အပိုင်း ၅၃
Viewers 13k

Chapter 53


Mori Sue:

Daddy's little ( 53) 


ခရစ်စမတ် အားလပ်ရက်အား ဒန်းနစ်တို့အိမ်တွင်ဖြတ်သန်းပြီးနောက် ဒရိတ်ခ်နှင့် ပါကာမှာ သူတို့၏အိမ်လေးသို့ပြန်လာခဲ့ကြသည် ။


" If I were you I'd wanna be me too...I'd wanna be me too... "


( TN / ဒါကတော့ လူတိုင်းသိတဲ့သီချင်းစာသားလေးပါ ဘာသာပြန်လိုက်ရင်ကျဖတ်မကောင်းတော့ဘူးဖြစ်သွားမှာစိုးလို့ )


ပါကာက သူမလေးကို ကားပေါ်မှချီချပေးရင်းမေးလိုက်သည် ။


" သမီး အရမ်းပျော်နေတာလား "


" အင်း မမဒီးဒီးက ဘယ်လိုကရမလဲနဲ့ တစ်တော့ဘယ်လိုဆော့ရမလဲသင်ပေးတယ် "


" အင်းပါ သမီးပျော်ရင်ပြီးတာပါဘဲ "


" ပြန်လာပြီလား ချယ်လ်စီလေး "


" ဦးဦး ဝီလီယမ် "


ချယ်လ်စီလေးက ပါကာ့ပေါ်မှပြေးဆင်းကာ ဝီလီယမ် ၏လက်ကိုဆွဲရင်းပြောလိုက်သည် ။


" ဦးဦးဝီလီယမ်ကို မီးမီးအရမ်းလွမ်းနေတာ "


ဝီလီယမ်က ရီမောကာသူမလေး၏နှာခေါင်းကို ခပ်ဖွဖွပွတ်သပ်လိုက်သည် ။


" ဟုတ်ပါပြီ အခုဦးဦးက မီးမီးနဲ့အကြာကြီးအတူတူဆော့ပေးပါ့မယ် "


×××


နောက်တစ်နေ့၌ တေလာ ၊ ပါကာနှင့် လူးဝစ်တို့မှာ ကစားကွင်း၌ အတူတွေ့ဆုံကြလေသည် ။


" ချာလီလေးက ရိုင်လီ ထက်ပိုပြီးချစ်ဖို့ကောင်းတာဘဲ "


" ချယ်လ်စီလေးက ရိုင်လီထက်ပိုပြီးချစ်ဖို့ကောင်းတာပါကွာ "


လူးဝစ်လည်း ခေါင်းညိမ့်ကာသဘောတူသည် ။


" ဟုတ်တယ် သူမလေးကနူးနူးညံ့ညံ့လေး "


တေလာနှင့်ပါကာတို့မှာ အရုပ်ဖြင့်ဆော့ကစားနေသည့် ရိုင်လီလေးကိုကြည့်ကာပြိုင်တူပြုံးမိကြသည် ။


" ဒါနဲ့တေလာ မင်းနဲ့ရေးရဲ့အခြေအနေကဘယ်လိုဖြစ်သွားပြီလဲ "


" အဆင်ပြေသွားပါပြီ "


တေလာက ရှက်ရွံ့၍ ခပ်ဖွဖွချောင်းဟန့်လိုက်သည် ။


" တကယ်တော့ ပါကာအကြံပေးလို့ပါ ငါ့ဘာသာဆို အခြေအနေကပိုဆိုးဖို့ဘဲရှိမှာ သူ့ကိုကျေးဇူးတင်ရဦးမယ် "


ပါကာက တေလာ့ကိုတိတ်တဆိတ်အကဲခတ်နေသည် ။ တေလာ့၏ စိတ်အခြေအနေနှင့်အမူအရာမှာ နောက်ဆုံးတစ်ခေါက်တွေ့ခဲ့သည်ထက် ပို၍ပေါ့လာပြီးပျော်ရွှင်နေပုံရသည် ။


လူးဝစ် ကအံ့သြသွားကာပြောလိုက်သည် ။


" တကယ်လား? အဲ့လောက်တောင်အသုံးဝင်တာလား "


