အပိုင်း ၅၂
Viewers 14k

Chapter 52


Mori Sue:

Daddy's little ( 52)


လူတိုင်းက ခရစ်စမတ်ညစာစားပွဲအတွက် အလွန်စိတ်အားထက်သန်နေကြသော်လည်း ဒီဗီုရာမှာ ခရစ်စမတ်သစ်ပင်အောက်ရှိ ဒန်းလေးပေါ်တွင်ထိုင်နေကာ ဖြည်းညင်းစွာလွှဲနေသည် ။


ချယ်လ်စီလေး မှာအိမ်ထဲတွင်လျှောက်သွားရင်း တစ်ယောက်တည်းအထီးကျန်စွာထိုင်နေသော ဒီဗိုရာအားမြင်၍ သနားသွားသည် ။ ဒီဗိုရာက သူမစီးနေသောဒန်းလေးအား တစ်ယောက်ယောက်ကအားဖြင့်တွန်းပေးနေသည်အား ခံစားမိသောအခါမှ အတွေးများနေရာမှသတိဝင်လာသည် ။


" နင်ဘာလုပ်နေတာလဲ "


" ဒန်းက ဖြည်းဖြည်းလေးဘဲ ရွေ့နေလို့ မမဝမ်းနည်းနေတာမဟုတ်လား မီးမီးကအများကြီးမြန်လာအောင်တွန်းပေးမယ်လေ "


ဒီဗိုရာ၏ မျက်ဝန်းများမှာအနည်းငယ် စိတ်လူပ်ရှားသောအရိပ်ယောင်များပေါ်ထွက်လာသော်လည်း အမြန်ပင်ပုံမှန်ပြန်ဖြစ်သွားသည် ။


" ငါဝမ်းမနည်းပါဘူး "


ဒီဗိုရာက သက်ပြင်းခပ်ဖွဖွချလိုက်ပြီးနောက် ချယ်လ်စီလေးကိုပါချီ၍ ဒန်းပေါ်သို့တင်၍လွှဲနေလိုက်သည် ။ ချယ်လ်စီလေးက ဒန်းကြိုးကိုခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ဒီဗိုရာ့ကိုမော့ကြည့်နေချိန်၌ ဒီဗိုရာက ဝမ်းနည်းစွာပြောလိုက်သည် ။


" ဒီနေ့ငါ့ ပါးပါး ငါ့ကိုဖုန်းဆက်တယ်... သူငါ့ကိုလာမတွေ့နိုင်ဘူးတဲ့ သူ့ကောင်လေးနဲ့အတူတူကစားမှာမို့လို့တဲ့ "


" ဒါဆိုရင် မမပါးပါးရဲ့ကောင်လေးကိုပါ အတူတူဆော့ဖို့ခေါ်လိုက်ပါလားဟင် "


" ငါ့ပါးပါးက ငါတို့မိသားစုဝင်တစ်ယောက်မဖြစ်ချင်ဘူးတဲ့ "


" ဟမ့် မီးမီးနဲ့ မိသားစုဝင်မဖြစ်ချင်တဲ့ အဲ့ဒီဦးဦးက အရမ်းကံဆိုးတာဘဲ မီးမီးပါးပါးရဲ့ အရသာအရမ်းရှိတဲ့ ကိတ်မုန့်တွေကိုမစားရတော့ဘူး... မမဝမ်းမနည်းနဲ့နော် ဖိုးဖိုးနှစ်ယောက်စလုံးက မမကိုအရမ်းချစ််ကြတယ်လေ ပြီးတော့ ကိုကိုရှောင်န်နဲ့ ရွိုင်းလ်က လဲမမကိုချစ်တာဘဲလေ ပါးပါးကိုအရသာရှိတဲ့မုန့်တွေ မမအတွက်လုပ်ပေးခိုင်းမယ်လေနော်...ဖေဖေဆီကနေလဲမမအတွက် အရုပ်တွေတောင်းပေးမယ် "


