အပိုင်း ၅
Viewers 16k

Chapter 5


ဤတစ်ကြိမ်အိပ်စက်ရာတွင်တော့ ကျွင်းချင်ယွီ ထူးထူးခြားခြား နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားသည်။


ဝိညာဥ်စွမ်းအင်ကို အလွန်အကျွံသုံးစွဲလိုက်ရခြင်း သို့မဟုတ် သူ့စိတ်နှလုံးတောင့်တနေသည့်အရာ ပြည့်ဝသွားခြင်းကြောင့် ဖြစ်နိုင်သည်။


သေးငယ်သည့်သေတ္တာလေးထဲမှာဖြစ်နေတာတောင် သူကောင်းမွန်စွာ အိပ်ပျော်လေသည်။


သို့သော်လည်း ကျွင်းချင်ယွီမျက်လုံးဖွင့်လိုက်သည့်အခါ ပတ်ပတ်လည်မှာ အမှောင်ထုကိုသာတွေ့လိုက်ရသည်။


မိုးမလင်းသေးဘူးလား။


ကျွင်းချင်ယွီ ထထိုင်လိုက်သည့်အခါ ညင်သာသည့်တိုက်မိသံတစ်ခု ထွက်ပေါ်လာသည်။ သူ တစ်စုံတစ်ခုကို တိုက်မိသွားပုံရ၏။


အထိအတွေ့ကို ခံစားလိုက်ရပြီးနောက် ထိုအရာက အလိုအလျောက်ပွင့်လာသည်။


အလင်းရောင်က တစ်ဖြည်းဖြည်းပွင့်ဟလာသည့်နေရာမှ ဖြတ်ကျော်ဝင်ရောက်လာပြီး ကျွင်းချင်ယွီ မော့ကြည့်လိုက်သည့်အခါ ယင်းကအခွံတစ်ခုနှင့် သဏ္ဍာန်တူသည်ကို တွေ့လိုက်ရသည်။


သူအခွံတစ်ခုထဲမှာ အိပ်ခဲ့တာလား။


ယင်းကအမှန်မဟုတ်ပေ။


သူမနေ့ညက သေတ္တာထဲမှာ အိပ်ခဲ့တာမလား။


သူအခွံထဲမှထွက်လာသည့်အခါ မြင်ကွင်းတစ်ခုလုံးကို မြင်လိုက်ရသည်။


အစွန်းများက ပွတ်တိုက်ခံထားရပုံပေါ်ပြီး ယင်းတို့မှာ အလွန်ချောမွေ့ကာဝိုင်းနေသည်။ ပြောင်လက်တောက်ပနေသည့်ရွှေမှာ သူ့အမြီး၏အရောင်နှင့် လိုက်ဖက်နေ၏။


အခွံအောက်ခြေတွင် နူးညံ့သည့်ပင်လယ်ရေမှော်ရေမြှုပ်ပါရှိသည်။ ယင်းကို ရေစိမ်ထားသော်လည်း ထိတွေ့မိတိုင်း နူးညံ့နေသည်။


အခွံအပြင် ငါးကန်တစ်ခုလုံးတွင် အခြားအဆင်တန်ဆာသေးသေးများစွာလည်း ရှိနေသေးသည်။


ကျွင်းချင်ယွီ အခွံအိပ်ယာထက်တွင် ငိုက်မျဥ်းလျက်ထိုင်နေလိုက်သည်။


သိပ်မကြာခင်မှာပဲ တံခါးဖွင့်သံကို ကျွင်းချင်ယွီ ကြားလိုက်ရသည်။ ချက်ချင်းဆိုသလို သူ့အာရုံတွေနိုးကြားလာပြီး အမြှီးဖြင့်ကူးခတ်သွားကာ ကန်ဘေးမှာ သူ့ကိုယ်သူ တွယ်ချိတ်နေလိုက်သည်။


ဖုယွမ်ချွမ်းက လျှောက်ဝင်လာသည်။


"နိုးပြီလား"


"အွီး..."


ဖုယွမ်ချွမ်းကပြောသည်။


"မနေ့က ငါးကန်ရောက်လာတော့ မင်းအိပ်နေပြီ၊ မင်းအိပ်နေလို့ ကိုယ်မင်းကို မခေါ်တော့တာ"


"အာ..."


ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွင်းချင်ယွီ ခန့်မှန်းနိုင်သွားသည်။


ဖုယွမ်ချွမ်းက လှီးဖြတ်ထားသည့်စားစရာများကို ကောက်ယူကာ သူ့ကိုပေးလာသည်။


"တစ်ခုခုစားလိုက်"


ကျွင်းချင်ယွီ ပန်းကန်ထဲမှ အသီးနှင့်အရွက်များကိုကြည့်လိုက်သည်။ ယင်းတို့ကစိုစွတ်နေပြီး သိပ်လတ်ဆတ်ပုံမရချေ။


သူတို့က ဖုယွမ်ချွမ်းရဲ့အစားအသောက်တွေကို ဖြတ်ယူခဲ့ကြတာလား။


မဖြစ်နိုင်တာ ။


ထို့အပြင် မူရင်းစာတွင်ဖော်ပြထားသည်မှာ ဖုယွမ်ချွမ်းက တစ်နှစ်ပတ်လုံး စစ်မြေပြင်တွင် ရှိနေခဲ့ပြီး သူ၏ အမျိုးမျိုးသော စစ်ရေးအောင်မြင်မှုများမှရရှိသည့် ဆုလာဘ်ငွေများကို အသုံးမပြုခဲ့ဟူ၍။


ဖုယွမ်ချွမ်းက သူ့ကိုယ်ပိုင်ပိုက်ဆံကိုသူသုံးခြင်းကြောင့် သူက သစ်သီးဝလံနှင့်အသီးအရွက်များကို ဝယ်လိမ့်မည်မဟုတ်ချေ။


ဒီလိုမှမဟုတ်ရင် ဒါတွေကိုက အကောင်းဆုံးဖြစ်နေပြီလား။


ကျွင်းချင်ယွီ ပန်းသီးကိုတစ်ကိုက်ကိုက်လိုက်သည်။ ယင်းကအလွန်ကြွပ်ပြီး မချိုသည့်အပြင် အနည်းငယ်ပင်ခါးသက်သက်ဖြစ်နေသေးသည်။


မနေ့က ခရမ်းချဥ်သီးလေးတွေကဲ့သို့ပင် သူတို့ကအရသာမရှိချေ။


ကြယ်တာယာခေတ်က အသီးအရွက်တွေမှာ ပြဿနာရှိနေတာကို ကျွင်းချင်ယွီ အတည်ပြုလိုက်သည်။


အရောင်ဖြစ်စေ အရသာပဲဖြစ်စေ၊ တစ်ခုခုကတော့ မှားနေပြီဖြစ်သည်။


ကျွင်းချင်ယွီ၏လက်ချောင်းထိပ်လေးများက လက်ကောက်ဝတ်ကိုမသိစိတ်ဖြင့် ပွတ်လိုက်မိသည်။ သူ၏နေရာလွတ်သာရှိနေသေးလျှင် အစာစားချင်စိတ်ကို ပို၍ကျေနပ်စေပေလိမ့်မည်။


 သူ့နေရာလွတ်ထဲရှိ အသီးအရွက်များတွင် ဝိညာဥ်စွမ်းအင်ပါပြီး သူတို့ကို ဖုယွမ်ချွမ်းသာ စားပါက အမြန်ပြန်သက်သာလာနိုင်သည်။


သူစာအုပ်ထဲကူးပြောင်းလာပြီးနောက် သူ၏နေရာလွတ်မှာ လေထုပါးလေးထဲတွင်ပျောက်သွားပြီး ဖွင့်လို့မရတော့ချေ။


ရေသူငယ်လေးစိတ်မဝင်စားဖြစ်နေတာကိုမြင်ပြီး ဖုယွမ်ချွမ်းမေးလိုက်သည်။


"မကြိုက်ဘူးလား"


"အာ..."


