The Moon Is Coming To Me
Chapter-61.1
ထောင်ရှီးက သစ်အယ်သီးသကြားလှော် အိတ်တစ်လုံးကို ကိုင်ထားသည့် လင်ချင်းဟယ်ထံသို့ အပြေးသွားလိုက်သည်။ ထိုအခါ တစ်ဖက်လူက အိတ်ကို သူ့လက်ထဲသို့ ထည့်ပေးလာသည်။
သစ်အယ်သီးများမှာ နွေးနေဆဲဖြစ်ပြီး အမွှေးရနံ့လေးက သူ့မျက်နှာထက်သို့ သင်းပျံ့လာ၏။ ထောင်ရှီးက တစ်ခုနှိုက်ယူကာ အခွံခွာလိုက်သည်။ ချိုအိနေသော အရသာကြောင့် သူ့မျက်လုံးများ မှေးစင်းသွားရပြီး စိတ်ညစ်နေမှုများလည်း ပျောက်ကွယ်သွားရသည်။
သူ လင်ချင်းဟယ်ကို မေးလိုက်သည်။
“ ငါ သစ်အယ်သီးသကြားလှော်စားချင်နေတာ မင်းဘယ်လိုသိတာလဲ…။ ဘယ်ကနေ ဝယ်လာခဲ့တာလဲ…”
လင်ချင်းဟယ်က မလှမ်းမကမ်းတွင်ရပ်နေသည့် ယန်ကျန်းမင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ထောင်ရှီးနှင့်အတူ ဓာတ်လှေကားအပေါက်ဝဆီသို့ လျှောက်လာရင်း ပြောလိုက်၏။
“ သစ်သီးဆိုင်ရဲ့ဘေးမှာ သစ်အယ်သီးသကြားလှော်ရောင်းနေတဲ့ဆိုင်ရှိတယ်…”
မတိုင်မီ သစ်သီးများဝယ်စဉ်က ထောင်ရှီးမှာ သစ်အယ်သီးများကြော်လှော်နေသည့် ဘေးချင်းကပ်လျက်ဆိုင်ကို ခဏခဏအကြည့်ရောက်နေကြောင်း လင်ချင်းဟယ်က သတိထားမိလိုက်ပြီး သူစားချင်နေမှန်းသိသဖြင့် ထောင်ရှီး အဖိုးအဖွားများနှင့်စကားပြောနေချိန်၌ သွားဝယ်ပေးခဲ့ခြင်းဖြစ်သည်။
“ ဟုတ်လား…ငါတောင် မမှတ်မိတော့ဘူး…”
ထောင်ရှီးက သစ်အယ်သီးနောက်တစ်လုံးကို အခွံနွှာလိုက်ပြီး လင်ချင်းဟယ်ကို ခွံကျွေးလိုက်သည်။
ထောင်ရှီး၏မျက်နှာက ပုံမှန်အတိုင်းဖြစ်နေသည်ကိုမြင်ရမှ လင်ချင်းဟယ်မှာ စိတ်သက်သာရာရမိတော့သည်။ လူနာခန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှကို သူမမေးတော့ပါချေ။
“နေ့လယ်ကျရင် ကျောင်းသွားပြန်သွားဦးမှာလား…”
ထောင်ရှီးက သစ်အယ်သီးများစားရင်း ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။
“ မနေ့ နေ့လယ်ရော၊ ဒီနေ့မနက်ရော ငါအတန်းတွေအများကြီး ပျက်ထားတာလေ။ အိမ်စာတွေအမှီပြန်လိုက်လုပ်မှဖြစ်မှာ…”
လင်ချင်းဟယ်နှင့်အတူ ဆေးရုံဝင်းထဲမှ ထွက်လာခဲ့ချိန်၌ ရုတ်တရက် ထောင်ရှီးက အတွင်းလူနာဌာန၏အထပ်မြင့်အဆောက်အအုံကို တစ်ချက်လည်ပြန် လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်က သူ့အတွေးကို ရိပ်မိဟန်ဖြင့် မေးလာသည်။
“ သွားတွေ့ချင်လို့လား…”
ထောင်ရှီးက မျက်လွှာချလိုက်ပြီး ခဏတိတ်ဆိတ်သွားကာ အဆုံးတွင် ခေါင်းခါပြလိုက်သည်။
သူတို့နှစ်ဦးလုံး ကျောင်းပြန်တက်ဖြစ်ကြပြီး ဘဝကလည်း ယခင်ကနှင့် ဘာမှကွာခြားနားသွားခြင်း မရှိခဲ့ပါချေ။ အထက်တန်းကျောင်းက ဖိအားများနေချိန်ဖြစ်၍ ထောင်ရှီးမှာ အခြားကိစ္စများကို စဉ်းစားနေချိန်မရှိဘဲ TOEFL ဖြေရန်နှင့် နှစ်ဆုံးစာမေးပွဲအတွက်သာ အာရုံစိုက်ထားသည်။
သို့သော် နှစ်သစ်ကူးနေ့မရောက်ခင် တစ်ရက်အလိုတွင် ဖန်းကျူချင်းက သူ့ကိုဖုန်းခေါ်လာခဲ့သည်။ လူအိုကြီးက ညနေပိုင်းတွင် သူ့ကို အိမ်၌ ထမင်းလာစားစေချင်ကြောင်း အလေးအနက်ထား၍ ပြောလာသည်။
ထောင်ရှီးက လက်ခံလိုက်၏။
ယန်ကျန်းမင်က ထောင်ရှီးကိုလာကြိုရန် ဝမ်းဟွာ အ.ထ.က(၁)ကျောင်းသို့ ရောက်လာသည်။ ဂိတ်ပေါက်ဝမှ အစောင့်က သူ့အားတွေ့သောအခါ ဖော်ရွေစွာမေးလေ၏။
“ မစ္စတာယန်၊ သားကို ကျောင်းလာကြိုတာလား…”
ယန်ကျန်းမင်မှာ ပြုံးရုံပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
ကျောင်းဆင်း၍ ထောင်ရှီးနှင့် လင်ချင်းဟယ်တို့နှစ်ယောက် ကျောင်းဂိတ်တံခါးသို့ ထွက်လာကြချိန်၌ ယန်ကျန်းမင်ကို မြင်လိုက်ကြရလေသည်။ လွန်ခဲ့သည့်နှစ်ရက်ကတည်းက ယန်ကျန်းမင်က ယခုတလော မကြာခဏရောက်လာတတ်ကာ လက်ဆောင်များနှင့် စားစရာများလည်း သူ့ကို လာပို့ပေးတတ်သည်။ သူ့မှာ ဤလူကြောင့် နေရထိုင်ရခက်လာရသည်အထိပင်။
ယန်ကျန်းမင်က သူ့ရှေ့သို့ ခပ်သွက်သွက်ရောက်လာပြီး အစောင့်၏အံ့ဩတကြီး အကြည့်အောက်တွင် ထောင်ရှီး၏ကျောင်းလွယ်အိတ်ကို လှမ်းယူလိုက်သည်။ ထို့နောက် အပြုံးနှင့်ပြောလေ၏။
“ အဖိုးအိမ်ကိုပို့ပေးဖို့ ငါ မင်းကို လာကြိုတာ…”
ထောင်ရှီးမှာ ယန်ကျန်းမင်၏ ထိုအပြုံးကို တစ်မျိုးတစ်ဖုံ ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။ သူ ခဏစဉ်းစားလိုက်ပြီး မငြင်းဖြစ်လိုက်ချေ။ စင်စစ်တွင် နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီဖြစ်ပြီး ယန်ကျန်းမင်က ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သူတို့၏သားအဖတော်စပ်မှုက ပြောင်းလဲပစ်၍ ရနိုင်မည်မဟုတ်ပါချေ။
