Ch 4
Viewers 2k

🐈Chapter 4 




လင်းနင် မှတ်ချက်များထဲမှာ ကံကောင်းသောကြည့်ရှုသူနှစ်ယောက်ကိုရွေးပြီး တစ်ဖက်လူကိုtagတွဲကာ ပို့စ်တင်လိုက်ပြီးနောက် မကြာမီတစ်ဖက်လူဆီမှ သီးသန့်မက်ဆေ့ချ်ရောက်လာသည်။


ကြည့်ရှုသူနှစ်ယောက်က အလျင်အမြန်ပဲ သူတို့၏လိပ်စာများနှင့်ဆက်သွယ်ရန်အချက်အလက်များကိုပေးပို့လာပြီး သူတို့၏စကားများထဲမှာပြင်းပြသောစိတ်အားထက်သန်မှများပါရှိ၍နေသည်။


[ယုန်ဖက်တီး]နှင့်ကြည့်ရှုသူနှစ်ယောက်၏မနက်စာများကိုကောင်းမွန်စွာထုပ်ပိုးပြီးနောက် ပစ္စည်းပို့သမားလည်းရောက်လာခဲ့သည်။


မှန်ကန်ကြောင်းအတည်ပြုပြီးနောက် လင်းနင် ယဥ်ကျေးစွာပဲ ပစ္စည်းပို့သမားကိုအ​ပေါက်ဝထိလိုက်ပို့လိုက်သည်။ယခု အနာဂတ်ကမ္ဘာတွင် မိနစ်ဒါဇင်အနည်းငယ်အတွင်း တစ်ဖက်လူ၏အိမ်သို့ရောက်လောက်သည်ဟု ခန့်မှန်းရသည်။ထူးကဲကောင်းမွန်သောအပူထိန်းနည်းလမ်းများဖြင့်ဖြစ်လေရာ ဘာပြဿနာမှမရှိပေ။


စိတ်အေးချမ်းသာစွာဖြင့် သူပြန်လာခဲ့ပြီး ကြည့်ရှုသူသုံးယောက်ဆီသီးသန့်မက်ဆေ့ချ်ပို့လိုက်သည်–ပို့လိုက်ပါပြီ တစ်ချက်စစ်ဆေးပေးပါ။


ပစ္စည်းပို့သမားက ပစ္စည်းများကို လွှဲပြောင်း​ရေးဌာနသို့ပို့ပေးပြီးနောက် လေထဲမှာရစ်ဝဲနေသည့်အသားနံ့ကြောင့်ရူးသွပ်လုနီးပါး​ဖြစ်နေပြီဖြစ်သည်။


သူမထိန်းနိုင်ဘဲ လင်းနင်းသူ့လက်ထဲကိုထည့်ပေးလိုက်သည့်ပစ္စည်းများကို သေချာကြည့်လိုက်မိသည်...


ဒါက စားစရာလား...ကမ္ဘာပေါ်မှာဒီလောက်ကောင်းတဲ့အနံ့တကယ်ရှိတယ်လား... ဖောက်သည်များ၏ကိုယ်ရေးကိုယ်တာနှင့် ပိုင်ဆိုင်မှုပစ္စည်းများ၏လုံခြုံရေးကိုကာကွယ်ပေးထားသော ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များကြောင့်သာမဟုတ်လျှင် အထဲမှာဘာရှိလဲသူတကယ်ကြည့်ချင်လှသည်။


မှန်ပေသည်၊သူ သေချာပေါက် ထိုသို့လုပ်မှာမဟုတ်ပေ။ 


အထက်က ပေးပို့သူ၏အချက်လက်ကိုသူကြည့်လိုက်သည်။


[ပေးပို့သူ: လီမွန်မီးဖိုချောင်လေး]


ဆိုတော့ ခုနကတံခါးဖွင့်ပေးခဲ့တဲ့ကောင်ချောလေးက လီမွန်မီးဖိုချောင်လေးပေါ့...