ကျွင်းချင်ယွီ ငါးခြောက်ကို တစ်ကိုက်ကိုက်လိုက်သည်။ ယင်းက ပို၍အရသာရှိသည်။


ရေသူလေးများမှာ အကြိုက်မတူညီကြသော်လည်း အများစုက သစ်သီးနှင့် အသီးအရွက်များကို စားရခြင်းအား နှစ်သက်ကြသည်။ ငါးခြောက်နှင့်အသားများကိုမူ အပျင်းပြေဝါးရန် အဆာပြေစာအဖြစ်သာ ယူဆ၍ရသည်။


သို့သော်လည်း သူ့မိသားစုမှ ဤရေသူလေးကတော့ သစ်သီးနှင့်အရွက်တွေထက် ငါးခြောက်ကိုစားရတာကို ပိုကြိုက်ပုံပင်။


ဖုယွမ်ချွမ်းအနေနှင့် ရေသူလေး၏ နှစ်သက်မှုကို သတိပြုမိသည့်တိုင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကိုလည်း စားဖို့လိုအပ်သည်။ ဖုယွမ်ချွမ်းက ရေသူငယ်လေးနှင့် ဆွေးနွေးဖို့ ကြိုးစားလိုက်သည်။


 "ဒါတွေက မင်းရဲ့ကျန်းမာရေးအတွက် ကောင်းတယ်၊ နည်းနည်းတော့စားမယ်မလား"


ကျွင်းချင်ယွီက သူ့ပါးစပ်နားရောက်နေသည့် သရက်သီးစိတ်ကိုကြည့်ကာ တစ်ကိုက်ကိုက်လိုက်ပြီးနောက် ငါးခြောက်ကိုသာ အာရုံစိုက်၍ စားနေလေသည်။ 


ယင်းက အနည်းငယ် ကူကယ်ရာမဲ့စွာ နစ်မြှုပ်သွားသလိုပင်။ သူ့ကိုအရူးလုပ်ဖို့ တစ်ကိုက်ကိုက်ပြီးနောက် သူစားလိုရာကိုသာ စားနေလေသည်။


အရူးလုပ်ခံလိုက်ရသည့်ဖုယွမ်ချွမ်းမှာ လုံးဝစိတ်မဆိုးပါချေ။ ထိုအစား ရေသူငယ်လေးက အလွန်သွက်လက်ပြီး တက်ကြွသည်ဟု ခံစားရသည်။


ရေသူငယ်လေးက တကယ်မစားချင်တာကိုကြည့်ပြီးနောက် သူထပ်၍မကျွေးတော့ပေ။


ဖုယွမ်ချွမ်းက သူ့ဆံပင်တွေကို ကူညီဖီးသင်ပေးပြီး ကျန်ရှိနေသည့်သရက်သီးတွေကို သူ့ဘာသူ စားလိုက်ကာ ပြောလိုက်သည်။


"ကိုယ်မင်းကို ကစားဖို့ အပြင်ကိုခေါ်သွားပေးမယ်"


အပြင်ထွက်ကစားမယ်?


ကျွင်းချင်ယွီက ငါးခြောက်ကိုကိုင်ထားရင်း ခေါင်းကို ငုံ့လိုက်သည်။ အခုသူက အရမ်းသေးနေတော့ ဘယ်မှာ ကစားလို့ရမှာလဲ။


သူမေးတာကို စောင့်မနေဘဲ ဖုယွမ်ချွမ်းက စားပွဲပေါ်မှ စာရွက်စာတမ်းတို့ကို သပ်ရပ်အောင်စီဖို့ လှည့်လိုက်သည်။


ကျွင်းချင်ယွီက ငါးခြောက်ကိုစားပြီးသည့်နောက်တွင် ထပ်မစားချင်တော့ချေ။ ပြီးနောက် ဖုယွမ်ချွမ်းက သူ့စားပွဲမှာရှိနေဆဲဖြစ်ပြီး ပြန်မလာတော့သည်ကို တွေ့လိုက်ရသည်။


ကျွင်းချင်ယွီက သူတို့နှစ်ဦးကြားမှ အကွာအဝေးကို အကြည့်ဖြင့် စစ်ဆေးလိုက်သည်။


သူဖုယွမ်ချွမ်းထံခုန်ချလိုက်လျှင် ကန်ထဲမှထွက်လိုက်သည်နှင့် ကြမ်းပြင်ပေါ်ပြုတ်ကျနိုင်သည့် ဖြစ်နိုင်ချေကို စတင်စဥ်းစားလိုက်သည်။


သို့သော်လည်း သူမလုပ်ရသေးမှီ ဖုယွမ်ချွမ်းက လျှောက်လာခဲ့သည်။


"ထပ်ခုန်ထွက်ချင်လို့လား?"


ကျွင်းချင်ယွီ ပြုံးလိုက်ကာ သူ့လက်တွေကိုထပ်မံဖွင့်ဟလိုက်သည်။


"အာ!"