လင်ချင်းဟယ်က ယန်ကျန်းမင်အပေါ် ဘယ်သောအခါမှအမြင်မကြည်ခဲ့။ ယခုမူ ပို၍ပင် အမြင်ဆိုးဝါးသွားသည်။ သူ ထောင်ရှီးကို အသံတိုးတိုးနှင့် မေးလိုက်၏။
“ ဒီည မင်းပြန်လာမှာလား…”
ထောင်ရှီးက တုန့်ဆိုင်းသွားသည်။ ဖုန်းထဲတွင် အဖိုးက သူ့အား ညအိပ်စေလိုကြောင်း ပြောထားသည်ကို သတိရမိပြီး မရေမရာ ပြန်ဖြေလိုက်သည်။
“ ပြန်လို့ရရင် ပြန်ခဲ့မယ်လေ…”
လင်ချင်းဟယ်က “ကောင်းပြီ” ဟုသာ ပြန်ပြောလိုက်သည်။
လင်ချင်းဟယ်ကို နှုတ်ဆက်ပြီးနောက်တွင် ထောင်ရှီးက ယန်ကျန်းမင်၏ကားထဲသို့ ဝင်လိုက်သည်။ ထိုမြင်ကွင်းကို ပက်ပင်းမြင်တွေ့လိုက်ရသည့် ပိချန်ဖေးမှာ မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွားလေသည်။ သူက သုတ်သုတ် သုတ်သုတ်နှင့်လျှောက်လာပြီး လင်ချင်းဟယ်၏ပုခုံးပေါ် လက်တင်၍ ထိတ်လန့်တကြီး မေးလိုက်သည်။
“ နတ်ဘုရားလင်၊ ရှီးကောက ဘာဖြစ်လို့ ယန်သောလဲ့အဖေရဲ့ကားထဲကို ဝင်သွားတာလဲ…”
ယန်ကျန်းမင်ကပါ CAC ပြိုင်ပွဲကိစ္စနှင့် ပါဝင်ပတ်သက်မှုရှိကိုရှိရမည်ဟု သူ ရုတ်တရက်တွေးမိသွားသည်။
“ သူက ရှီးကောကို တောင်းပန်ခိုင်းမလို့လား…။ မဟုတ်လည်း ရှီးကောကို အကြပ်ကိုင်ပြီး အနိုင်ကျင့်မလို့လား…”
လင်ချင်းဟယ်က ပိချန်ဖေး၏ လက်ကိုဖယ်ထုတ်လိုက်ပြီး စကားတစ်ခွန်းမှ ပြန်မပြောဘဲ ချာခနဲလှည့်ကာ ထွက်ခွာသွားလေသည်။
ပိချန်ဖေးမှာ ထောင်ရှီးဘေးကင်းပါ့မလားဟူ၍ စိုးရိမ်စိတ်များဖြင့် နေရာတွင် ရပ်လျက်ကျန်ရစ်ခဲ့သည်။ လင်ချင်းဟယ်၏မျက်နှာကလည်း ထောင်ရှီးကို ပြန်ပေးဆွဲပြီး ရောင်းစားလိုက်ကြသည့်ပုံစံမျိုး ပေါက်နေသည်မဟုတ်ပါလော။
ထောင်ရှီးက ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရေဒီယိုကို ဟိုစမ်းဒီစမ်းနှင့်ဖွင့်နေသည့် ယန်ကျန်းမင်ကို ကြည့်လိုက်သည်။ ယန်ကျန်းမင်က သူ့ကိုဘာသီချင်းကြိုက်လဲဟု မေးလာသည်။ သူက ဘာဖြစ်ဖြစ်အဆင်ပြေသည်ဟု ဖြေလိုက်၏။
သို့နှင့် ယန်ကျန်းမင်က အထက်တန်းကျောင်းသားများ ကြိုက်တတ်သည့် သီချင်းတစ်ချို့ကို ဖွင့်လိုက်သည်။ ပြီးသော် ထောင်ရှီးနှင့် စကားစမြည်ပြောရန် စကားလမ်းကြောင်းများကို ဆွဲဆွဲခေါ်နေသည်။ သို့တိုင် ကျောင်းစာနှင့် ပန်းချီအကြောင်းမှလွဲ၍ ပြောစရာအခြားမရှိပါချေ။ သူတို့နှစ်ဦးက မရင်းနှီးသောကြောင့် ပြောစရာစကားများ ပျောက်ဆုံးနေသည်။ ထောင်ရှီးက ဝမ်းကျေတမ်းကျေသာ ပြန်ဖြေနေသော်လည်း ယန်ကျန်းမင်က စိတ်မဆိုးမိပေ။
ယန်ကျန်းမင်၏အပြုံးက အဘယ်ကြောင့် ရင်းနှီးနေပုံပေါ်ရသလဲကို အဆုံး၌ ထောင်ရှီး နားလည်သွားခဲ့ရသည်။ ဟိုယခင် သူ ယန်ကျန်းမင်နှင့် ဂဏန်းဟင်းလျာစားသောက်ဆိုင်တွင် ဆုံခဲ့ဖူးစဉ်က ယန်ကျန်းမင်မှာ ယန်သောလဲ့ကို အရုပ်များကူကောက်ပေးနေပြီး ထိုကဲ့သို့ အလိုလိုက်အကြိုက်ဆောင်သော အပြုံးမျိုးဖြင့် ပြုံးပြနေခဲ့သည်။ ယခုမူ ထိုစဉ်ကထက်ပင် ပို၍စိတ်အားထက်သန်နေပြီး ကိုးရိုးကားယားလည်း နိုင်နေလှသည်။
သူ အနည်းငယ် ရယ်ချင်လာသည်။ ယန်ကျန်းမင်က ‘သားအတု’ကို အလိုလိုက်ခွင့်မရခဲ့ချေ။ ယခုမူ ‘သားအစစ်’ကို အလိုလိုက်အကြိုက်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။ ယန်သောလဲ့အပေါ် မည်သည့်ခံစားချက်မှ မရှိခဲ့ဖူးသလိုပင် မြန်မြန်ဆန်ဆန် လူချင်းလဲလိုက်နိုင်လေသည်။
ဤကဲ့သို့ နှလုံးသားမဲ့သည့်လူမျိုးဖြစ်၍သာ သူအင်မတန်ချစ်မြတ်နိုးရသည့်လူတစ်ယောက် သေဆုံးသွားချိန်၌ အခြားတစ်ယောက်ကို အစားထိုးနိုင်ခြင်းဖြစ်လိမ့်မည်။
ထောင်ရှီးက သူ့စကားကို သိပ်စိတ်မဝင်စားကြောင်း သိသည့်အခါ ယန်ကျန်းမင်က စကားဆက်ပြောလာခြင်းမပြုတော့ပေ။
ညနေရုံးဆင်းချိန်ဖြစ်၍ ကားလမ်းများကြပ်နေရာ ကားဟွန်းသံတတီတီက ပြတင်းပေါက်မှ ဖြတ်၍ဝင်လာပြီး ကားထဲမှနားဝင်ဆိုးလှသည့် သီချင်းသံနှင့်ရောယှက်သွားလေသည်။ ထောင်ရှီးက မျက်လုံးများမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ သို့သော် အမှန်တကယ် အိပ်ပျော်သွားလုဆဲဆဲတွင် ယန်ကျန်းမင်က သူ့ကို ရုတ်တရက် စကားဆိုလာလေသည်။
“ ထောင်ရှီး၊ ဒီအတောအတွင်းမှာ ငါမင်းကို တောင်းပန်စကားမပြောရသေးဘူး။ ယန်သောလဲ့နဲ့ ကွမ်းဖန်ယွင့်ရဲ့လုပ်ရပ်အတွက် ငါ တာဝန်ယူပါတယ်။ ငါ ကွမ်းဖန်ယွင့်နဲ့လည်း လမ်းခွဲလိုက်ပြီ…”
