Ch 9
Viewers 2k

🐈Chapter 9




"ကျန်းကော ဒါရိုက်တာကျောင်းက ကောနဲ့စကားပြောချင်နေတယ် ..."


သီးသန့်နားနေခန်းထဲမှာ ကျန်းဖုန်း၏လက်​ထောက်က ထောင့်မှာသတိနှင့်ရပ်နေပြီး အသက်ပင် ရဲရဲမရှူရဲပေ။ထိုသို့ပြောပြီးနောက်သူက အနေရခက်စွာဖြင့် လက်သီးဆုပ်လိုက်သည်။


ထိုစကားကိုကြားပြီးနောက် ခြေထောက်နှစ်ဖက်ကို မှန်တင်ခုံပေါ်တင်ကာ ဆုံလည်ကုလားထိုင်ပေါ်မှာဇိမ်ကျကျမှီထိုင်နေသူ၏မျက်ခုံးကြားမှာ ဒေါသအရိပ်အယောင်အနည်းငယ်ပေါ်လာသည်။ကျန်းဖုန်းက သတင်းဖတ်နေခြင်းဖြစ်ကာ သတင်းဆိုးများကသူကိုစိတ်တိုစေခဲ့သည်။


ပထမ၊လင်းနင်မသေခဲ့ပေ။အသက်ပြန်ရှင်လာပြီးနောက် သူက သူ၏အကောင့်ကပို့စ်များအားလုံးကိုဖျက်ပစ်ရုံသာမက မာရှယ်အတွက်ဆုတောင်းစကားကိုပင်မျှဝေခဲ့သည်။သူဘာကိုဆိုလိုတာလဲ...နာမည်ကျော်ကြားမှုပေါ်မှာခိုစီးပြီး comebackလုပ်ချင်နေတာလား...


ဒုတိယ၊ဤလင်းနင်က အခုနောက်ပိုင်း ပိုပိုထိန်းချုပ်ရခက်လာသည်။ဤတစ်ခေါက်သတင်းယူလာသူက လင်းနင်က သီချင်းများကိုရှဲဒိုးရေးပေးရမည့်ကိစ္စကို အတော်လေးခုခံဆန့်ကျင်နေသည်ဟုသူ့ကိုပြောလာသည်။


ဒီခွေးသတောင်းစား အခုမှလာပြီးသူ့ကိုကျောရိုး(မာန/သိက္ခာ)ရှိပြနေတာလား...နောက်ပြီး ဒီလူတွေကသူတို့အလုပ်သူကောင်းကောင်းမလုပ်ကြဘူး...အကုန်လုံးဆေးရုံရောက်နေကြတယ်...တစ်ကိုယ်လုံးယားနေ​ကြလို့ဆိုပဲ...


ဤသည်ကိုတွေးပြီး ကျန်းဖုန်း၏ဒေါသများမြင့်တက်လာသည်။အစပိုင်းတုန်းက ကျိုးနွံ​ပြီးတုံးအသူက ယခုငြင်းဆန်ရဲနေသည်။ဒီလင်းနင်က တကယ်တစ်ခုခုပဲ...ကိုယ့်ကိုကိုယ်သတ်သေပြီးတဲ့နောက် ခေါင်းရှင်း(ကောင်းကောင်းတွေးနိုင်)သွားတာများလား...


လက်တော့ပ်ကိုတင်းတင်ဆုပ်လိုက်ရင်း ကျန်းဖုန်း၏မျက်နှာက မည်းမှောင်သွား၏။သူ၏အတွင်းပိုင်း စိုးရိမ်ကြောင့်ကြမှုနှင့်ဂနာမငြိမ်မှုများက တိုးလာနေသည်။ရှန်းရှအင်တာတိန်းမန့်ကိုပြောင်းရန် သူ့ကိုထောက်ပံ့ပေးမည့်ကိုယ်စားပြုသီးချင်းအသစ်မရှိလျှင် သူသည်အနှေးနှင့်အမြန်တက်သစ်စများ၏အစားထိုးခြင်းခံရပေလိမ့်မည်။


"ကျန်းကော ဒါရိုက်တာကျောင်းကစောင့်နေ..."


လက်ထောက်က နှုတ်ခမ်းကိုက်ကာသတိပေးလိုက်သည်။


"ပါးစပ်ပိတ်ထား...အလိုက်မသိတာကမ်းကုန် ..."