ဖုယွမ်ချွမ်းက သူ့ကိုလက်ထဲထည့်လိုက်ပြီး လှည့်ကာလျှောက်ထွက်သွားသည်။


ကျွင်းချင်ယွီက အမြန်ပင် ဖုယွမ်ချွမ်း၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးလိုက်သည်။


သူ့ကိုယ်တွင် ဝိညာဥ်စွမ်းအင်က အလုပ်ဖြစ်ပြီး အခြေအနေတိုးတက်လာသည်ကို ခံစားနိုင်သည်။


ယင်းကသက်ရောက်မှုရှိလျှင် ရက်အနည်းငယ်အတွင်း ဝိညာဉ်စွမ်းအားကိုထပ်၍ ထုတ်လွှတ်ပေးပြီး မတည်မငြိမ်ဖြစ်နေသည့် ဝိညာဥ်စွမ်းအင်ကို ဖိနှိပ်နိုင်လိမ့်မည်။


ကျွင်းချင်ယွီက အလုပ် တစ်ဝက်တစ်ပျက်မျှသာပြီးသေးသည့်ရေသူ(မပြည့်စုံသည့်ရေသူ)တစ်ဦးသာဖြစ်ပြီး အခြားရေသူများနှင့်ယှဥ်လျှင် စိတ်စွမ်းအင်ကို အာရုံခံနိုင်စွမ်းက နိမ့်ကျလေသည်။


နီးကပ်နေမှသာလျှင် ခံစားနိုင်၏။


ထို့အပြင် စိတ်စွမ်းအင်မငြိမ်မသက်ဖြစ်မှုက ရေသူတွေအတွက်တော့ ဒေါသကြီးသည့်ပြိုင်ဘက်တစ်ဦးကဲ့သို့ပင်ဖြစ်သည်။


ရေသူငယ်လေးတွေက တိုက်ခိုက်ဖို့အထိ မသန်မာချေ။ အန္တာရာယ်ကိုခံစားမိသည်နှင့် ပြေးရုံသာတတ်နိုင်သည်။


သို့သော်လည်း ဖုယွမ်ချွမ်းက သူ့ကိုထိခိုက်အောင်မလုပ်ဟူ၍ ကျွင်းချင်ယွီနှလုံးသားထဲမှသိနေသည်။ ထို့ကြောင့် ဖုယွမ်ချွမ်း၏စိတ်စွမ်းအင်မငြိမ်သက်မှုက သူ့အပေါ်သက်ရောက်မှုနည်းလေသည်။


ဖုယွမ်ချွမ်း၏နေမကောင်းမှုက စတင်ပြီး ပို၍ကောင်းမွန်လာသည်ကို တွေးမိရုံမျှဖြင့် အရာအားလုံးက ထိုက်တန်သည်ဟု ကျွင်းချင်ယွီခံစားရသည်။


ကျွင်းချင်ယွီ အကြောဆန့်လိုက်ပြီး ဖုယွမ်ချွမ်း၏လက်ဖဝါးပေါ်တွင်လဲလျောင်းကာ သူ့အမြှီးလေးကို လှုပ်ယမ်းနေလေသည်။


ဖုယွမ်ချွမ်းက ရေသူငယ်လေးကို ကြည့်လိုက်ကာ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရှင်းလင်းပီသစွာထွက်လာပြီး မေးလိုက်သည်။


"ဘာလို့ အရမ်းပျော်နေရတာလဲ"


"အ.. အာ.."


ရေသူငယ်လေးဘာပြောနေသလဲဆိုတာကို ဖုယွမ်ချွမ်းနားမလည်သော်ငြား ရေသူလေး အလွန်ပျော်နေသည်ကိုကြည့်ကာ သူ့ခံစားချက်တွေသည်လည်း မြင့်တက်လာပြီး စတင်ပျော်ရွှင်လာသည်။


တံခါးအနည်းငယ်ကိုကျော်ဖြတ်ပြီးနောက် ကျွင်းချင်ယွီ ရေစီးသံကို ကြားလိုက်ရသည်။


ကျွင်းချင်ယွီ သံသယအပြည့်ဖြင့် ခေါင်းကိုမော့ကြည့်လိုက်စဥ် ဖုယွမ်ချွမ်းက နောက်ဆုံးတံခါးချပ်ကို ဖွင့်လိုက်လေသည်။


မျက်လုံးထဲဝင်လာသည်မှာ(မြင်လိုက်ရသည်မှာ) တောက်ပနေသည့်ရေများပင်။


ကျွင်းချင်ယွီ: "???"


