အပိုင်း ၅၄
Viewers 14k

Chapter 54


Mori Sue:

Daddy's little ( 54)


တေလာတို့နှင့် အချိန်ဖြုန်းပြီးသည့်နောက်တွင် ပါကာက ချယ်လ်စီလေးအား အိုလီဗာနှင့်ဆော့ကစားရန် လိုက်ပို့ပေးခဲ့သည် ။ အချိန်အတော်ကြာ အတူဆော့ကစားပြီးသည့်တိုင် ချယ်လ်စီလေးမှာ အိုလီဗာနှင့်ဆော့ကစားချင်နေဆဲပင် ။


နှစ်သစ်ကူးညဖြစ်သော်လည်း အိုလီဗာ၏ ပါးပါးမှာအလုပ်လုပ်နေရသောကြောင့် တစ်ယောက်တည်းအထီးကျန်နေမည်အားစိုးရိမ်၍ အိမ်သို့အတူခေါ်သွားချင်နေသည် ။


အိုလီဗာမှာ သူ၏ပါးပါးမှာသူ့ကိုကျွေးမွေးရန်အတွက်အလုပ်လုပ်နေရသည်မှန်းသိသော်လည်း အတူတူအချိန်များစွာမဖြတ်သန်းနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရသည် ။ သူသည်ကလေးငယ်လေးတစ်ဦးသာ ဖြစ်သေးသည့်အတွက် သူ့ပါးပါးအာ့သူ့အား၌အမြဲရှိနေပေး၍ပွေ့ဖက်ထားစေချင်သည် ။


" အိုလီ ဒီမှာနင့်အတွက် အားဖြည့်ကွတ်ကီး "


ချယ်လ်စီလေးက သူမ၏လက်ထဲမှ ကွတ်ကီးကိုတစ်ဝက်ပိုင်းလိုက်ပြီး အိုလီဗာ၏ ပါးစပ်ထဲထိုးထည့်ပေးလိုက်သည် ။ အိုလီဗာမှာ ခဏမျှကြောင်အသွားပြီးနောက်တွင် ပြုံးလိုက်ကာ ဖြည်းဖြည်းချင်းဝါးရင်းပြောလိုက်သည် ။


" ကျေးဇူး "


" ငါနင့်ကို ငါ့ရဲ့ဝမ်းကွဲတွေအကုန်လုံးနဲ့မိတ်ဆက်ပေးမယ်နော် "


ချယ်လ်စီလေးက အိုလီဗာကိုကားထဲဆွဲ့ထည့်ပြီးနောက် တစ်ခုခုဖွင့်ကြည့်ကြရန် တက်ဗလက်ကိုယူလိုက်သည် ။


" ငါးမန်းကလေးလေးသီချင်းဖွင့်ရအောင် "


" မရဘူး ပါးပါးကအဲ့သီချင်းကိုမကြိုက်ဘူး "


( TN / မူလပါကာကိုပြောတာပါ )


အိုလီဗာက ခေါင်းလေးစောင်းလိုက်ကာ နားမလည်သည့်ပုံစံနှင့်မေးလိုက်သည် ။


" ဘာလို့လဲ "


ချယ်လ်စီလေးက ပါကာကြားမည်စိုး၍အသံတိုးတိုးလေးနှင့်ရှင်းပြရှာသည် ။


" ပါပါးကပြောတယ် သီချင်းတစ်ပုဒ်တည်းနဲ့တောင်စိတ်ရူပ်ဖို့ကောင်းနေတာကို ဒီဂျေပုံစံပြောင်းလိုက်တာက အရမ်းစိတ်ရူပ်ဖို့ကောင်းတယ်တဲ့ ပြီးတော့ ငါးမန်းတွေကအရမ်းရုပ်ဆိုးပြီးလူတွေကိုလဲစားပစ်တယ်တဲ့ "


ကလေးများတီးတိုးပြောနေသည်အားကြားသောပါကာမှာ မူလပါကာ၏စိတ်ဆတ်မူနှင့်ပေါက်ကရလေးဆယ်ပြောတတ်မူအား မအံ့သြဘဲမနေနိုင်ပါတော့ချေ ။


မူလကိုယ်က လူမုန်းများအောင်လုပ်တဲ့နေရာမှာတကယ်ဆရာကြီးဘဲ!