ဒီဗိုရာက စိတ်ရင်းမှန်ဖြင့်သူမဘက်မှခံစားပေးနေသော ချယ်လ်စီလေးအားကြည့်လိုက်သည် ။ ပါကာနှင့်ဒရိတ်ခ်မှာ သူမလေးအားအလိုလိုက်ဖျက်ဆီးနေသည်ဟု အမြဲအပြစ်ပြောနေခဲ့သော်လည်း သူမလေးမှာကြင်နာမူများဖြင့်ကြီးပြင်းရ၍ တစ်ပါးသူအားကြင်ကြင်နာနာဆက်ဆံတတ်လေသည် ။


" ချယ်လ်စီလေး မမတောင်းပန်ပါတယ် "


ဒီဗိုရာ၏ တောင်းပန်သောစကားမှာ စိတ်ရင်းမှန်ဖြင့်ပင် ။ ချယ်လ်စီလေး ကပျော်ရွှင်စွာပြုံးရင်းပြောလိုက်သည် ။


" ဒါဆိုရင် ဖိုးဖိုးကို မမအရင်တောင်းပန်ရမယ်... မမ ပါးပါးနဲ့ရန်ဖြစ်တုန်းက ဖိုးဖိုးအရမ်းကြောက်နေခဲ့တာသိလား "


" မင်းလို နူးနူးညံ့ညံ့ကလေးမလေးကို ဒေါသကြီးတဲ့မင်းအဖေက ဘယ်လိုမွေးခဲ့လဲငါစဥ်းစားလို့တောင်မရဘူး "


" မမ ကျန်တဲ့ရက်တွေမှာ မီးမီး မမနဲ့လာအိပ်လို့ရမလား ပါးပါးနဲ့ဖေ့ဖေ့ကို မီးမီးအတွက်အငယ်လေးတွေအများကြီးမွေးပေးစေချင်တယ် အဲ့တာဆိုမီးမီးတစ်ယောက်တည်းမဆော့ရတော့ဘူး "


ချယ်လ်စီလေးက သူမ၏ပါးလေးကိုဖောင်း၍ပြောလိုက်သည် ။


" မီးမီးကသေချာပေါက် အရမ်းကောင်းတဲ့အမကြီးလုပ်မှာ "


ဒီဗိုရာက ချယ်လ်စီလေး၏ တတွတ်တွတ်ပြောနေသောစကားများအားစိတ်ရှည်လက်ရှည်နားထောင်ပေးနေခဲ့သည် ။


မကြာခင်တွင်ပင် ခရစ်စမတ်ညစာစားပွဲသို့ရောက်ရှိလာပြီဖြစ်သည် ။


စားပွဲပေါ်၌ အလွန်စုံလင်သောစားကောင်းသောက်ဖွယ်မျိုးစုံမှာ သွားရေယိုစရာပြင်ဆင်ထားလေသည် ။ မွှေးပျံ့သော ပါစတာများနှင့် အရောင်အသွေးစုံလင်သောသစ်သီးကိတ်များအပြင် ကွတ်ကီးများအပြားအပြင် သစ်သီးဖျော်ရည်များစွာပါဝင်သည် ။


စားပွဲဝိုင်း၏အလယ်၌ ကြက်ဆင်ကင်ကြီးကိုလည်း ထည်ဝါစွာတည်ခင်းထားလေသည် ။ ဟင်းပွဲမျိုးစုံချက်ပြုတ်ထားသော်ငြား လူတိုင်းကအလွန်ကြိုက်နှစ်သက်ကြပြီး စားသောက်ရန် မစောင့်နိုင်တော့ချေ ။


ထမင်းစားစားပွဲ၌ ကိုယ်စီနေရာယူကာထိုင်ပြီးနောက်တွင် ကျေးဇူးတင်စကားပြော၍ဆုတောင်းကာ ညစာစားပွဲကိုစတင်လိုက်သည် ။ လူတိုင်းအလွန်ပျော်ရွှင်နေကြပြီးထိုအခိုက်အတန့်လေးအား မှတ်တမ်းတင်ရန် အပြိုင်အဆိုင်ဓာတ်ပုံရိုက်နေကြသည် ။


