Ch 164
Viewers 12k

အခန်း (၁၆၄) - ရှင့်ကို နမ်းပြီး ဆုချမယ် ဟုတ်ပြီလား


သူမ၏ ချစ်စရာကောင်းတဲ့ အိပ်မောကျနေသော မျက်နှာလေးကို မြင်လိုက်ရတော့ ရှန်းယောင်က ခပ်တိုးတိုး ရယ်မောလိုက်မိသည်။


ဒါပေမယ့် သူ့ခြေလှမ်းကိုတော့ မထိန်းချုပ်နိုင်တော့ဘူး။


သူက ကျီကျောက်၏ နံဘေးသို့ လျှောက်သွားကာ ညင်သာစွာ လှဲချလိုက်ပြီး သူမ၏ ပါးပြင်ပေါ် အနမ်းခြွေလိုက်သည်။


“ကောင်းသောညပါ။”


နောက်တစ်နေ့မနက်မှာ ကျီကျောက် တံခါးကိုဖွင့်လိုက်တော့ အဖြူရော ခေါင်းရမ်းပန်းလေး သူမရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့သည်။


“ဘယ်လောက်တောင်လှလိုက်တဲ့ ခေါင်ရမ်းပန်းလေးတွေလဲ” ကျီကျောက်သည် အပြုံးလေးနဲ့ ခေါင်ရမ်းပန်းလေးတွေကို လှမ်းယူလိုက်သည်။


“ဒါက ယစ်ထုပ်ခေါင်ရမ်းပန်းတွေလေ” ရှန်းယောင်က နူးညံ့တဲ့ အပြုံးလေးနဲ့ ရှင်းပြပေးသည်။


“ဒါပေမယ့် ကိုယ်ကတော့ အာ့ထောင်က ဒီခေါင်ရမ်းပန်းတွေထက် ပိုလှတယ်လို့ထင်တယ်။”


ကျီကျောက်သည် ရှက်ကိုးရှက်ကန်းနဲ့ မျက်လွှာချပြီး တိုးတိုးလေး ပြောလိုက်သည်၊ “မနက်စောစော ရှင့်ပါးစပ်ထဲ ပျားရည် တိတ်တခိုး ထည့်ထားတာလား။”


“ဒါဆို အာ့ထောင် မင်း မြည်းစမ်းကြည့်ချင်လား” သူမ၏ ရှက်ရွံ့နေသောအသွင်ကိုကြည့်ရင်း ရှန်းယောင်သည် မျက်ခုံးပင့်ပြီး ပြုံးလိုက်မိသည်။


ကျီကျောက်သည် ထိုစကားကို မကြားချင်ယောင်ဆောင်ကာ နောက်ပြန်လှည့်ပြီး အခန်းထဲသို့ ပြန်သွားကာ ပန်အိုးလေးကို ရှာလိုက်ကာ ခေါင်ရမ်းပန်းလေးကို စိုက်ထည့်ထားလိုက်သည်။


ယစ်ထုပ်ခေါင်ရမ်းပန်းကိုကြည့်ရင်း သူမ၏ နှုတ်ခမ်းလေးတွေ မကော့ညွှတ်ပဲ မနေနိုင်ပေ။


သူမ မျက်လုံးဖွင့်လိုက်တာနဲ့ ပန်းလေးတွေ လက်ဆောင်ရတာ အရမ်းပျော်ဖို့ကောင်းသည်။


“အာ့ထောင် သုံးရာသီယစ်ထုပ်ခေါင်ရမ်းအကြောင်းကို မင်းကြားဖူးလား” ရှန်းယောင်က သူမဘေးနား လာရပ်ပြီး တိုးတိုးလေး မေးသည်။


