Ch 3
Viewers 1k

အပိုင်း (၃.၁) အိမ်ထောင်စုဇယား အပြောင်းအလဲ

စုန့်ဝေဖျင်သည် စိတ်နှင့်ကိုယ်မကပ်ဘဲ အိမ်ပြန်ရောက်လာပြီး အဘွားဖြစ်သူ လှမ်းတားလိုက်ကာ

“ကောင်လေးဖျင်၊ ငါ့အထင်တော့ ရှောင်ကျောင်းက မိန်းမကောင်းလေးပါ၊ သူက နင့်ကို မြို့ကို အဖော်လိုက်ပေးဖို့ လာခေါ်တာတဲ့၊ ဒီတော့ နင်တို့တွေ တွဲနေကြတာလား၊ အ,လိုက်တဲ့ကောင်လေး၊ ဒါက ဝမ်းသာစရာပဲလေ၊ နင် ဘာလို့  အဘွားကို မပြောပြထားတာလဲ”

အဘွားစုန်သည် ဝမ်းသာစိတ်ဖြင့် တောက်ပနေတော့သည်။

“အိုက်ယိုး အိုက်ယိုး၊ ဒီလောက် ကောင်းတဲ့မိန်းကလေးကို၊ သူက ငါတို့မိသားစုက ဆင်းရဲတာကို မငြိုငြင်ဘဲ နင့်ကို လက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အဘွားလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေနိုင်ပါပြီ”

ခုနက ထမင်းစားချိန်တွင် ရွှီရှောင်ကျောင်းက သူမ၏ဘဝအတွေ့အကြုံကို မထိန်ချန်ဘဲ ရှင်းပြခဲ့လေသည်။ အဘွားစုန့်က တစိမ့်စိမ့်တွေးလိုက်ပြီး

“ရှောင်ကျောင်း ကလေးမလေးက ယန်ယန့်အဖေနဲ့ တကယ်တူတာပဲ၊ အထူးသဖြင့် အဲဒီ မျက်လုံးဝိုင်းလေးတွေလေ၊ သူ့အဖေ အစောကြီးဆုံးသွားတာ တစ်ခုပဲ၊ သူ့မှာ သူ့သမီးအရင်းကိုတောင် မမြင်နိုင်ခဲ့ဘူး၊ ရှောင်ကျောင်းရဲ့ အိမ်ထောင်စုစာရင်းက ငါတို့ရွာကို တကယ်ပြောင်းလာခဲ့ရင် သူကတော့ နောက်ပိုင်းကျရင် ခါးသီးမှုတွေ ခံစားရတော့မှာပဲ၊ ကောင်လေးဖျင်။ အခုအချိန်ကစပြီး ရှောင်ကျောင်းရဲ့ အလုပ်တွေကို ပိုပြီး ကူပေးလိုက်နော်၊ နားလည်လား”

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် ခများ အိမ်ပြန်ရောက်ရောက်ချင်း အဘွားစုန့် နားပူနာဆာ လုပ်နေသည်ကို မသိခဲ့ပေ။ သူမသည် ရေရှည် ထမင်းစားလက်မှတ်ပြဿနာကို သတိရှိရှိ ဖြေရှင်းခဲ့လေသည်။ စိတ်ကျေနပ်စွာဖြင့် သူမသည် အလုပ်လုပ်ချိန် မရောက်ခင် ပညာတတ်လူငယ်နေရာသို့ ရောက်လာတော့သည်။

သူမနှင့် အခန်းတူကြသည့် ကျိုးဖင့်ရှန်းနှင့် ဝမ်ကွေးယွဲ့တို့သည် အချိန်တော်တော်ကြာသည်အထိ စိုးရိမ်တကြီး စောင့်ဆိုင်းလာခဲ့ကြသည်။

“ရှောင်ကျောင်း၊ နင် ပြန်လာပြီ၊ ငါတို့မှာ စိတ်ပူလွန်းလို့ သေတော့မယ်”

ဝမ်ကွေးယွဲ့က လောကြီးတတ်သူဖြစ်သည်။

“နင် ဟန်ကွမ်းဟွေနဲ့ ပြတ်ပြီး အဲဒီ ဝံပုလွေပေါက် စုန့်ဝေဖျင်နဲ့ အတူတူနေဖို့ သွားလိုက်တာလို့ သူတို့အားလုံးက ဘာလို့ ပြောနေကြတာလဲ၊ မနေ့ညက နင့်ကို လာရှာတာ နင့်ညီမလေးလိုခေါ်တဲ့ တစ်ယောက် မဟုတ်ဘူးလား၊ နင်က ဘယ်လိုဖြစ်ပြီး စုန့်ဝေဖျင်နဲ့ ပတ်သက်သွားတာလဲ”

မူလခန္ဓာကိုယ်ပိုင်ရှင်သည် သိမ်မွေ့ပျော့ပြောင်းလေသည်။ သူမသည် တခြားသူများကို စေတနာအပြည့်နှင့် ဆက်ဆံတတ်သည်။ သူမ၏အခန်းဖော်နှစ်ယောက်တွင် ကျိုးဖင့်ရှန်းက အနည်းငယ် ရှက်တတ်ပြီး ကောက်ကျစ်သည့် စိတ်ထားမရှိပေ။ ဝမ်ကွေးယွဲ့ကတော့ တက်ကြွသည့် စိတ်နေသဘောထား ရှိသော်လည်း မကောင်းသည့် စိတ်ထား မရှိဘဲ အနည်းငယ် သဘေားထားသေးသည်။ သူတို့ထဲက တချို့လောက်ကသာ တော်တော်လေး အဆင်ပြေကြသည်။

