အပိုင်း ၅၆
Viewers 14k

Chapter 56


Mori Sue:

Daddy's little ( 56)


ဂျဲနက်က တိတ်ဆိတ်သွားပြီး မည်သို့ပြန်လည်ချေပရမည်ကိုမသိတော့ချေ ။ 


" ဒရိတ်ခ် မင်းဘာလို့ ပါကာဘက်ကနေအမြဲတမ်းကာကွယ်ပေးနေရတာလဲ သူက တဲရန့်ကိုလှေကားပေါ်ကတွန်းချပြီး ကျိုးပဲ့စေခဲ့တာတောင်မှ မင်းကသူ့ကိုမတရားကာကွယ်ပေးခဲ့တာလေ "


ကာလိုဒ်က မဆီမဆိုင်ဝင်ပြောသည် ။


" ပါကာက အရွယ်ရောက်တဲ့လူကြီးတစ်ယောက်ဖြစ်နေပြီလေ သူဖွခဲ့သမျှပြဿနာတွေကို သူကိုယ်တိုင်လက်တွေ့ဖြေရှင်းနိုင်ဖို့လိုတယ် "


" ဒါဆို မင်းပြောချင်တာက မင်းတို့လင်မယားရဲ့လူကြားမကောင်းတဲ့ဖောက်ပြန်မူတွေရဲ့တရားခံကပါကာပေါ့လေ ဒါဆိုလဲ မင်းတို့ရဲ့ဆက်ဆံရေးကိုမင်းတို့ဘာသာဖြေရှင်းကြ "


" အခြားလူတစ်ယောက်ရဲ့ အိမ်ထောင်ရေးကိုဒီလိုဘဲ ဖျက်ဆီးလိုက်တာကိုခွင့်ပြုမလို့လား ဂျက်ဆီနဲ့တင်မလုံလောက်သေးဘူးလား "


အဘယ့်ကြောင့် ကာလိုဒ်က သူအားအရမ်းမုန်းတီးနေရသည်ကို ပါကာမသိတော့ပါချေ ။ ဒရိတ်ခ် ကသူမအား အေးစက်စက်ကြည့်နေသည် ။


" အဲ့ဒါ ပါကာ့ရဲ့အမှားမှမဟုတ်တာ "


" ဒါဘဲလေ ဒရိတ်ခ်ရဲ့ နင့်ရဲ့မျက်လုံးတွေကိုသေချာဖွင့်ပြီးကြည့်စမ်းပါ ပါကာက နင်ထင်သလိုရိုးသားတဲ့သူမဟုတ်ဘူး "


ကာလိုဒ်၏ အတွေးမှာအလွန်ပင်တုံးအသောကြောင့် ဒရိတ်ခ်ပင်စိတ်ပျက်သွားရသည် ။ ပါကာ က ကောင်းမွန်ပြီးပြည့်စုံသောသူတစ်​ယောက်မဟုတ်မှန်း သူလည်းသိသည်ပင် ။ ငယ်ရွယ်ဆိုးသွမ်းသောကောင်လေးတစ်ယောက်အား လက်ထပ်ခဲ့မိသောကြောင့် နောင်တမိသည်မှာလည်းအကြိမ်ကြိမ်ပင် ။


ပါကာ စိတ်ချမ်းသာသရွေ့ လုပ်ချင်သမျှခွင့်ပြုခဲ့သော်လည်း ထိုကောင်လေးမှာကျေနပ်ခြင်းမရှိခဲ့ပေ ။ ချယ်လ်စီလေးကို ကိုယ်ဝန်လွယ်ထားရချိန်တွင် ပါကာ့အသက်မှာနှစ်ဆယ့်သုံးနှစ်မျှသာရှိသေးပြီး သူမလေးမွေးဖွားချိန်၌ နှစ်ဆယ်လေးနှစ်ပြည့်ကာစမျှသာရှိသေးသည် ။ 


ပါကာ သူ့အားစိတ်ဆိုးဒေါသထွက်အောင်လုပ်သည့်တချို့သော အချိန်များတွင်ထရိုက်နှက်ချင်သော်လည်း အိမ်ထောင်ဖက်အားလက်ပါသည့်အပြုအမူမှာ ယောက်ျားကောင်းတို့၏လုပ်ရပ်မဟုတ်သောကြောင့် အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ကာ ပါကာအလိုရှိသမျှ ပိုက်ဆံအပျော်တို့အားမချွင်းမချန်​ပေးခဲ့သည် ။