ခဏမျှစဥ်းစား​နေပြီးနောက် သူ ပစ္စည်းသုံးခုကိုစီစဥ်ကာ ပေးပို့လိုက်သည်။ထို့နောက် ကြယ်စုကွန်ယက်အကောင့်ကို ဖွင့်ပြီး လီမွန်မီးဖိုချောင်လေးဟုရိုက်ရှာလိုက်၏။


၎င်းနောက်မှာ ကြယ်စုကွန်ယက်Hot Search၏အမြှီးမှာရှိခဲ့ဖူးသည့် [ယုန်ဖက်တီး]အမည်ရှိအင်တာနက်သုံးစွဲသူတင်ထားသောဗီဒီယိုတစ်ပုဒ်ကိုတွေ့လိုက်ရသည်။


သဲလွန်စများအတိုင်းလိုက်လိုက်သည့်အခါ Shining Live၏[လီမွန်မီးဖိုချောင်လေး]အကောင့်ကိုသူတွေ့သွားခဲ့သည်။


အဲဒီ ကြယ်ပွင့်တစ်ယောက်ထက်တောင်အပြုံးလှတဲ့ ကြင်နာတတ်တဲ့ကောင်ချောလေးက လက်စသတ်တော့... အစားအသောက်Streamerတစ်ယောက်တဲ့လား...


အနာဂတ်ကမ္ဘာက အလွန်အံ့ဩစရာကောင်းလှသည်။


လူသားများသည် ကမ္ဘာမြေနှင့်နဂါးငွေ့တန်းဂလက်ဆီကိုစွန့်ခွာလာသည်မှာကြာပြီဖြစ်၏။လက်ရှိသူနေ​နေသည့်ဂြိုလ်က လူသားပိုင်နက်မှာ နေထိုင်ရန်သင့်လျော်သောအကြီးဆုံးဂြိုလ်ဖြစ်ပြီး လူသားမျိုးနွယ်စု၏ပင်မဂြိုလ်လည်းဖြစ်သည်။


ဤဂြိုလ်က မူလကမ္ဘာမြေထက် သုံးလေးငါးဆပို​ကြီးပြီး နည်းပညာကိုသုံး၍ တောင်တန်းများ၊မြစ်များ၊ရေကန်များ၊ပင်လယ်များနှင့်ရာသီဥတုလေးခုတို့ကိုဖန်တီးထားခဲ့သည်။သို့သော်လည်း မည်မျှပင်ဆင်တူပါစေ၊အဆုံးမတော့ မူလကမ္ဘာမြေမဟုတ်ပါချေ။


ပင်မဂြိုလ်က လူဦးရေကန့်သတ်ထားပြီး တခြားနေထိုင်နိုင်သောဂြိုလ်များက လျင်မြန်စွာဖွံ့ဖြိုးလာနေသည်။


နိုင်ငံ၏ကောင်းမွန်သော အကြီးစားထိန်းချုပ်မှုများကြောင့် ပင်မဂြိုလ်ကလူသားအားလုံး၏အာရုံစိုက်မှုကိုစွဲဆောင်နေသော်လည်း အတိတ်က ကမ္ဘာမြေ၏ တချို့သောပထမတန်းစားဖွံ့ဖြို့ပြီးမြို့များလောက် လူဦးရေထူထပ်မည်မဟုတ်ပေ။


သူ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ပိုက်ဆံအများအပြားရှာနိုင်နေသဖြင့် အများသုံးတစ်ယောက်စီးအာကာသာဥ်သုံးရန်အတွက် စိတ်မကောင်းဖြစ်မနေပေ။ပါပါရာဇီများရှာတွေ့သွားခြင်းမျိုးမဖြစ်ရလေအောင် သူ နေကာမျက်မှန်တပ်ကာ ရုပ်ဖျက်လိုက်ပြီးမှ အာကာသာယာဥ်ပေါ်တက်လိုက်သည်။


မည်သို့ပင်ဖြစ်စေ၊သူက တစ်ခါမှကြယ်ပွင့်တစ်ယောက်မဖြစ်ဖူးသဖြင့် ထိုလောကအကြောင်း အနည်းငယ်သာသိလေသည်။ဤခန္ဓာကိုယ်၏လက်ရှိအဆင့်အတန်းက သေးငယ်သဖြင့် သူ့နောက်ကိုလိုက်နေသည့်ပါပါရာဇီသိပ်မရှိလောက်ဟုတွေးကာ သိပ်ဂရုမစိုက်ဘဲထွက်လာခဲ့သည်။