ရွှီရှောင်ကျောင်းက လက်ခါပြလိုက်ပြီး ရေတစ်ငုံသောက်လုက်ပြီး အရင်ဆုံးမေးလိုက်၏။

“ငါ မနေ့ညက တစ်ညလုံး ပြန်မလာတာကို နင်တို့ ရွှီယန်ယန်ကို ပြောပြလိုက်တာလား”

ဝမ်ကွေးယွဲ့က ကျိုးဖင့်ရှန်းကို ဆွဲလိုက်ပြီး နှစ်ယောက်သားက ပြိုင်တူ ခေါင်းခါပြလိုက်ကာ

“ငါတို့ ဘာလို့ ပြောရမှာလဲ၊ ရွှီယန်ယန်က နင် အပြင်မှာ မသိတဲ့ယောက်ျားတစ်ယောက်နဲ့ အချိန်ဖြုန်းခဲ့တာကို ပေါက်ကရပြောနေတာ ကြားတုန်းကတောင် သူ့ပါးစပ်က နောက်ချေးအပြည့်နဲ့မှန်း ငါတို့တွေ သိထားတာပဲ၊ ငါတို့က သူ့စကားတွေ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ၊ ငါတို့က နင် အစောကြီးထပြီး အပြင်သွားလိုက်တယ်လို့ပဲ ပြောလိုက်တာ၊ ငါက ဘယ်လိုလုပ်ပြီး နင့်လောက် အ,မှာလဲ၊ ငါ နင့်ကို အစောကြီးကတည်းက ပြောခဲ့သားပဲ၊ အဲဒီမျက်နှာနှစ်ဖက်နဲ့ ရွှီယန်ယန်က စိတ်ကောင်း မရှိပါဘူးဆို၊ နင့်မှာရှိသမျှ ပစ္စည်းကောင်းတွေကို သူ့ကို ပေးရလောက်အောင် နင်က အ,တာလေ၊ နင်က သူ့ကို ညီမလေးတစ်ယောက်ကို ဆက်ဆံပေမဲ့ သူက နင့်ကို ရန်သူတစ်ယောက်လို ဆက်ဆံနေတာ”

ထိုပစ္စည်းကောင်းတွေသည် အရင်က သူမပိုင် ပစ္စည်းများ ဖြစ်ခဲ့သည်မှာ အသိသာကြီးပငိ။ သို့သော်ငြား သူမက ရွှီယန်ယန်ကို အသိအမှတ်ပြုပေးလိုက်ပြီးကတည်းက သူမတွင် ဘာဝေစုမှ မရှိတော့ပေ။

ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး သူမ၏အံဆွဲထဲက နို့ချိုချဉ်နည်းနည်းကို ထုတ်လိုက်ကာ သူတို့နှစ်ယောက်ကို ဝေပေးလိုက်လေသည်။

"ဒီတစ်ခါတော့ ငါ သူ့မျက်နှာအစစ်ကို တွေ့ခဲ့ပါပြီ"

သူမက မနေ့ညက အိမ်ပြန်မလာခဲ့သည့် အကြောင်းအရင်းကို အကျဉ်းချုပ်ပြီး ပြောပြလိုက်၏။ ထို့နောက်တွင် သူနက ရွှီယန်ယန်နှင့် ဟန်ကွမ်းဟွတို့၏ ကျိတ်ပုန်းခုတ်နေသည့်အကြောင်းကို အသားပေးပြောပြလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ထိုကိစ္စက ချက်ချင်း အာရုံစိုက် ခံလိုက်ရတော့သည်။

ကျိုးဖင့်ရှန်းက အလွန်အံ့ဩသွားပြီး

"တကယ်လား၊ ဒီ ဒီရွှီယန်ယန်က မျက်နှာမလိုချင်တော့ဘူးပေါ့၊ ပြီးတော့ နင့်မှာ သူ့အပေါ် အရမ်း ကောင်းပေးခဲ့တာကိုလေ၊ တစ်နည်းပြောရရင် ဟန်ကွမ်းဟွေကို သူ့ခဲအိုလို့ သတ်မှတ်ရမှာပဲ"

မူလက သူတို့နှစ်ယောက်သည် ရွှီရှောင်ကျောင်းကို ဟန်ကွမ်းဟွေနှင့် လမ်းမခွဲဖို့ နားချချင်ခဲ့ကြသည်။ သို့သော် ထိုစကားကို ကြားလိုက်ပြီးနောက်တွင်တော့ ဟန်ကွမ်းဟွေမှာ လူယုတ်မာတစ်ယောက် ဖြစ်သွားတော့သည်။

ဝမ်ကွေးယွဲ့က တစိမ့်စိမ့်တွေးလိုက်ပြီး

"ဒါဆိုရင် ရှောင်ကျောင်း နင် ဟန်ကွမ်းဟွေနဲ့ လမ်းခွဲချင်ရင် လမ်းခွဲပစ်လိုက်တော့၊ ဒါပေမဲ့ စုန့်ဝေဖျင်နဲ့လည်း မတွဲနဲ့၊ နင် သူ့ကို ကြိတ်ကြွေနေတာလား" 