ကျန်းဖုန်းက လက်ထောက်ကိုအေးစက်စွာငေါက်လိုက်ပြီးနောက် ညစ်ပတ်သည့်အရာကိုမြင်လိုက်ရသလိုမျိုးခေါင်းပြန်လှည့်လိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။


"ဒါရိုက်တာကျောင်းယူလာတဲ့ဇာတ်ညွှန်းက ဘာမလို့လဲ...အဲဒီထဲသရုပ်ဆောင်တာက ဈေးပေါရာကျတယ်...ငြင်းလိုက်စမ်းပါ"


လက်ထောက်က မြေကြီးထဲဝင်မတတ်ခေါင်းငုံ့ထားပြီး စကားထပ်မပြောရဲပေ။


ကျန်းဖုန်း၏အေးဂျင့်လျှိုဇယ်ဝင်လာချိန်မှာ ထိုသို့သောမြင်ကွင်းကိုမြင်လိုက်ရသည်။


"ကျန်းကော ဘာလို့စိတ်အခြေအနေမကောင်းဖြစ်နေတာလဲ ..."


လျှိုဇယ်က လက်ဝှေ့ယမ်းကာ လက်ထောက်ကိုအမြန်ထွက်သွားခိုင်းလိုက်သည်။သူပုံစံက ယဥ်ကျေးသိမ်မွေ့ပြီး ညင်သာကာ အသွင်အပြင်တစ်ခုတည်းကနေကြည့်လျှင် အတော်လေးဖော်ရွေတတ်သူဖြစ်သည်။


လက်ထောက်က အေးဂျင့်ဖြစ်သည့်လျှိုဇယ်ကိုယုံကြည်ပြီးလေးစားသည်။လျှိုဇယ်လာကယ်သည်ကိုမြင်လျှင် ချက်ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အချိန်မရွေးပေါက်ကွဲနိုင်သည့်အခန်းထဲမှာထွက်လာခဲ့လိုက်သည်။


လျှိုဇယ်ကိုမြင်လျှင် ကျန်းဖုန်းမလုံမလဲမျက်နှာလွှဲသွားပြီး သူ့ကို မကြည့်ပေ။


လျှိုဇယ်က  မျက်မှန်ကိုတွန်းတင်လိုက်ပြီး အကြံပေးလာ၏။


"ကျန်းကော ကောရဲ့လက်ရှိအဆင့်အတန်းနဲ့ဘာအမှားမှလုပ်လို့မဖြစ်ဘူး...ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကောလက်ထောက်ဘယ်နှစ်ယောက်ပြောင်းပြီးပြီလဲ...စိတ်အခြေအနေမကောင်းရင်တောင် သည်းခံရမယ်လေ လူမိမခံနဲ့...အရင်တစ်ခေါက်က ဟိုလက်ထောက်က ကွယ်ရာမှာကျန်းကောဘယ်လောက်ဒေါသကြီးကြောင်းဖော်လိုက်တာကိုမှတ်မိလား...အဲဒါကိုဖိနှိပ်ဖို့ကျွန်တော်တို့ပိုက်ဆံဘယ်လောက်သုံးလိုက်ရလဲ ပြဿနာအကြီးကြီးဖြစ်တော့မလို့..."


ကျန်းဖုန်းက မျက်မှောင်ကြုတ်ထားပြီး လူတစ်ကိုယ်လုံးက ပမာမခန့်ပြုမှုများဖြာထွက်နေကာ ဖန်သားပြင်ပေါ်ကသူ၏ပုံမှန်ရည်မွန်သောပုံရိပ်နှင့်အကွာကြီးကွာနေ၏။


"အားဇယ် မပြောနဲ့တော့...အကုန်လုံးငါသိပါတယ် ..."


ကျန်းဖုန်းကဤသို့ပြောလိမ့်မည်မှန်း လျှိုဇယ်သိပြီး အခိုက်အတန့်တစ်ခုပြောစရာစကားမဲ့သွားသည်။အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူ ဤလူ၏ချောမောသောမျက်နှာအင်္ဂါရပ်များကိုကြည့်ကာ အခုတလောရှိ ကောလဟာလများကိုပြန်တွေးမိသည်။နောက်ဆုံးမှာမထိန်းနိုင်ဘဲသူ၏သံသယများကို ထုတ်မေးလိုက်မိ၏။


"ကျန်းကော ကောအခုတလောရှန်းရှအင်တာတိန်းမန့်က သခင်မရုန်နဲ့အဆက်အသွယ်ရှိနေတယ်လို့ကျွန်တော်ကြားတယ် ..."


