ကျီကျောက်၏ ငြင်းပယ်မှုသည် အလွန်ရိုးစင်းသဖြင့်
ချင်မင်ဟုန်ကို တခဏတာမျှ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားသွားရစေကာ သူ့မျက်နှာထား အလွန်တင်းမာသွားခဲ့သည်။
ဒါက လေထုထဲ ဖိအား အနည်းငယ်လျော့ကျသွားစေပုံရပြီး
လူအများကို အသက်ရှုမဝအောင်ဖြစ်သွားစေသည်။
လက်ထောက်ဆိုင်ရှင်ယို့က ဝိုင်တစ်ခွက်ကို
အမြန်ကောက်ယူပြီး အခြေအနေကို အဆင်ပြေချောမွေ့သွားစေရန် ကြိုးပမ်းလိုက်သည်၊ “သခင်လေးနဲ့
မိန်းကလေးအာ့ထောင်တို့ တစ်ယောက်နဲ့ တစ်ယောက် သိနေကြမယ်လို့ ကျွန်တော် မထင်ထားဘူး။ ဒီနေ့လို
ထမင်းတစ်နပ် အတူစားခွင့်ရတာ ရှားပါတယ်။ ဒီလို ထူးခြားတဲ့ ကံကြမ္မာကို ဂုဏ်ပြုဖို့ ကျွန်တော်တို့
အတူတူ တစ်ခွက်လောက် သောက်ကြမလား။”
“… ကောင်းပြီ” ချင်မင်ဟုန်က ခပ်ဖျော့ဖျော့ပြုံးပြီး
ကျီကျောက်၏ ငြင်းပယ်မှုကို ဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
ဒီမိန်းကလေးကျီက သူထင်ထားတာထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။
“ကျွန်မရဲ့ သရေစာဆိုင်လေးဖွင့်တဲ့အခါကျ
သခင်လေးချင်နဲ့ အစ်ကိုယို့တို့ ကျွန်မကို ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်ရှင်” ကျီကျောက်က
သူမ၏ မျက်နှာပေါ်တွင် ယဉ်ကျေးပျူငှာသော အပြုံးကို ချိတ်ဆွဲထားပြီး ရိုးသားသောလေသံဖြင့်
ပြောလိုက်သည်။
“သခင်လေးချင် နောင်အခါ ကျွန်မတို့ဆိုင်မှာ
ထမင်းတစ်နပ်စားဖို့ လာခဲ့ရင် ရှင် မှာယူစားသောက်တဲ့ ဟင်းပွဲတွေကို သေချာပေါက် လျှော့ဈေးပေးမယ်”
ကျီကျောက်က နည်းနည်း စူပုတ်နေတဲ့ ချင်မင်ဟုန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
“ကောင်းပါပြီ” ချင်မင်ဟုန်၏ မျက်နှာအမူအရာက
ချက်ချင်းဆိုသလို တောက်ပကြည်လင်သွားခဲ့သည်။
“ဒါဆို ပြေလည်သွားပြီ။”
နာရီဝက်အကြာတွင် လူတိုင်း ဗိုက်ပြည့်အောင်
စားသောက်ပြီးနောက် ချင်မင်ဟုန်က နှုတ်ဆက်စကားပြောဖို့ ဦးဆောင်ခဲ့သည်။
ချင်မင်ဟုန် ထွက်သွားသည်နှင့် ရှန်းယောင်သည်
စားပွဲပေါ် လက်တင်ပြီး အိပ်ပျော်သွားခဲ့သည်။
ကျီကျောက်သည် ဒီမြင်ကွင်းကိုကြည့်ရင်း
ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
“အစ်ကိုယို့ ညီမကို ကူညီပေးပါဦး” ကျီကျောက်သည်
ရှန်းယောင်ကို ထူဖို့ အကြိမ်အနည်းငယ်ခန့် ကြိုးစားခဲ့သည်။ အဆုံးတော့ သူမသည် လက်ထောက်ဆိုင်ရှင်ယို့ကို
အကူအညီတောင်းဖို့သာ တတ်နိုင်တော့သည်။
“ရှန်းစန်းလန်ရဲ့ အရက်သောက်နိုင်စွမ်းက
တကယ့်ကို နိမ့်တာပဲ” လက်ထောက်ဆိုင်ရှင်ယို့က အပြုံးဖြင့် ပြောသည်။ ထို့နောက် သူသည်
ကျီကျောက်ကိုကူညီပြီး စန်းလန်ကို အခန်းသို့ ပြန်ပို့ပေးခဲ့သည်။
မထွက်သွားခင်မှာ လက်ထောက်ဆိုင်ရှင်ယို့က