ထောင်ရှီးက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး တုံ့ပြန်မှုပြုမလာပေ။
ထောင်ရှီးနားထောင်နေကြောင်း ယန်ကျန်းမင်သိသည်။ သူ ကားစတီယာတိုင်ကို လက်ညှိုးနှင့်ပွတ်သပ်နေရင်း အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ သက်ပြင်းချကာ ဆိုလာသည်။
“ တကယ်တော့ ငါ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဖခင်တစ်ယောက်ရဲ့တာဝန်တွေ မကျေပွန်ခဲ့ပါဘူး။ အခုမှ ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ပြောရင် ရယ်စရာများကောင်းနေမလား။ ဒါပေမဲ့ ငါ လုပ်နိုင်မယ်လို့ထင်ပါတယ်။ ငါ မျှော်လင့်မိတာ……မင်းငါ့ကို အမြန်ဆုံးပြန်လက်ခံဖို့ ငါတောင်းဆိုနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို မငြင်းဆန်ဖို့ရယ်၊ မင်းကို အစားထိုးပြန်ဖြည့်ဆည်းပေးဖို့အတွက် ငါ့ကို အခွင့်အရေးလေးတစ်ခုလောက် ပေးစေချင်တာပါ…”
ယန်ကျန်းမင်က အမြဲတစေ စကားပြောကောင်းသူဖြစ်ခဲ့၏။ ယခုပြောလိုက်သည့် စကားများက တုန့်ဆိုင်းမှုများ၊ စိုးရိမ်ကြောင့်ကြမှုများစွာ ရောပြွန်းနေသော်လည်း အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သိသာသည်။
ထောင်ရှီး၏မျက်လုံးများ တစ်ဝက်တစ်ပျက်ပွင့်လာသည်။ ယန်ကျန်းမင်က ရုတ်တရက်ကြီး အလွန်အလေးအနက်ထားကာ ပြောနေသောကြောင့် သူဘာပြန်ပြောရမှန်းမသိဖြစ်ကာ နှုတ်ခမ်းကိုသာ စေ့ထားမိလိုက်၏။
ထောင်ရှီးက ဘာမှပြန်မဖြေသောအခါ ယန်ကျန်းမင်က ဂရုတစိုက်မေးလာခဲ့သည်။
“အခု မင်းနဲ့…..ချင်းဟယ်က အတူနေနေကြတာမလား…”
လင်ချင်းဟယ်၏နာမည်ကို ကြားလိုက်ရသည်နှင့် ထောင်ရှီး၏အကြည့်များက ယန်ကျန်းမင်ထံသို့ ရုတ်ခြည်း ကျရောက်သွားသည်။ သူ့အကြည့်များမှာ အလွန်အမင်း သတိချပ်နေဟန်။
ယန်ကျန်းမင်မှာ ထိုသတိအပြည့်နှင့်အကြည့်များကို မြင်လျှင် ခါးသက်စွာပြုံးလိုက်ပြီး အလျင်အမြန် ဖြေရှင်းချက်ပေးလာသည်။
“ ငါ ဘာကိုမှ ကန့်ကွက်မှာမဟုတ်ပါဘူး။ ချင်းဟယ်က လူကောင်းလေးတစ်ယောက်ပါ။ ငါပြောချင်တာက မင်း ကြိုက်တာကို လွတ်လွတ်လပ်လပ်လုပ်လို့ရသလို၊ မင်းသဘောကျတဲ့လူနဲ့လည်း လွတ်လွတ်လပ်လပ်အတူနေနိုင်ပါတယ်။ အဖေ မင်းဘက်မှာ အမြဲတမ်းရှိနေမယ်…”
ထောင်ရှီးနှင့် လင်ချင်းဟယ်၏ဆက်ဆံရေးကို သူမြင်ရုံနှင့် သိသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ့တွင် မည်သည့်ထင်မြင်ချက်မှမပေးလို၊ ထင်မြင်ချက်ပေးရန်လည်း အရည်အချင်းမပြည့်မီပေ။ သို့ပေသည့် လင်မိသားစုက အလွန်စည်းကမ်းတင်းကြပ်သည့်မိသားစုမျိုးဖြစ်၏။ လင်မိသားစု၏ လူအိုကြီးက အလွန်ရှေးရိုးဆန်သည်ဟု နာမည်ဆိုးနှင့်ကျော်ကြားသည်။ ထို့အတူ သူ၏ယောက္ခမ ဖန်းကျူချင်းကလည်း ထိုကဲ့သို့ ပုံစံတူပင်ဖြစ်ရာ ထောင်ရှီး၏အနာဂတ်ဘဝတွင် အခက်အခဲများစွာ ရင်ဆိုင်ရမည်ကို သူစိုးရိမ်မိသည်။
ထောင်ရှီးမှာ ယန်ကျန်းမင်၏အသိအမှတ်ပြုမှုကြောင့် အံ့အားသင့်သွားရသည်။ သူ ခဏကြာတိတ်ဆိတ်သွားပြီး ခေါင်းလှည့်၍ ယန်ကျန်းမင်ကို ကြည့်လိုက်သည်။
ယန်ကျန်းမင်က ရှေ့တည့်တည့်မှ ယာဉ်အသွားအလာကို အကဲခတ်နေခြင်းဖြစ်သည်။ ထောင်ရှီး၏အကြည့်ကို သတိပြုမိသည့်အခါ လှည့်ကြည့်လာ၍ နွေးထွေးစွာ မေးလာသည်။
“ ဘာဖြစ်လို့လဲ…”
ထောင်ရှီးက အောက်နှုတ်ခမ်းကို ကိုက်၍ ယန်ကျန်းမင်၏ အရင်ကစကားများကို ပြန်မဖြေဘဲ တစ်ခွန်းသာပြောလိုက်သည်။
“ သီချင်းကိုပိတ်လိုက်တော့။ နားထောင်ရတာ အရမ်းဆိုးတယ်…”
ယန်ကျန်းမင်မှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ခဏကြာမှ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာကာ “ကောင်းပါပြီ” ဟုပြောလျက် သီချင်းကို အမြန်လှမ်းပိတ်လိုက်သည်။
ဖန်းမိသားစုမှာ ဝမ်းဟွာတက္ကသိုလ်ပါမောက္ခများအိမ်ရာမှ ပြောင်းရွေ့လာပြီးနောက် မြို့ပြင်ရှိ ဗီလာအိမ်ရာတွင် လုံးချင်းအိမ်လေးတစ်အိမ်၌ လူအိုစုံတွဲနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်းနေထိုင်ခဲ့ကြသည်။
ညကောင်းကင်ယံမှ လရောင်အောက်တွင် ကားလေးက မီးထွန်းထားသည့်ခြံဝင်းထဲသို့ ဖြည်းညင်းစွာ မောင်းဝင်သွားသည်။ ထောင်ရှီးက ကားမှဝါကြန့်ကြန့်မီးအလင်းရောင်ဖြင့် အိမ်ရှေ့တွင် တစ်ဦးကိုတစ်ဦးတွဲကာ ရပ်နေကြသော လူအိုစုံတွဲနှစ်ယောက်ကို တွေ့လိုက်ရသည်။ ကားဝင်လာသည်ကို မြင်လိုက်ရသည်နှင့် လူအိုစုံတွဲက ခြေနှစ်လှမ်းရှေ့တိုးကာ သူ့ကို အပြုံးနှင့် လက်ဝှေ့ယမ်းပြလာကြသည်။