ပါကာ ဘေးထိုင်ခုံ၌ထိုင်လိုက်သည့်အချိန်တွင် ဒရိတ်ခ်ကပြုံးပြလာပြီး နဖူးလေးအားခပ်ဖွဖွတစ်ချက်နမ်းပြီးနောက် ကားမောင်းလိုက်သည် ။


××××


ဂျမ်းစ်နှင့်ကာလိုဒ်မှာ သီးသန့်အခန်းထဲတွင် စကားများနေကြသည် ။


" ရှင်ညတိုင်းဒီလိုဘဲ အပြင်ထွက်နေလို့မရဘူး ဂျိမ်းစ်  ကျွန်မတစ်ယောက်တည်းဒီအိမ်ထောင်ရေးကြီးကို ထိန်းသိမ်းနေရတာ အရမ်းပင်ပန်းနေပြီ ကျွန်မဆက်မလုပ်နိုင်တော့ဘူး "


" ငါ့ဘက်ကလည်းထိန်းသိမ်းချင်စိတ်ရှိနေတာမှ မဟုတ်တာ ငါလည်းပျော်သလိုဟန်ဆောင်နေရတာကိုအရမ်းစိတ်ကုန်နေပြီ ဒီအချိန်ထိငါတင်းခံနေခဲ့တဲ့အချိန်တွေကို ပြန်စဥ်းစားပြီးသာငါမင်းနဲ့လူရှေ့မှာအဆင်ပြေတဲ့ပုံစံနေပြနေတာ... ဒီအိမ်ထောင်ရေးပျက်ဆီးသွားတာနဲ့ ငါကြိုးစားရထားတဲ့ငါ့အလုပ် ပျက်ဆီးသွားမှာကွ!  မိသားစုတစ်ခုလုံးက ငါ့ကိုရူးအောင်လုပ်နေကြတာဘဲ "


ကာလိုဒ်က ခါးသက်စွာပြန်ပြောလိုက်သည် ။


" ရှင့်ဘက်ကလည်းဘယ်လောက်တောင်ကောင်းနေတာမို့လို့လဲ ညတိုင်းအပြင်ထွက်ပြီး မနက်မိုးလင်းမှမူးရူးပြီးပြန်လာတယ် ရှင့်ဘက်ကရှေ့ဆက်ချင်စိတ်မရှိသရွေ့ ရှင်တစ်ယောက်တည်းစိတ်ပျက်စရာတွေထဲမှာပိတ်မိနေဦးမှာ"


ဂျိမ်းစ်က သူမထံမှလှည့်ထွက်သွားချင်ပါသော်လည်း ရွေးချယ်စရာမရှိဘဲ ဆိုဖာပေါ်၌ပြန်ထိုင်လိုက်ရသည့်အချိန်တွင် ကာလိုဒ် မှာသူမ၏မျက်ရည်များကိုသုတ်ရင်းပြုံးလိုက်သည် ။


×××


အိန်ဂျလာက လူတိုင်းကိုနူတ်ဆက်လိုက်ပြီးနောက်တွင် ရေးက ဂျော်ဒန် လေးကိုပုခုံးပေါ်ချီတင်လိုက်သည် ။ ကောင်ငယ်လေးမှာ ရေး၏ပခုံးပေါ်မှာ ပျော်ရွှင်စွာပင်ဆော့ကစားနေလေသည် ။


" တစ်ပတ်လှည့်ပေး "


ဂျော်ဒန်လေးက တခစ်ရီမောနေသည် ။


" သားပျံနေပြီ... "


