Ch 3
Viewers 2k


🐈Chapter 3 




လင်းနင် သူ့ရှေ့မှာပေါ်လာသည့် သူ၏လက်ရှိယုံကြည်မှုတန်ဖိုးကိုပြနေသော ပုံရိပ်ယောင်အခြေအနေပြဘားတန်းကို နှိပ်လိုက်သည်။


သူ၏လက်ရှိယုံကြည်မှုတန်ဖိုးမှာ ၁၅၆၈မှတ်ဖြစ်သည်။စနစ်ဈေးဆိုင်ထဲဝင်ပြီးနောက် ပါဝင်ပစ္စည်းမျိုးစုံကြောင့် လင်းနင်ဖမ်းစားခံလိုက်ရလေသည်။


ပထမထပ်မှ ပဲငံပြာရည်နှင့်ရှာလကာရည်ကအစ ငရုတ်ဆော့စ်အဆုံး အရာအားလုံးရှိနေသည့်ဟင်းခတ်အမွှေးအကြိုင်အပိုင်းဖြစ်သည်။ဒုတိယထပ်က အသားဖြစ်ပြီး ကောင်းကင်မှာပျံသည့်သတ္တဝါများအစ၊ပင်လယ်ထဲမှာ​​ရေကူးသည့်သတ္တဝါများအလယ်၊မြေပေါ်ပြေးသည့်သတ္တဝါများအဆုံး အကုန်ပါလေသည်။


အကုန်လုံးက လတ်ဆတ်ပြီး စနစ်ဈေးဆိုင်၏အတွင်းပိုင်းမူများ၏ မြင့်မားလှသောအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများနှင့်ပြည့်မီလေသည်။


တတိယထပ်က ဥနှင့်နို့ထွက်ပစ္စည်းများဖြစ်သည်။


လင်းနင် လတ်လတ်ဆတ်ဆတ်နွားနို့နှင့်ဥများဝယ်လိုက်သည်။


စတုတ္ထထပ်မှာ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များဖြစ်ပြီး သူ မြင်ဖူးသည့်အရာများရော/မမြင်ဖူးသည့်အရာများပါ အမျိုးအစားပေါင်းစုံနေရာချထား၏။တချို့ရှားပါး ဟင်းသီးဟင်းရွက်များက ယုံကြည်မှုအမှတ်သောင်းချီဈေးကြီးပြီး တချို့အသီးများကလည်း အံ့အားသင့်လောက်စရာဈေးရှိကြသည်။


ပဥ္စမထပ်မှာမူ အဓိကစားကုန်(အခြေခံစားကုန်)အပိုင်းဖြစ်ပြီး ဂျုံ၊ဆန်၊အစေ့အဆံများနှင့်ကောက်နှံများ အကုန်လုံး ဤနေရာမှာရှိလေသည်။


ဆဌမထပ်ကို ပိတ်ထားပြီး အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများဟုနာမည်တပ်ထား၏။လင်းနင်၎င်းကိုနှိပ်ကြည့်၍မရခဲ့ပေ။လက်ရှိမှာ သူက အဆင့်တစ်မှာဖြစ်ပြီး အဆင့်ငါးအထိမြှင့်ပြီးမှသာ ဝင်၍ရပေလိမ့်မည်။


သူ့မှာ အပင်အခြေခံစွမ်းရည်တွေရှိမှတော့  အပင်တွေကြီးထွားနှုန်းကိုမြှင့်တင်ဖို့နဲ့  ဆေးဖက်ဝင်ဂုဏ်သတ္တိတွေနှိုးဆွပေးဖို့ အပင်တွေရဲ့ကြီးထွားမှုလုပ်ငန်းစဥ်အတွင်းမှာ သူ့ရဲ့စွမ်းရည်ကိုထည့်ပေးလို့ရလား...နည်းနည်းပါးပါးဆေးဖက်ဝင်အောင်လေ...