 

တစ်ခါတရံမှာ ယောကျာ်းလေးများဆိုသည်က ကလေးများလိုကလေးဆန်တတ်သည်။ဆေးရုံကထွက်လာကတည်းက အာကာသယာဥ်ကို သူသတိပြုမိခဲ့မိသည်။ ကံမကောင်းစွာဖြင့်ထိုအချိန်တုန်းကသူ့မှာပိုက်ဆံမရှိပေ။ယခု သူ့မှာပိုက်ဆံရှိနေပြီဖြစ်သဖြင့် စီးကြည့်ချင်သည်မှာသဘာဝပင်။


ကြယ်စု၏စည်ပင်ဖြစ်ထွန်းသောမြို့ကြီးကို အမြင့်ကြီးကနေမိုးကြည့်ရသည်က တကယ်ကိုခံစားရကောင်းသည်။အနာဂတ်ရှိအဆောက်အဦးများက ပုံစံမျိုးစုံအရွယ်အစားမျိုးစုံဖြစ်ပြီး ဒီဇိုင်းများကသူ့ကိုအထပ်ထပ်အခါခါမှင်တက်မိစေသည်။


ကံကောင်းထောက်မစွာဖြင့် အာကာသယာဥ်ကို စက်ရုပ်ကမောင်းနှင်နေခြင်းဖြစ်သည်၊မဟုတ်လျှင် သူ၏တောသားမြို့ထဲဝင်လာသလိုမျိုးအဖြစ်ကိုတွေ့သွားလိမ့်ဖြစ်ပြီး သူအရှက်ကွဲမှာပင်။

 

ပုံမှန်မဟုတ်သည့်တစ်ခုတည်းသောအရာက ဤကမ္ဘာတွင် ဘာအပင်မှမရှိပေ။သူ့လက်များသူ ငုံ့ကြည့်ရင်း ဒီလျှို့ဝှက်ချက်ကိုဘယ်လောက်ကြာကြာဖုံးထားနိုင်မလဲဟုတွေးမိသည်။


အပြက်ဘက်မှာတစ်ရက်ထွက်လည်ပြီးနောက် လင်းနင် သူ၏စိတ်မသက်မသာဖြစ်မှုများကိုခါချလိုက်နိုင်ခဲ့သည်။ဤကမ္ဘာကို သူ့ကိုယ်ပိုင်မျက်လုံးများနှင့်မြင်ပြီးနောက်မှာ သူနှလုံးသားထဲရှိ အစစ်အမှန်မဟုတ်သလိုခံစားချက်က အများကြီးလျော့ပါးသွားခဲ့သည်။ 


ညမှောင်လာချိန်မှ သူအေးအေးလူလူလမ်းလျှောက်ပြန်လာခဲ့သည်။သယ်ယူပို့ဆောင်​ရေးက ဤမျှဖွံ့ဖြိုးတိုးတက်​နေသဖြင့် အိမ်ပြန်ရန်အရေးက စိတ်ပူစရာမဟုတ်ပေ။


အိမ်က​နေ မီတာရာအနည်းငယ်မျှသာဝေးတော့ချိန်မှာ သူလူပါးသောလမ်းတစ်ခုဆီသို့ရောက်လာခဲ့သည်။လမ်းပေါ်မှာတိတ်ဆိတ်လွန်းသဖြင့် သူအားအနည်းငယ်နိုးကြားလာစေသည်။ဘာမှမဖြစ်သလိုမျိုး ဘေးပတ်ဝန်းကျင်းကိုကြည့်လိုက်ပြီး မလှမ်းမကမ်းမှာ စောင့်ကြည့်ကင်မရာ(CCTV)တစ်လုံးကိုတွေ့လိုက်ရပြီးနောက် သူစိတ်အေးသွားပြီးသက်ပြင်းချလိုက်သည်။


ပြဿနာမရှိလောက်ပါဘူး...


