အပိုင်း ၅၇
Viewers 14k

Chapter 57

Mori Sue:

Daddy's little ( 57)


ထို့နေ့ညက ဆုံးဖြတ်ချက်အတိုင်းပင် လာဗီနာ နှင့်သူမ၏ အမျိူးသားတို့မှာ ကွာရှင်းရန် အချိန်တိုအတွင်းအမြန်ဆောင်ရွက်ကြပြီး ပိုင်ဆိုင်မူခွဲဝေခြင်းနှင့် စာချုပ်စာတမ်းပြင်ဆင်ခြင်းတို့သည် နှစ်ပေါင်းများစွာ ကွာရှင်းရန်ကြိုတင်ပြင်ဆင်ထားသကဲ့သို့ပင် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ချောချောမွေ့မွေ့ပြီးမြောက်သွားလေသည် ။


ထို့နောက်၌ ဟန်းရစ်က အိုလီဗာအတွက် ထောက်ပံ့ကြေးပေးရန်စတင်ပြင်ဆင်တော့သည် ။ သူ၏သွေးသားရင်းအားစတင်ပျိုးထောင်ခွင့်ရပြီဖြစ်သောကြောင့် အလွန်ပျော်ရွှင်နေပြီး ဖခင်တစ်ယောက်၏တာဝန်များက တစ်ဆင့်ချင်းထမ်းဆောင်ရန်အလွန်ပင်တက်ကြွနေသည် ။ 


" မင်းမိသားစုနဲ့ငါ အဆက်အသွယ်ဖြတ်လိုက်တာကို မင်းစိတ်မဆိုးဘူးမလား "


လန်လင်းက ပါကာဖျော်ပေးသော သစ်သီးအချိုရည်ကိုသာ စိတ်အေးလက်အေးသောက်နေသည် ။


" ဖြတ်လိုက်တော့လဲဖြတ်လိုက်တယ်ပေါ့ အဲ့ဒီ နည်းလမ်းကအသင့်တော်ဆုံးပါဘဲ သူတို့ကြောင့်နဲ့မင်းကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး...မင်းပိုင်တဲ့ဘဝလေ မင်းစိတ်တိုင်းကျဆုံးဖြတ်နိုင်ပါတယ် "


လန်လင်းက ခရိုးစန့်မုန့်တစ်ခုကိုလှမ်းယူသည့်အချိန်တွင် ပါကာကစပ်စုစွာမေးလိုက်သည် ။


" ဒါဆို ကာလိုဒ်ကဘာလို့မင်းကိုအရမ်းမုန်းတီးနေရတာလဲ "


လင်းလန်က မုန့်စားပြီးနောက် ဖျော်ရည်တစ်ငုံသောက်ကာပြောလေသည် ။


" ဘာလို့လဲဆိုတော့ ငါအဲ့ဒီမှာရှိနေခဲ့လိုဘဲ "


" ဟမ် "


" ဂျွန်နီဆုံးတဲ့အချိန်တုန်းက ငါအဲ့ဒီမှာရှိနေခဲ့ပြီး သူတို့ရဲ့အိမ်ထောင်ရေးက ဘယ်လောက်တောင်ပျက်ဆီးနေခဲ့လဲငါသိနေတာမို့လို့လေ "


ပါကာ နားမလည်နိုင်ချေ ။


" သူတို့ရဲ့ဆက်ဆံရေးအစစ်အမှန်ကဘယ်လိုပုံစံမျိုးမို့လို့လဲ "


" သူတို့ရဲ့ဆက်ဆံရေးက တစ်ဖက်သက်ကြီးလေ ကာလိုဒ်က ဂျိမ်းစ်ကို မချစ်ဘူး သူမက သုံးနှစ်လောက်တွဲတဲ့ယောက်ျားတစ်ယောက်ရှိခဲ့ဖူးတယ် "


သူမ၏ အပြုအမူကြောင့်ပါကာပင် ဆွံ့အသွားခဲ့ရသည် ။


" နေပါဦး အဲ့တာက ဂျွန်နီနဲ့ဘာဆိုင်လို့လဲ ဂျိမ်းစ်ရောဖောက်ပြန်တာကိုသိရဲ့လား "


လန်လင်းက သက်ပြင်းချလိုက်ကာ အနည်းငယ်ဝမ်းနည်သည့်လေသံနှင့်ပြောလိုက်သည် ။


" ဂျွန်နီဆုံးတဲ့နေ့က သူရယ်ငါရယ်ကာလိုဒ်ရယ်က အတူတူရှိနေခဲ့ကြတယ် ကားလမ်းပေါ်မှာဘောလုံးသွားကောက်ရင်း ဂျွန်နီကားတိုက်ခံရတဲ့အချိန်မှာ ငါတို့သုံးယောက်လုံးအရမ်းလန့်သွားခဲ့ရတာ အရေးပေါ်ကားခေါ်ပြီးဆေးရုံရောက်တဲ့အချိန်မှာ ကလေးကသွေးအရေးပေါ်လိုအပ်နေတယ်လေ... ဒါပေမဲ့ ကလေးလေးရဲ့သွေးကသူတို့နှစ်ယောက်စလုံးနဲ့မကိုက်ညီခဲ့ဘူး "