၎င်းကိုတွေးပြီး လင်းနင်ပါဝင်ပစ္စည်းတချို့ထပ်ဝယ်ကာ သိမ်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်ကာချက်ပြုတ်ရန်ပြင်ဆင်လိုက်၏။


မနက်ခင်းဖြစ်သဖြင့် သူအာဟာရပြည့်ဝ​သောမနက်စာကိုလုပ်ရန်ဆုံးဖြတ်လိုက်သည်။ထို့နောက် သူအပြင်ထွက်၍ ကမ္ဘာကြီးအကြောင်းသင်ယူလေ့လာမှာဖြစ်ပြီး ယနေ့၏တိုက်ရိုက်ထုတ်လွှင့်မှုတာဝန်လည်းပြီးဆုံးသွားပေလိမ့်မည်။


Shining Liveကိုဖွင့်ပြီးနောက် လင်းနင် လက်လှုပ်ရှားမှုများကိုပဲပြသရန်ချိန်ညှိလိုက်၏။သူ၏အကောင့်ကိုကြည့်လိုက်ရာ ထိုထဲမှာကြယ်ဒင်္ဂါးများစွာတိုးလာသည်ကိုတွေ့လိုက်ရလေသည်။


? !


ဒါက ဒဏ္ဍာရီလာဆုကြည့်ရှုသူတွေကပေးတဲ့လက်ဆောင်လား...


လင်းနင် လက်ဆောင်စာရင်းကိုစစ်ကြည့်သည့်အခါ မနေ့ကတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ခဲ့သည့်လူအတော်များများက လက်ပစ်ဗုံးများနှင့်တော်ပီဒိုများပစ်ထားသည်ကိုတွေ့လိုက်ရသည်။Shining Live အက်ပ်၌ လက်ဆောင်ပေး၍ရသည့်ပစ္စည်းလေးမျိုးရှိပြီး လက်ပစ်ဗုံး၊​ရေနက်သုံးတော်ပီဒို၊လေယာဥ်တင်သင်္ဘောနှင့်အာကာသယာဥ်တို့ဖြစ်ပြီး ဈေးနှုန်းမှာ ကြယ်ဒင်္ဂါး၅၀၊ကြယ်ဒင်္ဂါး၁၀၀၊ကြယ်ဒင်္ဂါး၅၀၀နှင့်ကြယ်ဒင်္ဂါး၁၀၀၀တို့အသီးသီးရှိကြသည်။


[ယုန်ဖက်တီး]အမည်ရှိအင်တာနက်သုံးစွဲသူတစ်ဦးက အမှန်ပင်သူ့ကိုတော်ပီဒိုအလုံး၅၀ပေေးပို့ထားပြီးး ယာယီအားဖြင့်ပထမနေရာရနေသည်။အဲဒါကကြယ်ဒင်္ဂါး၅၀၀၀...


လင်းနင် တွက်ကြည့်လိုက်ရာသူ စုစုပေါင်းလက်ဆောင်ကြယ်ဒင်္ဂါး၁၀၀၀၀ ကျော်ရခဲ့သည်။ပလက်ဖောင်းဝန်ဆောင်ခနှုတ်ပြီးနောက် ဤလ၏အကြွေးဖိအားတို့လျော့သွားလေသည်။ဝမ်းသာစရာစပရိုက်ဖြစ်လေပြီး အတော်ကောင်း၏။


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ လူတချို့တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြသည်။မနေ့ကHot Search၏ကျေးဇူးကြောင့် လူများစွာက [လီမွန်မီးဖိုချောင်လေး]အကောင့်ကို Follow ထားကြသည်။အတော်များများက ဝင်လာသည်နှင့်စတင်ဆဲဆိုကြသည်ဆိုပေသော်ငြား လင်းနင်၏နာမည်ကျော်ကြားမှုက မြင့်တက်လာနေသည်မှာအမှန်ပင်။


[ယုန်ဖက်တီး :မနက်ခင်နိုးလာကတည်းကဒီမှာလာစောင့်နေတာတန်တယ်...မျက်ကွင်းတွေညိုနေပေမဲ့ နောက်ဆုံးတော့ မိပြီ...]