ခြံနောက်က ရေကူးကန်က ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ။


မနေ့က ရေကူးကန်ကို သူပြတင်းပေါက်ကတဆင့်မြင်ခဲ့သည်။ ထိုအချိန်က ခြောက်ကပ်နေသော်လည်း ယခုမူ ကွဲပြားလို့နေ၏။


ထိုအရာက ဘန်ဂလိုတစ်ခုဖြစ်သော်လည်း ဤသို့သောအရာတွေကိုရဖို့ လွယ်ကူမနေသင့်ပေ။


"ဟမ်?"


"သဘောကျလား"


ကျွင်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။


ဖုယွမ်ချွမ်းက ကမ်းစပ်မှာ ထိုင်ချလိုက်ပြီး ရေသူလေးကို အထဲထည့်ပေးလိုက်ကာ နူးညံ့စွာပြောလိုက်သည်။


"အောက်ကိုကြည့်လိုက်"


ကျွင်းချင်ယွီက ထိုစကားကိုကြားပြီး ကြည့်လိုက်သည်။


သာမန်ရေကူးကန်တစ်ခုဟုသာထင်ခဲ့ပြီး ရေထဲတွင်ဝှက်ထားသည့် အခြားအရာတစ်ခု ရှိနေမည်ဟု မထင်ခဲ့မိပေ။


ရေ၏အောက်ခြေကို အထူးအကာအကွယ်ဖလင်တစ်ခုဖြင့် ဝန်းရံထားပြီး အပြင်ဘက်မှဆိုလျှင် ရေကန်တစ်ခုကိုသာ မြင်နိုင်သည်။


ရေ၏အောက်ခြေကိုရောက်သွားမှသာ အဆင်တန်ဆာများစွာဖြင့် အလှဆင်ထားသည့် ဧရိယာကျယ်ကြီးကို မြင်နိုင်လိမ့်မည်။


ကျွင်းချင်ယွီ အနည်းငယ်ရင်းနှီးနေသလို ခံစားရသည်။ ယင်းက ရေသူအခြေစိုက်စခန်းကပုံနှင့် ချွတ်စွပ်ပင်ဖြစ်သည်။


ရေအောက်တွင် အရုပ်ငယ်လေးများရှိနေပြီး ရေမှော်၊ရေညှိနှင့် ကျွင်းချင်ယွီအမည်မတပ်တတ်သော်ငြား ရေသူတွေစားလို့ရသည့် အခြားအရာများလည်း ရှိနေသည်။


ဤနေရာတွင် သူတစ်ယောက်တည်း အထီးကျန်ဆန်စွာကစားနေရမည်ကို စိုးရိမ်၍ဖြစ်နိုင်သည်၊၊ ရေအောက်ခြေတွင် ဖြည်းညင်းစွာကူးခတ်နေသည့် သေးငယ်သော စက်ရုပ်ငါးလေးများလည်း ရှိသည်။


ကျွင်းချင်ယွီက ရေထဲတွင် သူ့မျက်လုံးတွေကိုမှိတ်ထားပြီး ဖုယွမ်ချွမ်းက ကမ်းစပ်တွင် သူ့ကိုစောင့်နေလေသည်။


ဖုယွမ်ချွမ်းက ပြောသည်။


"အကုန်လုံးကအသစ်တွေ၊ မင်းမကြိုက်ရင် လွှင့်ပစ်လို့ရတယ်"


ကျွင်းချွင်ယွီ ခေါင်းယမ်းပြလိုက်သည်။ အရာအားလုံးက အဆင်ပြေပါသည်။


ဖုယွမ်ချွမ်း၏မျက်ဝန်းထဲရှိ ထင်ရှားနေသည့်အပြာရောင်လေးကိုကြည့်ကာ ကျွင်းချင်ယွီ သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်။


