Ch 2
Viewers 2k


🐈Chapter 2 



[အားးးးးး]


စနစ် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်မိသည်။


[host အဲဒါကိုမြင်လိုက်လား...ခုနက ယုံကြည်မှုအမှတ်တွေထိုးတက်လာတာ တကယ်အမေးဇင်းပဲ...ဘာလိုရုတ်တရတ်ကြီးliveကိုပိတ်လိုက်ရတာလဲ...ဆက်ပြီးတိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေရင် ယုံကြည်မှုအမှတ်တွေသေချာပေါက်ဆက်တက်နေမဲ့ဟာ]

​

စနစ်၏စကားများကိုကြားပြီးနောက် လင်းနင်က ကိုက်ဝါးနေရင်းမှ တူများကိုတန့်လိုက်ပြီး ထူးခြားဆန်းကြယ်စွာခေါင်းခါလိုက်သည်။


[မှန်းကြည့်လေ]

​

[...ရှားပါးမှုမားကတ်တင်းကိုဖန်တီးဖို့ကြိုးစားနေတာများလား]


ခေါင်းခြောက်အောင်စဥ်းစားပြီးနောက်စနစ်က ထိုသို့ကောက်ချက်ချလာသည်။တစ်ခဏတွင်းချင်း၊ ၎င်း၏စိတ်ထဲရှိ လင်းနင်၏ပုံရိပ်သည် ချို​မြိန်၊ကြင်နာ၊ချောမောသောလူငယ်လေးအဖြစ်မှ တက်သစ်စအကြံသမားမဟာဗျူဟာရှင်အဖြစ်သို့ပြောင်းသွားသည်။

​

[မဟုတ်ဘူးတကယ်]


လင်းနင်က ခေါင်းခါကာ နူးညံ့အိတုန်နေသောငါးအသားတစ်ဖတ်ကိုကိုက်လိုက်သည်။ဟင်းရည်စပ်စပ်က အသားထဲကိုကောင်းကောင်းစိမ့်ဝင်နေပြီး ထုံပြီးအလွန်စပ်သောအရသာက သူ၏အရသာခံဖုများပေါ်မှာ မီးရှူးမီးပန်းကဲ့သို့ပေါက်ကွဲသွားလေသည်။


[အဲဒါဆိုဘာလဲ...ကျွန်တော်တကယ် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်တာကိုနည်းလမ်းတစ်ခုအနေနဲ့မစဥ်းစားမိခဲ့ဘူး...hostကအဲဒီလိုအခွင့်အလမ်းကောင်းတစ်ခုကိုတကယ်ဖြုန်းတီးနေတယ်]

စနစ်က သူ့ကိုယ်သူ ​ပွစိပွစိပြော​နေသည်။


[သိချင်လား]


လင်းနင်က မေးလိုက်သည်။ 


စနစ်က နာခံစွာဖြေ၏။

[တကယ်သိချင်တယ်လို့]


[ကောင်းပြီ ခန့်မှန်းရမခက်ပါဘူး]

လင်းနင်က ဖြေသည်။


[ငါက ကိုယ့်ဘာကိုယ်အစားအေးအေးဆေးဆေးစားရတာကိုကြိုက်ရုံပဲ...စားဖိုမှူးတစ်ယောက်အနေနဲ့ ပါဝင်ပစ္စည်း​တွေပြင်ဆင်​ပြီးချက်ပြုတ်ရတာကို​ကြိုက်တယ်...ချက်ပြုတ်တဲ့လုပ်ငန်းစဥ်ကိုဝေမျှရတာကိုကြိုက်တယ်...ဒါပေမဲ့ ဟင်းပွဲပြီးသွားတာနဲ့ ငါက အစားအသောက်ဝေဖန်ရေးဆရာမဟုတ်ဘူး...ငါစားနေတာကိုလူတွေအများကြီးဝိုင်းကြည့်နေတာကိုမကြိုက်ဘူး...အနေရခက်တယ်]


[ဒါဆို ပိုများတဲ့ဆုတွေနဲ့ယုံကြည်မှုအမှတ်တွေရှိနေရင်တောင် hostစားနေတာကိုတိုက်ရိုက်ထုတ်လွှင့်မှုလုပ်မှာမဟုတ်ဘူးပေါ့...]