" ဟမ်...နှစ်ယောက်စလုံးနဲ့လား "


" ကာလိုဒ်က ကလေးရဲ့သွေးရင်းအမေဆိုပေမဲ့ ဂျိမ်းစ်ကတော့ကလေးရဲ့ သွေးရင်းဖခင်မဟုတ်ခဲ့ဘူး ကလေးရဲ့ဖခင်အရင်းက မတော်တဆမူတစ်ခုကြောင့်ဆုံးပါးသွားခဲ့ပြီး အဲ့ဒါကအဆိုးဆုံးတောင်မဟုတ်သေးဘူး...မင်းစဥ်းစားကြည့်လေ ချစ်ရတဲ့မိန်းမကဖောက်ပြန်နေပြီး သူကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့သားကလဲသားအရင်းမဟုတ်ပြန်တဲ့အပြင် ကလေးကပါဆုံးပါးသွားသေးတယ် ဂျိမ်းစ်ကခွင့်လွှတ်ပေးနိုင်ပါ့မလား "


တစ်နေ့တည်းတွင်ပင် အမှန်တရားနှင့်ဆုံးရူံးမူဒဏ်များရိုက်ခတ်ခံလိုက်ရသည့် ဂျိမ်းစ်ကို ပါကာသနားမိသွားသည် ။ လာဗီနာနှင့်သူမအမျိုးသားတို့၏ ဆက်ဆံရေးမှာ နှစ်ဖက်စလုံးမှချစ်ခြင်းမေတ္တာမရှိသည့်အပြင် ပြင်ပ၌ကိုယ်စီအပျော်ရှာနေခဲ့ကြခြင်းဖြစ်၍ သနားစရာအကြောင်းတစ်စက်ကလေးမျှပင်မရှိချေ ။


သို့သော် ဂျိမ်းစ်မှာမူ ကာလိုဒ်အားအမှန်တကယ် ချစ်မြတ်နိုးခဲ့ခြင်းပင် ။ စုပုံထားရှိပေးခဲ့သောချစ်ခြင်းမေတ္တာများကြောင့် ဂျိမ်းစ်မှာ ရူးသွားမတတ်ပင်ဖြစ်ခဲ့ရသည် ။


" ကာလိုဒ်က ဘာလို့ငါ့ကိုအပြစ်တင်တာလဲဆိုတော့ ဂျိမ်းစ်ကိုကွာရှင်းဖို့ငါအကြံပေးခဲ့တယ်လေ ဒါပေမဲ့ ဂျိမ်းစ်မှာ မလုပ်နိုင်တဲ့အေကြာင်းပြချက်ခိုင်ခိုင်မာမာရှိတယ် သူတို့မိသားစုကုမ္ပဏီရဲ့အဓိကရှယ်ယာရှင်က လာဗီနာတို့မိသားစုဝင်တွေဘဲ မင်းလဲအသိလေ မိသားဝင်တွေထဲမှာကွာရှင်းတဲ့လူတွေကိုဘယ်တော့မှအသိအမှတ်ပြုတော့မှာမဟုတ်ဘူး...ဒါ​ကြောင့် ဂျိမ်းစ်က သည်းခံနေခဲ့တာ.. ကာလိုဒ် အတွက်ကတော့ သူမဆက်နေချင်လားကွာရှင်းချင်လားဆိုတာ သူမကိုယ်တိုင်တောင်ကွဲကွဲပြားပြားမဆုံးဖြတ်နိုင်ဘူးလေ.... ငါ ဂျိမ်းစ်အတွက်နစ်နာတယ်လို့ခံစားရတယ် "


လန်လင်းက သက်ပြင်းချကာ ပြောလိုက်သည် ။


" လူတိုင်းက ငါ့ကိုအပျော်အပါးအရမ်းမက်တယ်ပြောကြပေမဲ့ ငါအရက်သောက်ပြီးသောင်းကျန်းတာကလွဲရင် ဒရိတ်ခ် အပေါ်မဖောက်ပြန်ခဲ့ဖူးဘူး.... ငါ့လိပ်ပြာငါလုံတယ်...ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ဂျိမ်းစ်ကိုငါချစ်တယ် သူ့အတွက်စိတ်ချမ်းသာစွာနေနိုင်မဲ့ မိသားစုလေးတစ်ခုကိုဘဲရဖို့ငါမျှော်လင့်တယ် "