စုန့်ဝေဖျင်က တော်တော်လေး ချောတဲ့သူဆိုတာ သိပါတယ်။ ဒါပေမဲ့ သူက အေးတိအေးစက်နဲ့ ဘယ်သူ့ကိုမှလည်း ပြန်မပြောတတ်ဘူး။  ပိုဆိုးတာက သူ့မိသားစုက ဆင်းရဲတယ်၊ အရူးတွေပဲ သူနဲ့ တွဲမှာ”

သည်နေ့တွင် တချို့လူများက အလုပ်နေရာအတွက် အတူတူ သတင်းလာပို့ကြသည်။ လမ်းတွင် ရွှီရှောင်ကျောင်းသည် နေရာတိုင်းက စူးစမ်းသည့် အကြည့်နက်နက်များအောက်တွင် မလှုပ်မယှက်ပင်။ သူမက တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်ကာ

"စုန့်ဝေဖျင်က လူကောင်းတစ်ယောက်ပါ"

ဝမ်ကွေးယွဲ့က ' နင်ဟာလေ ဘာလို့များ ထပ်ပြီး နုံအနေပြန်တာလဲ' ဟူသည့် မျက်နှာထား ဖြစ်သွားတော့သည်။

"နင်က ကေဒါတစ်ယောက်ရဲ့ သမီးနော်၊ နောက်ပိုင်းကျရင် နင်က သေချာပေါက် မြို့ကို ပြန်ရမှာပဲ၊ ဆင်းရဲသားကောင်လေးတစ်ယောက်နဲ့ ဘာလို့ ပတ်သက်နေတာလဲဟာ၊ နင် နောက်ထပ်လက်တွဲဖော် ရှာချင်တာဆိုရင်တောင် လုပ်ရည်ကိုင်ရည်ရှိတဲ့လူငို ရှာရမှာပေါ့"

စုန့်ဝေဖျင်လို လူမျိုးကတော့ နောက်အနှစ် ၂၀နေရင်လည်း ရွှံ့ပေနေတဲ့ခြေထောက်ပဲ ဆက်ဖြစ်နေအုံးမှာပဲ။ (လယ်သမားပဲ ဖြစ်နေမှာ)

ရွှီရှောင်ကျောင်းက ဇာတ်ကြောင်းကို သိ‌ထားလေရာ။

"ဘာကေဒါတစ်ယောက်ရဲ့ သမီးတုန်းဟာ၊ သိပ်မကြာခင်တုန်းက အဲကိစ္စကို နင်လည်း မျက်လုံးနဲ့ သေချာမြင်ခဲ့တာပဲ၊ ရွှီယန်ယန်က ငါ့အမေတဲ့ တစ်ရုပ်ထဲပဲ၊ အမေက တော်တော်လေး ဝမ်းနည်းနေတာ၊ အခု သူ ပြန်ရောက်သွားရင် ရွှီယန်ယန်ရဲ့ အိမ်ထောင်စုစာရင်းကို အဆက်အသွယ်ရှာပြီး မြို့ကို ပြောင်းပေးပြီးရင် သူ့ကို ပြန်‌ခေါ်သွားမှာ သေချာတယ်၊ ငါကတော့လား"

မူလခန္ဓာကိုယ်ရဲ့ဘဝမှာ တကယ်တော့ မိဘကံ မပါခဲ့ဘူးလေ။ သူမက ကေဒါကလေးတစ်ယောက်။ သူမရဲ့အသားအရေက ဖြူပြီး သူမရဲ့အလှတရားကလည်း လူပြောများခဲ့တယ်။ ဒါပေမဲ့ တစ်ခါက သူမရဲ့အဖေက ကဝေမတစ်ယောက်နဲ့ တူတယ်လို့ ပြောကြတဲ့ မိန်းမတစ်ယောက်နဲ့ မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိလာတော့ သူမရဲ့အမေက သူမရဲ့ရုပ်ရည်ကို မုန်းသွားခဲ့တယ်။ အမေကဆိုရင် သူမကို တစ်ချက် ကြည့်လိုက်တာနဲ့ ကျောက်မိသားစုနဲ့  မတူအောင် ဘယ်လောက်တောင် မတင့်တယ်လိုက်သလဲဆိုပြီး အမြဲတမ်း မှတ်ချက်ပေးနေခဲ့တာ။ ဒါက မူလခန္ဓာကိုယ်ပိုင်ရှင်ကို ကိုယ့်ကိုယ်ကိုယ် လေးစားမှု ကျသွားစေပြီး သူမရဲ့ သတို့သားလောင်း ဟန်ကွမ်းဟွေကို အားကိုးရာတစ်ယောက်လို မြင်လာတော့တာပဲ။ ဒါကပဲ နောက်ဆက်တွဲဝမ်းနည်စရာကို ဦးတည်သွားစေခဲ့တာ။