[[ချစ်စရာကောင်းသူလေး[ယုန်ဖက်တီး]က တော်ပီဒိုတစ်လုံးပေးပို့ခဲ့သည်။]]


[[ချစ်ရာကောင်းသူလေး[မြောင်ဝူ]က လက်ပစ်ဗုံးတစ်လုံးပေးပို့ခဲ့သည်။]]


[ဝေဖန်ရေးဘုရင် : ဟဟ...Streamerငကြောင်က စပြီးထူးထူးဆန်းဆန်းတွေလုပ်နေပြန်ပြီ...မျက်နှာဖြတ်ရိုက်ခံရမှာကိုစောင့်နေမယ်...]


[ဖြတ်သွားဖြတ်လာA :Hot Searchကနေလာတာပါဟုတ်...Streamerဘာလုပ်နေလဲကြည့်ဦးမယ်...]


[ဖြတ်သွားဖြတ်လာA :ဒါပေမဲ့လို့လေ...ဒီလက်တွေကမဆိုးဘူးဟ...]


[ပန်းခင်းလမ်းပေါ်က မစ္စတာဟွား :@Shining Live တုန့်ပြန်မှုကိုစောင့်နေမယ်...]


[ဝေဖန်ရေးဘုရင် :+1...'မ' သုံးလုံးဗီဒီယိုကိုလွှင့်ရဲတယ်...ဆိုက်ဘာရဲရဲ့တုန့်ပြန်မှုကိုစောင့်နေမယ်...] 


[ယုန်ဖက်တီး:အပေါ်ထပ်ကလူရေ မလိုပါဘူး...ဒီလိုမျိုးဆက်ပြဿနာရှာနေမယ်ဆိုရင်မကြည့်နဲ့...ဘယ်ဘက်လှည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကထွက်သွားလိုက်ပါ...]


လင်းနင်က မှတ်ချက်ဘားတန်းထဲမှာ စကားတိုက်ပွဲစနေပြီမှန်းမသိပေ။သူ ယနေ့ ဂိုချီဘယ်ရီ၊ကျောက်ပွင့်နှင့်ကြာစေ့စွပ်ပြုတ်၊ကြက်ဥကြော်နှင့် ဝက်သားမှိုစတူးပေါက်စီလုပ်ရန်ပြင်ထားသည်။


"အားလုံးပဲ မင်္ဂလာမနက်ခင်းပါ ...ဒီနေ့ ကျွန်တော်လုပ်မှာက အာဟာရပြည့်ဝပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာပါ...ဘာတွေလဲဆိုတော့ ဂိုချီဘယ်ရီ၊ကျောက်ပွင့်နဲ့ကြာစေ့စွပ်ပြုတ်၊ကြက်ဥကြော်နဲ့ ဝက်သားမှိုစတူးပေါက်စီပဲဖြစ်ပါတယ်"


သူ ကြိုစိမ်ထားသော ကျောက်ပွင့်နှင့်ကြာစေ့များကိုထုတ်လိုက်ပြီး ကျောက်ပွင့်အကြီးကြီးကို အဖတ်ငယ်လေးများဖြစ်အောင်ဖြဲလိုက်သည်။ကျောက်ပွင့်ကနူးညံ့နေပြီးကိုင်၍ကောင်းလှ၏။ရေဆေးထားသော တရုတ်ဆီးသီးများ(ဂျူဂျူဘယ်)၊ကျောက်ပွင့်နှင့်ကြာစေ့များကို အိုးငယ်လေးထဲထည့်ပြီးနောက် သင့်တော်သောပမာဏရှိသည့်သကြားခဲနှင့်ရေတို့ကိုထည့်ကာ အချိန်သတ်မှတ်လိုက်သည်။


"ဂိုချီဘယ်ရီ၊ကျောက်ပွင့်နဲ့ကြာစေ့စွပ်ပြုတ်က အသားအရေကိုလှပစေပြီးအာဟာရဖြည့်ပေးတဲ့သက်ရောက်မှုရှိတယ်...အကုန်လုံးကြည့်ပြီးသင်ယူလို့ပိုလွယ်အောင် ကျွန်တော် ဗီဒီယိုကိုပြန်တည်းဖြတ်ပြီး ပါဝင်ပစ္စည်းတစ်ခုချင်းစီရဲ့နာမည်တွေထည့်ပေးပါ့မယ်...စွပ်ပြုတ်က အကြာကြီးတည်ထားရမှာ...ဝက်သားမှိုစတူးပေါက်စီစပြီးပြင်ဆင်ရအောင်]