“ဟင်…” ကျီကျောက်က သူ့ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။


“ကိုယ် ဖတ်ဖူးတဲ့ သုံးရာသီယစ်ထုတ်ခေါင်ရမ်းအကြောင်းကို သတိရမိတယ်။ နံနက်စောစောမှာ ယစ်ထုပ်ခေါင်ရမ်းပန်းတွေက ဦးစွာ အဖြူရောင်ရှိပြီး တဖြည်းဖြည်း ပန်းရောင်ဖြစ်သွားတယ်။ နေ့လည်ကနေ ညနေကျတော့ အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားတယ်။ ဒါ့အပြင် ဒီခေါင်ရမ်းပန်းတွေက တစ်နေ့မှာ သုံးကြိမ် အရောင်ပြောင်းလဲတာကြောင့် သူ့ကို သုံးရာသီယစ်ထုပ်ခေါင်ရမ်းလို့ခေါ်ဆိုကြတယ်တဲ့” ရှန်းယောင်က သူမ၏ ပခုံးလေးကို ပွေ့ဖက်ပြီး နူးညံ့သော လေသံဖြင့် ရှင်းပြခဲ့သည်။

 

“ဒါဆို ဒါက ဒီလိုမျိုးပေါ့လေ” ကျီကျောက်က နားလည်သဘောပေါက်သွားသည့် အပြုံးလေး ပြုံးလိုက်သည်၊ “ဒါဆို ဒီယစ်ထုပ်ခေါင်ရမ်းပန်းတွေကို တစ်ချက်ကြည့်ဖို့ နေ့လည်ကျရင် ပြန်လာကြမယ်။”


“အင်း…”


မီးဖိုချောင်ထဲတွင် ကျောက်လန်ဟွာသည် ကျီကျောက်အတွက် ပဲနီလေးဆန်ပြုတ်ကို အထူးချက်ပြုတ်နေသည်။


ရှန်းယောင်က ကျီကျောက် ဓမ္မတာလာနေကြောင်းကို သူမကို တိုးတိုးတိတ်တိတ် လာပြောပြထားခဲ့သည်၊ ကျောက်လန်ဟွာသည် ရှက်ရွံ့မှုနှင့် ချိုမြိန်မှုတို့ကို တပြိုင်တည်း ခံစားလိုက်ရသည်။


“အာ့ထောင် နင့်ဗိုက်နာနေတုန်းလား” ကျောက်လန်ဟွာက ကျီကျောက်၏ အမူအရာကို ဂရုတစိုက် အကဲခတ်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်၊ “ဒီရက်ပိုင်း နင် ရေအေးတွေ မကိုင်နဲ့။ ပြီးတော့ နင် ပိုပြီး အနားယူရမယ်။ နင့်ကို ကြည့်ရတာ သိပ်မလန်းဘူးလို့ ငါထင်တယ်။”


“အမေ သမီး အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့” ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်သည်။ “သမီးဗိုက်က သိပ်မနာတော့ပါဘူး၊ သမီး လန်းဆန်းတက်ကြွသလို ခံစားရပါတယ်။”


“တကယ်လို့ နင် နည်းနည်းလေး မသက်မသာ ခံစားရတာနဲ့ ငါ့ကို ပြောဖို့ သတိရနော်၊ ဟုတ်ပြီလား” ကျောက်လန်ဟွာက သူမကို ဂရုတစိုက် သတိပေးလိုက်သည်။


“ဟုတ်ကဲ့၊ သမီး သိပါတယ်။”


မိသားစုတွေ မနက်စာ စားသောက်ပြီးနောက် ရှန်းတာ့ရှန်သည် ရွာလူကြီးကို ရှာဖို့ ထွက်သွားခဲ့သည်။


အဆုံး၌ တောင်အနောက်ဖက်ရှိ ဘုရားကျောင်းသည် ရှန်းဟယ်ကျေးရွာ၏ လူထုပိုင်ဆိုင်မှုအဖြစ် ယူဆလို့ရပေသည်။ တကယ်လို့သာ ရှန်းမိသားစုက ပြန်လည်ပြုပြင်ချင်တယ်ဆိုရင် သူတို့က ရွာကို သတင်းပို့ဖို့ လိုအပ်သည်။ ပြီးတော့ အချို့သော လုပ်ဆောင်များလည်း ကျန်ရှိနေပါသေးသည်။