ထိုသို့တွေးနေစဥ်မှာပဲ ကြောင်ပုံစံသတ္တဝါတစ်ကောင် လမ်းဘေးမှာလဲကျနေသည်ကိုရုတ်တရက်သတိပြုမိလိုက်၏။လမ်းဘေးကြောင်ဟုပဲသူထင်လိုက်သည်။


လင်းနင် လျှောက်သွားလိုက်ပြီး ကြောင်၏ကိုယ်ပေါ်မှာ အရွယ်အစားအမျိုးမျိုးရှိသောဒဏ်ရာများကိုမြင်လိုက်ရသဖြင့် သနားစိတ်ကြောင့် မျက်နှာမဲ့သွားခဲ့သည်။


မလှုပ်မယှက်လဲလျောင်းနေခဲ့သောကြောင်က အသံကြားပြီးနောက် နားရွက်များတန်းထောင်လာပြီး ခုန်ထကာ အမွှေးများဖွာရင်း လင်းနင်ကိုသတိအပြည့်နှင့်စူးစိုက်ကြည့်လာသည်။


ကြောင်၏တစ်ကိုယ်လုံးက အမွှေးရှည်ရှည်များဖြင့်ဖုံးအုပ်နေကာ လည်ပင်းမှာ ထူထဲနွေးထွေးသောလည်ဆံမွှေးများရှိလေသည်။အမွှေး၏အပြင်လွှာက ကြမ်းပြီးပြောင်ချောနေကာ အောက်ခြေအလွှာက ပိုးသားကဲ့သို့နူးညံ့ပြီးသိပ်သည်းသည်။သို့သော်လည်း ကြောင်တစ်ကိုယ်လုံးသွေးများလွှမ်းနေပြီး ၎င်း၏မျက်လုံးများက စူးရှပြီးကြမ်းကြုတ်ကာ ကြီးစွာသောနာကျင်မှုကိုခံစားနေရသည့်အတိုင်းဖြစ်လေသည်။


လင်းနင် ကူးပြောင်းမလာခင်က တစ်ခုသောစစ်​ဖြစ်နေသည့်နိုင်ငံကိုခရီးသွားခဲ့ဖူးပြီး အနှီကြောင်ပုံစံသတ္တဝါက သူ့ကို ထိုနိုင်ငံကကြောင်မျိုးစိတ်တစ်ခုကိုတန်းပြီးအမှတ်ရစေသည်–


 á€†á€­á€Żá€€á€şá€˜á€ąá€¸á€›á€Žá€¸á€šá€”်းတ္ဏကဟ္ဏင်။


ထိုကြောင်များက အတော်လေးကြီးပြီး

အမွှေးထူကာ သန်မာသောခန္ဓာကိုယ်ရှိသည်။တစ်နှစ်ပတ်သောအေးခဲနေသောကြမ်းတမ်းသည့်ပတ်ဝန်းကျင်မှာနေထိုင်ရသဖြင့် ၎င်း၏တိုက်ခိုက်ရေးစွမ်းရည်က အလွန်ထူးချွန်သည်။


အနာဂတ်ကမ္ဘာမှာ အဲလိုကြောင်မျိုးရှိသေးလား...


ဤကြောင်က ဘာကြောင့်ဤမျှစုတ်ပြတ်သတ်နေမှန်လင်းနင်းမသိပေ။


အနာဂတ်ကမ္ဘာမှာ တိရိစ္ဆာန်ငယ်လေးတွေရဲ့နေထိုင်မှုပတ်ဝန်းကျင်ကအဲလောက်ဆိုးတာလား...


