Chapter 6
ယခုမူ ကမ်းခြေတွင်ထိုင်ကာ ရေသူငယ်လေး ရေထဲမှာဆော့ကစားနေသည်ကို ကြည့်နေရ၏။
အချိန်တွေ ကုန်လွန်လာသည့်အခါ သူကပေါ်လာပြီး သူရှိမရှိအတည်ပြုဖို့ရာ ကြည့်တတ်သည်။
သူ့ကိုမြင်ပြီးသည်နှင့် ရေထဲပြန်ငုပ်သွားပြီး ရေကူးပြန်သည်။
ချစ်ဖို့ကောင်းလွန်း၏။
ဖုယွမ်ချွမ်း ရေသူငယ်လေးနှင့် ကစားပေးနေစဥ်တွင် သူ့လက်ကောက်ဝတ်ရှိ ဥာဏ်ရည်တုစက်မှ သတင်းများရောက်ရှိနေကြောင်း အချက်ပြလာခဲ့သည်။
သူက ပထမသတင်းတစ်ချို့ကို ကျော်လိုက်ပြီးနောက် နောက်ဆုံးသတင်းစာသားကို ကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။
ကျွင်းချင်ယွီ က ထိုအသံကိုကြားပြီး ကမ်းခြေသို့ ကူးခတ်သွားသည်။ ရေက မြင့်သည်။သူက ခုန်မသွားပဲ ကမ်းခြေသို့ ရောက်ရှိရန် တိကျသော အကွာအဝေးတစ်ခုအထိပင် ရေပေါ်တွင် ရွေ့လျားသွားသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းအား မော့ကြည့်လိုက်သည်။ '
"အာ?''
''တစ်ခုခုပဲ"
ဖုယွမ်းချွမ်းက ရေသူငယ်လေးကို ကိုင်လိုက်ပြီး မေးလိုက်သည်။
'' မင်းဆက်ပြီး ကစားနေချင်လား ၊ဒါမှမဟုတ် ကိုယ်နဲ့လိုက်မလား''
''အွီး"
ကျွင်းချင်ယွီက ချက်ချင်းပင် ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်အား ပွေ့ဖက်လိုက်ပြီး ကြီးမားသော ရေသူကစားကွင်းကြီးအား ချက်ချင်းစွန့်ပစ်လိုက်သည်။
ဖုယွမ်ချွမ်းက ရေကန်အတွင်းရှိ ရေ၏အမြင့်ကို ချိန်ညှိလိုက်ပြီး ပြန်လှည့်လာကာ ရေသူငယ်လေးအား လေ့လာရန် ခေါ်သွားလိုက်သည်။
ပြန်ရောက်သောအခါ ရေသူငယ်လေးကို ပွေ့ဖက်လိုက်ပြီးမှ သူနှင့်အတူယူလာသော စာရွက်စာတမ်းများကို မေ့နေကြောင်း တွေ့သွားသည်။
ဖုယွမ်ချွမ်းက ရေသူငယ်လေးအား ငါးကန်ထဲကို ထည့်ပြီး ''ငါ့ကိုစောင့်နေ'' ဟုပြောလိုက်သည်။
"အာ.."
တစ်စုံတစ်ယောက်က ဖုယွမ်ချွမ်းအား အရေးကြီးကိစ္စဖြေရှင်းရန် လှမ်းဆက်သွယ်ခဲ့ပြီး ထိုကြာရှည်သော ကာလပတ်လုံးတွင် ကျွင်းချင်ယွီက သူအမြှီးများအား ခါယမ်းကာ တစ်ရေးအိပ်ပြီး ရေကူးရန် အစီအစဥ်ချလိုက်သည်။
ငါးကန်က စားပွဲပေါ်တွင် တင်ထားတာဖြစ်သည်။ ကျွင်းချင်ယွီက ရေအောက်သို့ ငုပ်သွားလိုက်သောအခါ စားပွဲပေါ်တွင်တင်ထားသည့် လုံးဝန်းသော ဘောလုံးကိုတွေ့လိုက်ရသည်။
ထိုအရာသည် ဖောက်ထွင်းမြင်ရသော သလင်းကျောက်ကဲ့သို့ ဖြစ်ပြီး မနေ့ကအထိ မတွေ့မိပေ။
ကျွင်းချင်ယွီက ယင်းကို အနီးကပ်ကြည့်လိုက်ပြီး အလွန်လှပပြီးကောင်းမွန်သည်ကိုတွေ့လိုက်ရ။
နောက်အခိုက်အတန့်တွင် ဖောက်ထွင်းမြင်နိုင်သော ဖန်လုံးက ရုတ်တရက် လူတစ်ယောက်၏မျက်နှာအား ပြသလိုက်သည်။
မျက်လုံးတစ်စုံက ဖန်လုံးထက်တွင် ပြည့်သိပ်နေပြီး သင်္ကာမကင်းဖြစ်နေသည်။
"ဟေး ရေသူလေး''
ကျွင်းချင်ယွီ: ''!''
ကျွင်းချင်ယွီ အထိတ်တလန့်ဖြင့် အမြှီးနှင့် ရိုက်ချလိုက်သည်။
သို့သော် သူက ငါးကန်ထဲမှာ ရှိနေတာဖြစ်ပြီး မလွဲရှောင်နိုင်ပေ။
အက်ကွဲသံနှင့်အတူ ငါးကန်က တစ်ဝက်ခန့် ကွဲကြေသွားပြီး ကျွင်းချင်ယွီ၏ အမြှီးက ဘောလုံးကို ထိမှန်သွားသည်။
''Fuck!'' ဘောလုံးထဲကလူက ထအော်လိုက်သည်။
ငါးကန်ထဲမှ ရေများက စားပွဲပေါ်တွင် ပြန့်ကျဲနေပြီး ကျွင်းချင်ယွီက ၄င်းကို မသိမ်းနိုင်ပေ။
လေ့လာရေးအခန်း၏ တံခါးပွင့်လာသည်ကိုမြင်သောအခါ ကျွင်းချင်ယွီက ကွဲကြေနေသော ဖန်အပိုင်းအစကြားတွင် သနားစဖွယ်ထိုင်ကာ တိုးတိုးလေးပြောလိုက်သည်။
"အာ.''