ကျီကျောက်လည်း လိုက်သွားချင်ပေမယ့် ရှန်းယောင်က သူမကို မလိုက်သွားဖို့ တားခဲ့သည်။


“အဖေ ဒီကိစ္စတွေကို ကိုင်တွယ်နိုင်ပါတယ်” ရှန်းယောင်သည် သူမ၏ ပါးပြင်လေးတွေကို ဖွဖွလေး ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ “အိမ်ထဲကို ပြန်သွားရအောင်။ ကိုယ် မင်းကို ပြောစရာရှိတယ်။”


“ဟုတ်ကဲ့” ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။


သူတို့နှစ်ယောက်သား အိမ်ထဲကို ပြန်လာပြီးနောက် ရှန်းယောင်သည် သူမကို သူ မနေ့ညက ရေးဆွဲထားသော ပုံကြမ်းကို ထုတ်ပေးလိုက်သည်။


“ဒါက…” ကျီကျောက်သည် ပုံကြမ်းစာရွက်တွင် ပါဝင်သော အချက်အလက်များကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းထဲ စိတ်ရှုပ်ထွေးများ ပြည့်နှက်နေလျက်ရှိသည်။


“ကိုယ်တို့ ဒီတစ်ခေါက် မြေကမ္ဘာဘုရားကျောင်းကို ပြန်လည်မွမ်းမံနိုင်ဖို့ အခွင့်ကြုံတာကြောင့်၊ ဒီထက်ပိုပြီး ခမ်းနားတဲ့ မြေကမ္ဘာဘုရားကျောင်းကို တည်ဆောာက်တာက ပိုကောင်းတယ်” ရှန်းယောင်က သူမရဲ့ မျက်ဝန်းထဲကို ကြည့်ပြီး တိုးတိုးလေး ရှင်းပြသည်၊ “အာ့ထောင် မင်း အမြဲလိုလို မြေကမ္ဘာဘုရားကို အရမ်းကျေးဇူးတင်နေတာ ကိုယ်သိတယ်။ မင်း မြေကမ္ဘာဘုရားကို တစ်ကိုယ်လုံးကို ရွှေချပြီး ပူဇော်ပသမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား။ ကိုယ်တို့ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်သင့်တယ်လို့ ကိုယ်ထင်တယ်၊ ဟုတ်ပြီလား။”


“ဒီအကြံက တကယ်ကောင်းတာပဲ” ကျီကျောက်က မသိစိတ်က မေးစေ့ကို ပွတ်သပ်ပြီး သဘောတူလိုက်ပေမယ့် နောက်ဆုံးမှာတော့ ခါးသီးစွာ ပြုံးလိုက်သည်၊ “ဒါပေမယ့် ကျွန်မတို့ ဒီပုံကြမ်းအတိုင်း ဆောက်လုပ်မယ်ဆိုရင် ကျွန်မတို့ ပိုက်ဆံ အများကြီး ကုန်ကျလိမ့်မယ်မလား။ ဟုတ်တယ်၊ ကျွန်မ ပိုက်ဆံသုံးဖို့ ဆန္ဒမရှိတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မမှာ အခုလောလောဆယ် ပိုက်ဆံ အများကြီး မရှိဘူးလေ…”


“ကိုယ် အားလုံးဆီကနေ အလှူခံဖို့ စီစဉ်ထားတယ်” ရှန်းယောင်က ပြုံးပြီး သူ့အစီအစဉ်ကို အသေးစိတ်ရှင်းပြသည်။


အစီအစဉ် အပြည့်အစုံကို ကြားပြီးနောက် ကျီကျောက်က သူ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။


“ရှန်းယောင် ရှင်က အရမ်းဉာဏ်ကောင်းလွန်းတယ်။”


“မင်းက ကိုယ့်မိန်းမပဲ။ ကိုယ်က ဥာဏ်မကောင်းဘဲ နေနိုင်မှာလဲ” ရှန်းယောင်က သူမ၏ နှာသီးဖျားကို ချစ်ခင်ယုယစွာ ထိတွေ့ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။