သူငုတ်တုတ်ထိုင်ပြီး ညင်သာစွာပြုံးရင် ကြောင်ဆီသို့လက်လှမ်းလိုက်သည်။


"မီမီ ဒီကိုလာ ငါမင်းကိုအန္တရာယ်မပေးပါဘူး...ငါမင်းကိုဆေးရုံခေါ်သွားပေးမယ်နော်"


ဤခန္ဓာကိုယ်မှာကောင်းမွန်သောရုပ်ရည်ရှိပြီး ကျောင်းတော်သားတစ်ယောက်၏ကြင်နာတတ်သောမျက်နှာရှိကာ သူပြုံးလိုက်ချိန်မှာ လူတို့အားသူတို့၏နှလုံးသားကိုသူ့အားမအပ်နှင်းဘဲမနေနိုင်ဖြစ်စေသည်။


ဤသည်ကိုမြင်လျှင် ကြောင်ကအေးစက်စွာအမြှီးကိုယမ်းလိုက်ပြီး ကြောင်ခြေရာများကိုသာချန်လျက် ည၏ကာကွယ်မှုအောက်မှာ လျပ်စီးလက်သလိုမျိုး ထွက်ပြေးသွားလေတော့သည်။


သို့သော် ခဏအကြာပြေးပြီးနောက် ၎င်းကရပ်ကာလင်းနင်ကိုပြန်လှည့်ကြည့်လာသည်။လင်းနင်က​ရှေ့တက်ချင်သော်လည်း ကြောင်ကထပ်မံထွက်ပြေးပျောက်ကွယ်သွား၏။


"..."


ကြောင်ဆီကလုံးလုံးလျားလျား လျစ်လျူရှုခြင်းခံလိုက်ရသောလင်းနင်က စိုးရိမ်မှုတချို့နှင့်မျက်မှောင်ကြုတ်လိုက်မိသည်။ကြောင်က နေမကောင်းဖြစ်နေပြီး ဤမျှလည်းသတိကြီးနေသေးသည်။ဤအတိုင်းဆက်သွားနေ၍မဖြစ်ပေ။


လင်းနင်ကမေးလိုက်သည်။

[စနစ် ဈေးဆိုင်ထဲမှာကြောင်စာရှိလား]


စနစ်က ခြောက်ကပ်ကပ်ပြန်ဖြေသည်။

[ဘယ်လိုလုပ်ရှိမှာလဲ...အိပ်မက်မက်နေတာလား]


လင်းနင်:[...]


စနစ်ကပြန်မေးလာသည်။

[မွေးမလို့တော့မဟုတ်ပါဘူးနော်]


လင်းနင်:[ငါမပြောဘူးနော် မင်းဘာမင်းခန့်မှန်းလိုက်တာ]


စနစ်:[...]


သက်ပြင်းချရင်း လင်းနင်အိမ်ပြန်လာခဲ့သည်။အောက်ထပ်ကိုရောက်ချိန်မှာ ကိုင်တွယ်ရခက်ပုံရမည့်လူတချို့ မြေကြီးပေါ်မှာငုတ်တုတ်ထိုင်ဆေးလိပ်သောက်နေကြသည်ကိုတွေ့လိုက်ရသည်။


သူ့ကိုမြင်ချိန်မှာ ထိုလူများက ချက်ချင်း တက်ကြွလာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် လင်းနင်ဆီလျှောက်လာလေသည်။


လင်းနင်နောက်ပြန်ဆုတ်ချင်ပေမဲ့ အနောက်မှာလည်းသူ့ကိုပိတ်ထားသည့်လူများရှိနေသည်ကိုတွေ့လိုက်ရ၏။စုစုပေါင်လူငါးယောက်ရှိပြီး သူတို့ကသူ့ကိုဝိုင်းထားလုနီးပါးဖြစ်သည်။


"လင်းနင်..."


ခေါင်းဆောင်လူက ဆေးလိပ်ကပြာများကိုဆတ်ခနဲတောက်ချလိုက်ပြီး မကြင်နာသောအမူအရာနှင့်လင်းနင်ဆီကိုဆေးလိပ်ငွေ့များမှုတ်ထုတ်လာသည်။