ဒါတွေကို မနေ့က ငါးကန်နှင့်အတူ ပို့ပေးလာတာဖြစ်နိုင်သည်။


ပစ္စည်းတွေရောက်တာနှင့် ဖုယွမ်ချွမ်းက ယင်းတို့ကို စတင်ခွဲထုတ်ပေလိမ့်မည်။


ဒီတော့ သူတစ်ညလုံး အိပ်ရမည်မဟုတ်ချေ။


ကျွင်းချင်ယွီ ကမ်းစပ်ကိုကူးသွားပြီး ညင်သာစွာဆိုလိုက်သည်။


"ဘူး~~"


ဖုယွမ်ချွမ်းက ရေသူလေးချဥ်းကပ်လာသည်ကိုစောင့်ကြည့်နေပြီး ရေသူငယ်လေး၏ဆံပင်ကို သူ့လက်ချောင်းထိပ်လေးဖြင့်ထိကာ ပြောလိုက်သည်။


"မင်းဘာကြိုက်လဲဆိုတာမသိတော့ ကိုယ်အားလုံးဝယ်လာလိုက်တာ၊ ရေအောက်မှာ ဆင်ထားတာတွေက မကောင်းဘူးလို့ထင်ရင် မင်းအဲတာတွေကို ဖျက်ဆီးပြီးပြောင်းလဲလို့ရတယ်"


"အဲဒါတွေကို အရမ်းတင်းတင်းကြီးမချည်ထားဘူး၊ မင်းအားနှင့်လုပ်လို့ရတယ်"


ရပ်လိုက်ပြီးနောက် ဖုယွမ်ချွမ်းကပြောသည်။


"မင်းဘယ်လိုလုပ်ရမလဲသိပါတယ်၊ ဟုတ်တယ်မလား"


"အာ.."


ရေသူလေးက ခေါင်းကိုမခါခဲ့ပေ။ ယင်းက ထောက်ခံသည်နှင့်တူညီ၏။


ဖုယွမ်ချွမ်းက ခေါင်းညိတ်ကာ ဆိုလိုက်သည်။


"သွားပြီးကစားတော့"


ကျွင်းချင်ယွီက ကစားဖို့မသွားခဲ့ပေ။ ထိုအစား သူကခေါင်းစောင်းကာ ကြည့်လိုက်သည်။


"အာ..."


ကျွန်တော်သွားကစားတော့ ခင်ဗျားကရော..။


ဘာသာစကားကမရှင်းလင်းသော်လည်း အဓိပ္ပါယ်ကတော့ သိသာပါသည်။


ဖုယွမ်ချွမ်းက သူ့လက်ထဲမှ စာရွက်စာတမ်းများကိုညွှန်ပြကာ ပြောသည်။


"ကိုယ်မင်းနဲ့အဖော်လုပ်ပေးမယ်"


ထိုစကားလုံးတို့ကိုကြားသည့်အခါ ကျွင်းချင်ယွီ ခေါင်းညိတ်ပြလိုက်ပြီး အမြှီးကိုခတ်ကာ ရေကန်အောက်ခြေကို ငုံ့ဆင်းသွားသည်။


ရေသူငယ်လေးတွေလည်း လေ့ကျင့်ခန်းလုံလောက်အောင်လုပ်ဖို့ လိုအပ်သည်။ ရေကူးခြင်းက သူတို့ကိုရုပ်ပိုင်းဆိုင်ရာ သန်မာစေသည်။


ကျဉ်းမြောင်းသောနေရာတွင် အချိန်အတော်ကြာ အောင် ပိတ်မိနေသည့် ရေသူတွေအနေဖြင့် အကြေးခွံဆုံးရှုံးရခြင်း သို့မဟုတ် အမြီးချို့ယွင်းခြင်းကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်နိုင်သည်။


သေတ္တာလေးက အိပ်စက်ရာမှာ ပြဿနာဖြစ်မည်ကိုကြောက်သဖြင့် ဖုယွမ်ချွမ်းက ညတွင်းချင်းပင် သေတ္တာကို ပြောင်းလဲခဲ့သည်။


ရလာဒ်အနေဖြင့် ရေသူငယ်လေးက ပင်ပန်းခြင်းအလျဥ်းမရှိဘဲ အတော်ကြာအောင် အိပ်စက်နေသည်ကို ကြည့်ခဲ့ရသည်။ သူက ရိုးရှင်းစွာပင် စွန့်ပစ်ရေကူးကန်ကို ရေသူငယ်လေးအတွက်ပြတိုက်အဖြစ် ပြောင်းလဲလိုက်သည်။


Xxxxxxx