ဖျော်ဖြေရေးလောကမှာ ဂုဏ်သတင်းအကြီးဆုံး ကြယ်ပွင့်ထုတ်လုပ်ရေးစက်ရုံဖြစ်သော ရှန်းရှအင်တာတိန်းမန့်မှာ အယုံကြည်ရဆုံးရှေ့နေအဖွဲ့နှင့်ထိပ်တန်းအရင်းအမြစ်များ၊အရည်အချင်းရှိသူများရှိသည်။ ၎င်း၏အောက်တွင် မြှောက်စားခံရကာ နာမည်ရလာခဲ့ကြသည့် ပရော်ဖက်ရှင်နယ်အနုပညာရှင်များနှင့်အရည်အချင်းရှိသောလူသစ်များ မရေမတွက်နိုင်အောင်ရှိသည်။


ဖျော်ဖြေရေးလောကမှာ လူကြိုက်အများဆုံးမင်းသားဖြစ်သည့် ကျန်းယိမင်က ရှန်းရှအင်တာတိန်းမန့်၏ရွှေရောင်သင်္ကေတများထဲက တစ်ခုဖြစ်သည်။ရှန်းရှထဲကိုဝင်လိုက်သည်နှင့် ဘဝ၏ဒုတိယထက်ဝက်က အာမခံရှိသွားသည့်အတိုင်းဖြစ်၏။ကိုယ့်ကိုကိုယ်သတ်မသေသရွေ့ချက်ချင်းလက်ငင်း တစ်ပိုင်းအငြိမ်းစားယူသည့်မုဒ်အွန်လိုက်လျှင်ပင် အစားအသောက်အတွက်ပူစရာလိုမှာမဟုတ်ပေ။


သင်၏အဖွဲ့က သင့်အတွက်အရာအားလုံးကိုတာဝန်ယူဂရုစိုက်ပေးပေလိမ့်မည်။

 

ဖျော်ဖြေရေးလောကတွင် ရည်မှန်းချက်ကြီးသူများက ရှန်းရှမှာ ​တိုက်ခိုက်ချင်ကြပြီး ရည်မှန်းချက်မရှိသူများက ရှန်းရှကိုသွား၍ အရိပ်ခိုချင်ကြသည်ဟုဆိုနိုင်၏။မရေမတွက်နိုင်သောသူများက ရှန်းရှအင်တာတိန်းမန့်ကိုဝင်နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြသည်မှာ အကြောင်းအရင်းမရှိသည်မဟုတ်ပေ။ရှန်းရှက ဖေးဟောင်အင်တာတိန်းမန့်လိုမျိုး တည်ငြိမ်သောအခြေခံအုတ်မြစ်မရှိသည့် ကုမ္ပဏီအသစ်တစ်ခုက ယှဥ်နိုင်သည့်အရာလုံးဝမဟုတ်ပေ။


 á€žá€á€„်မရုန်ဆိုသည်က ရှန်းရှအင်တာတိန်းမန့်၏CEO လူကြီးမင်းရုန်၏ ဇနီးကိုရည်ညွှန်းခြင်းဖြစ်သည်။


ဤမေးခွန်းကိုကြားချိန်မှာ ကျန်းဖုန်း၏နှလုံးသားတုန်ရီသွားပြီး ညာဘက်မျက်ခွံလှုပ်သွားသည်။သူလျှိုဇယ်၏မျက်လုံးများကိုတည့်တည့်မကြည့်ရဲသဖြင့် ကြမ်းပြင်ကိုသာစိုက်ကြည့်နေရင်း လျှိုဇယ်ကိုအရင်ဆုံးချွေးသိပ်ရန်ကြိုးစားလိုက်သည်။


ထိပ်တန်းကြယ်ပွင့်များထဲကတစ်ယောက်အနေဖြင့် သူက လက်ရှိမှာ ဖေးဟောင်အင်တာတိန်းမန့်၏ငွေရှာနွားကြီးဖြစ်သည်။ဖေးဟောင်မှာ သူဘာပြဿနာမှမရှိဘဲ ဂဏန်းသွားသွား၍ရလေသည်။သူ့မှာ ဘာကြောက်စရာမှမရှိသော်လည်း လူတစ်ယောက်ကိုတော့ကြောက်၏။