ထောင်ရှီးမှာ နှစ်များစွာကြာသွားသည့်တိုင် ထိုမြင်ကွင်းလေးကို အမြဲတမ်း စွဲထင်အမှတ်ရနေခဲ့သည်။ ကားထဲမှထွက်လာသည့်အခါ လူအိုနှစ်ယောက်က သူ့ကို အိမ်ထဲသို့ဖိတ်ခေါ်သည်။ အိမ်ထဲသို့ဝင်ဝင်ချင်း မွှေးပျံ့နေသည့် ထမင်းနံ့သင်းသင်းနှင့် နွေးထွေးမှုတို့က သူ့အား ကြိုဆိုသည်။
ယဲ့ယွီရုန်က သူ့ကျောင်းလွယ်အိတ်နှင့် ကုတ်အင်္ကျီကို ကူချိတ်ပေးပြီး လက်ဆေးရမည့်နေရာကို ခေါ်သွားသည်။ ထို့နောက် ဖန်းကျူချင်းနှင့်အတူ သူ့အားလက်ဆွဲလျက် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည့် ထမင်းစားခန်းထဲသို့ ခေါ်ဆောင်သွားသည်။ စားပွဲပေါ်တွင် ဟင်းပွဲများအလျှံအပယ်ရှိနေသည်။ ယဲ့ယွီရုန်က သူ့ကို ထိုင်စေပြီး အိမ်ချက်ဟင်းလျာများကို အပြုံးတစ်ပွင့်နှင့် မိတ်ဆက်ပေးသည်။
“ သားဘာကြိုက်တတ်မှန်းမသိလို့၊ ဟင်းတွေအစုံပြင်ထားလိုက်တယ်။ သားကြိုက်တတ်တဲ့ဟင်းရှိရင် အဖွားကိုပြောနော်… အဖွား နောက်တစ်ခေါက်ကျ ချက်ကျွေးမယ်…”
ထောင်ရှီးမှာ မနေတတ်မထိုင်တတ်ဖြစ်လာရသည်။ သို့သော် မနှစ်သက်၍တော့မဟုတ်ပါချေ။ သူ့ဘဝတွင် တစ်ခါမှ ဤကဲ့သို့ ဂရုစိုက်မခံရဖူး၍သာဖြစ်၏။ သူက လက်ချောင်းလေးကို ကွေးကောက်၍ “ကျေးဇူးတင်ပါတယ်” ဟု ခပ်တိုးတိုး ပြောလိုက်သည်။
“ ကိုယ့်ရဲ့မိသားစုပဲကို ဘာကျေးဇူးတင်စရာလိုလဲ…” ယဲ့ယွီရုန်က ပြုံးပြသည်။
မီးဖိုချောင်ထဲမှ “ဒင်”ဟူသော အသံကိုကြားသည့်အခါ သူမကပေါင်းအိုးထဲမှ နောက်ဆုံးလက်ကျန်ဟင်းပွဲကို သွားယူရန် ထရပ်လိုက်သည်။ သို့သော် ယန်ကျန်းမင်က အရင်ဦးစွာ ထရပ်လိုက်ပြီး ယဲ့ယွီရုန်ကို ပြန်ထိုင်ခိုင်းကာ မီးဖိုချောင်ထဲမှ ဟင်းပွဲကိုသွားယူလိုက်သည်။
ဟင်းပွဲမှာ ကြက်သွန်ဖြူအရသာနှင့် ကြက်တောင်ပံကင်ဖြစ်ပြီး နူးအိနေအောင် ကင်ထားသောကြောင့် အနံ့မွှေးမွှေးကိုပင် ရနေသည်။
ယန်ကျန်းမင်က ဟင်းပွဲကို စားပွဲပေါ်မှ လွတ်သည့်နေရာတွင် ချလိုက်သည်။ သို့သော် ထိုင်ခုံတွင် ထိုင်နေပြီးသား ဖန်းကျူချင်းက ဖြည်းညင်းစွာ ထရပ်လာလေသည်။
လူအိုကြီးက ဆေးရုံဆင်းလာရသည်မှာ သိပ်မကြာသေးသောကြောင့် ခြေထောက်နှင့်လက်များက ကောင်းကောင်းအဆင်မပြေသေးချေ။ သူက စားပွဲထိပ်ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို ထောင်ရှီးဘက်သို့ အနည်းငယ်ကိုင်း၍ ကြက်တောင်ပံကင်ပန်းကန်ကို ထောင်ရှီး၏ရှေ့တည့်တည့်သို့ ရွေ့ပေးလိုက်ရင်း ကြင်နာသောအသံဖြင့် ဆိုလိုက်သည်။
“ ကလေးတွေက ဒါမျိုးစားရတာကြိုက်ကြတယ်။ အဖိုးတို့က ဒါတွေစားဖို့ အသက်ကြီးနေပြီ…”
ထောင်ရှီးက အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည့် လက်များကိုကြည့်ရင်း “ကလေး” ဟူသောစကားသံကို ကြားလိုက်ရပြန်သည်။ သူ့အမြင်အာရုံများ ရုတ်တရက်ဝေဝါးလာသဖြင့် မျက်တောင်များကို အလျင်အမြန် ပုတ်ခတ်လိုက်ရသည်။ သူ ထရပ်ကာ ဖန်းကျူချင်းကို ထိုင်ခုံတွင် ပြန်ထိုင်နိုင်အောင် ကူညီပေးလိုက်သည်။
ယန်ကျန်းမင်က သူပြင်ဆင်လာခဲ့သည့် သောက်စရာများကို ထုတ်လိုက်ပြီး ထောင်ရှီးကို ဘာသောက်ချင်လဲဟုမေးသည်။ ထောင်ရှီးက ဆန်အရက်သာသောက်ကြောင်း ဖြေလိုက်၏။ ဆန်အရက်မှာ ယဲ့ယွီရုန်ကိုယ်တိုင် ချက်လုပ်ထားခြင်းဖြစ်ပြီး ထောင်ရှီးကြိုက်နှစ်သက်မှန်းသိသောအခါ သူမက အလွန်ဝမ်းသာစွာပြုံးလျက်ပြောလာသည်။
“ သားအမေဆိုလည်း ငယ်ငယ်ကတည်းက အဖွားရဲ့ဆန်အရက်ကို တအားကြိုက်တာလေ။ ဒါပေမဲ့ တစ်ခွက်ထက်ပိုသောက်ရင် မူးသွားရော။ တစ်ခါက သူ တိတ်တိတ်ကလေး အများကြီး ခိုးသောက်ပြီး မှောက်သွားတယ်လေ။ အဖွားတို့က သူနေမကောင်းဖြစ်တယ်ထင်လို့..ဆေးရုံပို့လိုက်ကြတာ.. ဆေးရုံရောက်မှ အကြောင်းစုံသိပြီး ရယ်လိုက်ကြရသေးတယ်…”
ထောင်ရှီးမှာ သူ့အမေကိုလွမ်းဆွတ်မိပြီး အမေ့အကြောင်းကို သိလိုစိတ်ပြင်းပြလာသည်။ လူအိုနှစ်ယောက်က ဖန်းဆွေ့၏အတိတ်မှ အဖြစ်အပျက်များအကြောင်းကို သူ့အား ပြောပြလာခဲ့သည်။
သူတို့၏စကားအရ သူ့အမေက လူချမ်းသာမိသားစုမှ သမီးငယ်များအတိုင်းပင် အချစ်ခံအသိုင်းအဝိုင်းတွင် ရိုးရှင်းစွာ ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သို့သော် သူမက အဘယ်ကြောင့် မက်မွန်ပွင့်စမ်းချောင်းသို့ တစ်ယောက်တည်း ထွက်သွားခဲ့ရသည့်အကြောင်းကိုတော့ မည်သူမှ မပြောပြခဲ့ကြပါချေ။