စနစ် အံဩ​သွားသည်။သူ hostကို အထင်လွဲမိလိမ့်မည်ဟုထင်မထားပေ။hostက အတော်လေးကောင်းရှာပေသည်။


[အာ ငါကတစ်ခါမှအဲလိုမပြောပါဘူး]


လင်းနင်က မျက်လုံးများကွေးညွတ်သွားသည်အထိပြုံးလိုက်သည်။


[ဘာပဲဖြစ်ဖြစ် ငါက အစောပိုင်းအဆင့်မှာပဲရှိသေးတယ်...တိုးလာတာကသိပ်မှမများတာ...ကြယ်စုတိုက်ရိုက်ထုတ်လွှင့်မှုမှာ ငါ စတားဖြစ်လာရင် ငါစားနေတာကိုတိုက်ရိုက်ထုတ်လွှင့်ချင်လွှင့်မှာပေါ့]


[……]

စနစ် ပို၍ဆွံ့အသွား၏။ 


လင်းနင်နှင့်စနစ်တို့မသိသည်က ဘဝမှာ တစ်ခါမှမကြုံခဲ့ဖူးသောအစားအသောက်၏အနံ့ကို ရှူခဲ့ရသော်လည်း မမြည်းစမ်းခဲ့ရသောအင်တာနက်သုံးစွဲသူများသည် သူတို့၏နာကျည်းချက်နှင့်ဒေါသများကို စိတ်အားလှုံ့ဆော်မှုအဖြစ်ပြောင်းလဲခဲ့ကြ၏။


 á€žá€°á€á€­á€Żá€ˇá€žá€Šá€ş Shining Live အက်ပ်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် #လီမွန်မီးဖိုချောင်​လေး-စီချွမ်းစတိုင်ငါးပြုတ်#ဗီဒီယိုကို ကြယ်စု၏​အများဆုံးရှာဖွေမှုစာရင်း​(Hot Search)ပေါ်ကိုတွန်းတင်လိုက်ကြလေသည်။


၎င်းက ​အများဆုံးရှာဖွေမှုစာရင်း၏အမြှီးပေါ်(နောက်ဆုံးလောက်)မျှသာရောက်ခြင်းဖြစ်သော်လည်း လူပြောများမှုက မနိမ့်ပေ။


ဗီဒီယိုကိုတင်ခဲ့​သော အင်တာနက်သုံးစွဲသူ[ယုန်ဖက်တီး]က အနှီစီချွမ်းစတိုင်ငါးပြုတ်ကို မိုးထိအောင်ချီးမွမ်းထားခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ လူအနည်းငယ်ကသာ လင်းနင်တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ခဲ့ရခြင်းဖြစ်လေသည်။ဖြတ်သွားဖြတ်လာများနှင့်အင်တာနက်သုံးစွဲသူအများစုက မယုံကြည်ဖြစ်နေကြကာ အတော်အများများက ဗီဒီယို၏စစ်မှန်မှုကိုပင်စတင်အတည်ပြုလာကြသည်။


နှစ်များတလျှောက် အစားအသောက်ကိုသုံး၍ နာမည်ကြီးအောင်လုပ်ကြသော Streamerပေါင်းစုံက အင်တာနက်သုံးစွဲသူများကို စက်ဆုပ်ရွံရှာစေခဲ့၏။ ၎င်းက ထိုသို့လုပ်ရန်ကြိုးစားသူတိုင်းကို ဖနောင့်နှင့်ဝိုင်းပေါက်လျှင်ပင်တရားသည့်အဆင့်ကိုရောက်နေလေပြီ။


ထို့ကြောင့် ဤနှစ်များမှာ မည်သည့်Streamerကမှ အစားအသောက်၏နာမည် ကြီးမှုကို အခွင့်ကောင်းမယူရဲကြပေ။


[လီမွန်မီးဖိုချောင်လေး]ကပေါ်လာသည့်နှင့် အင်တာနက်သုံးစွဲသူအများစုဆီက ပြင်းထန်သောတုံ့ပြန်မှုကိုခံစားခဲ့ရလေသည်။


[ဒီလီမွန်မီးဖို​ချောင်​လေးဆိုတာ မူလတန်းကျောင်းသားက နာမည်ကြီးမှုကိုအခွင့်ကောင်းယူနေတာလား...ဘယ်တောဇနပုဒ်ကထွက်လာတာလဲ...အစားအသောက်ရဲ့နာမည်ကြီးမှုကို အခွင့်ကောင်းယူလို့မရဘူးဆိုတာမသိဘူးလားဟ]