ဂိုချီဘယ်ရီ၊ကျောက်ပွင့်နှင့်ကြာစေ့စွပ်ပြုတ်က ဘာအနံ့မှသိသိသာသာထွက်မလာသေးပေ။၎င်းကိုစောင့်မျှော်နေကြသူများဖြစ်စေ မယုံသင်္ကာနှင့်ပွဲကြည့်နေသူများဖြစ်စေ ၎င်းကိုမြင်ချိန်မှာ အနည်းငယ်စိတ်ပျက်သွားကြလေသည်။


[ဝေဖန်ရေးဘုရင်: မနေ့ကလိုမျိုးအနံ့မထွက်ဘူး...မသင်္ကာစရာတစ်ခုခုတော့သေချာပေါက်ရှိနေတယ်...​ဖော်ထုတ်ခံရမှာကိုသာစောင့်နေ...]


[ဖြတ်သွားဖြတ်လာA :ဗီဒီယိုကအတုမဟုတ်မှန်းမြင်နိုင်တယ် သေချာပေါက်တိုက်ရိုက်လွှင့်နေတာ...ငါဒါကိုအာမခံနိုင်တယ်...]


[ပန်းခင်းလမ်းပေါ်မှာမင်းနဲ့ငါ :ငကြောင်Streamerက မြန်မြန်ပိတ်ပင်ခံရသင့်တယ်...အတန်းရှင်းရဖို့သွားသေလိုက်ပါ့လား...]


[ပန်းခင်းလမ်းခရီးသွား]:ဟုတ်တယ် ရတဲ့အချိန်မှာ ဘေးအိမ်ကိုသွားပြီး လူကြီးမင်းဟွားရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်တာကပိုကောင်းလိမ့်ဦးမယ်...တာ့တာ့ မနေတော့ဘူး...]


[မြောင်ဝူ]:ဘာလို့ဟွားလုဟွာရဲ့ဖန်တွေအများကြီးရုတ်တရက်ပေါ်လာရတာလဲ...]


ဟွားလုဟွာက Shining Liveတွင်လတ်တလောမှာအလွန်နာမည်ကြီးနေသော Streamer ဖြစ်သည်။ သူ့မှာ လှည့်ကွက်များစွာရှိပြီး မကြာခဏပင် မျိုးစုံဒရာမာခင်းကာHot Searchပေါ်မှာပေါ်လာလေ့ရှိသည်။Streamerတစ်ယောက်က နာမည်ကြီးမည့်လက္ခဏာပြသည့်နှင့် သူက Shining Liveကိုသူ့အိမ်နောက်ဖေးဟုသတ်မှတ်ထားသည့်အတိုင်း ကာကွယ်ရေးမုဒ်အွန်တတ်လေသည်။သူ့ဖန်များက အလွန်ရန်လိုတတ်သဖြင့် အင်တာနက်သုံးစွဲသူများက သူတို့ကိုသိနေရခြင်းဖြစ်သည်။


[ယုန်ဖက်တီး]:လာပြီးဂိတ်စောင့်ကြပြန်ပြီ...ငါတို့အကုန်လုံးသိကြတဲ့အတိုင်း ဟွားလုဟွာက သူများရဲ့မှတ်ချက်ဘားတန်းထဲမှာပြဿနာရှာရတာကိုကြိုက်တယ်လေ]