ညစာစားပွဲ၏လေထုအခြေအနေက သာမန်မိသားစုများ၏နှစ်သစ်ကူးညစာစားပွဲကဲ့သို့ပင်။ ဤအိမ်က နွေးထွေးကာ သက်သောင့်သက်သာရှိလှ၏။ ထောင်ရှီးမှာ လွန်ခဲ့သည့်ဆယ်ခုနစ်နှစ်တာလုံး ဤအိမ်တွင် နေထိုင်ခဲ့ရသည်ဟူ၍ ရုတ်တရက် စိတ်ကူးယဉ်မိသွားသည်။ သူကျောင်းမှပြန်လာလျှင် လွယ်အိတ်ကို ဆိုဖာပေါ်ပစ်တင်လိုက်မည်၊ အဖွားက သူ့အတွက် ဟင်းပွဲများပြင်ဆင်ထားပေးပြီး ညစာစားရန်လာခေါ်မည်။ သူ့အဖိုးက ယနေ့ကျောင်းတွင် ဘာတွေသင်ခဲ့ရသလဲဟု သူ့ကိုမေးမည်။
ဆယ့်ခုနစ်နှစ်တိုင် ကွဲကွာခဲ့ရသည့်အတွက် သွေးသားဆက်နွယ်မှုက မည်မျှပင်နက်ရှိုင်းနေပါစေ စိမ်းသက်နေမှုများက တစ်ညတည်းနှင့် ပျောက်ကွယ်မသွားနိုင်ပါချေ။ ပျက်ကွက်ခဲ့ရသည့် ဤအချိန်ကာလများကို ပြန်လည်ဖြည့်တင်းရန်အတွက် တစ်နှစ်သော်လည်းကောင်း၊ နှစ်နှစ်သော်လည်း၊ ထို့ထက်ပို၍သော်လည်းကောင်း ကြာနိုင်သည်။
မည်သို့ဆိုစေ တစ်နေ့နေ့တစ်ချိန်ချိန်တွင် အက်ကြောင်းများကို ပြန်လည်ကုစားနိုင်ပြီး သူတို့အားလုံးသည်လည်း အပြည့်အဝသဟဇာတဖြစ်သော မိသားစုဝင်များ ဖြစ်လာနိုင်မည်ထင်ပါ၏။
ညစာစားပွဲဝိုင်းအလယ်တွင် ဖန်းကျူချင်းက ယန်သောလဲ့၏အကြောင်းကို တွန့်ဆုတ်စွာ ထုတ်ပြောလာခဲ့သည်။
“ သူ ဒီလိုအမှားတွေလုပ်မိတာ ငါတို့ရဲ့ အပြစ်တွေပါ။ သူ့ကို အရမ်းအလိုလိုက်ခဲ့မိတာ ငါတို့မှားတာ။ ဒါကြောင့် သူ အမှားတွေသင်ယူမိပြီး ဒီလိုလမ်းမှားကိုရောက်သွားရတာ…”
ထိုကလေး၏အကြောင်းကို ပြောရသည်နှင့် ဖန်းကျူချင်း၏မျက်လုံးများက နောင်တတရားများ ခိုတွဲလာသည်။
“ ငါတို့ သူ့ကိုပြုစုပျိုးထောင်ခဲ့တယ်။ ဒါပေမဲ့ သူ့ဆီက ဘာမှပြန်မတောင်းခဲ့ဖူးဘူး။ အခု သူ့ကို အရွယ်တဲ့အထိ ငါတို့ ဆက်မစောင့်ရှောက်နိုင်တော့ဘူး။ သူကိုယ်တိုင်လုပ်ခဲ့တဲ့အမှားအတွက် သူ ပြန်ပေးဆပ်ရမှာပဲ။ ကျောင်းဘက်ကလည်း သူ့ကို ကျောင်းထုတ်လိုက်ပြီ။ ငါတို့သူ့ကို ဘာမှ ထပ်တားမှာမဟုတ်တော့ဘူး၊ ဒါပေမဲ့…”
မည်သို့ဆိုစေကာမူ ထိုကလေးသည် သူ့လက်နှင့်ကိုယ်တိုင် ကျွေးမွေးပြုစုခဲ့ရသည့်ကလေးဖြစ်သည်။ ထိုသံယောဇဉ်ကို စိတ်မာမာနှင့် စွန့်လွှတ်ပစ်လိုက်နိုင်သည့်တိုင် ဤမြေးဖြစ်သူ တရားရင်ဆိုင်ရမည်ကိုတော့ မကြည့်ရက်နိုင်သေးပါချေ။
ဖန်းကျူချင်းက သက်ပြင်းချသည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း ဖြစ်ပျက်သွားခဲ့သည့် အလှည့်အပြောင်းများကြောင့် လူအိုကြီးမှာ ပို၍အိုစာသွားလေသည်။ သူက ထောင်ရှီးကို တောင်းတောင်းပန်ပန်နှင့် ပြောလာ၏။
“ ကလေး၊ မင်း သူ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ အဖိုးသိပါတယ်။ သူ့ကိုနားလည်ပေးဖို့လည်း အဖိုးမတောင်းဆိုပါဘူး။ ဒါပေမဲ့ အဖိုးရဲ့မျက်နှာကိုထောက်ပြီး သူ့ကိုတရားစွဲထားတာကို ပြန်ရုတ်သိမ်းပေးလို့ရနိုင်မလား။ ရှေ့လျှောက် သူ့ကို မင်းနဲ့လုံးဝလာမပတ်သက်စေရပါဘူး။ ပြီးတော့ သူ့ကို ဒီမှာလည်း ဆက်မထားတော့ဘူး။ ဒီအိမ်က အမြဲတမ်း မင်းရဲ့အိမ်ပဲဖြစ်နေမှာ…”
အကယ်၍ ယန်သောလဲ့သာ ယခုလိုကိစ္စမျိုးမလုပ်ခဲ့ပါက သံယောဇဉ်ကြောင့် ယန်သောလဲ့ကို ဤအိမ်တွင် ဆက်ထားလောက်ပေမည်။ သို့သော် ယခုတွင်မူ ယန်သောလဲ့က ထောင်ရှီးနှင့် ဘယ်တော့မှ သင့်မြတ်နိုင်မည်မဟုတ်မှန်း သိလိုက်ရသဖြင့် ယန်သောလဲ့ကို ဤအိမ်တွင် ဆက်ထားပါက ထောင်ရှီး သူတို့ကို လာမတွေ့တော့မည်ကို စိုးရိမ်မိသည်။
ထမင်းစားခန်းက တိတ်ဆိတ်သွားသည်။ ယဲ့ယွီရုန်မှာ ထောင်ရှီးကို မျှော်လင့်တကြီး ကြည့်နေ၏။ ယန်ကျန်းမင်ကမူ တိတ်ဆိတ်နေသည်။
ထောင်ရှီးက ခဏတိတ်ဆိတ်သွားပြီးနောက် အဆုံး၌ “ဟုတ်ကဲ့ပါ” ဟု ပြောလိုက်သည်။
သူက အလွန်သဘောထားကြီး၍တော့မဟုတ်ချေ။ သူ့အဖိုးနှင့်အဖွားတို့ ထပ်မံစိတ်ဆင်းရဲရမည်ကို မကြည့်ရက်သောကြောင့်သာဖြစ်သည်။
လူအိုနှစ်ယောက်မှာ သူတို့၏ပြောစကားအတိုင်း မရက်စက်နိုင်ကြမှန်း၊ ယန်သောလဲ့ကို ဆက်ဂရုစိုက်နေဦးမည်မှန်း ထောင်ရှီးသိပြီးသားပင်။ သို့သော် သူ ယန်သောလဲ့၏အကြောင်းကို စိတ်မဝင်စားတော့။ အကြောင်းမှာ ယန်သောလဲ့က သူ့မျက်လုံးထဲတွင် မရှိတော့သောကြောင့်ဖြစ်သည်။
ထို့နောက်တွင် ထမင်းစားခန်း၏လေထုက တဖြည်းဖြည်း အသက်ဝင်တက်ကြွလာသည်။ ထောင်ရှီးက ဆန်အရက်တစ်ခွက်ကိုမော့သောက်လိုက်သည်။ သူ မနေနိုင်စွာ နောက်တစ်ခွက်ပါ ထပ်သောက်လိုက်သည်။ သောက်ပြီးသည့်တိုင် သူ့မျက်လုံးများက ကြည်လင်နေဆဲပင်။ သူ့အမေထက် များစွာပိုသောက်နိုင်နေသောကြောင့် ယဲ့ယွီရုန်က ပြုံးကာ သက်ပြင်းချသည်။