[ဟုတ်တယ် ဘာလို့ Shining Liveက တိုက်ရိုက်ထုတ်လွှင့်မှုအမျိုးအစားထဲမှာ အစားအသောက်ကိုထားထားသေးတာလဲ...တခြားပလက်ဖောင်းကြီးတွေအကုန်လုံးက ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ဖယ်ရှားပစ်တာကြာပြီ...Streamerတွေက ဒီလီမွန်မီးဖိုချောင်လေးလို 'အစားအသောက်'ခေါင်းစဥ်အောက်ကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ရွေးချင်ရင်တောင်ရွေးမရဘူး]


[မသိတဲ့လူတွေအတွက်ပြောပြမလို့...Shining Liveက အမြဲတမ်းခံစားချက်တွေကိုအဓိကထားရောင်းနေတာ...သူက တခြားတိုက်ရိုက်ထုတ်လွှင့်မှုအက်ပ်တွေလောက်နာမည်မရှိတော့ဘူး...ဒီHot Searchကတောင် Shining Liveက ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးသရုပ်ဆောင်ထားတာဖြစ်နေမှာစိုးရတယ်]


[ငါဒါကိုသဘောမတူဘူး...Shining Liveမှာ ဖန်ဟောင်းတွေအများကြီးရှိနေသေးတယ်]


[ခေါင်းစဥ်ချော်နေပြီ...ငါတို့ လီမွန်မီးဖိုချောင်လေးကို ကြိမ်း​မောင်းနေကြတာမဟုတ်ဘူးလား]


[ဗီဒီယိုတင်ခဲ့တဲ့ယုန်ဖက်တီးကိုလည်းမမေ့နဲ့...ဒီဗီဒီယိုကလည်း လူကဖန်တီးထားတာဖြစ်ဖို့များတယ်...ဒီလိုစကေးနဲ့ဆို သင့်တော်တဲ့အလုပ်တစ်ခုသာရှာလိုက်သင့်တယ်]


[ငါပြောမယ်...ငါShining Liveကိုသွားကြည့်ခဲ့တယ်...လီမွန်မီးဖိုချောင်လေးအကောင့်ရဲ့အောက်မှာ ဗီဒီယိုတစ်ပုဒ်ပဲရှိတယ် ဒီစီချွမ်းစတိုင်ငါးပြုတ်ပဲ...နှိပ်ကြည့်လိုက်တော့ အနံ့ကတကယ်မွှေးလွန်းတာကိုတွေ့လိုက်ရတယ်...အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ်ငါသွားရည်ယိုနေပြီ...]


[ငါရောပဲ...အလိမ်ဆိုရင်တောင် ဒီအနံ့ကို နည်းနည်းလောက်ဆက်ရှူခွင့်ပြု...အာဟာရဖြည့်စွက်စာတွေရဲ့အနံ့ကိုသည်းမခံနိုင်ဘူး]


[ထွက်သွားစမ် မင်းတို့နှစ်ယောက်...ဒီအရာ ဘာမှန်းမသိတဲ့ဟာတွေအများကြီးထည့်ထားတာ...အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းမှုထောက်ခံချက်တောင်အောင်ရဲ့လား...တွေ့လား Streamerက အွန်လိုင်းမြည်းစမ်းခြင်းလုပ်ဆောင်ချက်မဖွင့်ရဲဘူး...ဒီဟင်းကိုLiveလွှင့်ပြီးစားမပြရဲဘူး]


[ဟုတ်တယ် အနံ့ကကောင်းတယ်ဆိုရင်တောင် *မသုံးလုံး အစားအသောက်ပဲ ...ငါတို့ရဲ့အာဟာရ​ဖြည့်စွက်စာတွေက အရသာဖွယ်ပေမဲ့ သေချာပေါက်ပထမတန်းစားအာဟာရဓာတ်​တွေအပြည့်ပါတယ်]


တစ်နာရီလေးအတွင်းမှာ ယုန်ဖက်တီးတင်သော ဗီဒီယိုအောက်မှ မှတ်ချက်ဘားတန်းသည် အဆိပ်သင့်မြေရိုင်းအဖြစ်သို့ပြောင်းသွားခဲ့လေပြီ။


တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ခဲ့သောလူတချို့က ရှင်းပြရန်ကြိုးစားကြသော်လည်း သူတို့၏အသံများက ချက်ချင်းပဲ မှတ်ချက်ဘားတန်းထဲမှာနစ်မြုပ်သွားကြသည်။


ယုန်ဖက်တီးက ရုန်ရှင်းရှင်းဟူသည့်အစားအသောက်နှစ်သက်သူကောင်မလေးတစ်ယောက်ဖြစ်၏။သူမက အာဟာရထုပ်များမကြိုက်သော်လည်း တခြားဘာတစ်ခုမှလည်းဝယ်စားစရာမရှိပေ။ညဘက်ပျင်းနေချိန်မှာ Shining Liveကိုဖွင့်ခဲ့ပြီး [လီမွန် မီးဖိုချောင်လေး]ဟူသည့်ကြော်ငြာစာတန်းကိုတွေ့လိုက်ရသည်။စပ်စု​ချင်စိတ်ဖြင့် သူမနှိပ်ကြည့်လိုက်သည်။

 

မမျှော်လင့်ထားစွာပဲ သူမတကယ်ကြီးရတနာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့လေသည်။ရှောင်ကောကောမှာ လှပသောလက်တစ်စုံရှိပြီးအသံလေးကလည်းကောင်းသည်။သေချာပေါက်ကိုချောမည့်လူဖြစ်ပြီး ထိုကဲ့သို့သောမှော်ဆန်သည့်အချက်အပြုတ်စွမ်းရည်များကိုလည်းပိုင်ဆိုင်ထားသည်။


သူမကိုစိတ်ညစ်စေသည့်တစ်ခုတည်းသောအရာက ရှောင်ကောကောက တိုက်ရိုက်ထုတ်လွှင့်မှုကို ထိုကဲ့သို့ရပ်တန့်လိုက်ပြီး အွန်လိုင်းမြည်းစမ်းခြင်းလုပ်ဆောင်ချက်ကိုပင်မဖွင့်ခဲ့သည့်အတွက်သူမတစ်ကိုက်မှမစားလိုက်ရခြင်းသာဖြစ်သည်။


"ဒေါက် ဒေါက်"

တံခါးခေါက်သံထွက်ပေါ်လာသည်။


"ဝင်ခဲ့ပါ"


ရုန်ရှင်းရှင်းက ခုနက ဗီဒီယိုပြန်ကြည့်နေဆဲပင်။ကြည့်နေရရုံအတွက်ဆိုလျှင်ပင် သူမမပိတ်ရက်နိုင်ဖြစ်နေပြီး [လီမွန်မီးဖိုချောင်လေး]နောက်တစ်ခါ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မှာကိုစောင့်နေမိသည်။အဆိပ်အတောက်မှတ်ချက်များအတွက်မူ သူမ အဆိုးရွားဆုံးမှတ်ချက်ပိုင်ရှင်များကို တစ်ခါတည်းtagတွဲကာ rpထုလိုက်၏။


အပြင်မှလူက ဝင်လာပြီးတလေးတစားပြောလာလေသည်။


"သခင်မလေး ကျေးဇူးပြုပြီးမြန်မြန်အဆင့်သင့်ဖြစ်အောင်လုပ်ပါ...လူ​ကြီးမင်းကျန်းဖုန်းမကြာမီဒီကိုရောက်ပါတော့မယ်...သခင်မက သခင်မလေးကိုမြန်မြန် ပြင်ဆင်စေချင်နေပါတယ်"


"ကျန်းဖုန်း...သူက အရမ်းနာည်ကြီးပြီး လက်ရှိမှာနံပါတ်တစ်အိုင်ဒေါဖြစ်နေပေမဲ့ ငါသူ့ကိုကြိုက်တယ်လို့မဆိုလိုဘူးလေ...ဘာလို့အမေကငါ့ကိုဒီလိုမျိုးစီစဥ်ပေးရတာလဲ..."