" အင်း သူကငါ့ကို ရေးကိုဘယ်လိုမျိုးပါးပါးနပ်နပ်ထိန်းချုပ်ပြီး ငါ့စကားနားထောင်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြတယ် အခုဆိုမိသားစုအချိန်စာရင်းဆွဲပြီး ငါ့အလုပ်က ရေး ကိုထိုင်ခိုင်းစားနေဖို့ဘဲရှိတော့တယ် "


" အဲ့တာဆိုတကယ်ကြီးပေါ့ ငါကသူ့ဆီမှာအိမ်ထောင်ရေးနဲ့ပက်သက်တဲ့ အကြံတွေတောင်းမိရင် ပိုဆိုးသွားမှာဘဲလို့ထင်ခဲ့တာ "


လူးဝစ်၏ စကားမှာ ပါကာအားငြိမ်သက်သွားစေသည် ။ မူလပါကာ ၏အတိတ်မှအကျင့်စရိုက်များမှာ လူတိုင်း၏အမြင်အားလွှမ်းမိုးထားဆံပင် ။


" ပါကာရဲ့အကြံကအသုံးဝင်တယ်ဆိုတာ အာမခံတယ်ငါကိုယ်တွေ့နော် ငါဆိုအရမ်းပင်ပန်းလွန်းလို့လက်လျော့ပြီးကွာရှင်းပစ်ချင်နေတဲ့အချိန်မှာ သူ့အကြံကငါ့ကိုကယ်တင်ခဲ့တာ "


လူးဝစ်က ပါကာ့ကိုပွေ့ဖက်ရင်းပြောလိုက်သည် ။


" မင်းက တကယ်ကိုပြောင်းလဲလာတာဘဲ မင်းမဆိုးသွမ်းတော့တာငါဝမ်းသာလိုက်တာ "


တေလာက ပွေ့ဖက်နေသောလူနှစ်ယောက်ကိုကြည့်ရင်း တံတွေးပင်သီးသွားရသည် ။ တေလာ့၏အသံကြောင့် ပါကာ့ကိုလွှတ်ပေးလိုက်ကာ သက်ပြင်းချလိုက်သည် ။


" တကယ်တော့ ငါရဲ့အိမ်ထောင်ရေးက အစစအရာရာအဆင်ပြေပါတယ် ရှာရွန်က ငါ့ကိုအရမ်းအလိုလိုက်ပြီးဂရုလဲစိုက်တယ် ဒါပေမဲ့ ငါနောက်ထပ်မိန်းကလေးတစ်ယောက်မွေးချင်တယ်ပြောတော့ သူခါးခါးသီးသီးကိုငြင်းဆန်နေပြီး ခွင့်မပြုဘူး ငါသူ့ကိုနားမလည်နိုင်တော့သလိုဘဲ "


လူးဝစ်က ခဏမျှတိတ်ဆိတ်နေပြီးနောက် ဆက်ပြောသည် ။


" ငါအခုတလော ကိစ္စတွေအများကြီးကိုတွေးမိနေတယ်... ရှာရွန်ရဲ့ အေးစက်နေတဲ့မျက်နှာထားက အရမ်းဆက်စီကျတာဘဲ သူကငါ့ကိုစိုက်ကြည့်လိုက်ရင်မှာ ငါ့မှာဒူးထောက်ချမိမတတ်ဘဲ... ငါလက်ထပ်ပြီးဆယ်နှစ်ကြာတဲ့အချိန်မှာ ဒေါသထွက်နေတဲ့ငါ့ယောက်ျားရဲ့မျက်နှာထားက ဘယ်လောက်မှဆွဲဆောင်မူရှိလိုက်လဲသိရတာဘဲ "


တေလာက နားမလည်သော်လည်း ပါကာက ရီမောလိုက်သည် ။


" ငါထင်တာမင်း က ဒေါသထွက်တတ်တဲ့ယောက်ျားတွေကိုများစွဲလမ်းနေတာလား "


" အာ့တာက ဆိုးတယ်လို့လဲငါမထင်ပါဘူး "


" အိုး...အရင်ကမင်းတစ်ခါမှ အခုလိုမခံစားခဲ့ရဘူးလား "