တေလာက သစ်သီးဝိုင်ခွက်ကိုကိုင်ထားရင်း ပုခက်ထဲမှ ရိုင်လီလေးကိုစောင့်ကြည့်နေသည် ။ ဟိုတစ်စုဒီတစ်စုနှင့်တီးတိုးစကားပြောဆိုနေကြပြီး လေထုမှာငြိမ်သက်စွာသဟဇာတဖြစ်လှသည် ။ မကြာခင် တွင်ပင် ပါကာက အစားအသောက်အထုပ်များဆွဲ၍ရောက်လာပြီး ချယ်လ်စီလေး ကအိုလီဗာ ၏လက်ကိုဆွဲ၍အိမ်ထဲသို့ဝင်လာသည် ။


ကာလိုဒ်က ဒရိတ်ခ်အား စကားပြောလို၍ခေါ်သွားသည့်အချိန်တွင် ပါကာ့နားသို့ အိန်ဂျလာရောက်လာသည် ။


" နင်ဘာလို့ လိမ်ခဲ့တာလဲ "


" ကျွန်တော့ဘယ်ကိစ္စကိုမှမလိမ်ခဲ့ပါဘူး "


" နင့်ကနင့်ကိုယ်နင်ဖျက်ဆီးနေတာ ဆိုတာသိရဲ့လား "


" ဟမ့်... ဘာဘဲဖြစ်ဖြစ်ပါ ကျွန်တော်အမေနဲ့ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး "


ထို့သို့ပြောပြီးနောက် ပါကာက ဂရုမစိုက်စွာဖြင့် တေလာ့ထံသို့သာလျှောက်သွားလေသည် ။


" အရမ်းစိတ်ရူပ်ဖို့ကောင်းတာဘဲ ...ကလေးကအိပ်တောင်ပျော်နေပြီလား "


" ဟုတ်တယ်... အစောကြီးနိုးပြီးတက်တက်ကြွကြွနဲ့ဆော့ထားတာလေ အခုတော့အိပ်ပျော်သွားတော့တာဘဲ "


ထိုအချိန်တွင် မိသားစုဝင်များက ကစားရှေ့တွင်စုဝေးပြီးတီးတိုးပြောဆိုနေကြသည် ။


ချယ်လ်စီလေးက အော်လိုက်သည် ။


" အိုလီဗာ့ ကိုမထိနဲ့ "


လူကြီးများက အိုလီဗာအား အထူးအဆန်းသဖွယ် မျက်လုံးမှေး၍ကြည့်နေကြပြီး လာဗီနာက စူးစိုက်ကြည့်ကာ အော်ပြောလိုက်သည် ။


" ဒီကလေးကို ဘယ်သူခေါ်လာတာလဲ "


ပါကာက လူကြားထဲမှတိုးထွက်ကာ အေးစက်စက်ပြန်ဖြေလိုက်သည် ။


" သူက ချယ်လ်စီလေးရဲ့ သူငယ်ချင်းဘဲ တစ်ခုခုပြဿနာရှိလို့လား "


" ပါကာ နင်နေရာတကာမှာပြဿနာရှာတတ်တဲ့အ

ကျင့်ရှိတာ ငါသိပေမဲ့ မိသားစုတွေဘဲရှိရမဲ့နေရာကိုဒီလိုကလေးမျိုးခေါ်လာစရာလား "


လာဗီနာ၏ စကားမှာအရမ်းထူးဆန်းနေ၍ ပါကာ အူကြောင်ကြောင်လေးဖြစ်နေရသည် ။ ဒရိတ်ခ်က ပါကာ၏ နားနားသို့ကပ်၍တိုးတိုးလေးပြောလိုက်သည် ။


" အဲ့ဒီကောင်လေးက လာဗီနာ့ယောက်ျားရဲ့တရားမဝင်ကလေးဘဲ "


ပါကာက အိုလီဗာကို ကြည့်ရင်းအလွန်ထိတ်လန့်သွားရလေသည် ။


Xxxxxx