တခဏတွင်းချင်း မှတ်ချက်ဘားတန်းက လုံး​ထွေးသွားတော့သည်။


***


လင်းနင် ပါဝင်ပစ္စည်းများကိုရေဆေးပြီး မှို၊အသားနှင့်ကြက်သွန်မြိတ်တို့ကို တုံးတစ်လှီးကာ ကြိုဖောက်ထားသောမုန့်ညက်ကိုယူလိုက်သည်။ဆီအပူပေးပြီးနောက် အသားထည့်ကာမွှေကြော်​ပြီး ပဲငံပြာရည်အနောက်၊ခရုဆီနှင့်တခြားဟင်းခတ်အမွှေးအကြိုင်များထည့်လိုက်၏။အသားက စိုရွှန်းပြီးစားချင်စဖွယ်ဖြစ်နေလေသည်။မိနစ်အနည်းငယ်ကြာပြီးနောက်လှီးထားသောမှိုများထည့်လိုက်ပြီး ချခါနီးမှာကြက်သွန်မြိတ်အုပ်လိုက်၏။


ဝက်သားမှိုစတူး၏အနံ့က လျှံထွက်လာပြီး မိနစ်အနည်းငယ်အတွင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံး အသားနံ့လှိုင်လှိုင်ဖြင့်ပြည့်သွားတော့သည်။


လူသားတို့၏စိတ်ဝိညာဥ်အတွင်း နက်နက်ရှိုင်းရှိုင်းရေးထွင်းထားသော အရသာရှိသည့်ရနံ့က အင်တာနက်သုံးစွဲသူများ၏အာရုံကြောများကို အကြီးအကျယ် နှိုးဆွလိုက်သဖြင့် သူတို့အားအငြင်းပွားမှုများကိုလျစ်လျူရှုပြီး အသားအိုးကိုစိုက်ကြည့်လိုက်ကြသည်။


[မြောင်ဝူ]:တဆိတ်လောက် ဒီStreamerကိုဘယ်ကနေ​ပြန်​ပေးဆွဲလို့ရမလဲ...အဲဒါက တရားဝင်ရဲ့လား...]


[နို့အိတ်လေး]:ဝင်တယ် ဝင်တယ်...ငါ့ကိုထည့်တွက်လိုက်...အကုန်လုံးဝေစုညီတူမျှတူပဲ...]


[လဘယ်မှာလဲ]:Streamerရေ အိမ်မှာအိမ်မွေးတိရိစ္ဆာန်လေးဘာလေးလိုသေးလား...သူ့ဘာသူစားတတ်ပြီး သန့်ရှင်းမှုကိုချစ်မြတ်နိုးတဲ့အမျိုးအစားမျိုးလေ?...]


[[ချစ်စရာကောင်းသူလေး[ယုန်ဖက်တီး]က တော်ပီဒိုတစ်လုံးပေးပို့ခဲ့သည်။]]


[[ချစ်စရာကောင်းသူလေး[ယုန်ဖက်တီး]က တော်ပီဒိုတစ်လုံးပေးပို့ခဲ့သည်။]]


လင်းနင်က ပေါက်စီလုပ်နေပြီဖြစ်သည်။သို့သော်လက်ဆောင်တစ်ခုပေးတိုင်း အသိ​ပေးချက်အသံတစ်ခုထွက်သဖြင့် သူစခရင်ကိုကြည့်လိုက်ရာ အင်တာနက်သုံးစွဲသူများကလက်ဆောင်များပေးနေသည်ကိုတွေ့လိုက်ရသည်။


???


ကြယ်စုက အင်တာနက်သုံးစွဲသူတွေက အဲလောက်ချမ်းသာကြတာလား...


အင်တာနက်သုံးစွဲသူများက စခရင်ပေါ်က လက်သွယ်သွယ်က ခဏမျှတန့်သွားသည်ကိုသာမြင်လိုက်ရပြီးနောက် Streamer၏နူးညံ့သောအသံကိုကြားလိုက်ကြရသည်။


"လက်ဆောင်တွေအများကြီးပေးတာကို ကျွန်တော်အားမပေးပါဘူး...အထူးသဖြင့်ကိုယ်ပိုင်ဝင်ငွေမရှိကြသေးတဲ့ကလေးတွေအတွက်ပါ...ကျောင်းစာကိုပဲအာရုံစိုက်ကြပါ ..."


