အခန်း (၆၁) – ဒါကို
တကယ်စားလို့ရတာလား
ကျီကျောက်သည် စွပ်ပြုတ်အေး ပန်းကန်
တစ်လုံးစာ လောင်းထည့်ပြီး အရသာကောင်းမွန်သော ဆော့စ်တစ်ခု ပြုလုပ်ရန် ငရုတ်ဆီ၊
ပဲငံပြာရည်နှင့် ငရုတ်သီးတို့ကို ထည့်လိုက်သည်။
ကျီကျောက်သည် အရသာမှန်ကန်ကြောင်း
သေချာအောင် ဆော့စ်ထဲကို တူနှစ်ပြီး အရသာမြည်းစမ်းကြည့်လိုက်သည်။ ထို့နောက် သူမသည်
ချက်ပြုတ်ပြီး အအေးခံထားသည့် အမဲသားနှင့် အမဲအူများကို လှီးဖြတ်လိုက်သည်။
ဒါတွေကို လှီးဖြတ်ပြီးတော့
ပန်းကန်တစ်ခုပေါ် ထားပြီးနောက် အပေါ်မှ မရောနိစ်ကို လောင်းထည့်ကာ ကောင်းစွာ
မွှေပေးပြီး နှမ်းဖြူစေ့နှင့် နံနံပင် အနည်းငယ်တို့ကို ဖြူးထည့်လိုက်သည်။
“အမေ ဒီဟင်းကိုရော
မြည်းစမ်းကြည့်ချင်သေးလား” ကျီကျောက်က မျှော်လင့်စောင့်စားနေသော အကြည့်တွေဖြင့်
ကျောက်လန်ဟွာထံသို့ တူချောင်းတွေကို အလျင်စလို ကမ်းပေးလိုက်သည်။
“အရသာရှိလိုက်တာ”
ကျောက်လန်ဟွာသည် အာ့ထောင်
ချက်ပြုတ်သော ဟင်းလျာများကို ဖော်ပြရန် အခြားစကားလုံးများကို ရှာမတွေ့ပေ။
ကျီကျောက်သည် ငရုတ်ဆော့စ်ဖြင့်
အမဲသားပြား၊ နွားထီးလျှာတွေအပြင် ဝက်ခေါင်းကိုလည်း ချက်ပြုတ်ထားပါသေးသည်။
မွန်းတည့်ချန်နီးသောအခါ
သမီးယောက္ခမနှစ်ယောက်သားဟာ အရသာရှိသော အအေးဟင်းပွဲများနှင်အတူ မြို့သို့
တစ်ဖန်တက်သွားကာ ဟုန်ရှင်းစားသောက်ဆိုင်သို့ တည့်တည့်သွားကြသည်။
လက်ထောက်ဆိုင်ရှင်ယို့သည်
ရွှေအိုရောင်သန်းနေသော ဝက်ခေါင်းကို မြင်သောအခါ သူ့မျက်လုံးတွေက ရုတ်တရက်
လင်းလက်တောက်ပသွားခဲ့သည်။
ကျီကျောက်က
လက်ထောက်ဆိုင်ရှင်ယို့ကို အရသာမြည်းစမ်းနိုင်ရန် အပိုင်းသေးသေးလေး တစ်ခု
ပိုင်းဖြတ်ပေးလိုက်သည်။
“ဒီဝက်ခေါင်းက ချိုပြီး နူးညံ့တယ်၊
ဝဖြိုးပေမယ့် မအီဘူး” လက်ထောက်ဆိုင်ရှင်ယို့က မဆိုင်းမတွ ချီးကျူးလိုက်သည်။ “ဒီလို
သာမန်ဝက်ခေါင်းက တတိယသခင်မရှန်းရဲ့ လက်ထဲမှာ ဒီလောက် အရသာရှိတဲ့ ဟင်းပွဲအဖြစ်
ပြောင်းလဲသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ တတိယသခင်မရှန်းရဲ့
ဟင်းချက်စွမ်းရည်က တကယ့်ကို အထင်ကြီးစရာပဲ။”
“တကယ်လို့ ရှင်ကြိုက်တယ်ဆိုရင်
ဘာဖြစ်လို့ ပိုမစားရတာလဲရှင်” ကျီကျောက်က အပြုံးဖြင့် ပြောလိုက်သည်။
“တတိယသခင်မက ကျွန်တော့်ရဲ့
အဆိုပြုချက်ကို အရင်စဉ်းစားကြည့်ပြီးပြီလားလို့ သိပါရစေ။”
“လက်ထောက်ဆိုင်ရှင် ကျွန်မတို့
ဘာဖြစ်လို့ တခြားနည်းလမ်းနဲ့ မပူးပေါင်းတာလဲ” ကျီကျောက်က ပြုံးပြီး သူမ၏ အကြံကို
ထုတ်ပြောခဲ့သည်၊ “ဆယ်ရက်တိုင်း ကျွန်မ စားသောက်ဆိုင် အအေးဟင်းပွဲတွေ
ထောက်ပံ့ပေးမယ်။ လက်ထောက်ဆိုင်ရှင်က ဒီအရသာရှိတဲ့ အအေးဟင်းပွဲတွေကို
ဝယ်ယူတာဖြစ်ဖြစ် ကျွန်မ ချက်ပြုတ်တဲ့ အအေးဟင်းပွဲတွေရဲ့ ချက်ပြုတ်နည်းတွေကို
သင့်လျော်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူတာဖြစ်ဖြစ် ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။
ဥပမာအားဖြင့် ဒီဝက်ခေါင်းကို ချက်ပြုတ်ဖို့ စုစုပေါင်း ကုန်ကျစရိတ်က ငွေ