သို့သော် သူဖြစ်စေချင်သလိုဖြစ်ရမည့်အစား ပါကာမှာ ချယ်လ်စီ လေးအပေါ်မိဘမေတ္တာအားပြမပေးခဲ့သည့်အပြင် သူမလေးကိုဆက်တိုက်အဝေးတွန်းပို့ခဲ့သည် ။


ဒရိတ်ခ်က ပြောလိုက်သည် ။


" ပါကာက သူ့အတွက် စဥ်းစားပေးခဲ့တာ ပါကာကလူကောင်းတစ်ယောက်မဟုတ်ဘဲပေမဲ့ ကိုယ့်ရဲ့မောင်နှမသားချင်းအရင်းကို နွံ့ထဲဆွဲချနေတဲ့ မင်းထက်တော့သာသေးတယ်... မင်းကသူများကိုအပြစ်တင်ဖို့ဘဲတွေးပြီး မင်းအမှားကိုမင်းမမြင်ဘူးဘဲ "


ပါကာလည်း ကြားလိုက်ရသောအချက်အလက်များကြောင့် အံ့သြသွားရသည် ။ မူလပါကာ၏ မှတ်ဥာဏ်များကိုရရှိခဲ့သည်ဆိုသော်လည်း တချို့အရာများမှာပျောက်ဆုံးနေခဲ့သည် ။ လန်လင်းနှင့် ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်း မကြာခဏဖုန်းပြောကြပြီး မှတ်ဥာဏ်အကြောင်းတချို့အားမျှဝေကြသည် ။


လန်လင်းက ပါကာအား လက်ထပ်ခဲ့သည့်ပထဆုံးနှစ်အတွင်းရုန်းကန်ခဲ့ရမူများကိုပြန်လည်ပြောပြခဲ့သည် ။ သူ၏မိဘများမှာ မိသားစုတစ်စုမြန်မြန်တည်ထောင်ရန်သာတွန်းအားပေးပြောဆိုနေခဲ့ပြီး အိမ်ထာင်ရှင်ကောင်းပီသရန်သာ ဖိအားပေးနေခဲ့သည် ။


ဒရိတ်ခ်က သူနှင့်ဆက်ဆံရန်စိတ်မဝင်စားသည့်အချိန်တွင်ပင် ကလေးတစ်ယောက်အမြန်မွေးရန် သာတွန်းအားပေးခံနေရသည် ။ 


ထိုစဥ်ကတည်းကပင် မိသားစု၏ဖိအားများကြောင့် ငယ်ရွယ်သည့်ဆယ်ကျော်သက်ကောင်လေးမှာဆိုးသွမ်းနေရကြောင်းသတိထားမိပြီးဖြစ်သည် ။ ထို့ကြောင့် ပါကာအားစိတ်ချမ်းသာစလိုနေထိုင်ခဲ့စေခြင်းကပင် ငယ်ရွယ်သောကောင်လေးအား စိတ်သက်ရသာရစေလိမ့်မည် ။


သူ၏အလိုလိုက်မူများက လမ်းမှားရောက်စေခဲ့ကြောင်း အချိန်လွန်မှသိလိုက်ရသည် ။ ကံကောင်းစွာနှင့်ပါကာမှာ အရမ်းကြီးမဆိုးရွားသေးခင်မှာပင် အမြင်မှန်ရရှိလာပြီး ချယ်လ်စီ လေးအပေါ်၌ စစ်မှန်သောမေတ္တာတရားကိုပြသလာခဲ့သည် ။ 


ဆိုးသွမ်းသည့်အချိန်ကပင် သည်းခံပေးခဲ့ရသောလူငယ်လေးမှာ ကောင်းမွန်သိတတ်လာသောအခါ၌ အစွမ်းကုန်ကာကွယ်ပေးရမည်က သူ၏တာဝန်ပင် ။


" ပါကာ ချယ်လ်စီနဲ့အိုလီဗာကိုခေါ်ခဲ့ အိမ်ပြန်ကြမယ် ဒီစိတ်ပျက်စရာမိသားစုနဲ့နောက်ထပ်ပက်သက်စရာမလိုတော့ဘူး "


" ဘာကြီး... "