လျှိုဇယ်က ဟိုးအစကတည်းကသူ့အေးဂျင့်ဖြစ်သည်။လက်ရှိသူ၏အောင်မြင်မှုက လျှိုဇယ်၏​ကျေးဇူးများစွာပါသည်။ လျှိုဇယ်နှင့်သူက ဝါသနာတူစိတ်တူကိုယ်တူဟုလည်းဆိုနိုင်သည်။တစ်ချိန်တည်းမှာ လျှိုဇယ်မှာ သူ့အပေါ်နိုင်ကွက်များစွာရှိပြီး ဘယ်တစ်ခုကမဆိုသူကိုတစ်စစီဖြစ်အောင်လုပ်နိုင်ပေသည်။


"အားဇယ် မင်းမသိတာရှိတယ်...ငါ့အမေနဲ့ရှန်းရှအင်တာတိန်းမန့်ကသခင်မရုန်တို့က အသိအကျွမ်းဟောင်းတွေ...ဒါကြောင့်ငါကသခင်မရုန်နဲ့သိနေတာ..."


လျှိုဇယ် သူ၏ရွှေဘောင်ကွပ်မျက်မှန်အသာတွန်းတင်ကာ ခုနလေးကလက်ထောက်အပေါ်မှာမောက်မောက်မာမာပြုမူနေသောယောကျာ်းက သူ့ရှေ့မှာ အထိပ်ထိပ်အပျာအပျာဖုံးဖိနေသည်ကို ကြည့်လိုက်သည်။နောက်ဆုံး သူ့စိတ်ထဲမှာအဖြေရသွား၏။ဤအခိုက်တန့်မှာ ကျန်းဖုန်း၏အတွေးများကို သူနားလည်သွားခဲ့သည်။


"ကျန်းကော ရှန်းရှအင်တာတိန်းမန့်ကိုသွားချင်နေတာမလား"


လျှိုဇယ်က ကျန်းဖုန်းကိုဆက်ရှင်းပြခွင့်မပြုဘဲ မဆိုင်းမတွ ဖြတ်ပြောလိုက်ပြီး ကျန်းဖုန်းကိုမျက်နှာသာတစ်ခုမှမပေးပေ။


ကျန်းဖုန်း၏မျက်နှာညိုမည်းသွား၏။ရိုးရိုးသားပြောရလျှင် ဤမျှအစောကြီးဖေးဟောင်အင်တာတိန်းမန့်နှင့်လမ်းခွဲရန် သူ အဆင်သင့်မဖြစ်​သေးပေ။


လျှိုဇယ်က ဘာတစ်ခုမှနားမလည်ပေ။သူကစားပွဲကိုရိုက်ပြီး အသံနိမ့်နိမ့်ဖြင့်သတိပေးလိုက်သည်။


"ကျန်းဖုန်း ဒီနေ့ကိုရောက်ဖို့ ဘယ်သူကမင်းကိုကူညီပေးခဲ့တယ်ဆိုတာကိုမမေ့နဲ့...အခုတော့မင်းကဖုတ်ဖတ်ခါပြီးထွက်သွားချင်နေတယ်ပေါ့ မဖြစ်နိုင်ဘူး ..."


လျှိုဇယ်၏မျက်လုံးများက စူးရှပြီးကြမ်းကြုတ်ကာ ဓားထက်ထက်ဖြင့် ကျန်းဖုန်း၏ရင်ထဲကိုထိုးစိုက်နေသည့်အတိုင်းပင်။နှစ်များတစ်လျှောက် လျှိုဇယ်နှင့်ပတ်သက်သည့်ကောလဟာလများကို ကျန်းဖုန်းကြားသော်လည်း ဤမျှကြောက်စရာကောင်းသည့်လျှိုဇယ်ကိုသူတစ်ခါမရင်ဆိုင်ခဲ့ရဖူးသဖြင့် သူ့အေးဂျင့်မည်မျှရက်စက်သည်ကိုသူမေ့သွားခဲ့သည်။


ကျန်းဖုန်း လန့်သွားပြီးစိတ်ထဲမှာအကြောက်တရားဝင်လာလေသည်။သူ ကပျာကသီ ဆင်ခြေပေးလိုက်၏။


"ငါ တစ်ယောက်တည်းထွက်ချင်တာမဟုတ်ပါဘူး...ငါတို့အတူတူ ရှန်းရှကိုသွားလို့ရတယ်လေ ..." 