ဒီတစ်ခါတော့ ကလေးမှားပြီး ခေါ်ပြန်လာခဲ့တဲ့အကြောင်း သိသွားကြတယ်။ ပြီးတော့ ရွှီယန်ယန်ကလည်း မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေလိုပဲ ပျော့ပြီး အားနည်းတဲ့ရုပ်ခံ ရှိတယ်။ ဒီလိုနဲ့ပဲ မူလခန္ဓာကိုယ်ပိုင်ရှင်ကို ကျောက်မိသားစုရဲ့မျက်လုံးထဲမှာ လုံးဝမမြင်တော့ဘူး။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ရွှီရှောင်ကျောင်းသည် ထပ်ပြီး ဒေါသထွက်လာတော့သည်။ သူမက ခေါင်းထဲက အတွေးများကို ခါထုတ်လိုက်ပြီး သူမရှေ့တွင် ရှိနေသည့်အရာ ပြီးအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ မနက်ဖြန် စုန့်ဝေဖျင်က သူမ မြို့တက်ပြီး စျေးဝယ်ဖို့ရယ် မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေအရင်းနဲ့ တွေ့ဖို့ရယ် အဖော်လိုက်ကူမယ်တဲ့။

ရွှီယန်ယန်ရဲ့မိသားစုက မုဆိုးမအမေနဲ့ ဆယ်ကျော်သက်အရွယ် မောင်လေးတစ်ယောက်ပဲ ကျန်တော့တာ။ မူလစာအုပ်ထဲမှာတော့ ရွှီယန်ယန်နဲ့ ဟန်ကွမ်းဟွေတို့က မြို့ကို ပြန်သွားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်က မြစ်ထဲခုန်ချသွားခဲ့တယ်။ သားအမိတတွေရဲ့ ဘဝက ခက်ခဲခဲ့တယ်။ နောက်ပိုင်း မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မောင်လေးက နေမကောင်းဖြစ်ပြီး ဆေးမှားထိုးခဲ့မိတဲ့ပုံပဲ။ ဒါနဲ့ သူ့အကြားအာရုံ ဆုံးရှုံးသွားခဲ့တယ်။ ငါက ဒီနေရာကို ရောက်လာပြီဆိုတော့ ဒီအတိုင်းထိုင်ပြီး ဘာမှမလုပ်ဘဲ မနေနိုင်တော့ဘူး။

ကောင်းမှုတစ်ခုလုပ်တယ်လို့ပဲ မှတ်ရမှာပဲ။

ရွှီရှောင်ကျောင်းသည် အနာဂတ်တွင် သူမ၏ကေဒါမိဘများကို ဆုံးရှုံးရတော့မည်ကို စဥ်းစားမိလိုက်ပြီး ကျိုးဖင့်ရှန်းက သူမအတွက် စိုးရိမ်သွားတော့သည်။ သို့သော် ဝမ်ကွေးယွဲ့၏ ပူပန်မှုကတော့ ပီတိဖြစ်နေသည့် အရိပ်တစ်ခုကို ဆောင်ထားလေသည်။ သူတို့သည် လယ်ကွင်းသို့ ရောက်လာချိန်တွင် သူတို့သုံးယောက်သည် ကိုယ်စီ ပေါက်ပြားကို ကိုင်လိုက်ကြပြီး လယ်ကွင်းဖက်သို့ စတင် လှည့်လိုက်တော့သည်။ သူမက ရွှီရှောင်ကျောင်းကို နှစ်သိမ့်ပေးလိုက်၏။

“နင်က နှစ်နှစ်ဆယ်လောက် သူတို့သမီးဖြစ်ခဲ့တာပဲ၊ နင့်အမေက ဘယ်လိုလုပ်ပြီး အဲလောက် ရက်စက်မှာလဲ၊ အချိန်တန်ရင် ငိုယိုပြီး သောင်းကျန်းပြလိုက်၊ ဘာပဲဖြစ်ဖြစ် နင် ကျောက်မိသားစုမှာပဲ နေပြီး ယန်ယန်ကို ရွံစရာကောင်းအောင် နေ့တိုင်းလုပ်ရမယ်”

ရွှီရှောင်ကျောင်းက နှုတ်ဆိတ်ကာသာ နေလိုက်သည်။ ငါက အဲဒီရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေနဲ့ မပတ်သက်ချင်ပါဘူး။ အခုချိန်ကစပြီး စုန့်ဝေဖျင်ကပဲ ငါ အာရုံစိုက်ရမဲ့ အလုပ်ဖြစ်လာလိမ့်မယ်။

အခုက ၁၉၇၆ခုနှစ်ပဲ။ ကောလိပ်ဝင်ခွင့် စာမေးပွဲက နောက်နှစ်မှာ ပြန်ခေါ်လိမ့်မယ်။ တစ်နှစ်နေပြီး နောက်တစ်နှစ်လောက်ဆိုရင် စီးပွားရေး လုပ်နိုင်တော့မယ်။ ငါက ကောလိပ်ဝင်ခွင့်စာမေးပွဲကို စိတ်မဝင်စားပါဘူး။ တစ်နှစ်ကျော်ကျော်လောက်အထိကတော့ ငါအာရုံစိုက်ရမဲ့အလုပ်က စုန့်ဝေဖျင်နဲ့ ကောင်းမွန်တဲ့ တွဲဖက်ဆက်ဆံရေးတည်ထောင်ဖို့ပဲ။ စုန့်ဝေဖျင် လုပ်ငန်းစလုပ်တဲ့အချိန်ကျရင် ငါက နည်းလမ်းပြ လိုတာတွေထောက်ပြပေးဖို့ ပါးစပ်ပဲ လှုပ်ရင်ရပြီ။ ဒါမှ ငါလည်း စောစာစီးစီး အနားယူနိုင်မှာလေ။

... 