“ဒီစာကြောင်းနှစ်ခုက လုံးဝ ဆက်စပ်မှု မရှိပေမယ့် ရှင် ကျွန်မကို ချီးကျူးနေမှန်းတော့ ကျွန်မ သိတယ်။ ဟီးဟီး၊ ကျွန်မ ရှင့်ကို ဆုတစ်ခု ပေးချင်တယ်” ကျီကျောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ့ခါးကို လက်နှစ်ဖက်နှင့် ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။ သူမ၏ ချစ်စရာအသံလေးတွင် ကလူ၏သို့ မြှူ၏သို့ အရိပ်အမြွတ်များ အပြည့်ဖြည့်စွက်ထားသည်၊ “ကျွန်မ ရှင့်ကို အနမ်းတစ်ပွင့် ဆုချမယ် ဟုတ်ပြီလား။”


ရှန်းယောင်သည် သူမ၏ တောက်ပသော အပြုံးလေး ဆင်မြန်းထားသော မျက်နှာကို ငုံ့ကြည့်ကာ ရင်ခုန်သံမြန်ဆန်လာခဲ့သည်။ သူ သူမအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်…


ဒေါက် ဒေါက် ဒေါက်…


ကျီကျောက်သည် သူ့ရင်ခုန်သံကို တဖန်ပြန်၍ အရှိန်မြှင့်လာသည်ကို ခံစားမိနိုင်သည်။


“ကျီအာ့ထောင်၊ အသည်းနှလုံးမရှိတဲ့ ခွေးမ၊ ကျေးဇူးမသိတတ်တဲ့ ခွေးမ၊ အခုချက်ချင်း ဒီကို ထွက်ခဲ့စမ်း။”


ရှန်းယောင်၏ နှုတ်ခမ်းများ သူမမျက်နှာပေါ် ခြေမချမီ ရှန်းမိသားစုအိမ်ခြံဝင်း အပြင်ဖက်ကနေ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

ကျီဟွေ့သည် သူ့ဘေးနားက ဖက်တီးအမျိုးသမီးကို တစ်ချက်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ “ခွေးမ၊ နင်က လောင်းကစားအိမ်က သူဌေးနဲ့ ပူးပေါင်းပြီး ငါ့လက်ကို ဖြတ်ဖို့ ကြံစည်ခဲ့တယ်။ ငါက နင့်ဝမ်းကွဲပါ။ နင့်အသိစိတ်ကို ခွေးကျွေးလိုက်ပြီလား။”


“ချစ်လှစွာသော ရွာသူရွာသားတို့ ထွက်လာပြီး တရားမျှတမှုကို ရှာဖွေပေးကြပါဦး။”


လူအုပ်ထဲတွင် စုတ်ပြတ်ပြတ် အဝတ်အစားတွေ ဝတ်ဆင်ထားသည့် ဖက်တီးအမျိုးသမီး တစ်ဦး ရှိသည်။ သူမသည် အဆုတ်ကွာလုမတတ် ငိုကြွေးနေခဲ့သည်။ “ဒီကျီအာ့ထောင်က အရမ်းဆိုးလွန်းတယ်။ သူက ငါ့ယောက္ခမကို သတ်ဖြတ်ခဲ့တယ်။ ဝူးဝူး… အိုး… ဘုရားရေ၊ ဒီကမ္ဘာလောကကြီးမှာ တရားမျှတမှုဆိုတာ ရှိပါသေးရဲ့လား။”


“နင်က ဖမ်းအာ့လိုင်ရဲ့ ဇနီးလား” သိပ်မကြာခင်မှာဘဲ ဘေးနားမှာ ရပ်ကြည့်နေတဲ့ လူအုပ်ထဲက တစ်ယောက်ယောက် မြေပြင်ပေါ်မှာ လူးလိမ့်ငိုကြွေးနေတဲ့ ဖက်တီးအမျိုးသမီးကို ဘယ်သူဘယ်ဝါမှန်း သတိပြုမိလိုက်သည်။ “နင်က လိုင်မိသားစုက တစ်ယောက်မလား၊ ဘာဖြစ်လို့ ငါတို့ရှန်းဟယ်ရွာကို ရောက်နေတာလဲ။”