" မီးမီးနောက်နှစ်ခရစ်စမတ်ကိုလည်း ဒီလိုဘဲနေချင်တယ် "


ရွိုင်းလ်ကလည်း အားရဝမ်းသာအော်ဟစ်လိုက်သည် ။


" မုန့်တွေအများကြီးစားရတော့မယ် "


လူတိုင်းက ကလေးများ၏ ရိုးရှင်းသောအတွေးများကြောင့် ရီမောမိလိုက်ကြသည် ။ အတူတကွအချိန်ကုန်ဆုံးရန် နှစ်ရက်တာမျှသာကျန်ရှိတော့သည်ဖြစ်ပြီး လူတိုင်းကခွဲခွာရန်တွန့်ဆုတ်နေသည် ။


ညစာစားပြီးနောက် မိသားစုလိုက် ခရစ်စမတ်ဇာတ်လမ်းကြည့်ရူရန် တီဗီရှေ့၌စုဝေးသည့်အချိန်တွင် ဒီဗိုရာက သူမပြုလုပ်ထားသော ဗီဒီယိုအတိုလေးအားဖွင့်ပြရင်းပြောလိုက်သည် ။


" အရင်ဆုံးပြောချင်တာကတော့ ပါးပါးဒန်းနစ် အပေါ်အတိတ်က ဆိုးဆိုးရွားရွားပြောဆိုဆက်ဆံခဲ့မိတာတွေအတွက် တစ်ကယ်တောင်းပန်ပါတယ်... ပါးပါးက သမီး ကိုငယ်ငယ်လေးကတည်းကပြုစုစောင့်ရှောက်ပေးခဲ့ပေမဲ့ သမီးက ပါးပါးကို ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့မိတယ်...တကယ်ကို ပါးပါးက သမီးအပေါ်ကိုအရမ်းကောင်းခဲ့ပါတယ်...သမီး အရမ်းဆိုးသွမ်းနေတဲ့အချိန်မှာတောင်မှ စိတ်မပျက်ဘဲသည်းခံပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်နော် ပါးပါး "


ဒန်းနစ်က ဒီဗိုရာ၏စကားကြောင့်  မိသားစုဓာတ်ပုံလေးများကိုကြည့်ကာ မျက်ရည်ဝဲလာရသည် ။ ရန်ဆဲလ်က ဒန်းနစ်၏လက်ကိုခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်ပေးသောအပြုံးမျိုးဖြင့်ပြုံးပြလိုက်သည် ။ 


ဒန်းနစ်က သူ၏လက်မောင်းကိုဖွင့်ဟပေးလိုက်သည်နှင့် ဒီဗိုရာက ပြေးလာပြီး နှစ်ယောက်သားတင်းကြပ်စွာပွေ့ဖက်ထားကြသည် ။


" အရူးမလေး သမီးကအရင်ကတည်းက ပါးပါးရဲ့ကလေးလေးကို သမီးဆိုးလဲပါးပါးစိတ်မပျက်သွားပါဘူး "


ဒန်းနစ်က ဒီဗိုရာ၏ နဖူးအားနမ်းပြီးနောက်ပြောလိုက်သည် ။


" ဒါပေမဲ့ ခရစ်စမတ်ပြီးတာနဲ့ သမီးရဲ့အပြုအမူတွေကိုသေသေချာချာပြန်းဆန်းစစ်ရတော့မယ်နော် ပါးပါးက သမီးကိုဆုံးမတော့မှာ "


ဒီဗိုရာက ပြုံးရင်းခေါင်းညိမ့်လိုက်သည် ။


" ဟုတ်ကဲ့ ပါးပါး "


Xxxxxx