လူတိုင်းငြိမ်သက်နေပြီး မည်သူမှဝင်မပါရဲကြချေ ။


" ဟုတ်တယ် ပါကာဒီကိုမလာတော့သလို ကျွန်တော့်ရဲ့သမီးကိုလဲဒီကိုမလွှတ်နိုင်တော့ဘူး ဒီလိုမျိုး သောက်ရေးမပါတဲ့စည်းကမ်းတွေနဲ့ ပုပ်ပွနေတဲ့မိသားစုထက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပြီး အမှားလုပ်တာနဲ့လက်ညိုးထိုးပြီး အပြစ်တင်မဲ့သူတွေမရှိတဲ့ပတ်ဝန်းကျင်မျိုးမှာဘဲ ကြီးပြင်းစေချင်တယ် "


ဒရိတ်ခ်က အေးစက်စွာပြောလိုက်သည် ။


" မင်းသူတို့ကို ဂရုစိုက်ဖို့မလိုဘူး ကိုယ့်မိသားစုကိုကိုယ် စောင့်ရှောက်ပေးနိုင်တယ် မင်းစိတ်ထဲရှိတာကိုပြောလိုက်တဲ့အတွက် ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူး... ကြားလား "


ပါကာက ကြက်ကလေးအစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေလေသည် ။


လူများစွာ၏အကြည့်အောက်၌ပင် ဒရိတ်ခ်က ပါကာနှင့်ကလေးနှစ်ယောက်ကိုခေါ်ကာအိမ်ထဲမှထွက်သွားတော့သည် ။


" ဟားဟား...သူတကယ်ကြီး အကုန်လုံးကိုဆဲဆိုသွားတာဘဲ "


" လူးဝစ် "


ရှာရွန်က ဝမ်းသာအားရဖြစ်နေသောသူ၏အမျိုးသားလေးအား သက်ပြင်းချ၍ခေါ်လိုက်သော်လည်း လူးဝစ်မှာလျှာသပ်ရင်း အမှန်ပင်အားရကျေနပ်နေလေသည် ။


" ဒီနေ့ ပွဲလာလိုက်တာတကယ်မှန်တဲ့ဆုံးဖြတ်ချက်ဘဲ "


ထိုနေ့ညတွင် ညနက်သည်အထိ ဒရိတ်ခ်နှင့်ပါကာမှာ စကားထိုင်ပြောနေကြလေသည် ။


" မင်းဒေါသထွက်လား "


" အမှန်အတိုင်းပြောရရင် ကျွန်တော့်ကို ရှင်းပြခွင့်တောင်မပေးဘဲ အပြစ်တင်နေတာကြီးကိုကျွန်တော်တကယ်ဒေါသထွက်တယ် သေသေချာချာ နားမထောင်ဘဲ ကျွန်တော်ဆိုရင်အမြဲတမ်းမှားနေတယ်လို့ဘဲ သူတို့ထင်နေကြတာ... ကျွန်တော် အမြဲတမ်းဆိုးသွမ်းနေတာမှမဟုတ်တာ "


ပါကာ၏ လေသံလေးမှာအနည်းငယ်ဝမ်းနည်းနေပုံပေါ်နေသောကြောင့် ဒရိတ်ခ် ကပါကာ၏ခါးလေးကိုဖက်ထားလိုက်သည် ။


" သူတို့ရဲ့အကျင့်စရိုက်က ဘယ်တော့မှပြောင်းလဲမှာမှမဟုတ်တာ ဂရုမစိုက်မနေနဲ့ ကိုယ်တို့နှစ်ယောက်အကြောင်းကိုဘဲ မင်းတွေးလေနော် "


ဒရိတ်ခ်က ပြုံးရင်း ပါကာ၏လည်တိုင်နား၌ ခေါင်းဖြင့်တိုးဝှေ့နေသည် ။


" ခင်ဗျားက ကျွန်တော့်အကြောင်းကိုဘဲဂရုစိုက်တာလား "


ဒရိတ်ခ်က အက်ရှနေသောအသံနိမ့်နိမ့်ဖြင့်ဆိုလေ၏ ။


" အဲ့ဒီလိုဘဲဖြစ်သင့်တာမဟုတ်ဘူးလား "


ဒရိတ်ခ်က ပါကာအား အိပ်ယာပေါ်သို့အသာအယာလှဲချ၍ အပေါ်မှအုပ်မိုးကာ ဖြည်းညင်းစွာနမ်းရိူက်နေလေသည် ။


Xxxxxxx