"ကိုယ်ဇာတ်ရုပ်ကိုယ်သာ ငြိမ်ငြိမ်လေးသရုပ်ဆောင်နေစမ်းပါ...သီချင်းကောင်းမထုတ်နိုင်၊သင့်တင့်တဲ့ရုပ်ရှင်ပရောဂျက်လေးတစ်ခုတောင်မရှိ...မျက်လုံးတွေဘယ်လောက်များများက မင်းကိုကြည့်နေကြလဲ...အခုထိသီချင်းအသစ်မထုတ်ရသေးဘူး...အပြင်ဘက်ကမ္ဘာကမေးခွန်းထုတ်နေကြပြီ ..."

 

လျှိုဇယ်က သိက္ခာရှိလူရည်မွန်မျက်နှာဖုံးကိုချွတ်ချလိုက်သည်။လူတစ်ယောက်၏အလိုလောဘက ကြီးလာသည်နှင့်ပြန်ထိန်းချုပ်၍မရတော့ပေ။ကျန်းဖုန်းက လက်ရှိမှာ ဖေးဟောင်၏ထောက်တိုင်ဖြစ်ပြီး အရေးကြီးသောစစ်တုရင်ရုပ်ဖြစ်သည်။သူထွက်ပြေးသွား၍မရပေ။


"ကုမ္ပဏီကနေ မင်းအတွက် အရင်းအမြစ်ကောင်းတွေ​ပေးဖို့စီစဥ်ပေးမယ်...ရှန်းရှကို အပြေးအလွှား ပြေးကပ်စရာမလိုဘူး...သူတို့ကုမ္ပဏီကြီးမှာကြယ်ပွင့်အကြီးကြီးတွေ၊စီနီယာတွေ၊ရုပ်ရှင်ကြယ်ဧကရာဇ်တွေ၊ရုပ်ရှင်ဧကရီတွေဘယ်လောက်များများရှိသလဲ...လက်ရှိမှာမင်းက နာမည်ကြီးနေပေမဲ့ ခဏလောက်နာမည်ကြီးပြီးဒိတ်အောက်သွားတဲ့ စတားတွေမှအများကြီး...သီချင်းအသစ်တွေထုတ်လုပ်ဖို့ဆက်ကျရှုံးနေမယ်ဆိုရင် အဲလိုအနှေးနဲ့အမြန်ဖြစ်လာလိမ့်မယ် ..."

 

"မင်းသွားရင်တောင် ရုပ်ရှင်ဧကရာဇ်ကျန်းယိမင်ရဲ့အရိပ်အောက်မှာပဲမင်းတစ်သက်လုံးနေရမှာ"


ကျောပေးလိုက်ပြီးနောက် လျှိုဇယ်၏မျက်နှာပေါ်မှာ လူတွေကိုအေးစက်သွားစေနိုင်သည့် အဆိပ်ပြင်းသောမကျေမချမ်းမှုအရိပ်အယောင်တစ်ခုဖြတ်ပြေးသွား၏။အစတုန်းက သူထောင်ချောက်မိသွား၍သာမဟုတ်လျှင် မျက်နှာပေါ်မှာ အလိုလောဘများနှင့်ကျေးဇူးမသိတတ်မှုများ စာရေးထားသလိုပေါ်နေသည့် ကျန်းဖုန်းလိုလူကို ထောက်ပံ့ပေးရန် သူ လုံးဝရွေးချယ်လိမ့်မည်မဟုတ်ပေ။


***


ဤရက်ပိုင်း လင်းနင် အလွန်ကိုစိတ်ချမ်းသာနေသည်။တစ်နေ့လျှင် နှစ်နာရီတိုက်ရိုက်ထုတ်လွှင့်မှုလုပ်ပြီး ကျန်သည့်အချိန်ကို ဟင်းပွဲများအကြောင်းတွေးရင်း၊အချက်အပြုတ်စွမ်းရည်များသင်ယူလေ့လာရင်း၊ညဘက်မှာကြောင်ကိုခေါ်၍ လမ်းလျှောက်ထွက်ရင်းကုန်ဆုံးသည်။


နည်းလမ်းအသစ်တစ်ခုကိုစမ်းကြည့်တိုင်း ကြောင်ကိုမြည်းခိုင်းတတ်ပြီး ကြောင်ကသူ၏ပထမဆုံးစားသုံးသူ​ ဖြစ်​လာခဲ့သည်။


သို့သော်လည်း သူစိတ်ညစ်ရသည်က ကြောင်စာကို မည်မျှပိုကောင်းအောင်လုပ်သည်ဖြစ်ပါစေ ကြောင်က စိတ်မဝင်စားမြဲပင်။