"ပြီးတော့ ဒီယုန်ဖက်တီးဆိုတဲ့ကလေး ကျွန်တော် မင်းကိုသတိပြုမိတယ်...ဒီနေ့အတွက်ကံကောင်းတဲ့ကြည့်ရှုသူက မင်းပဲ...ကျွန်တော်ချက်ထားတာကိုကြိုက်ရင် ဒီနေ့ကျွန်တော်မင်းကိုမနက်စာပို့ပေးလိုက်ပါ့မယ်...စိတ်ဝင်စားရင် ကျွန်တော့်ကိုDMမှာလိပ်စာပို့ထားပေးပါနော်..."


"နောက်ပြီး ကျွန်တော်ချက်ထားတဲ့ဟာက လုံးဝကို အန္တရာယ်ကင်းပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်...စိတ်ကြိုက်စစ်ဆေးကြည့်လို့ရပါတယ်..."


ဖြူဖွေးနူးညံ့သောပေါက်စီများက သူ့လက်များထဲတွင် အဆင့်အဆင့်ပုံပေါ်လာသည်။ပေါင်းအိုးထဲထည့်လိုက်ချိန်၌ ပေါက်စီဖြူဖြူများက သေးငယ်ပြီးပြည့်ဖောင်းကာ အလွန်ချစ်စရာကောင်းလေသည်။


မှတ်ချက်ဘားတန်းက လင်းနင်၏စကားများကြောင့်ပေါက်ကွဲသွားပြန်သည်။


[သစ်သားအိမ်]:@မြောင်ဖက်တီး နင် ဒါကိုကြံနေတာကြာပြီမလား ...ရှောင်ကောကောချက်ထားတဲ့ဟာကိုနင်ကမျက်စိကျနေခဲ့တာပဲ! ! !]


[မြောင်ဝူ]:အား အား အား အား အား ငါလည်းစားချင်တယ်လို့! ! !]


[ဝေဖန်ရေးဘုရင်]:ဟမ့် ဆေးရုံကိုအလည်တစ်ခေါက်ရောက်မှာကိုစောင့်နေမယ်...]


မှတ်ချက်များက အားကျမှုနှင့်လှောင်ပြောင်မှုများဖြင့်ပြည့်နေသော်လည်း ရုန်ရှင်းရှင်းမှာစိတ်လှုပ်ရှားလွန်း၍လက်များတုန်ယင်နေလေသည်။


? ? ? ! ! !


သူမ အရွေးခံလိုက်ရတယ်လား...!ပျော်!


[ယုန်ဖက်တီး]:ကျေးဇူးတင်ပါတယ် လီမွန်မီးဖိုချောင်လေးကောကော... ငါက ကလေးမဟုတ်တော့ပါဘူး...တစ်နေ့မှာအရသာရှိတဲ့အစားအသောက်တွေကိုစားရဖို့အလုပ်ကြိုးစားနေတဲ့သူပါ...အခုချက်ချင်းDMလိုက်ပါ့မယ်]


[မြောင်ဝူ]:သနားစရာကလေးလေး အားကျလွန်းလို့မျက်ရည်တွေကျနေပြီ...]


လင်းနင်: "ကျွန်တော် ဒီနေ့အများကြီးလုပ်ထားတာ ပြီးရင်tasting functionဖွင့်ပေးမယ်...စားကြည့်ပြီးရင် ကျွန်တော်ချက်ထားတဲ့ဟာက အန္တရာယ်ကင်းမကင်းသိရလိမ့်မယ်...ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး ဘာဆိုင်ဘာရဲကိုမှကြောက်စရာမလိုဘူး..."


"စားကြည့်ပြီးရင် အောက်မှာဒီမနက်စာအတွက် ​ဝေဖန်ချက်လေးချန်ထားပေးလို့ရပါတယ်...သေသေချာချာလေးဝေဖန်ချက်ပေးတဲ့ကြည့်ရှုသူနှစ်ယောက်ကိုရွေးပြီး ပူပူနွေနွေးမြန်မြန်ဆန်ဆန်ရောက်အောင် ကြယ်စုအမြန်ချောပို့ကိုသုံးပြီး မနက်စာပို့ပေးပါမယ်"


"အခုအဲဒါအတွက်ပြင်ဆင်လိုက်ဦးမယ်... "


