းတုံးအတာဘဲ...


" နင့်ရဲ့ ပါးပါးနဲ့ဖေဖေက နင့်အတွက်အငယ်လေးတွေမွေးပေးနိုင်ဖို့ အတူတူနေဖို့လိုအပ်တယ်... နင်က လိုက်နှောက့်ယှက်နေတာအငယ်လေးတွေမလိုချင်လို့လား "


သူမလေးက အလွန်အံ့သြသွားဟန်ဖြင့် သူမ၏ပါးစပ်လေးကိုကာရင်း အိပ်ခန်းထဲမှပြေးထွက်သွားလေသည် ။ ဒီဗိုရာပင် သူမ၏ခြေထောက်တိုတိုလေးများဖြင့်ပြေးသွားသည့်ခြေသံများကို နားထောင်၍ရီမိလေသည် ။


အဲ့ကလေးမက တဖြည်းဖြည်းချစ်ဖို့ကောင်းလာလိုက်တာ...


ဒန်းနစ်နှင့်အတူ ပါစတာပြုလုပ်နေသော ပါကာမှာ သူ၏ခါးကိုအားဖြင့်ပြေးဖက်ခြင်းခံလိုက်ရ၍ ငုံ့ကြည့်လိုက်သောအခါ ချယ်လ်စီလေးကိုတွေ့လိုက်ရသည် ။


" ချယ်လ်ချယ်လ် ပါးပါး ဟင်းချက်နေတယ် သမီးနဲ့မကစားနိုင်သေးဘူးနော် "


ချယ်လ်စီလေးက ပါကား၏ခါးကိုဖက်၍ အသံသေးသေးလေးနှင့်မေးလိုက်သည် ။


" ပါးပါး မီးမီးက ပါးပါးနဲ့ဖေဖေတို့အငယ်လေးတွေမွေးဖို့အတွက် အနှောင့်အယှက်ဖြစ်နေလားဟင် "


ချယ်လ်စီလေးက အဘယ့်ကြောင့်ရုတ်တရက် ထမေးသည်မသိသော်လည်း ပါကာ ပြုံး၍ပြောလိုက်သည် ။


" မဟုတ်ပါဘူး "


သူမလေး သူတို့နှစ်ဦးကြား၌အချိန်ပြည့် ရှိနေသည့်တိုင် စိတ်အနှောင့်အယှက်လုံးဝမဖြစ်ခဲ့ချေ ။ ပါကာ၏ မျက်နှာပေါ်မှသေချာဆုံးဖြတ်ထားသည့်အမူအရာအားတွေ့သောအခါမှ အမှန်ဖြစ်ကြောင်း ချယ်လ်စီလေးယုံကြည်သွားသည် ။


" သမီးက အငယ်လေးလိုချင်လို့လား "


" ဟုတ် ဟုတ် "


ပါကာ ဆက်ပြောစရာစကားပင်ရှာမရတော့ချေ ။ သူကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရမည့်ဖြစ်အင်မှာ အလွန်ထူးဆန်းသော်ငြား လက်တွေ့အမှန်ဖြစ်နိုင်သည်ဖြစ်၍လက်ခံရမည်ပင် ။ 


ကလေးမွေးရတော့မယ်!


သူ ဒရိတ်ခ်နဲ့တော့ ဆွေးနွေးသင့်နေပြီ ထင်တယ်....


Xxxxxxx