" အင်း အမြဲတမ်း သူကငါ့ကိုညင်ညင်သာသာဘဲဆက်ဆံတယ် ငါလဲညင်သာတာကိုပိုကြိုက်တော့ ကြမ်းတမ်းတဲ့အရာတွေကိုမစမ်းသပ်ခဲ့ဖူးဘူး "


လူးဝစ်က အကြံရသွားဟန်ဖြင့်ပြောလိုက်သည် ။


" နှစ်သစ်ကူးနေမှာ ငါတို့မိသားစုတွေ့ဆုံပွဲလုပ်ကြရင်ရော "


" ဒါပေမဲ့ ငါက "


" ငါဂရုမစိုက်ပါဘူး ငါတို့ချည်းဘဲသီးသန့်မဖြစ်နေလဲရတယ် မင်းတို့ကြိုက်တဲ့လူကိုဖိတ်ခေါ်လို့ရတယ် ကွာရှင်းပြီးသားမိသားစုဝင်တွေအပါအဝင်ပေါ့ "


တေလာက ပြောလိုက်သည် ။


" ဒါပေမဲ့လည်း လူကြီးတွေရဲ့အမြင်တွေကိုလည်းမင်းတို့ သိတာဘဲ သူတို့ကအရမ်းခေါင်းမာလွန်းတယ်လေ "


" ဒါဆိုရင် နောက်ထပ်ရက်အနည်းငယ်အတွင်းဆိုရင်ရော "


ပါကာက ပြောလိုက်သည် ။


" မရလောက်ဘူးထင်တယ် အဲ့ရက်ပိုင်းလောက်မှာ ဒရိတ်ခ်ရဲ့မွေးနေ့ရှိတယ် "


" သူ့ရဲ့ သုံးဆယ့်ကိုးနှစ်ပြည့်မွေးနေ့မဟုတ်လား ပေါင်းလုပ်လိုက်ကြမယ်လေ မကောင်းဘူးလား "


ပါကာက လင်းလန်ကိုလည်းဖိတ်သင့်သည်ဟုတွေးမိသွား၍ ပြုံးကာသဘောတူညီလိုက်သည် ။


" အိုခေ ငါစီစဥ်လိုက်မယ် "


" အာ...ငါပြောဖို့မေ့နေတယ် ပါကာ ကာလိုဒ် မှာကိုယ်ဝန်ရှိနေပြီ "


" ဟမ်... ဘယ်သူ့အတွက်လဲ "


တေလာနှင့် လူးဝစ်နှစ်ယောက်လုံးမှာ ပါကာအားပြိုင်တူကြည့်မိလိုက်ကြသည် ။


" ဘယ်သူ့အတွက်လဲဆိုတာ မင်းဘာကိုပြောတာလဲ "


ပါကာက အားရပါးရပင်ရီမောချလိုက်သည် ။


" ငါပြောတာက သူမအရမ်းကံကောင်းတော့မှာဘဲလို့ ပထမဆုံးကလေးကနေသူမအတွက်အကျိုးအမြတ်တွေအများကြီးရနိုင်တယ်လေ "


တေလာ မှာအမှန်ပင်ရူပ်ထွေးသွားရသည် ။


" သူတို့ရဲ့အိမ်ထောင်ရေးက အရမ်းအဆင်ပြေနေတာဘဲမဟုတ်ဘူးလား "


လူးဝစ်က တော့ ထိုလင်မယားကိုကြည့်ရပုံမပေါ်ချေ ။


" ငါမွေးမလာသေးတဲ့ကလေးအတွက် တကယ်ဝမ်းသာပေမဲ့ အဲ့မိန်းမကိုတော့ကြည့်မရဘူး "


ပါကာက မေးလိုက်သည် ။


" ဂျိမ်းစ်ရော ကလေးရှိတယ်သိရတော့ သူဘယ်လိုတဲ့လဲ "


" လူတိုင်းက သူတို့နှစ်ယောက်ရဲ့ ပြည့်စုံတဲ့ဟန်ဆောင်နေမူကိုမြင်နိုင်မှာတဲ့လား "


ပါကာက ဘာမျှဝင်မပြောတော့ဘဲ ကျန်သည့်စကားဝိုင်းအတွင်းတိတ်ဆိတ်နေသည် ။


ကာလိုဒ်က ကိုယ်ဝန်ရှိနေတယ်တဲ့!


Xxxxxxx