ငါးလျန်းပါ၊ လက်ထောက်ဆိုင်ရှင်က ကျွန်မဆီကနေ ဒီလို ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့
ဝက်ခေါင်းကို ဝယ်ယူမယ်ဆိုရင် ငွေ ခြောက်လျန်း ကျသင့်ပါတယ်။”
“တတိယသခင်မရှန်း မင်း
ငါတို့ဟုန်ရှင်းစားသောက်ဆိုင်မှာ သားပြွမ်းဟင်းစားဖိုမှူးအဖြစ် အလုပ်လုပ်ကိုင်ဖို့
စိတ်မဝင်စားဘူးလား” လက်ထောင်ဆိုင်ရှင်ယို့က လက်မလျှော့ချင်သေးဘဲ ဆက်ပြောနေခဲ့သည်၊
“တတိယသခင်မ စိတ်မပူပါနဲ့။ ငါတို့စားသောက်ဆိုင်က မင်းကို သေချာပေါက် မမျှမတ ဆက်ဆံမှာ
မဟုတ်ပါဘူး။”
“လက်ထောက်ဆိုင်ရှင် ကျွန်မ
စားသောက်ဆိုင်မှာ မနေချင်ဘူး၊ ကျွန်မမှာ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်ထားတာတွေ
ရှိတယ်” ကျီကျောက်က ပြုံးပြီး နှိမ့်ချခြင်းမရှိသလို မောက်မာခြင်း အလျင်းမရှိဘဲ
ပြောခဲ့သည်၊ “ကျွန်မ အဆိုပြုတဲ့ ပူးပေါင်းဆောက်ရွက်မှုနည်းလမ်းတွေကို လက်ထောက်ဆိုင်ရှင်
သဘောတူဖို့ ဆန္ဒရှိ မရှိ သိလို့ရမလား။”
လက်ထောက်ဆိုင်ရှင်ယို့က ခဏလောက်
စဉ်းစားပြီးတော့ မေးမြန်းလိုက်သည်၊ “ငါ မင်းရဲ့ ဝက်ခေါင်းဟင်းပွဲ ချက်ပြုတ်နည်းကို
တိုက်ရိုက်ဝယ်ယူချင်တယ်ဆိုရင်ရော ဘယ်လောက် ကျသင့်မလဲ။”
“ပုံသေးနှုန်းထား ဆယ့်ငါးလျန်းပဲ”
ကျီကျောက်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်၊ “ပြီးတော့ ကျွန်မ ရှင်နဲ့ စာချုပ်
ချုပ်ဆိုချင်ပါတယ်။ ကျွန်မ ဒီဟင်းပွဲချက်ပြုတ်နည်းကို နောက်သုံးနှစ်အတွင်း
ဘယ်သူ့ကိုမှ ဒုတိယအကြိမ် ရောင်းချမှာ မဟုတ်ပါဘူး။”
“ကောင်းပြီ”
လက်ထောက်ဆိုင်ရှင်ယို့သည်လည်း လူဖြောင့်လူမှန်တစ်ဦး ဖြစ်သည်။
နှစ်ဖက်စလုံး ရင်းနှီးနွေးထွေးစွာ
ညှိနှိုင်းပြီးနောက် စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။
ကျီကျောက်တစ်ယောက် စာချုပ်ပေါ်တွင်
သူမ၏ အနီရောင် လက်ဗွေရာကို နှိပ်ပြီးသောအခါ လက်ထောက်ဆိုင်ရှင်ယို့သည် ငွေ
ဆယ့်ငါးလျန်းကို အသင့်ပြင်ဆင်ထားပြီးသားဖြစ်သည်။
“ကျေးဇူးပါ လက်ထောက်ဆိုင်ရှင်”
ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးပြီး လက်ထောက်ဆိုင်ရှင်ယို့ကို ငွေ နှစ်လျန်း
ကမ်းပေးလိုက်သည်၊ “ဒါကတော့ ကျွန်မရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ သေးငယ်တဲ့
လက်ဆောင်တစ်ခုပါ။”
“ဟားဟား ဟားဟား”
လက်ထောက်ဆိုင်ရှင်ယို့သည် ရွှင်ပြစွာ ရယ်မောပြီး ငွေ နှစ်လျန်းကို လက်ခံခဲ့သည်။
သို့သော် နောက်သုံးရက်အတွင်း
ဟုန်ရှင်းစားသောက်ဆိုင်မှ စတင်ရောင်းချခဲ့သည့် ဝက်ခေါင်းဟင်းပွဲသည် ခရိုင်
တစ်ခုလုံးတွင် ရေပန်းစားလာခဲ့သည်။
ယခုရက်ပိုင်းအတွင်း ကျီကျောက်သည်
ဘာမှ မလုပ်ရသေးပေ။
ခြင်းတောင်းအသေးလေးကို
ကျောပိုးပြီး နေထွက်ချိန်မှ နေဝင်ချိန်အထိ ရှန်းဟယ်ရွာနှင့် အနီးတစ်ဝိုက်ကို
လိုက်လံရှာဖွေခဲ့ကာ နောက်ဆုံးမှာတော့ သူမ လိုချင်တဲ့ ပါဝင်ပစ္စည်းကို
တွေ့ရှိခဲ့ပါသည်။
“အာ့ထောင်
ဒါ တကယ်စားလို့ရတယ်လား” ဒုတိယမရီးရှန်းက ပါဝင်ပစ္စည်းများကို ဆေးကြောနေတဲ့ အာ့ထောင်ကိုကြည့်ပြီး
မေးခွန်းမထုတ်ဘဲ မနေနိုင်ခဲ့ပေ။