အပိုင်း (၃.၂)

အိုး အခုလောလောဆယ်တော့ ငါ အလုပ်လုပ်ရအုံးမှာပဲ။ လုပ်ငန်းကိစ္စကို နောက်ဆုတ်ထားလိုက်မယ်။ အရေးကြီးဆုံးက စုန့်ဝေဖျင်က ငါ့အတွက် အလုပ်လုပ်ပေးမဲ့ နည်းလမ်းတစ်ခုရှာဖို့ပဲ။

ရွှီရှောင်ကျောင်းသည် နည်းနည်းပါးပါး လှုပ်ရှားမှုလေးတွင် နီရဲသွားသည့် သူမ၏လက်ဖဝါးကို ကြည့်လိုက်လေသည်။ သူမက စိတ်ထဲမှာ ရေရွတ်လိုက်၏။ အခုနေ တစ်ခုခု ဖြစ်သွားရင် ငါ ဆက်ပြီး အလုပ်လုပ်စရာ မလိုတော့ဘူး။

“ရဲဘော်ကျောက်ရှောင်ကျောင်း၊ နင့်အမေ ရောက်နေတယ်၊ ရွာအထွေထွေဌာနခွဲမှာ။ နင့်ကို လာခဲ့လို့ပြောတယ်”

အဝေးတစ်နေရာမှ ရွာသားတစ်ယောက်က သည်ဘက်ခြမ်းကို လှမ်းအော်လိုက်လေသည်။

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏မျက်လုံးများက လင်းလက်သွားတော့သည်။

ဒါပဲလေ။

ရွှီရှောင်ကျောင်းက သူမ၏ပေါက်ပြားကို မချရသေးခင်မှာပင် ကျိုးဖင့်ရှန်းက စိုးရိမ်တကြီး သူမလက်ကို လှမ်းဆွဲလိုက်ကာ

“ရှောင်ကျောင်း ဧကန္တ နင့်အမေ ဒီကိုရောက်လာတာ ရွှီယန်ယန် အတွက်လား၊ မသွားနဲ့”

ဝမ်ကွေးယွဲ့က သက်ပြင်းချလိုက်ပြီး

“နင် မသွားရင်တောင် ထွက်ပြေးလို့တော့ မရဘူးလေ၊ ရှောင်ကျောင်း၊ ငါ ပြောသလိုသာလုပ်၊ တကယ်ပဲ အိမ်ထောင်စုစာရင်း ကိစ္စဆိုရင် ငိုယိုပြီး သောင်းကျန်းပစ်လိုက်၊ ရွှီယန်ယန်လိုချင်တာကို ဒီအတိုင်း မပေးလိုက်နဲ့”

ရွှီရှောင်ကျောင်းက သူတို့နှစ်ယောက်ကို အာမခံသည့်အကြည့်တစ်ခုနှင့် ကြည့်လိုက်ပြီး

“စိတ်မပူနဲ့၊ ငါ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်၊ နင်တို့တွေသာ အလုပ်ဆက်လုပ်လိုက်ကြ”

အလုပ်လုပ်မှပဲ အလုပ်ရမှတ်တွေ ရမှာလေ။ အလုပ်ရမှတ်ရှိမှ သူတို့တွေ အစားအသောက် ရနိုင်မှာ။ အရေးတကြီး အကြောင်းအရင်း မရှိရင် ဘယ်သူကမှ အလုပ်မပျက်ချင်ကြဘူး။ ပြီးတော့ ဒါက ကိုယ်ရေးကိုယ်တာကိစ္စ။ သူတို့နှစ်ယောက် ကြားဝင်လို့လည်း မလွယ်ဘူးလေ။ ဒီတော့ သူတို့တွေက ရွှီရှောင်ကျောင်း တစ်ယောက်ထဲက လျှောက်ပြီး ထွက်သွားတာကိုပဲ ကြည့်နေနိုင်တော့တာပေါ့။

ရွှီရှောင်ကျောင်းသည် ရွာကော်မတီက ဘယ်နေရာတွင် ရှိမှန်း မသိသဖြင့် လမ်းတွင် တွေ့သည့် လူတစ်ယောက်ကို မေးပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့လေသည်။

“အမေ သမီး အစ်မရှောင်ကျောင်းကို ဂရုမစိုက်တာ မဟုတ်ပါဘူး၊ ကိုကိုကွမ်းဟွေက  အရမ်းဒေါသထွက်သွားတာ၊ သူ၊ သမီး ၊ သမီးတို့.....”