ပါကာက လက်ထဲမှကော်ဖီခွက်ကိုပင်ချမိမတတ်ဖြစ်သွားရ၏ ။


" နေ...နေပါဦး မင်းက မင်းညီမရဲ့ယောက်ျားအပေါ်ခံစားချက်တွေရှိနေခဲ့တာလား "


လန်လင်းက ညင်သာစွာပြုံးလိုက်လေ၏ ။


" ဟုတ်တယ်... ကာလိုဒ်သိသွားခဲ့ပြီးတော့ ငါကသူတို့ရဲ့အိမ်ထောင်ရေးကိုဖျက်ဆီးဖို့ကြိုးစားနေပါတယ်ဆိုပြီး တိုင်တောတယ်လေ... ငါ့အမေက ဘယ်လိုရှင်းပြချက်ကိုမှနားထောင်ချင်စိတ်မရှိဘဲ ငါက ဂျိမ်းစ်အတွက်စိတ်မကောင်းဖြစ်ရုံသပ်သပ်ပါ သူတို့ကငါ့ကိုဒရိတ်ခ်နဲ့လက်ထပ်ဖို့ အမြန်ဆုံးစီစဥ်ကြတော့တာဘဲ... ငါလက်ထပ်ပွဲကိုသဘောမကျခဲ့ပေမဲ့ စီးပွားရေးအခက်အခဲဖြစ်လို့မဖြစ်မနေ အကူအညီလိုအပ်တယ်ဆိုတဲ့ပုံစံနဲ့ ငါလက်ခံလာအောင်လုပ်ခဲ့ကြတယ်လေ... ငါချစ်ရတဲ့သူကနာကျင်ခံစားနေရတဲ့အချိန်မှာ ငါကိုယ်တိုင်လည်းသဘောမကျတဲ့အိမ်ထောင်ရေးကြီးထဲမှာပိတ်မိနေခဲ့တာ...ဒရိတ်ခ် ငါ့အပေါ်အရမ်းကောင်းမှန်းသိပေမဲ့လည်း လူတွေကသူတို့ချစ်တဲ့တစ်စုံတစ်ယောက်ကိုဘဲမျက်လုံးထဲမြင်ကြတာမဟုတ်လား ....မင်းသာဆိုရင်ရော မင်းချစ်ရတဲ့သူခံစားမှာကိုကြည့်ရက်မှာတဲ့လား "


ပါကာနှင့်လန်လင်းမှာ ခန္ဒာကိုယ်ချင်းဝိညာဥ်ကူးပြောင်းထားသည့်အပြင် မှတ်ဥာဏ်များကိုအပြန်အလှန်မြင်တွေ့ခဲ့ပြီး၍ အချင်းချင်း၏စိတ်ခံစားချက်အား နားလည်နိုင်ပေ၏ ။


" ဒရိတ်ခ်နဲ့ကလေးအပေါ်ငါမတရားခဲ့မှန်းသိပေမဲ့ ငယ်ရွယ်သေးတဲ့ငါ့ကိုယ်ငါမထိန်းချုပ်နိုင်ခဲ့ဘူး ဒရိတ်ခ် နဲ့ဆက်ဆံတဲ့အချိန်တိုင်းငါ့ကိုယ်ငါအရမ်းရွံရှာမိတာဘဲ ကလေးမွေးတဲ့အချိန်တုန်းကလည်း ငါကိုယ်တိုင်ဖခင်တစ်ယောက်ဖြစ်ဖို့အသင့်မဖြစ်သေးသလို ငါချစ်တဲ့လူအတွက်ဘဲကလေးမွေးဖွားပေးချင်ခဲ့တာ အရက်မသောက်တဲ့နေ့ဆိုရင် ငါသူ့ကိုဆက်သွယ်မိမှာကြောက်တယ် ငါ့ကြောင့်သူအခက်အခဲတွေပိုခံစားရမှာငါကြောက်တယ် သူတို့ပြောသလိုဘဲငါကလူကောင်းတစ်ယောက်မဟုတ်ခဲ့ပါဘူးလေ "


ပါကာက စကားဝိုင်းကိုလမ်းကြောင်းပြောင်းရန်ကြိုးစားလိုက်သည် ။


" မင်းရဲ့အခု ရည်းစားနဲ့ရောအဆင်ပြေလား "


" အိုး...ငါတို့လမ်းခွဲလိုက်ပြီ ငါသူ့ကိုတကယ်သဘောကျပေမဲ့ မချစ်နိုင်ဘူးလေ ပြီးတော့လဲအနေဝေးတဲ့ချစ်သူတွေအဖြစ်မနေနိုင်ဘူး "


" မင်းတို့က တစ်မြို့တည်းနေတာမဟုတ်ဘူးလား "


" နောက်ထပ်မဟုတ်တော့ဘူး ငါဒီကိုပြောင်းလာပြီးမုန့်ဆိုင်ဖွင့်မလို့ "


" ဘာကြီး! "


Xxxxxxx