အပိုင်း ၅၅
Viewers 13k

Daddy's little ( 55)


ပါကာမှာ ဝိညာဥ်လွင့်ထွက်သွားတော့မလိုပင်ခံစားသွားရသည် ။


" နေ...နေပါဦး "


" ဘာကိုနေပါဦးလဲ "


လာဗီနာက ဒေါသတကြီးပြောလိုက်သည် ။


" ဒီမှာ ပါကာ နင်ဒီလောက်ထိ ယုတ်မာတတ်တဲ့စိတ်ဓာတ်ရှိမှန်းငါအခုမှသိလိုက်ရတာဘဲ "


" လာဗီနာ...အဲ့ဒါက...ငါရှင်းပြ "


" ဘာကိုရှင်းပြမှာလဲ... ငါ​ယောက်ျားရဲ့ တရားမဝင်ကလေးကိုမိသားစုတွေ့ဆုံပွဲဆီခေါ်လာပြီး သူငါ့အပေါ်ဖောက်ပြန်ခဲ့တဲ့အကြောင်းကို သတိပေးတာလား "


" လာဗီနာ..."


ဖြန်း...


လာဗီနာက သူမအမျိုးသား၏မျက်နှာအား ခပ်ပြင်းပြင်းရိုက်လိုက်သည် ။


" မင်းရိုးသားချင်ယောင်ဆောင်နေတာကို ရပ်လိုက်စမ်းပါ... မင်းကငါ့ရဲ့ အိမ်စောင့်နဲ့ fu*k ခဲ့တာလေ "


" အဲ့ဒါက ဘယ်သူ့ကိုအပြစ်ပြောရမှာလဲ ရှင့်ရဲ့နှစ်လက်မလောက်ဘဲရှိတဲ့ dick ကငါးမိနစ်မခံဘဲပြီးပြီးသွားတာလေ "


" တော်စမ်းပါ မင်းလဲ လူတကာနဲ့ပတ်ဖြစ်နေတာကို မညာစမ်းပါနဲ့ "


ပါကာက ရန်ဖြစ်နေကြသောလင်မယားနှစ်ယောက်အား ကြည့်ကာ ကလေးများကိုအခြားအခန်းသို့ခေါ်သွားချင်နေသည် ။ ကြမ်းတမ်းရိုင်းစိုင်းသောလူကြီးစကားလုံးများမှာ ကလေးများကြားရန်အတွက်မသင့်လျှော်သေးချေ ။


ကလေးများအားအခန်းထဲမှ ခေါ်ထုတ်လိုက်သည်အားတွေ့သောအခါ အိန်ဂျယ်လာကအော်လိုက်သည် ။


" ပါကာနင်ဘယ်သွားမလို့လဲ "


" ကလေးတွေကိုတခြားအခန်းမှာသွားဆော့ခိုင်းမလို့ "


" အဲ့ဒီလင်မယားရန်မဖြစ်အောင်အရင်တားလိုက် "


" မတားနိုင်ပါဘူး သူတို့တွေကအရွယ်ရောက်ပြီးသားလူကြီးတွေမဟုတ်လား နှစ်တွေအရမ်းကြာခဲ့တဲ့ကိစ္စအတွက်ရန်ဖြစ်ချင်နေတယ်ဆိုရင်လည်း ဖြစ်ပါစေပေါ့ "


လာဗီနာက အော်ဟစ်လိုက်သည် ။


" ဒီအိမ်ထောင်ရေးကြီးကို တကယ်စိတ်ကုန်နေပြီ "


" အမြဲတမ်းမင်းဘဲ နစ်နာတဲ့သူပုံစံလုပ်နေတာကိုလဲ အရမ်းစိတ်ပျက်နေတာသိရဲ့လား "


" ရှင်က မိန်းမပျက်တစ်ယောက်ရဲ့ သားမို့လို့ရှင့်ရဲ့အကျင့်စရိုက်ကဖျောက်ဖျက်မရတာဖြစ်လိမ့်မယ် ရှင်လူပေါင်းစုံနဲ့ဆက်ဆံပြီး ရှင့်ရဲ့အငယ်အနှောင်းတွေက ကျွန်မကိုပြဿနာလာရှာတဲ့အချိန်မှာအလုပ်များနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမြဲရှောင်နေခဲ့တာလေ ရှင်ရဲ့လူတောမတိုးတဲ့အတံလေးကိုအသုံးချပြီးလုပ်တာကလွဲရင် ရှင်ဘယ်နေရာမှာများအသုံးကျလို့လဲ "


" ငါ့မှာလဲ သေလောက်အောင်အလုပ်ပင်ပန်းပြီးအိမ်ပြန်လာတဲ့အခါကျရင် ငါ့ဆီကပိုက်ဆံလက်ဖြန့်တောင်းဖို့ဘဲစောင့်နေတဲ့ မိန်းမကိုသည်းခံရတာလွယ်တယ်များထင်နေတာလား... ဟမ်...မိသားစုတွေ့ဆုံပွဲတွေရှိရင်တောင်မှ မင်းအမြဲတမ်းဘေးဖယ်ထားပြီး ငါ့ကိုမိသားစုဝင်လို့တောင်သတ်မှတ်လို့လား...မင်းရဲ့ဖောက်ပြန်ပြီးရထားတဲ့ကလေးကိုလဲ ငါ့ကလေးလိုပြုစုထောက်ပံ့ပေးခဲ့ရတာဘဲလေ ငါ့မှာမင်းရဲ့သဝန်တိုစိတ်ကြောင့်ပြဿနာရှာခံရမှာစိုးလို့ ငါ့ကလေးကိုတောင်သွားမတွေ့ရဲဘူး... အခုတော့ အားလုံးရှင်းသွားပြီဆက်ပြီးဟန်ဆောင်နေစရာမလိုတော့ဘူး ...ငါနေချင်သလိုငါနေတော့မယ် "