“အဒေါ် ကျွန်မက အာ့လိုင်ရဲ့ မိန်းမပါ။ ကျွန်မရဲ့ ယောက္ခထီးက လူအိုကြီးဖမ်းပါ။ လွန်ခဲ့တဲ့လအနည်းငယ်က ကျွန်မရဲ့ ယောက္ခမ ကျီအာ့ထောင်ရဲ့ အဖွားနဲ့ လက်ထပ်ခဲ့ပါတယ်။”


လူတိုင်းရဲ့ အကြည့်တွေက သူ့မျက်နှာပေါ်ရှိနေတာကို မြင်လိုက်ရတဲ့အခါ ဖက်တီးအမျိုးသမီးက ချက်ချင်းဆိုသလို အားအင်အပြည့် ဖြစ်လာခဲ့သည်။ “သူမက ကျီအာ့ထောင်ရဲ့ သွေးရင်းအဖွား မဟုတ်ပေမယ့် ကံကြမ္မာအရ သူတို့က တစ်မိသားစုတည်း ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်က၊ ခရိုင်တရားရုံးကနေ တစ်ယောက်ယောက်ကို လွှတ်ပြီး ကျွန်မရဲ့ ယောက္ခမကို ဖမ်းသွားခဲ့တယ်။”


“နောက်တော့ ကျွန်မရဲ့ ယောက္ခထီးက ဟိုနားဒီနား စုံစမ်းကြည့်ခဲ့တယ်။ ဖြစ်ချင်တော့ ကျွန်မတို့ ဒါကို မမျှော်လင့်ထားခဲ့ဘူး…” ဖက်တီးအမျိုးသမီးက ဘေးမှ ရပ်ကြည့်နေသူများကို ပိုမိုစိတ်ဝင်စားလာစေရန် တမင်တကာ စကားကို ခဏရပ်လိုက်သည်။


အဆုံးတွင် သူမသည် မျက်ရည်များကို သုတ်ဖယ်ရင်း ဆို့နင်ကာ ပြောလာခဲ့သည်၊ “ကျီအာ့ထောင်က အာဃာတတရားကို လက်ကိုင်ထားပြီး ကျွန်မရဲ့ ယောက္ခမကို လူကုန်ကူးတယ်လို့ ယိုးစွပ်ပြီး ခရိုင်တရားရုံးမှာ တမင်တကာ တိုင်ကြားခဲ့လို့ ကျွန်မရဲ့ ယောက္ခမ အဖမ်းခံခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့ ယောက္ခထီးက သတ်သေချင်နေတယ်၊ ကလေးတွေကို ထိန်းပေးမယ့်လူမရှိဘူး။ မိသားစု တစ်ခုလုံး တဖြည်းဖြည်း ရှုပ်ပွလာနေပြီ…”


“မဖြစ်နိုင်ဘူး။ အာ့ထောင်က သူ့အဖွားကို ဘယ်လိုလုပ်ပြီး လိမ်ညာစွပ်စွဲနိုင်မှာလဲ။”


“ဟုတ်တယ်၊ ဟုတ်တယ်။ နင်တို့ နားလည်မှုလွဲနေတာများလား။”


“ဒါက နားလည်မှုလွဲတာ မဟုတ်ပါဘူး” ဖက်တီးအမျိုးသမီးက စိုးရိမ်တကြီး မတ်တပ် ထရပ်လိုက်သည်။ “အခု ကျွန်မ ယောက္ခမ အဖမ်းခံထားရတယ်၊ ဒါက တကယ့်ကို ကျီအာ့ထောင် လုပ်ခဲ့တာပဲ။”


...


အလိုလေး…


ထိုအမျိုးသမီး ဆက်မပြောနိုင်ခင်မှာ ဟင်းသီးဟင်းရွက် ဆေးကြောထားသည့် ရေတစ်ဇလုံက သူမ၏ ခန္ဓာကိုယ်ပေါ် လောင်းချခံလိုက်ရသည်။


ရိရွဲနေသော ဟင်းသီးဟင်းရွက်များက သူမခေါင်းပေါ်တွင် ကပ်ညှိတွယ်နေသဖြင့် သူမကို ကြည့်ရတာ အလွန်အမင်း ဘိုသီဘတ်သီအသွင်ကို ဖြစ်နေစေသည်။

***