လင်းနင် လက်ဆေးပြီးနောက်ယုန်ဖက်တီးဆီက မက်ဆေ့ချ်ရောက်လာလေသည်။


ရေးထားသည့်လိပ်စာကိုမြင်ပြီးနောက် သူ့အကောင့်အောက်ရှိ အမည်မသိ အစားအသောက်ပို့ဆောင်ရေးကိုရွေးလိုက်သည်။ထုပ်ပိုးပြီးနောက် တစ်ယောက်ယောက်လာယူပေလိမ့်မည်။


"ဒါနဲ့ မနေ့က tasting functionရှိမှန်းမသိခဲ့ဘူး...ဒါပေမဲ့ ကျွန်​တော် စီချွမ်းစတိုင်ငါးပြုတ်ရဲ့ဒေတာတွေအကုန်လုံးကို ဒီမှာမှတ်တမ်းတင်ထားတယ်...အကုန်လုံးမြည်းစမ်းရအောင်လို့ ဒီညတင်ပေးမယ် ..."


"ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်..."


အချိန်စေ့ခါနီးချိန်မှာလင်းယွမ် မီးပိတ်ပြီး စွပ်ပြုတ်အိုးကိုဖွင့်၍ ဂိုချီဘယ်ရီများထည့်ကာသုံးမိနစ်တည်ထားလိုက်သည်။ပေါင်းအိုးကိုလည်းခလုတ်ပိတ်လိုက်ပြီးနောက် ကြက်ဥလေးလုံးကြော်လိုက်သည်။


ဂိုချီဘယ်ရီ၊ကျောက်ပွင့်နှင့်ကြာစေ့စွပ်ပြုတ်က အဝါရောင်စွပ်ပြုတ်ဟင်းရည်ကိုမှ အနီရောင်များဖြင့်တန်ဆာဆင်ထားခြင်းဖြစ်ပြီး အလွန်အနုပညာဆန်ပြီးလက်ရာမြောက်လှသည်။ဝက်သားမှိုစတူးပေါက်စီများ၏အသားနိုင်းချင်းအနံ့က လုံးဝကို သွားရည်ယိုစေလောက်သည်။


ပေါက်စီများက အငွေ့တထောင်းထောင်းနှင့်နူးညံ့ဖြူဖွေးပြီး ချစ်စရာကောင်းလွန်း၍ တလုတ်တည်းမျိူချမိချင်စေ၏။ကြက်ဥကြော်များကို အဝိုင်းလေးများလုပ်ထားပြီး အနားသားတို့ကြွပ်နေသော အဖြူရောင် ကြက်ဥအကာနုနုက အနှစ်ဝါဝါတို့ကိုထွေးပိုက်ထားသည်မှာ မျက်စိပသာဒဖြစ်စေကာ စားချင်စိတ်ကိုတိုးစေလေသည်။


ပန်းကန်​ပြားထဲထည့်အလှဆင်ပြီးနောက် အာဟာရပြည့်ဝသောမနက်စာ ဖွယ်ဖွယ်ရာရာလေး အဆင်သင့်ဖြစ်လေပြီ။


[အားးးးးး...စားချင်တယ်! ! !]


[အမေက ငါ့ကို ဘာလို့စခရင်ရှေ့မှာဒူးထောက်နေတာလဲလို့မေးနေတယ်! ! !]


[Steamerရေ tasting functionကိုအခုဖွင့်လိုက်ပါတော့! ! !]


[ငါ့ပိုက်ဆံတွေယူလိုက်...လက်ဆောင်တွေအကုန်လုံးမင်းကိုပေးမယ်! ! !]