ညစာစားပြီးသော် သူတို့မိသားစုက ဧည့်ခန်းတွင်ထိုင်လျက် စကားစမြည်ပြောကြသည်။ ဖန်းကျူချင်းမှာ ထောင်ရှီးကို ညအိပ်စေချင်နေပြီး သူ့အား အခန်းအသစ်ကို လိုက်ပြပေးသည်။ အခန်းကကျယ်ဝန်းကာ လသာဆောင်ကလည်း ကျယ်လှပြီး အရွယ်အစားမျိုးစုံနှင့် ပန်းချီထောက်တိုင်များလည်း ရှိနေသည်။
သို့သော် ထောင်ရှီးက ယဉ်ကျေးစွာငြင်းဆိုလိုက်ပြီး မနက်ဖြန်မနက် ကျောင်းကျောင်းစောစောသွားရမည်ဖြစ်ကြောင်း၊ ဤနေရာက ကားဖြင့်လာလျှင်တောင် ကျောင်းနှင့်အလွန်ဝေးကြောင်းပြောလိုက်သည်။ လူအိုနှစ်ယောက်လုံး စိတ်မကောင်းဖြစ်သွားကြသည်ကိုမြင်လျှင် သူက အားလပ်ရက်၌ ထပ်လာခဲ့မည်ဟု ကတိပေးလိုက်သည်။ အဖိုးအိုမှာ ထောင်ရှီးက ကျောင်းအဆောင်တွင်သာနေနေသည်ဟု ထင်ထားကာ ယန်ကျန်းမင်ကို လိုက်ပို့ခိုင်းလိုက်သည်။
ထောင်ရှီးပေးသည့်လိပ်စာအတိုင်း ယန်ကျန်းမင်က မောင်းနှင်လာခဲ့ပြီး လင်ချင်းဟယ်၏တိုက်ခန်းအိမ်ရာ ဝင်ပေါက်ဝ၌ ကားရပ်ပေးလိုက်သည်။ ထောင်ရှီးကားပေါ်မှ မဆင်းခင်တွင် ယန်ကျန်းမင်က တွန့်တွန့်ဆုတ်ဆုတ်ဖြင့် သားဖြစ်သူကို သွယ်ဝိုက်သတိပေးလိုက်သည်။
“ မင်းက အရမ်းငယ်သေးတယ်။ တစ်ချို့ကိစ္စတွေကို အရွယ်ရောက်မှပဲ လုပ်တာပိုကောင်းလိမ့်မယ်…”
ထောင်ရှီးက တစ်လမ်းလုံးအိပ်ရင်းလိုက်ပါလာခဲ့သည်။ သူက အိပ်နေရာမှနိုးလာပြီး ယန်ကျန်းမင်ကို ကြောင်တောင်တောင်ကြည့်ကာ ပြန်မေးလိုက်သည်။
“ ဘာကိုလဲ..”
“ဟားဟား၊ ဘာမှမဟုတ်ပါဘူး…”
ယန်ကျန်းမင်က ကိုးရို့ကားယားနိုင်စွာ စကားကိုဖြတ်ချလိုက်သည်။ ထောင်ရှီး၏တုံ့ပြန်မှုကိုကြည့်ခြင်းအားဖြင့် ဤကလေးက ဗလာစာအုပ်လေးလို အဖြူထည်လေးသာဖြစ်ကြောင်း သိလိုက်လေ၏။ လင်ချင်းဟယ်က အလွန်တည်တံ့သူဖြစ်သောကြောင့် သူ့ကို လှည့်တော့မလှည့်စားလောက်တန်ရာ။
သူပြုံးမိကာ အိမ်ရာထဲသို့ ဝင်သွားသော ထောင်ရှီးကို ကြည့်နေမိသည်။ သို့သော် သူတွေးကြည့်လေ၊ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရလေပင်။
သူ့သားနှင့် လင်ချင်းဟယ်တို့ ချစ်ကြိုက်နေကြသည်ကို သူ့တွင် ကန့်ကွက်စရာမရှိချေ။ သို့သော် သူ့သားက အဘယ်ကြောင့် သူများအိမ်တွင် လိုက်နေရမည်နည်း။ အနည်းဆုံးတော့ လင်ချင်းဟယ်ကသာ သူ့သားအိမ်၌ လာရောက်နေထိုင်သင့်သည်။
ယန်ကျန်းမင်က ခေါင်းခါလိုက်ကာ သူမကြာခင်ကမှ ဝယ်ထားသည့် မြစ်ကမ်းနံဘေးရှိ လုံးချင်းအိမ်ကို ထောင်ရှီး၏နာမည်အောက်တွင် အမြန်လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
The Moon Is Coming To Me (Chapter-61.2)
ထောင်ရှီး အိမ်သို့ပြန်ရောက်ချိန်၌ လင်ချင်းဟယ်က ရေချိုးခန်းထဲတွင် ရေချိုးနေသည်။
လင်ချင်းဟယ်တစ်ယောက် Bathrobe တစ်ထည်ဖြင့် ရေချိုးခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် သူ့ထံသို့ ဆွေ့ခနဲ ခုန်ဝင်လာသည့် ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။ သူ ထောင်ရှီး၏တင်ပါးလေးနှင့် ခါးလေးကို အမြန်လှမ်းဖက်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း မျက်ဝန်းများထဲမှ အံ့ဩရိပ်များကိုမူ မဖုံးကွယ်နိုင်ပါချေ။
“ မင်း ဒီနေ့ အဖိုးအိမ်မှာပဲအိပ်မယ်လို့ ငါထင်ထားတာ…”
ထောင်ရှီး၏ခြေထောက်များက လင်ချင်းဟယ်၏ခါးကို ပြုတ်တူအလား တွယ်ချိတ်လိုက်ကာ လက်တစ်ဖက်က လင်ချင်းဟယ်၏လည်ပင်းကို သိုင်းဖက်လျက် ကျန်တစ်ဖက်ကမူ လင်ချင်းဟယ်၏မေးဖျားလေးကို မော့စေလိုက်သည်။ ထို့နောက် အပြုံးနှင့်ပြောလိုက်၏။
“ နှစ်သစ်ကူးမှာ မင်းကို အဖော်ပြုပေးဖို့ ပြန်လာခဲ့တာလေ…”
လင်ချင်းဟယ်က မေးစေ့ကို နာခံစွာမော့ပေးလိုက်သည်။ ယနေ့ညတွင် ထူးထူးဆန်းဆန်း ပိုကပ်နေသည့် ထောင်ရှီးကို ကြည့်ရင်း သူ့နှုတ်ခမ်းတွင် အပြုံးလေးတစ်ပွင့် ပေါ်ထွန်းလာ၏။ သူ အသံတိုးတိုးနှင့် မေးလိုက်သည်။
“ ဘယ်လိုအဖော်ပြုပေးမှာလဲ…”
ထောင်ရှီးက ပြန်မဖြေဘဲ “ဘယ်လိုအဖော်ပြုပေးရမလဲ” ဟူသည့် မေးခွန်းတစ်ခုသာ ထပ်တလဲလဲ ခေါင်းခြောက်အောင်စဉ်းစားနေသည်။
လင်ချင်းဟယ်က နားဝေတိမ်တောင်ဖြစ်နေသည့် ထောင်ရှီး၏မျက်ဝန်းများကို နှစ်စက္ကန့်ခန့်စိုက်ကြည့်နေပြီးနောက် စိတ်ထဲမှ သက်ပြင်းဖွဖွချကာ ထောင်ရှီးကို အိပ်ခန်းထဲသို့ ပွေ့သယ်သွားလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းလွှဲ၍ မေးလိုက်၏။