လင်းနင် လုံခြုံရေးအစောင့်ကိုခေါ်ချင်ခဲ့သော်လည်း ၎င်းက မသင့်လျော်ကြောင်းသတိပြုမိလိုက်သည်။တစ်ဖက်လူက သူကိစ္စကိုလူမသိစေချင်​ကြောင်းသေချာနေသဖြင့် သူ့အိမ်တံခါးဝကိုလာပြီး ဤမျှမောက်မာစွာနှင့်သူ့ကိုလမ်းပိတ်ထားခြင်းဖြစ်သည်။ညဥ့်နက်နေပြီဖြစ်သဖြင့် သူကနေကာမျက်မှန်ကိုချွတ်ထားပြီးနေပြီဖြစ်သည်။ရုပ်မဖျက်ထားလျှင်တစ်ယောက်ယောက်သူ့ကိုမြင်သွားပါက မှတ်မိနိုင်လေသည်။သူကတည်ငြိမ်အေးချမ်းသောဘဝကိုလိုချင်နေဆဲဖြစ်ပြီး ဖော်ထုတ်မခံချင်ပေ။


"ဖေးဟောင်ကလား"


လင်းနင် တစ်ဖက်လူ၏အထောက်အထားကိုအတည်ပြုချင်ခဲ့သည်။ဤခန္ဓာကိုယ်က အလှည့်စားခံရပြီး ပိုက်ဆံအများကြီးအကြွေးတင်ထားခဲ့သည်။


"မဟုတ်ဘူး ဒါပေမဲ့ဟိုကညီအစ်ကိုတွေက အကျိုးသင့်အကြောင်းသင့်အကြွေးတောင်းချင်နေကြတာမလို့ ငါက ကူညီပေးရုံ...အကြွေးကိုပြန်ဆပ်ရမှာက သဘာဝပဲမလားကြယ်ပွင့်လေး"


နောက်ဆုံးဝါကျကိုပြောချိန်မှာတစ်ဖက်လူ၏လေသံကအလွန်ငေါ့တော့တော့နိုင်နေပြီဖြစ်သည်။


လင်းနင် အသက်ပြင်းပြင်းရှူကာပြောလိုက်သည်။


"ပိုက်ဆံက အရစ်ကျပြန်ပေးရမှာ...ဒီလပေးရမဲ့ငွေကို ကျွန်တော်ပေးပြီးပြီ"


"မင်းက...ကျစ်..."


ထိုလူက အထင်သေးသောလေသံနှင့်လင်းနင်ကိုတွန်းထုတ်လိုက်သည်။


"မင်းသာ သရဲဘောကြောင်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားပြီး သတင်းကြီးအောင်လုပ်ပိုက်ဆံမပေးဘဲနေလို့မဟုတ်ရင် ငါတို့လာစရာလိုပါ့မလား"


"မင်းတကယ်သေသွားရင် တော်သေး...ငါတို့ မင်းရဲ့ပစ္စည်းတွေရောင်းပြီးအကြွေးစာရင်းရှင်းလို့ရသေးတယ်...ဒါပေမဲ့မင်းကမသေမရှင်နဲ့ဘဝကိုတွယ်ကပ်နေတာလေ...ဆေးရုံစရိတ်တောင်မပေးနိုင်မှာစိုးရတယ်...ငါတို့မင်းကိုမလောဆော်ရဘူးလား"


"ဟားဟားဟား ဟုတ်တယ်"


"မင်းက ကြယ်ပွင့်အသေးလေးနဲ့မတူဘူး...ဒီစွဲမက်စရာရုပ်ရည်ကိုပဲကြည့်...အကြွေးအကြီးကြီးတင်နေတယ်လို့ဘယ်သူထင်ပါ့မလဲ"


"ဟုတ်တယ်... ပထမဆုံးအနေနဲ့ ငါတို့ကပြဿနာမရှာချင်ဘူး မင်းကိုပိုက်ဆံပြန်ပေးစေချင်ရုံ...ဒုတိယအနေနဲ့ မင်းပိုက်ဆံတကယ်ပြန်မပေးနိုင်ရင် ငါတို့ရဲ့လူကြီးမင်းကျန်းက သူ့ဆီလာဖို့ပြောတယ်...မင်းတို့ရဲ့အတိတ်ကခင်မင်မှုကိုထည့်တွက်ပြီးမင်းကိူကူညီဖို့ဆန္ဒရှိနေ​​သေးတဲ့ပုံပဲ"


ထိုလူကစီးကရက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး အေးစက်မည်းမှောင်နေသောမျက်နှာဖြင့် ခြိမ်းခြောက်လာသည်။


