Ch 73
Viewers 12k

အခန်း (၇၃) – ရှန်းယောင် ရှင့်ပါးစပ်ကိုဖွင့်ပြီး ရေသောက်ပါဦး

 

ကျီကျောက်သည် ရှန်းယောင်ကို အလျင်စလို ခေါ်လိုက်သော်လည်း ရှန်းယောင်က မတုံ့ပြန်လာခဲ့ပေ။

 

ကျီကျောက်သည် သူမ၏ နှလုံးသာ နစ်မြှုပ်သွားသလို ခံစားရပြီး သူ့နံဘေး အလျင်စလို သွားခဲ့သည်။

 

ဖယောင်းတိုင်မီးမှန်မှိန်အောက်တွင် ရှန်းယောင်၏ မျက်နှာအမူအရာကိုကြည့်ပြီး တစ်ခုခု မှားနေပြီဆိုတာ သူမ သိလိုက်ရသည်။

 

ကျီကျောက်သည် ရှန်းယောင်၏ နဖူးကို စိုးရိမ်တကြီး စမ်းသပ်လိုက်ရာ မထင်မှတ်ပဲ သူမ၏ လက်ခုံ လောင်ကျွမ်းလုမတတ် အပူကို ခံစားလိုက်ရသည်။

 

“ရှန်းယောင်” ကျီကျောက်သည် သူ့လက်မောင်းကို အလျင်စလို လှုပ်ခါလိုက်သည်။ ကံမကောင်းစွာဖြင့် အဖျားကြီးနေသည့် ရှန်းယောင်သည် သတိလစ်နေပြီဖြစ်သည်။

 

ကျီကျောက်သည် သူ့ကို အလျင်စလို ထူမလိုက်ပြီး သူ့လက်မောင်းကို သူ့ပခုံးပေါ်တင်လိုက်သည်။

 

“မင်္ဂလာပါ ဒီနေရာနဲ့ အနီးဆုံး ဆေးကုသဆောင်က ဘယ်မှာလဲဆိုတာ ကျွန်မကို ပြောပြပေးပါလား” ကျီကျောက်က ရှန်းယောင်ကို ခက်ခက်ခဲခဲ အောက်ထပ်သို့ တွဲခေါ်လာခဲ့ပြီး ကောင်တာမှာ တစ်ရေးတစ်မော အိပ်စက်နေတဲ့ စားပွဲထိုးကို လှမ်းပြောလိုက်သည်။

 

“မိန်းကလေး ကျွန်တော် မင်းကို ဘာအကူအညီပေးရမလဲ” လန့်ဖျပ်သွားသော စားပွဲထိုးက သူတို့လင်မယားနှစ်ယောက် လက်ထောက်ဆိုင်ရှင်ယို့နှင့် မိတ်ဆွေဖြစ်ကြောင်း သိတော့ အလေးအနက် မေးမြန်းခဲ့သည်။

 

“ကျွန်မခင်ပွန်းက ရုတ်တရက် အဖျားကြီးသွားလို့ပါ။ ရှင် ကျွန်မတို့ကို အနီးဆုံး ဆေးကုသဆောင်ကို ခေါ်သွားပေးဖို့ ကူညီပေးနိုင်မလား” ကျီကျောက်က စိုးရိမ်တကြီး မေးမြန်းသည်၊ “ကျွန်မခင်ပွန်းက အခု သတိလစ်နေပြီ။ ကျွန်မ အရမ်းစိတ်ပူနေပြီ။”

 

“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ ကျွန်တော် မင်းတို့နဲ့အတူ လိုက်ခဲ့ပေးပါ့မယ်” စားပွဲထိုးက ဆိုင်နောက်ဖေးသို့ ကမန်းကတန်း ပြေးဝင်သွားခဲ့သည်။ ညဖက် ဆိုင်စောင့်နေတဲ့ စားပွဲထိုးခေါင်းဆောင်အား အဖြစ်အပျက်ကို ရှင်းပြပြီးနောက် ရှန်းယောင်အား ကူတွဲပေးလိုက်သည်၊ “ဆိုင်က ထွက်ပြီး ဘယ်ဖက်ကို သွားပါ။ အဲ့တာ သမားတော်ဝမ်ရဲ့ အိမ်ပဲ။ သမားတော်ဝမ်က လက်ထောက်ဆိုင်ရှင်ယို့နဲ့ သူငယ်ချင်းကောင်းတွေပါ။ သူ သေချာပေါက် ကူညီပေးပါလိမ့်မယ်။”

 

“ကောင်းပါပြီ၊ ကျေးဇူးပါ။”

 

“မင်း အရမ်းယဉ်ကျေးလွန်းနေပါပြီ” စားပွဲထိုးက အံကြိတ်ပြီး ရှန်းယောင်ကို ကျောပိုးသယ်သွားခဲ့သည်။ ထို့နောက် သူသည် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

 

ကျီကျောက်က သူ့နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။

 

တစ်နာရီခန့်အကြာတွင် ရှန်းယောင် အဖျားကျသွားခဲ့သည်။

 

“ကျေးဇူးပါ သမားတော်” ကျီကျောက်က သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုခဲ့ပါသည်။

 