ရုန်ရှင်းရှင်းက လက်ကိုဝှေ့ယမ်းကာ မျက်ဖြူလှန်လိုက်သည်။


"အိုင်ဒေါတစ်ယောက်ကိုရှာမဲ့အစား ငါ့အစာအိမ်ကိုအမိဖမ်းနိုင်မဲ့သူကိုပဲရှာလိုက်မယ်"


"သခင်မလေး မမြင်နိုင်ဘူးလား...ကျန်းဖုန်းက ကျွန်တော်တို့ရဲ့ ရှန်းရှ ထဲကိုခုန်ဝင်ချင်နေတာ"

ထိုလူကတီးတိုးဆိုသည်။


"ဘာရယ်"

ရုန်ရှင်းရှင်း အံ့ဩသွားပြီးမျက်လုံးဖွင့်လိုက်သည်။


"ကျန်းဖုန်းက အိုင်ဒေါပြိုင်ပွဲမှာ Centerနေရာကနေ ပွဲဦးထွက်ခဲ့တာ...အခုသူက ထိပ်တန်းကြယ်ပွင့်တွေထဲကတစ်ယောက်ဖြစ်​နေပြီ...သူတို့ကုမ္ပဏီက သူ့ကိုလက်လွှတ်ခံဖို့ဆန္ဒရှိတယ်ပေါ့"


"ဘယ်လိုလုပ်အလွယ်တကူလွှတ်ပေးပါ့မလဲ...ဖေး​ဟောင်​ဖျော်ဖြေရေးက သူ့ကိုဆွဲထားဖို့ ပိုက်ဆံတွေအများကြီးသုံး​နေတာ...အရင်းအမြစ်ပေါင်းစုံက သူ့ဆီစီးဝင်နေတယ်...ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဖေးဟောင်က ကုမ္ပဏီအသေးလေးလေ...ကျန်းဖုန်းသာထွက်သွားဖို့ဆုံးဖြတ်ထားရင် သူတို့သူ့ကိုမတားနိုင်ဘူး"


****


အိပ်ရာမဝင်ခင်တွင် လင်းနင် ကြယ်စုကွန်ယက်၏အများဆုံးရှာဖွေမှုစာရင်း(Hot Search)ကို နှိပ်လိုက်သည်။သူက ဆက်ပွတ်မဆွဲသဖြင့် သူကိုယ်တိုင်နှင့်ပတ်သတ်သည့် Hot Search၏အမြှီးကိုမမြင်လိုက်ရပေ။


အကြောင်းမှာ လက်ရှိအချိန်တွင် ပေါက်ကွဲစေနိုင်သောသတင်းတစ်ခုက အင်တာနက်သုံးစွဲသူများ၏အာရုံစူးစိုက်မှုကိုအပြည့်အဝစွဲဆောင်ထားပြီး ၎င်းကရှာဖွေမှုများလွန်း၍ ​ခရမ်းရောင်ပြောင်းနေပေပြီ။


တခဏတွင်းချင်း ၎င်းနှင့်ဆက်စပ်နေသောခေါင်းစီးများက Hot Searchစာရင်းကိုသိမ်းပိုက်ပစ်လေပြီး တခြားအဆင့်နိမ့်သည့်Hot Searchများကိုဖုံးအုပ်ပစ်လိုက်လေသည်။


#မာရှယ်အပြင်းအထန် ဒဏ်ရာရသွားပြီး ဆဌမဆေးရုံကို အစောင့်များထူထပ်စွာချထား#


#မာရှယ်အပြင်းအထန်ဒဏ်ရာရမှုအောက်ရှိ ကြယ်စုရဲ့အခြေအနေ#


#နိုင်ငံ့အမျိုးသားနတ်ဘုရားမာရှယ်ကိုမာဝင်၍နေ#


#မာရှယ်အတွက်ဆုတောင်းစကား#


....


ဆဌမဆေးရုံ၊မာရှယ်၊အပြင်းအထန်ဒဏ်ရာရ၊ကိုမာ...


ငါဒီနေ့ဆေးရုံက ဆင်းလာတော့ လူနာတင်ယာဥ်ထဲမှာငါမြင်ခဲ့တဲ့လူက တကယ်တော့ ကြယ်စုရဲ့အရှင်မာရှယ်ကြီးလား...