အခန်းထဲမဝင်ခင် ရွှီရှောင်ကျောင်းသည် ခြံထောင့်တွင် ရွှီယန်ယန်က မူလခန္ဓာကိုယ်ပိုင်ရှင်၏ မွေးစားအမေ ချန်ဟောက်မေကို မှီကာ အထစ်ထစ် အငေါ့ငေ့ါပြောနေသည်ကို မြင်လိုက်ရပြီး သည်စကားများ ထွက်လာလေသည်။

ဒီကိစ္စကို စဥ်းစားစရာတောင် မလိုဘူး။ ရွှီယန်ယန်က ငါ့အပေါ် ရေဆိုးတွေ လောင်းချနေတာပဲ ဖြစ်ရမယ်။ ဟန်ကွမ်းဟွေနဲ့ ဖောက်ပြန်ခဲ့တဲ့ ကိစ္စကိုတော့ သူမက အမည်းကို အဖြူဖြစ်အောင် ပြောင်းနိုင်တယ်လေ။

ရွှီရှောင်ကျောင်းကို တွေ့လိုက်သည်တွင် ရွှီယန်ယန်က စကားမပြောတော့ဘဲ ချန်ဟောက်မေ၏ နောက်တွင် ကြောက်လန့်တကြား ပုန်းနေလိုက်သည်။

ချန်ဟောက်မေသည် ရွှီရှောင်ကျောင်းကို တွေ့လိုက်ရသောအခါ မျက်နှာပျက်သွားကာ

“ဆိုးလိုက်တဲ့ အပြုအမူပဲ၊ နင် လုပ်ခဲ့တာတွေကို ပြန်ကြည့်အုံး”

ရွှီရှောင်ကျောင်းက စိတ်ရှုပ်ခံပြီး သူမကို တစ်ချက်ပင် မကြည့်လိုက်ဘဲ

“ကျွန်မဆီက ဘာလိုချင်တာလဲ၊ တကယ်လို့ မရှိဘူးဆိုရင် ပြန်တော့မယ်”

ချန်ဟောက်မေက ထပ်ပြီး ဆူဆဲချင်လိုက်သော်လည်း ပြန်မျိုသိပ်ထားလိုက်ရသည်။ အခန်းထဲတွင် လူများ စောင့်နေသည်ကို စဥ်းစားမိလိုက်ပြီး သူမက နှာခေါင်းရှုံ့လိုက်ကာ

“ဝင်သွား၊ နင်က သိပ်ကို ဘဝင်မြင့်ပြီး ငါတို့အားလုံးကို နင့်ကို စောင့်ခိုင်းထားတာပဲ”

သေချာပါသည်။ အခန်းထဲတွင် လူနည်းနည်းသာ ရှိသည်။ ဌာနခွဲအထွေထွေစာရေး၊ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမေ၊ ချန်ဟောက်မေ၏ သားနှင့် ချွေးမ နှင့် ဟန်ကွမ်းဟွေတို့ပင်။ သူတို့တွေ သည်နေရာကိုရောက်လာခြင်းက ဝေဖန်စကားများ မထွက်လာစေရန်ဖြစ်တော့သည်။

“ကိုကိုဝေဖျင်၊ ကိုကို ဘာလို့ ဒီကိုရောက်နေတာလဲ” စုန့်ဝေဖျင်က ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူးလေ။ ဒါနဲ့ သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။

ဌာနခွဲအထွေထွေစာရေးက အသာအယာ ချောင်းဟန့်လိုက်ပြီး

“ရဲဘော်ရှောင်ကျောင်း၊ ကိစ္စကတော့ အိမ်ထောင်စုဇယား ပြောင်းဖို့ပဲ၊ အသေးအဖွဲကိစ္စ မဟုတ်ဘူး၊ ဒါကြောင့် ငါက ဟန်ကွမ်းဟွေနဲ့ စုန့်ဝေဖျင်တို့ကို မျက်မြင်သက်သေအနေနဲ့ ခေါ်ထားတာ”

အမှန်တွင်တော့ စောစောက စုန့်ဝေဖျင်သည် မနက်အလုပ်အတွက် ခွင့်ယူရန် လုံခြုံရေးဌာနသို့ လာခဲ့ခြင်းပင်။ ကိစ္စပြီးသွားသည့်နောက် စုန့်ဝေဖျင်က ခြံထဲသို့ လှမ်းထွက်လိုက်သည်နှင့် ချန်ဟောက်မေက သား၊ ချွေးမနှင့် ငိုယိုနေသည့် ရွှီယန်ယန်တို့ လာနေကြတာကို တွေ့လိုက်ရသည်။ တလမ်းလုံးက သူမက ‘မျက်လုံးဖြူဝံပုလွေမ’ အရှက်မကိုမရှိဘူး’ စသည်ဖြင့် ဆဲရေးတိုင်းထွာလာခဲ့သည်။

စုန့်ဝေဖျင်က ခဏရပ်လိုက်၏။ ခေါင်းကို ပြန်လှည့်ကြည့်လိုက်ပြီး သူလည်း ခြံဝင်ထဲသို့ လိုက်ဝင်လာခဲ့တော့သည်။ ချန်ဟောက်မေ၏ ဆဲရေးတိုင်းထွာနေသည့်စကားများက သူ့စူးရှပြတ်သားသည့် အကြည့်အောက်တွင် တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် သူက မျက်မြင်သက်သေတစ်ယောက် လုပ်ပေးချင်သည်ဟု ပြောလိုက်တော့သည်။

ဌာနခွဲအထွေထွေစာရေးက စုန့်ဝေဖျင်၏အိမ်တွင် ဖြစ်ခဲ့သည့်အကြောင်းများကို သိထားပြီး ဖြစ်လေသည်။ ထို့နောက်တွင် နောက်ကလိုက်လာပြီး ရွှီယန်ယန်ကို ကာကွယ်ပေးသည့် အမူအရာ ဖြစ်နေသည့် ဟန်ကွမ်းဟွေကို တွေ့လိုက်ရသည်။ ကျောက်ရှောင်ကျောင်းက စိတ်သဘောထား နူးညံ့သည်ကို သတိရသွားပြီး သူက မငြင်းတော့ဘဲ ခေါင်းညိတ်ပေးလိုက်တော့သည်။