“ရပါတယ်” သမားတော်ဝမ်သည် သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ပြုံးလိုက်သည်၊ “နင် လက်ထောက်ဆိုင်ရှင်ယို့ရဲ့ သူငယ်ချင်းဖြစ်နေလို့ နင် ငါ့အိမ်မက်ကို အနှောင့်အယှက်ပေးတာကို ငါ မတွယ်ကပ်တော့ပါဘူး။ ဒါပေမယ့် ဆေးကုသစရိတ်က ငွေနှစ်လျန်းပဲ။ ငါ ဈေးမလျှော့နိုင်ဘူး။”

 

“ဟုတ်ကဲ့ပါ” ကျီကျောက်က ကမန်းကတန်း ခေါင်းညိတ်သည်၊ “အခုက ကျွန်မတို့ အလျင်စလို ထွက်လာမိလို့ ဘာမှ မယူလာခဲ့မိလို့ပါ။ ဆေးကုသစရိတ်ကို မနက်ဖြန်မနက်ကျမှ ပေးလို့ ရမလား။”

 

“ကိစ္စမရှိဘူး” သမားတော်ဝမ်က ပျင်းရိစွာ သမ်းဝေလိုက်သည်၊ “နင့်ခင်ပွန်းက အအေးမိသွားလို့ ရုတ်တရက် အဖျားတက်သွားတာ။ နောက်မှ ငါ နင့်ကို ဆေးညွှန်းရေးပေးမယ်။ ဆေးဖက်ဝင်ပစ္စည်းတွေကို ကျိုချက်ပြီး တစ်နေ့ သုံးကြိမ် တိုက်လိုက်ချေ။ ဆေးကို သုံးရက်လောက် သောက်ပြီးရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။”

 

သမားတော်ပြောတာကို ဂရုတစိုက် နားထောင်နေသည့် ကျီကျောက်က အလျင်စလို ခေါင်းညိတ်သည်၊ “ကျေးဇူးပါ သမားတော်”

 

“ဒါဆို ဆက်ကြည့်လိုက်ဦး။ ငါ ငါ့အခန်းပြန်ပြီး အိပ်လိုက်ဦးမယ်။”

 

ဘေးကင်းစေရန်အတွက် ကျီကျောက်သည် သမားတော်ဝမ်၏ အိမ်တွင် ညအိပ်ရန် ဆုံးဖြတ်ခဲ့သည်။

 

“ကျွန်မခင်ပွန်းကို ပြုစုစောင့်ရှောက်ဖို့ ကျွန်မ ဒီမှာ စောင့်နေချင်တယ်။ အခုကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ မနက်ဖြန်မနက်ကျရင် ကျေးဇူးပြု၍ ကျွန်မတို့အကြောင်း လက်ထောက်ဆိုင်ရှင်ယို့ကို အကြောင်းကြားပေးနိုင်မလား” ကျီကျောက်က ပင်ပန်းနွမ်းနယ်နေသော စားပွဲထိုးကို အမြန်ကြည့်ကာ တိုးတိုးလေး တောင်းဆိုလိုက်သည်။

 

“စိတ်မပူပါနဲ့၊ ကျွန်တော် ဆက်ဆက်ပြောပေးပါ့မယ်” စားပွဲထိုး အားတက်သရော ခေါင်းညိတ်သည်။

 

“ကျေးဇူးအများကြီးတင်ပါတယ်။”

 

ကျီကျောက်သည် ရှန်းယောင်၏ နဖူးကို နောက်တစ်ဖန် စမ်းသပ်လိုက်ပြန်သည်။ ရှန်းယောင် အဖျား လုံးဝ သက်သာသွားပြီဖြစ်ကြောင်း သေချာသွားပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

 

အဟွတ်၊ အဟွတ်။

 

ဆေးကုသဆောင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှန်းယောင်သည် ချောင်းဆိုးလာခဲ့ပြန်သည်။

 

ကျီကျောက်သည် ရေနွေးကို အမြန်လောင်းချလိုက်သည်။ ရေနွေးကို အအေးခံဖို့ လေမှုတ်ပြီးနောက် ကုတင်စွန်းတွင် ထိုင်ကာ ရှန်းယောင်ကို လက်တစ်ဖက်နှင့် ဖေးမပြီး အခြားလက်တစ်ဖက်ဖြင့် ရေခွက်ကို ကိုင်ကာ ရှန်းယောင်၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည်။

 

“ရှန်းယောင် ရှင့်ပါးစပ်ကိုဖွင့်ပြီး ရေသောက်ပါဦး။”

 

အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသော ရှန်းယောင်သည် ဤစကားကို ကြားသောအခါတွင် သူ့ပါးစပ်ကို မသိစိတ်က ဖွင့်လိုက်သည်။

 

သူ့လည်ပင်းထဲ ရေနွေးနွေးလေး ဝင်ရောက်လာပြီး နောက်ဆုံးမှာတော့ ချောင်းဆိုးတာ ရပ်တန့်သွားခဲ့ပါသည်။

 

အာရုဏ်တက်ချိန်တွင် ပြတင်းပေါက်မှ အလင်းတန်းများ တိုးဝင်လာပြီး ဆေးကုသဆောင် ကုတင်ပေါ်သို့ ကျရောက်လာခဲ့သည်။

 

စူးရှသော အလင်းရောင်ကို ခံစားလိုက်ရသဖြင့် ရှန်းယောင်သည် မသက်မသာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

 

ရှန်းယောင်သည် မျက်လုံးကို အနည်းငယ် ငုံ့ကြည့်လိုက်တော့ ရင်းနှီးကျွမ်းဝင်သော လှပချောမောသည့် မျက်နှာလေးကို တွေ့လိုက်ရသည်။