မှတ်ချက်ဘားတန်း၌ ရူးသွပ်သွားကြသည်။


လင်းနင် ယုံကြည်မှုအမှတ်များတက်လာနေသည့်အသံကိုပြုံးကာနားထောင်ရင်း မြည်းစမ်းခြင်းလုပ်ဆောင်ချက်ကိုဖွင့်လိုက်သည်။


ဗိုက်ဆာလွန်း၍ ဗိုက်ထဲမှာတဂွီဂွီမြည်နေကြပြီဖြစ်သောအင်တာနက်သုံးစွဲသူများမှာ ပုံရိပ်ယောင်စွပ်ပြုတ်၊ပေါက်စီနှင့်ကြက်ဥကြော်များသူတို့၏စခရင်ရှေ့မှာပေါ်လာသည်အားမြင်ရန်နှင့်ပန်းကန်ထဲခေါင်းစိုက်ရန် မစောင့်နိုင်ကြတော့ပေ။


လင်းနင်ကလည်း လှပသောပန်းကန်ခွက်ယောက်အစုံလိုက်များကိုသုံးပေးထားသဖြင့် ကမ္ဘာကြီး၏အထွတ်အထိပ်သော ပျော်မွှေ့ဖွယ်ရာက မျက်စိရှေ့မှာရှိနေသည်။တစ်ကိုက်ကိုက်လိုက်သည်နှင့် မှိုများဆီမှ အချိုရည်များပေါက်ထွက်လားပြီး အသားစတူးက မွှေးနေသည်။


ပါးစပ်ထဲတွင်ပျော်ရွှင်မှု၏အရသာဖြင့် ပြည့်နှက်နေသည်။


ကြက်ဥကြော်က အပြင်ဘက်မှာကြွပ်နေပြီးအတွင်းဘက်မှာနူးညံ့ကာ အရသာအလွန်ရှိလှသည်။မြန်မြန်ကြီးစားမိလျှင် ချိုမြိန်မွှေးပျံ့သော တရုတ်ဆီးသီး၊ကျောက်ပွင့်နှင့်ကြာစေ့စွပ်ပြုတ်တစ်ဇွန်းကိုသာခပ်​သောက်လိုက်။


ဘယ်လို နတ်စာမျိုးလဲ...


အွန်လိုင်းကနေ မနက်စာကိုမြည်းစမ်းလိုက်ရသော အင်တာနက်သုံးစွဲသူများရူးသွပ်ကုန်ကြသည်။  


သူတို့ထဲမှအများစုက လူငယ်များဖြစ်သည်။တစ်ယောက်တည်းစားသည်က မ​ကောင်းဟုခံစားကြရသဖြင့် သူတို့ကသူတို့၏ဆွေမျိူးများနှင့်မိတ်​ဆွေသူငယ်ချင်းများကို အပြေးအလွှား ညွှန်းပေးကြသည်။အိမ်မှာရှိနေသူများက သူတို့၏မိသားစုဝင်များပါးစပ်ထဲကိုအမြန်သွပ်ထည့်လိုက်ကြသည်။စိတ်ထဲမှာ ညည်းနေပေမဲ့ မျက်နှာပေါ်မှာတော့ အလွန်ရက်ရောပါသည်ဟူသည့်အမူအရာကိုပန်ဆင်ရင်းနှင့်။


အမေနဲ့အဖေ စားကြည့်ပါ...ဒါကနတ်ဘုရားအဆင့်Streamerကောကောလုပ်ထားတဲ့မနက်စာ...တစ်ကိုက်စားပြီးတဲ့နောက် ဒီလောက်နှစ်တွေအများကြီးအတွင်းမှာပထမဆုံးအကြိမ်အသက်ရှင်လာသလိုခံစားလိုက်ရတယ်...

 

ကြယ်စုကလူများ တစ်ခါမှမမြင်ဖူးသော ဤအစားအသောက်မုန်တိုင်းက ကြယ်စုကွန်ယက်တစ်ခုလုံးအနှံ့တိုက်ခတ်သွားလေတော့သည်။အင်တာနက်သုံးစွဲသူများ၏သတင်းဖြန့်မှုကြောင့် Hot Searchတစ်ခုအရှိန်ယူအစပျိုးလာလေသည်။

  

"မှတ်ချက်ပေးဖို့မမေ့နဲ့နော်...ယုန်ဖက်တီးအပြင်ကို နောက်ထပ်နှစ်ယောက်မဲဖောက်ပေးမှာပါ...မနက်စာက အဆင်သင့်ထုပ်ပိုးပြီးပြီမလို့ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်ပါတော့မယ်...ဘိုင့်"


>>><<<



🐈🐈🐈