ယန်ယန်ရဲ့အမေက အလိုက်သင့်နေတတ်ပြီး အကောင်းမြင်တတ်တဲ့ အကျင့်စရိုက်ရှိတယ်။ သူမက သူမရဲ့သမီးအရင်းကို သေချာပေါက် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ စုန့်ဝေဖျင်ကို စောင့်ကြည့်ခိုင်းဖို့ နေခိုင်းထားတာပဲ ကောင်းပါတယ်။

ချန်ဟောက်မေသည် စုန့်ဝေဖျင်ကို မည်သူမှန်း သိလိုက်ပြီးကတည်းက သူမ၏မျက်လုံးထဲတွင် သူ့ကို အမြင်မကြည်တော့ပေ။ ရွှီရှောင်ကျောင်းက လျှောက်သွားပြီး သူ့ဘေးတွင် ရပ်လိုက်သည်ကို တွေ့လိုက်ရတော့ သူမမှာ သွေးနားထင် မရောက်ဘဲ မနေနိုင်တော့ပေ။ သူမက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး ဌာနခွဲအထွေထွေစာရေးကို အခြေအနေကို ရှင်းပြလိုက်တော့သည်။

“စာရေးကြီး ရှင် အခြေအနေကို သိပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မ ပြန်သွားတုန်းက စစ်ဆေးဖို့ ဆေးရုံကို သွားခဲ့သေးတယ်၊ အဲဒီတုန်းက ကျွန်မတို့ ခုတင်တွေက ဘေးချင်ယှဥ် ကပ်လျက်ပဲ၊ ကျွန်မတို့ယန်ယန်ကို မှားပြီးခေါ်သွားတာ၊ ဒီတစ်ခါတော့ ကျွန်မက ကလေးရဲ့အိမ်ထောင်စုစာရင်းကိစ္စ ရှင်းချင်တယ်”

သူမက ပြောရင်းဆိုရင်း ရင်နာလာလေသည်။ သူမသည် ရွှီယန်ယန်က မည်မျှဒုက္ခရောက်ခဲ့ကြောင်းကို ဆက်တိုက်ဆိုသလို ပြောဆိုနေတော့သည်။ ရွှီရှောင်ကျောင်းက မျက်နှာသေဖြစ်နေသည့် စုန့်ဝေဖျင်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်၏။ သူမ၏တံတောင်ဖြင့် သူ့ကို အသာအယာ တွတ်ထိုးလိုက်ပြီး သူမက ခပ်တိုးတိုး မေးလိုက်တော့သည်။

“စုန့်ဝေဖျင် နင် ဒီနေရာကို သပ်သပ်လာခဲ့တာလား”

စုန့်ဝေဖျင်က ခေါင်းလှည့်ကြည့်လိုက်တော့ ပျော်နေသည့် အရိပ်အယောင်တစ်ခု ပါနေသည့် သူမ၏ လွတ်လပ်ပေါ့ပါးသည့် မျက်လုံးများကို တွေ့လိုက်ရလေသည်။ အကြောင်းကြောင်းကြောင့် သူ့နှလုံးသားထဲတွင် အမည်မသိခံစားချက်တစ်ခုက ခပ်ရေးရေး ပေါ်လာပြီး

“မဟုတ်ဘူး”

“ပါတီစာရေးကြီးက နင့်ကို ဒီကို ခေါ်ထားတာတော့ မဖြစ်နိုင်ပါဘူး”

ရွှီရှောင်ကျောင်း၏စိတ်အခြေအနေသည် စုန့်ဝေဖျင်ကို တွေ့လိုက်ရကတည်းက ပိုကောင်းသွားခဲ့သည်။ စုန့်ဝေဖျင် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာဖြစ်မလဲ။ အချင်းချင်း ကူညီပေးမဲ့ အခန်းဖော်တွေရဲ့ ပူးပေါင်းမဲ့အစီအစဥ်က ပထမဆုံးခြေလှမ်း လှမ်းလိုက်ပြီးဆိုတဲ့ သဘောပဲပေါ့။

“ငါ့ကို လာအားပေးလို့ ကျေးဇူးပဲနော်၊ စိတ်မပူနဲ့၊ နောက်ဆိုရင် တခြားသူတွေရှေ့မှာ နင့်ကို ပိုပြီးလေးစားစရာ ဖြစ်အောင် လုပ်ပေးမယ်”

ဟန်ကွမ်းဟွေသည် သည်နေ့ အစောကြီးကတည်းက သူ့အတွက် ဘာမှ ချောချောမွေ့မွေ့ ဖြစ်နေဟု ခံစားနေရသည်။