“ အဖိုးအိမ်မှာ ထမင်းစားရတာဘယ်လိုလဲ…”
ထိုမေးခွန်းကိုကြားသောအခါ ထောင်ရှီး၏မျက်ဝန်းများက လက်ခနဲဖြစ်သွားပြီး အပြုံးနှင့်ပြောလာသည်။
“ အရမ်းအရသာရှိတယ်။ အဖွားက ငါ့အတွက် ဟင်းတွေအများကြီးချက်ပေးထားတာ…”
“ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ…”
ထောင်ရှီးက ခေါင်းလေးစောင်းကာ တွေးတောဟန်ပြုလိုက်ပြီးမှ ပြောလာ၏။
“ ကြက်သွန်ဖြူအရသာနဲ့ ကြောက်တောင်ပံကင်…”
သို့သော် သူက အတွေးတစ်ခုဝင်လာ၍ ထပ်ပေါင်းကာပြောလာသည်။
“ အဖွားချက်ထားတဲ့ ဆန်အရက်ရောပဲ၊ အရမ်းအရသာရှိတယ်…”
အံ့ဩစရာမရှိတော့ပေ။
လင်ချင်းဟယ်က ထောင်ရှီးကို ပွေ့လျက် ကြမ်းပြင်မှမျက်နှာကြတ်ထိမြင့်သော ပြတင်းပေါက်ရှည်ကြီးများရှေ့သို့ လျှောက်သွားလိုက်သည်။ ယနေ့က နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ရက်ဖြစ်၏။ ပြတင်းပေါက်အပြင်တွင် နီယွန်မီးရောင်များလင်းထိန်နေသည့် မြစ်ကမ်းနံဘေးမှ ရင်ပြင်ကျယ်ကြီးတစ်ခုရှိနေပြီး နှစ်သစ်ကူးကို သောင်းသောင်းဖျဖျကြိုဆိုရန် စောင့်ဆိုင်းနေကြသော လူအုပ်ကြီးများဖြင့် ပျားပန်းခပ် သက်ဝင်လှုပ်ရှားနေသည်။
လင်ချင်းဟယ်က ထောင်ရှီးကို ကျောမှီကုလားထိုင်ပေါ်သို့ တင်လိုက်သည်။ သို့သော် ထောင်ရှီး၏ခြေထောက်များက သူ့ကိုသာ တင်းတင်းကြပ်ကြပ် ကပ်တွယ်ထားပြီး သူ့အပေါ်မှ ဆင်းချင်ပုံမပေါ်ချေ။ သို့နှင့် လင်ချင်းဟယ်လည်း ထောင်ရှီးကို ဆက်ပွေ့ထားကာ ကလေးတစ်ယောက်ကို ချော့မြှူနေသကဲ့သို့ အခန်းတစ်ဝိုက်ကို ပတ်လျှောက်ပေးနေရင်း အဖိုးအိမ်သို့သွားရသည့် ပထမဆုံးအတွေ့အကြုံကို မေးမြန်းလိုက်သည်။
“ ငါ့မှာ အခု ဥယျာဉ်ကြီးတောင်မြင်ရတဲ့ လသာဆောင်အကြီးကြီးနှင့် အခန်းတစ်ခန်းရှိနေပြီ။ အဖိုးကပြောတယ်၊ ငါအဲ့ဒီမှာ ပုံလာဆွဲလို့ရတယ်တဲ့…”
ထောင်ရှီးက လင်ချင်းဟယ်၏နားရွက်ကို တတိတိကိုက်လိုက်သည်။
“ အဲ့အခန်းကို ကြိုက်လား…”
“ ကြိုက်တယ်။ နောက်တစ်ခေါက်ကျရင် မင်းကိုပါ ခေါ်သွားမယ်…”
လင်ချင်းဟယ်က ပြုံးကာပြောသည်။ “ ကောင်းပြီ…”
“အဖွားက ငါ့အတွက် မာဖလာတစ်ထည် ထိုးပေးချင်လို့တဲ့ ငါ့ကို အရောင်ရွေးခိုင်းတယ်…”
ထောင်ရှီးက လင်ချင်းဟယ်၏နားရွက်နားသို့ ကပ်လိုက်ပြီး တီးတိုးပြောလိုက်ပြန်သည်။ ပျော်စရာလျှို့ဝှက်ချက်လေးတစ်ခုကို ဝေမျှနေသည့်အလားပင်။
လင်ချင်းဟယ်က မေးလိုက်၏။ “ ဘယ်အရောင်ကိုရွေးလိုက်လဲ…”
ထောင်ရှီးက နှုတ်ခမ်းစွန်းများကို ကွေးညွှတ်ကာ ပြောလာ၏။
“ ငါက မီးခိုးရောင်နဲ့ အမည်းရောင်က ကြည့်ကောင်းမယ့်ပုံပဲလို့ပြောလိုက်တယ်။ အဲ့ဒါနဲ့အဖွားက ငါ့အတွက် နှစ်ရောင်လုံးကို ထိုးပေးမယ်တဲ့။ မာဖလာရလာရင် မင်းကို တစ်ထည်ပေးမယ်…”
“ ဟုတ်ပြီ…” လင်ချင်းဟယ်၏အပြုံးများက ပို၍နက်ရှိုင်းသွားသည်။
အဆုံးတွင် ပြောစရာစကားကုန်သွားလေသည်။ ထောင်ရှီးမှာလည်း ပင်ပန်းကာ အိပ်ငိုက်လာပြီး လင်ချင်းဟယ်၏ပုခုံးပေါ်တွင် မေးတင်လိုက်သည်။ လင်ချင်းဟယ်က ထောင်ရှီး၏ ခေါင်းလုံးလုံးလေးကို နမ်းရှိုက်လိုက်ကာ မေးလိုက်၏။
“ မင်းကို ရေချိုးပေးရမလား…”
ထောင်ရှီးမှာ ယခင်ကလို ရှက်ရွံ့မှုများ လုံးလုံးပျောက်ဆုံးနေပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ ချိုးမယ်၊ ချိုးမယ်…”
လင်ချင်းဟယ်က ထောင်ရှီးကို ရေချိုးခန်းထဲသို့ ပွေ့ခေါ်သွားပြီး ဘေစင်ပေါ်သို့ တင်လိုက်သည်။ ထောင်ရှီးက နာခံစွာ ငြိမ်ငြိမ်လေးထိုင်နေပြီး လက်နှစ်ဖက်ကို ဘေစင်ပေါ်ထောက်၍ ပါးစပ်လေးအသာဟကာ လင်ချင်းဟယ်ကို မျှော်လင့်တကြီး မော့ကြည့်နေသည်။ သူ့အဝတ်အစားများကို ကိုယ်တိုင်မချွတ်တတ်၍ ဝန်ဆောင်မှုပေးလာမည်ကို စောင့်ဆိုင်းနေသည့်အလားပါပင်။
လင်ချင်းဟယ်က ထောင်ရှီး၏နှုတ်ခမ်းများကို နှစ်စက္ကန့်မျှစိုက်ကြည့်နေပြီးနောက် ထောင်ရှီး၏မေးဖျားလေးကို လက်ဖြင့်ညှစ်လိုက်ကာ သတိပေးဆုံးမလိုက်သည်။
“ နောက်ဆိုရင် အပြင်မှာ အရက်မသောက်ရတော့ဘူး။ ဆန်အရက်လည်းမရဘူး။ နားလည်လား…”
ထောင်ရှီးမှာ ကြောင်အမ်းအမ်းဖြစ်နေသော်ငြား ခေါင်းညိတ်ကာ “အွန်း” ဟုဖြေလိုက်သည်။
ယခုအခြေအနေနှင့် ထောင်ရှီးကို သူနှင့်အိပ်ရန် တောင်းဆိုလျှင်တောင် ထောင်ရှီးက တစ်ခဏမဆိုင်း ခေါင်းညိတ်လက်ခံလာမည်ကို လင်ချင်းဟယ်သိပေ၏။ စင်စစ်တွင် ‘အိပ်သည်’ ဆိုသည်ကိုပင် ဘာကိုဆိုလိုမှန်း သိမည့်ပုံမပေါ်ပါချေ။