သို့သော်လည်း လူစာကိုမြင်သည်နှင့်ကြောင်က အလိုလိုအမြှီးလှုပ်ကာ နားရွက်ထောင်လာတတ်ပြီး အမြဲတစေစိတ်ဝင်စားမှုကင်းမဲ့ပြီး တည်ငြိမ်နေလေ့ရှိသော ၎င်း၏မျက်လုံးများက မသိမသာ တောက်ပလာလေသည်။


အရေးကြီးဆုံးမှာ ကြောင်က ကြောင်စားစားနေချိန်ဆိုလျှင် သူ့ကိုအကိုင်မခံပေ။သူနှင့်အတူတူ စားစရာတစ်ခုတည်းကိုစားရသည်နှင့် လင်းနင်သူ့အမွှေးကို​ပွတ်ရန်​ကြိုးစားကြည့်လျှင် မခုခံတော့ပေ။


ရက်ပေါင်းများစွာကြာအောင် လင်းနင်နှင့်ကြောင်က အတော်လေးအဆင်ပြေပြေရှိနေခဲ့ကြသည်။


"မြောင်~"


တံခါးဝမှာ ကြောင်သံထွက်လာပြီး တိုက်တွန်းလောဆော်နေသည့်အတိုင်းပင်။


လင်းနင် ဂေါ်ပြားလေးတစ်ခုနှင့်အိတ်ကိုယူကာ ကြောင်ကိုအပြင်ခေါ်ထုတ်လာခဲ့သည်။ပထမဆုံးအကြိမ်အပြင်ထွက်လမ်းလျှောက်တုန်းကကြောင်ကိုလည်ပတ်ကြိုးဝတ်ပေးရန်ကြိုးစားခဲ့ဖူးသည်။သို့သော် ကြောင်လေးကသူ့ကို ဆယ်မိနစ်တိတိစူးစူးရဲရဲစိုက်ကြည့်ကာ မဆိုင်းမတွခြောက်ချက်စာကျွေးပြီးနောက်မှာ လင်းနင် နှမြောတသဖြစ်စွာပဲလက်လျော့လိုက်ရသည်။


သူ့ကြောင်က ကြီးလွန်းသဖြင့် သူများကလေးများကိုကြောက်လန့်စေမိမှာသူစိုးသည်။ဆိုက်ဘေးရီးယန်းတောကြောင်၏အတိုက်အခိုက်စွမ်းရည်က လျှော့တွက်စရာမဟုတ်ပေ။၎င်း၏ ပေါ့ပါးဖျတ်လတ်မှုနှင့် စူးရှသောအကြည့်များက လင်းနင်ကို သူ့ကိုယ်သူ အထူးတပ်ဖွဲ့မှကြောင်တစ်ကောင်ကို ကောက်လာမိသလို သံသယဝင်မိစေသည်မှာလည်း အကြိမ်ပေါင်းမနည်းပင်။ကြောင်က တစ်ခါမှ ရန်လိုခြင်းမရှိဘဲ ရုပ်တည်လေးနှင့်အစာလောဘကြီးနေချိန်မှာ အနည်းငယ်ပင်ချစ်စရာကောင်းသေး၍သာမဟုတ်လျှင် လင်းနင် တကယ်ကြောက်မိမှာဖြစ်သည်။


***


စာရေးသူမှာပြောစရာရှိတယ်...

လင်းနင်:  : ငါက တကယ်တော့ ကြောင်ချေးကျုံးသမားပါ(ဂေါ်ပြားအသေးလေးနှင့်အိတ်ကိုပြနေ)


ကြောင်:...လိမ္မာပါ ကိုယ့်ကိုနမ်းခွင့်ပေး(တစ်ဖက်လူကိုမလှုပ်သာအောင်ချုပ်ထား)


1.Traffic Star

အွန်လိုင်းမှာ အလွန်အမင်းနာမည်ကြီးပြီး ထုထည်ကြီးမားသော trafficပမာဏသို့မဟုတ်ဒေတာစီးဆင်းမှုကိုဖြစ်ပေါ်စေသူ/အနုပညာအရည်အသွေးထက် အွန်လိုင်းမှ ဒေတာစီးဆင်းမှုနှင့် ဖန်များ၏ပါဝင်​ဆောင်ရွက်မှုကြောင့် အဓိကအားဖြင့် ကျော်ကြားသည့် အနုပညာရှင်


>>><<<



🐈🐈