မနက်အစောကြီး ရွှီယန်ယန် သူ့ဆီရောက်လာပြီး ကျောက်ရှောင်ကျောင်းက စုန့်ဝေဖျင်အိမ်မှာ ညအိပ်တဲ့အကြောင်း လာပြောတယ်လေ။ သူကတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ကျောက်ရှောင်ကျောင်းက စုန့်ဝေဖျင်ရဲ့အိမ်ထဲက ထွက်လာတာကို မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရတယ်လေ။ သူတို့တွေက လက်ပူးလက်ကြပ်မိတာတော့ မဟုတ်ပေမဲ့ သူ့သတို့သမီးလောင်း ကျောက်ရှောင်ကျောင်းက ညစ်ပတ်သွားပြီလို့ ခံစားလိုက်ရတယ်။ ချက်ချင်းပဲ အတွေးတွေ အများကြီး စိတ်ထဲ ရောက်လာခဲ့တယ်။ သူက ရွံရှာတယ်ဆိုရင်တောင် ကျောက်ရှောင်ကျောင်းကို လက်ထပ်နိုင်ပါတယ်။ ဒီကိစ္စကို အာမခံတစ်ခုအနေလည်း အသုံးချနိုင်မယ်လေ။ သူက ရွှီယန်ယန်နဲ့ တိတ်တိတ်လေး ချစ်ကြိုက်ခဲ့တယ်ဆိုရင်တောင် ကျောက်ရှောင်ကျောင်း သိသွားလည်း သူ့ကို ပြဿနာလာရှာမှာ မကြောက်ပါဘူး။ နောက်ပိုင်းကျရင် သူ့ရင်ခွင်ထဲမှာ မိန်းမနှစ်ယောက်ကို ထည့်ထားရတော့မယ်လို့ စဥ်းစားကြည့်လိုက်တော့ သူက နည်းနည်းတောင် ဝမ်းသာသွားသေးတယ်။

ဒါပေမဲ့ ရလဒ်က။

ကျောက်ရှောင်ကျောင်းက သူနဲ့ ရွှီယန်ယန်ကြားက ကိစ္စကို စကားနည်းနည်းလေးနဲ့ သေချာရှင်းပြသွားခဲ့တယ်လေ။ ကျောက်တုံးအောက်က ရည်းစားက အရင်တည်းက ဆွေးသွားခဲ့ရမှာ။ ဒါပေမဲ့ သစ်ပင်အခေါင်းပေါက်ထဲက ဆံပင်ကိုတော့ ထုတ်ယူလို့ မရလောက်ပါဘူး။ ရွှီယန်ယန် အရမ်းဉာဏ်နည်းလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့တာပါ။ သူမက သူတို့ရဲ့ လျှို့ဝှက်ကိစ္စတွေ အများကြီး စာနဲ့တောင် ချရေးထားပြီး စာရွက်ခေါက်ကို သစ်ပင်ကြီးရဲ့ အခေါင်းပေါက်ထဲ ပစ်ထည့်ထားခဲ့တယ်တဲ့လေ။ သူက သူမကို နမ်းခဲ့တဲ့အကြောင်း သူတို့နှစ်ယောက် ပြောင်းခင်းထဲမှာ လွန်ကျူးခဲ့ကြတဲ့အကြောင်းတွေတောင် ထည့်ရေးထားလိုက်သေးတယ်။ မျှတတဲ့ သမာဓိရှင်တစ်ယောက်သာ အဲဒါတွေကို ထုတ်ယူပြီး အော်ဖတ်ပြလိုက်လို့ကတော့။ သူမှာ မျက်နှာပျက်ရမဲ့အပြင် မှားခဲ့တဲ့သူက သူဖြစ်လာအုံးမယ်။

ဒီအချိန်မှာ နှစ်ယောက်သားက အချင်းချင်းကပ်ပြီး စိတ်ချမ်းချမ်းသာသာနဲ့ စကားပြောနေတာ မြင်ရတော့ သူ့မှာ ပေါက်ကွဲတော့မလိုကို ခံစားရတယ်။ ဒီလောက်လှပတဲ့လူတစ်ယောက်က သူ့သတို့သမီးလောင်းဆိုတာ ရှင်းနေတာပဲလေ။ ကျောက်ရှောင်ကျောင်းက အရင်တုန်းက အရမ်းကို ရှက်တတ်ပြီး သူတို့နှစ်ယောက်ဆို လက်တောင်မကိုင်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခုကျတော့ သူမက ဘာလို့ ဂနာမငြိမ်ဘဲ စုန့်ဝေဖျင်က လက်ခံရတဲ့သူဖြစ်နေတာလဲ။

ချန်ဟောက်မေ၏ အားပေးစကားနှင့်တင် ရွှီယန်ယန်သည် ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်လိုက်လေသည်။ ဟန်ကွမ်းဟွေ၏မျက်လုံးများက ကျောက်ရှောင်ကျောင်းကို ကြည့်နေသည်ကို တွေ့လိုက်ရချိန်တွင် သူမ၏နှလုံးသားက တင်းကြပ်သွားတော့သည်။ ကိုကိုကွမ်းဟွေက သူမရဲ့ပိုင်တဲ့သူ။ သူမ သူ့ကို မလွှတ်ပေးနိုင်ဘူး။

“အမေ၊ ထပ်မပြောပါနဲ့တော့၊ အစ်မရှောင်ကျောင်း မမှားပါဘူး၊ ကံပါပဲ၊ အိမ်ထောင်စုစာရင်းကို မပြောင်းနဲ့တော့နော်၊ သမီးလည်း ဒါကို ဒီနှစ်တွေမှာ နေသားကျနေပါပြီ”

...