"လူကြီးမင်းကျန်းကိုမြန်မြန်အရှုံးပေးလိုက်ဖို့ငါမင်းကိုပြောချင်တယ်...ကိုယ့်ကိုကိုယ်ခက်ခဲအောင်မလုပ်စမ်းနဲ့"


လင်းနင်က ပြန်ပက်လိုက်သည်။


"ဘာလဲ ကြီးမြတ်တဲ့ကြယ်ပွင့်ကြီးကျန်းက ဘာသီချင်းမှမရေးနိုင်တဲ့နောက်ပိုင်း ​နောက်ဆုံး​တော့ငါ့ရဲ့အရိပ်ကိုအမှတ်ရပြီပေါ့လေ"


ထိုလူများမျက်နှာပျက်သွားပြီး သူတို့ထဲကတစ်ယောက်က လင်းနင်ကိုမြေပေါ်သို့ပစ်ကန်လိုက်သည်။လင်းနင်မြေကြီးပေါ်လဲသွားပြီး နာကျင်မှုကြောင့် မျက်နှာပေါ်မှာချွေးများစို့လာလေသည်။


သူတို့က လင်းနင်ကိုသင်ခန်းစာပေးမည်ပြင်နေကြပေမဲ့ ရုတ်တရက် မာန်မဲသံတစ်ခုထွက်လာသည်။


"မင်းတို့တွေမြန်မြန်ထွက်သွားကြ...မဟုတ်ရင်ငါလုံခြုံရေးကိုခေါ်လိုက်မယ်"


လင်းနင်လှမ်းကြည့်လိုက်သော် အမြန်ယာဥ်ငယ်လေးဖြင့်ဖြတ်သွားသော ပစ္စည်းပို့သမားတစ်ယောက်ကိုတွေ့လိုက်ရသည်။သူကြည့်နေသည်မှာဘယ်လောက်ကြာပြီမှန်းမသိပေ။သူ့ပုံစံက အမှန်ပင်တစ်ယောက်ယောက်ကိုခေါ်ပြီးဖမ်းခိုင်းတော့မည့်ပုံဖြစ်​ပြီး မနက်ခင်းက လင်းနင်းမြင်ခဲ့သည့်တစ်ယောက်ပဲဖြစ်သည်။


ဤမြင်ကွင်းကိုမြင်ပြီးနောက် လူမိုက်များတုံ့ဆိုင်းသွား​ကြသည်။သူတို့က သူများဆီကပိုက်ဆံယူပြီး ပြဿနာကူရှင်းပေးခြင်းဖြစ်ပြီး ပြဿနာတကယ်မတက်ချင်ကြပေ။ထို့အပြင် ထိုပုဂ္ဂိုလ်က သိုသိုသိပ်သိပ်လုပ်ရန်အထူးတလည်မှာခဲ့သည်။


"ဟမ့် မင်းကံကောင်းသွားတယ်...ပိုက်ဆံမြန်မြန်ပြန်ပေး မဟုတ်ရင်ဒုက္ခရောက်မယ်မှတ်"


သူတို့ ဆဲရေတိုင်းထွာပြီးထွက်သွားကြလေသည်။


လင်းနင် သူ့လက်ထဲကအပင်အ​ခြေခံစွမ်းရည်ကိုပြန်ရုတ်သိမ်းလိုက်သည်။နောက်ဆုံးမှာ သူကသက်ပြင်းချပြီး ယားယံစေသောအမှုန့်ဖြင့် ထိုသူများကို တိတ်တိတ်လေး ​ပက်လိုက်သည်။


သူ့ကို ဤမျှပြင်းပြင်းထန်ထန်ကန်ထားခြင်းကို သူအလွယ်တကူလွှတ်မပေးလိုက်နိုင်ပေ။


သို့သော်လည်း သူမသိသည်က အမှောင်ထဲ၌ အရာအားလုံးကိုတိတ်တဆတ်မှတ်တမ်းယူနေသောကင်မရာတစ်လုံးရှိနေလေသည်။


>>><<<


🐈🐈🐈