လင်းနင် Hot Searchကိုနှိပ်လိုက်သော်မာရှယ်၏ဓာတ်ပုံကိုမြင်လိုက်ရသည်။


ဓာတ်ပုံထဲမှ  ငယ်ရွယ်ပြီးချောမောသောလူက စစ်ယူနီဖောင်းနှင့်မတ်မတ်ရပ်လျက်ရှိသည်။အနက်ရောင်ဆံပင်၊စူးရှနက်နဲသော အနက်ရောင်မျက်ဝန်းများ၊နှာတံမြင့်မြင့်နှင့်နှုတ်ခမ်းပါးများ၊ထင်းလင်းပြတ်သားလှပါ့သည့်မျက်နှာကောက်ကြောင်းများနှင့်အေးစက်စက်မျက်နှာတစ်ခု။သူ့ရင်ဘက်ပေါ်က ဆုတံဆိပ်က သူ၏မရေမတွက်နိုင်သောအောင်ပွဲများကိုသယ်ဆောင်းထား၏။ပုံလေးတစ်ပုံကပင် သူ့ဆီကထွက်လာနေသောသတ်ဖြတ်ချင်စိတ်အရှိန်အဝါကိုလင်းနင်အားခံစားမိစေသည်။


သန်မာလိုက်တဲ့အရှိန်အဝါ...ဒါပေမဲ့မာရှယ်က ဒီလောက်ငယ်တယ်လား...


လင်းနင် သူ့ကိုယ်သူတစ်ဖက်လူနှင့်ယှဥ်ကြည့်သည့်အခါ သေးနုပ်မှေးမှိန်သွားသည့်သူ့ကိုယ်သူကိုတွေ့လိုက်ရသည်။သူ သူ၏ကြယ်စုအကောင့်ထဲဝင်ပြီး #မာရှယ်အတွက်ဆုတောင်းစကား#ကိုပြန်လည်မျှဝေလိုက်ပြီး ရင်ထဲကပါသည့်ဆုတောင်းစကားတစ်ခုရေးလိုက်လေသည်။


ပြီးသွားသည့်နောက် သူ၏ကြယ်စုအကောင့်က အိုင်ဒေါပြိုင်ပွဲတုန်းကပို့စ်များဖြင့်ပြည့်​နေသည်ကိုတွေ့လိုက်ရသည်။သူ့မှာတကယ်ကြီး Followerအနည်းငယ်ရှိနေပြီး စုစုပေါင်း ၈သန်းခန့်ရှိလေသည်။သို့ပေမဲ့ အကုန်လုံးက anti-ဖန်များချည်းဖြစ်လောက်သည်။မှတ်ချက်များအားလုံးက သူ့ကိုဆဲဆိုထားကြ​ခြင်း​သာဖြစ်၏။


လင်းနင် အိုင်ဒေါပြိုင်ပွဲနှင့်ပတ်သက်ပြီး သူတင်ခဲ့သည့်ပို့စ်များအားလုံးကိုဖျက်လိုက်သည်။ထိုပို့စ်များထဲမှာထိပ်ဆုံးဆယ်​ယောက်၏​အဖွဲ့လိုက်ဓာတ်ပုံတစ်ပုံပါပြီး ထိုပုံထဲမှာ သူ့အပြင်ကိုကျန်းဖုန်းလည်းပါသည်။


ကျန်းဖုန်း...


ဤခန္ဓာကိုယ်ကိုသူသိမ်းပိုက်လိုက်ပြီဆိုမှတော့ ဤခန္ဓာကိုယ်၏အတိတ်ကအငြိုးအာဃာတများကိုလည်း တာဝန်ယူဖြေရှင်း​ပေးမှာဖြစ်ပြီး ၎င်းတို့ကိုရှင်းရှင်းလင်းပြတ်ပြတ်သားသားဖြစ်အောင်သူလုပ်မှာဖြစ်ပေသည်။



****


စာရေးသူမှာပြောစရာရှိတယ်

မာရှယ်:အစမှာတင် ကိုမာဝင်သွားတာက အနာဂတ်ဇနီး​လောင်းလေးရှေ့မှာသိပ်မမိုက်ဘူး...


လင်းနင်:...


1.ထုတ်လုပ်သူအမည်မပါ၊ထုတ်လုပ်သည့်ရက်စွဲမပါ၊သက်တမ်းကုန်ရက်စွဲမပါသည့်စားသောက်ကုန်။အရည်အသွေးမပြည့်မီသောစားသောက်ကုန်။


>>>><<<<



🐈🐈🐈