ထောင်ရှီးက လင်ချင်းဟယ်၏ထူးဆန်းသော အကြည့်များကို သတိမပြုမိချေ။ ရေချိုးရမည့်ကိစ္စတစ်ခုသာ သူ့ခေါင်းထဲရှိနေပြီး လင်ချင်းဟယ်၏ခြေထောက်ကို ခပ်သာသာကန်လိုက်ကာ တိုက်တွန်းလိုက်သည်။
“ ငါရေချိုးချင်ပြီ…”
သို့သော် နောက်တစ်စက္ကန့်အကြာတွင် လင်ချင်းဟယ်က ရှေ့တိုးကာ သူ့ကို နမ်းရှိုက်လာသည်။ သူ၏ခြေထောက်နှစ်ဖက်မှာလည်း အချဲခံလိုက်ရပြီး သူ့ခါးလေးနှင့် လည်ဂုတ်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရသည်။ လင်ချင်းဟယ်က သူ့ခေါင်းကို ဆွဲ့မော့လိုက်သောကြောင့် ထောင်ရှီးက မျက်လုံးများမှိတ်၍ နူးညံ့ညင်သာသော အနမ်းများကို ခံယူလိုက်လေသည်။
အနမ်းများက အလွန်သက်တောင့်သက်သာရှိလှသည့်အတွက် သူ့လက်များကို လင်ချင်းဟယ်၏လည်တိုင်သို့ အလိုလို ချိတ်တွယ်လိုက်သည်။ သို့သော် အနမ်းများက တဖြည်းဖြည်း အရိုင်းဆန်လာကာ သူ့ဦးခေါင်းခွံတစ်ခုလုံးကို ထုံကျဉ်လာစေသည်။ သူခံနိုင်ရည်မရှိစွာ ရင်ဘတ်တစ်ခုလုံးလှိုက်ဖိုနေပြီး ရှေ့ကလူကို ရစ်ပတ်ထားသည့် ခြေထောက်များလည်း အောက်ပြုတ်ကျသွားရသည်။
လက်တစ်ဖက်က သူ့ခါးကို အဆက်မပြတ် ဆုပ်နယ်နေသဖြင့် သူ့ခမျာ တသိမ့်သိမ့်တုန်ယင်လာရသည်။ အဆုံးတွင် သူ့လည်ပင်းပေါ်က လက်များက ရပ်တန့်သွားပြီး သူ့ကျောင်းယူနီဖောင်းအင်္ကျီကို ကြယ်သီးဖြုတ်နေသည်။ သူ့မှာ အနမ်းကြောင့် အလွန်မိန်းမောနေသည်ဖြစ်ရာ သူ့အဝတ်အစားများ အကုန်အစင်နီးပါး ချွတ်ခံရလိုက်ပြီး ရေချိုးကန်ထဲသို့ ပွေ့ခေါ်ခံလိုက်ရသည်ကိုပင် သတိမထားမိတော့ချေ။
လင်ချင်းဟယ်က တစ်ဝက်ခန့်ရေစိုနေပြီးသား bathrobe ကို ဆွဲချွတ်လိုက်ပြီး ရေချိုးကန်ထဲသို့ ဝင်လိုက်သည်။
ကျဉ်းမြောင်းသည့် ရေချိုးကန်လေးက ကျပ်သိပ်သွားပြီး ရေနွေးနွေးများက ရေချိုးကန်ထဲသို့ ဖြည်းဖြည်းချင်း စီးကျနေသည်။ ထောင်ရှီးက ဘေးသို့ကပ်ကာ လင်ချင်းဟယ်အတွက် နေရာဖယ်ပေးလိုက်သည်။ သို့သော် သူထင်ထားသလိုမဖြစ်လာဘဲ လင်ချင်းဟယ်က သူ့ကိုသိုင်းဖက်လာပြီး သူ့အောက်တွင် ဖိထားလိုက်လေသည်။
နှစ်ကူးချိန်နီးကပ်လာသည့်အခါ ထောင်ရှီးက ရေချိုးသန့်စင်ပြီး အိပ်ယာပေါ်ရောက်နေပြီဖြစ်သည်။ လင်ချင်းဟယ်က သူ့ကို အနောက်မှသိုင်းဖက်ထားပြီး သူ၏ပေါင်ခြံ အတွင်းသားများကို ဆေးလိမ်းပေးနေသည်။
ထောင်ရှီးက လင်ချင်းဟယ်၏ရင်ဘတ်ကို မှီလျက် အိပ်ပျော်တော့မတတ် အိပ်ငိုက်နေသောကြောင့် သူ့ခြေထောက်ကို လင်ချင်းဟယ်အား လုပ်ချင်သလို လုပ်ခွင့်ပေးထားလိုက်သည်။ နဂိုဖြူဖွေးကာ ကြည်လင်သည့် အသားအရေမှာ ယခုတွင်မူ တစ်ခုခုဖြင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခံထားရသကဲ့သို့ နီရဲကာ အနည်းငယ်ရောင်ရမ်းနေသည်။
နာရီကဆယ့်နှစ်တိတိကို ထိုးသွားသည့်နှင့်တစ်ပြိုင်နက် ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသည့် ချားရဟတ်ကြီးမှာ ဖျိုးဖျိုးဖျဖျအလင်းရောင်များဖြင့် လင်းထိန်လို့သွားသည်။ ညကောင်းကင်ယံတွင်လည်း မီးရှူးမီးပန်းများ လင်းခနဲ၊ လက်ခနဲဖြစ်သွားကာ မြစ်ကမ်းဘေးတွင် စုဝေးနေကြသည့် လူများထံမှ “ Happy New Year” ဟု ကြွေးကြော်သံက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားလေသည်။ လူတိုင်း၏မျက်နှာတွင် နှစ်သစ်ကို စောင့်မျှော်ရှုစားခြင်းများအပြည့်နှင့်ပင်။
လင်ချင်းဟယ်က မျက်လုံးများမှိတ်နေပြီဖြစ်သော ထောင်ရှီး၏လက်လေးကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကို ငုံ့နမ်းလိုက်ကာ တီးတိုးပြောလိုက်သည်။
“ ပေါင်ပေ့၊ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ…”
“ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပါ…” ထောင်ရှီးက အိပ်နေရင်းမှ ဆုတောင်းပေးလိုက်ပြီး လင်ချင်းဟယ်၏လည်ပင်းကို လှမ်းဆွဲကာ ပြန်နမ်းလိုက်သည်။ သို့သော် အနမ်းက မေးစေ့ကိုသာ ကျရောက်သွား၏။
လင်ချင်းဟယ်က ခေါင်းငုံ့ပေးလိုက်ကာ ထောင်ရှီး၏အနမ်းကို ပြီးပြည့်စုံစေသည်။
နှစ်သစ်ကူးရောက်ပြီဖြစ်၍ မြစ်ကမ်းဘေးတွင် စုဝေးနေကြသည့် လူများအားလုံးလည်း ပွဲပြီးသွားသည့်အခါ အပြုံးကိုယ်စီနှင့် အိမ်ကိုပြန်သွားကြလေတော့သည်။
____________________
စာရေးသူတွင် ပြောစရာစကားရှိ၏။
အရွယ်မရောက်သေးဘူး။ အဆုံးထိသွားလို့မရသေးဘူး။