" ဟမ့် ...ရှင့်ကိုယ်ရှင်ကလေးရှိတယ်ဆိုပြီး ဂုဏ်ယူနေတာလား...ရှင့်က ဆယ့်ခြောက်နှစ်ကလေးကိုမုဒိမ်းကျင့်ခဲ့တာလေ... အဲ့ကလေးကရှင် မုဒိမ်းကျင့်လို့ရလာတဲ့မျိုးမစစ်ကလေးဘဲ "


လူတိုင်းကတိတ်ဆိတ်စွာဖြင့် မည်သည့်အသံမျှမထွက်နိုင်တော့သည်အထိ ဆွံ့အသွားရပြီး အခန်းထဲ၌ လာဗီနာ၏ငိုရိူက်သံတစ်ခုသာထွက်ပေါ်နေသည် ။


မူလပါကာရဲ့ လက်ထပ်ပွဲကဆိုးရွားသလားမှတ်တယ် ပိုပြီးတော့ ရူပ်ထွေးတဲ့ဆက်ဆံရေးတွေအများကြီးပါလား!


သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကြီးက အရမ်းရူပ်ထွေးတာဘဲ!


သူတို့နှစ်ယောက်စလုံးက တစ်ယောက်အပေါ်တစ်ယောက်လေးစားမူမရှိသကဲ့သို့ နားလည်မူနှင့်သစ္စာရှိမူလည်းမရှိကြပေ ။ 


နှစ်ယောက်စလုံး ကဒီလိုဖြစ်နေတော့ ကလေးအတွက်ရင်လေးစရာဘဲ...


" ငါအရမ်းပင်ပန်းနေပြီ မင်းဘက်ကအရင်စချင်လားဒါမှမဟုတ်ငါ့ဘက်ကဘဲ "


လာဗီနာက ခါးသက်စွာပြောလိုက်သည် ။


" ကွာရှင်းရအောင် "


အိန်ဂျလာက အလန့်တကြားအော်လိုက်သည် ။


" လာဗီနာ! "


" မဟုတ်ဘူးအမေ ကျွန်မအရမ်းပင်ပန်းနေပြီ ဒီအိမ်ထောင်ရေးကိုပြင်ဆင်ဖို့အတွက် နည်းလမ်းမရှိတော့ဘူး "


ဂျဲနက်က ပါကာအားစူးစူးဝါးဝါးကြည့်ကာ​ပြော၏ ။


" မင်းက သူများလင်မယားရဲ့ အိမ်ထောင်ရေးကိုဖျက်ဆီးပစ်လိုက်တာဘဲ ပျော်ရဲ့လား ...နင်က ရောက်လေရာအရပ်မှာအမြဲပြဿနာရှာတယ် "


ပါကာက မှားယွင်းနေသလိုခံစားရသည် ။ 


သူတို့ရဲ့အိမ်ထောင်ရေးက အဲ့လောက်ထိပုပ်ပွနေမှန်းဘယ်သူသိမှာလဲ မြန်မြန်ကွဲလိုက်တာကမှပိုမကောင်းသွားဘူးလား...


ဒရိတ်ခ်က သူ၏အမျိုးသားလေးအား အခြားသူများအပြစ်ပြောသည်အား အနည်းငယ်မျှမနှစ်သက်ပါချေ ။


" အဲ့တာ ပါကာရဲ့အပြစ်မှမဟုတ်တာ သူတို့လင်မယားနှစ်ယောက်ရဲ့ စရိုက်တွေကိုဘဲကြည့်ဦးလေ အချင်းချင်းလေးစားမူမရှိ သစ္စာမရှိနဲ့ ခင်ဗျားရဲ့သမီးကို ခင်ဗျားအရင်မဆုံးမဘဲနဲ့ ဘာသောက်ကိစ္စနဲ့ ကျွန်တော့်ရဲ့အမျိုးသားကိုလာအပြစ်တင်နေရတာလဲ "


" တကယ်သို့... သူသာမလုပ်ခဲ့..."


" အိုလီဗာ က ကျွန်တော့သမီးရဲ့သူငယ်ချင်းဖြစ်ပြီး ကျွန်တော်ကသူ့ရဲ့ မွေးစားအဖေဘဲ ကလေးမှာဘာအပြစ်မှမရှိတဲ့အတွက် ခင်ဗျားတို့တစ်ယောက်မှသူ့ကိုအပြစ်တင်ပိုင်ခွင့်မရှိဘူး ခင်ဗျားသမီးရဲ့အိမ်ထောင်ရေးမှာ နှစ်ယောက်စလုံးကဖောက်ပြန်နေတဲ့လူတွေချည်းဘဲလေ.... ဒီ့ထပ်ပိုပြီး ကလေးနဲ့ပါကာ့ကိုအပြစ်တင်မယ်ဆိုရင် ကျွန်တော်ယဥ်ကျေးမူရှိပေးတော့မှာမဟုတ်ဘူး..."


Xxxxxxx