သူ့ခေါင်းကို ဒေါသတကြီး ထုပြီး “ငါ့မှတ်ဉာဏ်ကိုကြည့်ဦး။ အရမ်းဆိုးတာပဲ” ဟု ဆိုလိုက်သည်။
“ဘာဖြစ်လို့လဲ” ရှန်းယောင်ကို စောင်ခြုံပေးနေရင်း
ကျီကျောက်က အမြန်လှည့်ကြည့်ကာ လက်ထောက်ဆိုင်ရှင်ယို့ဆီသို့ လျှောက်သွားလိုက်သည်၊ “အစ်ကိုယို့…”
“အာ့ထောင် ဒါက ဆိုင်သော့တွေပဲ” လက်ထောက်ဆိုင်ရှင်ယို့က
သူမလက်ထဲ သော့တစ်တွဲကို ကမ်းပေးပြီး ဝမ်းသာအားရ ပြောလိုက်သည်၊ “ငါ ဒီနေ့ လူတစ်ယောက်
လွှတ်ပြီး သန့်ရှင်းရေး လုပ်ခိုင်းထားတယ်။ နင် မနက်ဖြန်ကျ တစ်ချက် သွားကြည့်လိုက်ပေါ့။
ပြီးတော့ ဆိုင်ဖွင့်တယ်ဆိုတာကလည်း ကိစ္စကြီးပဲ။ နင် မိသားစုနဲ့ ပြန်ဆွေးနွေးပြီး ဆိုင်ဖွင့်ဖို့
နေ့ကောင်းရက်သာကို ရွေးချယ်ရဦးမယ်၊ မဟုတ်လား။”
“အစ်ကိုပြေတာာ အဓိပ္ပါယ်ရှိတယ်” ကျီကျောက်က
သူ့ကို ချီးကျူးလိုက်သည်၊ “အစ်ကိုယို့ အစ်ကိုက အရမ်းတွေးတတ်တာပဲ။ ညီမတောင် ဒါကို မတွေးမိဘူး။”
“ဘာပဲဖြစ်ဖြစ် နောင်မှာ နင်တို့ ငါ့အကူအညီကိုလိုရင်
ပွင့်ပွင့်လင်းလင်းသာ ပြော ဟုတ်ပြီလား” လက်ထောက်ဆိုင်ရှင်ယို့က ရွှင်မြူးစွာ ပြောလိုက်သည်။
လက်ထောက်ဆိုင်ရှင်ယို့သည် သူစားခဲ့သော
ဝက်သားဟင်း၏ အရသာကို ပြန်တွေးရင်း အရမ်းဝမ်းသာနေမိသည်။
“ဟုတ်ပါပြီ၊ ညီမ ဒါဆို မယဉ်ကျေးတော့ဘူးနော်”
ကျီကျောက်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ” လက်ထောက်ဆိုင်ရှင်ယို့၏
မျက်နှာပေါ်ရှိ အပြုံးက ပိုလို့တောင် နက်ရှိုင်းသွားခဲ့သည်။ “ဒါဆို ရှန်းစန်းလန်ကို
ဂရုစိုက်လိုက်ဦး။ ငါ အရင်သွားနှင့်မယ်။ တကယ်လို့ နင် တစ်ခုခု လိုအပ်ရင် စားပွဲထိုးလေးကို
ပြောသာ ပြောလိုက်ချေ။”
“ဟုတ်ကဲ့ပါ”
ကျီကျောက်သည် ရေနွေးတစ်ခွက် လောင်းထည့်ပြီး
ရှန်းယောင်အနားသို့ လျှောက်သွားခဲ့သည်။
ကျီကျောက်သည် ရှန်းယောင်ကို ကုတင်ပေါ်ကနေ
ထူဖို့ အင်အား အများကြီး စိုက်ထုတ်လိုက်ရသည်။
“ရှန်းယောင် ရေနွေး နည်းနည်းလောက် သောက်လိုက်ပါဦးလား။”
“အာ့ထောင်၊ ကိုယ် သောက်နိုင်သေးတယ်… ကိုယ့်ရဲ့
အရက်သောက်နိုင်စွမ်းက ချင်မင်ဟုန်အောက် သေချာပေါက် မနိမ့်ကျဘူး။ မင်း ကိုယ့်ကို ယုံရမယ်”
ဒီအချိန်မှာ ရှန်းယောင်သည် အရက်၏ ယစ်မူးစေသည့် ဝေဒနာအောက်တွင် ရှိနေဆဲပင်။
“အင်း ကျွန်မ ရှင့်ကိုယုံတယ်” ကျီကျောက်သည်
ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူမ၏ လေသံက ပိုလို့တောင် ပျော့ပျောင်းလာခဲ့သည်၊ “ဒီရေနွေးကို
နာနာခံခံနဲ့ သောက်လိုက်မယ်ဆိုရင် ကျွန်မ ရှင့်ကို ယုံပေးမယ်။”
“ဟုတ်”
ရေနွေးတစ်ခွက်သောက်ပြီးနောက် ရှန်းယောင်သည်
ရုတ်တရက် မျက်လုံးဖွင့်လာပြီး ကျီကျောက်၏ သွယ်လျသော ပခုံးလေးပေါ် သူ့လက်ကို နေရာချလိုက်သည်။
သူ့မျက်ဝန်းထဲတွင် မှောင်မိုက်သော အလင်းတစ်ခု လင်းလက်သွားခဲ့သည်။
“မင်း…”
အင်း…