ဖုယွမ်ချွမ်းက လျှင်မြန်စွာ လျှောက်လာပြီး ရေသူငယ်လေးအား သူ၏လက်ဖဝါးများထဲထည့်ကိုင်ကာမေးလိုက်သည်။
"မင်း ဒဏ်ရာရသွားသေးလား''
ကျွင်းချင်ယွီက သူ့ခေါင်းလေးကိုယမ်းကာ ဖုယွမ်ချွမ်း၏ လက်များထဲတွင် ဝမ်းနည်းစွာ လဲလျောင်းနေပြီး မြေပြင်ပေါ်မှ သူဝင်တိုက်၍ အက်ရာများထင်သွားသော ဘောလုံးအား ညွှန်ပြလိုက်သည်။
ဖုယွမ်ချွမ်းက ထိုအရာကို ကြည့်ပင်မကြည့်ချေ။ သူက ရေသူငယ်လေးကိုပဲ ကိုင်ကာ ဂရုတစိုက်စစ်ဆေးနေပြီး ထိခိုက်ဒဏ်ရာ မရှိတာတွေ့မှ စိတ်သက်သာရာရသွားသည်။
ထိုအချိန်တွင် မြေပြင်ပေါ်ရှိ ဘောလုံးက ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။
''....''
ဖုယွမ်ချွမ်းက မျက်မှောင်ကြုံ့လိုက်ကာ
''ရေသူလေးတွေက အရမ်းနုနယ်တယ်၊ မင်းရဲ့အသံကို နှိမ့်လိုက်ဦး သူ့ကိုမထိတ်လန့်စေနဲ့''
ဘောလုံး၏ တစ်ဖက်ခြမ်းရှိ ဝန်ထမ်း :''???''
အမြှီးနဲ့မင်းမိသားစုဝင်လေးရဲ့ရှေ့မှာ တကယ့်ငါရောက်နေတာသာဆိုရင် ငါ့သွားတွေကျွတ်ထွက်သွားလောက်ပြီ သိရဲ့လား။ ဒါကို အားနည်းတယ်လို့ခေါ်တာလား။
ကျွင်းချင်ယွီက အမှန်ပင် အနည်းငယ် ထိတ်လန့်သွားတာဖြစ်သည်။ သူကအနည်းငယ် ကြောက်ရွံ့နေပြီး ဖုယွမ်ချွမ်း၏လက်ထဲတွင်ငြိမ်နေကာ အမြှီးလေးပင်မလှုပ်တော့ပေ။
ဖုယွမ်ချွမ်း မျက်မှောင်ကြုတ်လိုက်ပြီး ရေသူငယ်လေးကို မည်သို့ချော့မော့ရမလဲ မသိဖြစ်နေသည်။
တစ်ဖက်မှ ပြုံးနေဆဲဖြစ်သည့် ဘောလုံးဖြင့်ဆက်သွယ်ပြောဆိုနေသည့် လက်အောက်ငယ်သားကိုကြည့်ကာ ဖုယွမ်ချွမ်းက လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။
"ကြယ်သိမ်စိုက်ပျိုးရေးအသင်းမှာ ခေါင်းဆောင်မရှိသးဘူး၊ မင်းသွားချင်လား"
"ဗျာ"
ငယ်သားက အံ့သြသွားသည်။
တစ်ဖက်လူ၏တုံ့ပြန်မှု မည်သို့ပင်ရှိစေကာမူ ဖုယွမ်ချွမ်းက ရေသူလေးကို လက်တစ်ဖက်တွင် ကိုင်ထားကာ စားပွဲပေါ်ရှိ အရှုပ်အထွေးများကို အခြားတစ်ဖက်ဖြင့် ရှင်းထုတ်ပစ်လိုက်သည်။
ရေသူငယ်လေး ကန်အပြင်ဘက်ကိုခုန်ထွက်ကာ ထိခိုက်မိခြင်းမှကာကွယ်ရန် ဖန်ကွဲစများကို သေချာစစ်ဆေးလိုက်သည်။
ငယ်သားက ငိုကြွေးလာသည်။
"ဘော့စ်၊ မင်း ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူးနော်"
"တိတ်တိတ်နေပြီး မီတင်အတွက် အသင့်ပြင်တော့"
ငယ်သားက ငိုကြွေးနေသည်ကို ရုတ်တရက် ရပ်လိုက်ကာ လေးနက်စွာပြောလာသည်။
"ဟုတ်ကဲ့ပါ"
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ထဲတွင် လဲလျောင်းနေပြီး စားပွဲပေါ်မှဖန်ကွဲစများကို ကူညီရှင်းလင်းကာပစ်ပေးဖို့လုပ်လိုက်သည်။
ဖုယွမ်ချွမ်းက အခွံအောက်တွင်ရှိနေသည့် ဖန်ကွဲစများကို မမြင်နိုင်သော်လည်း ကျွင်းချင်ယွီကတော့ မြင်နိုင်လေသည်။
သူကလက်လှမ်းလိုက်သည်။
ရလာဒ်ကတော့ ထိုအကွဲစထံ သူ့လက်မရောက်မှီ ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်နှစ်ခုက လိမ်ယှက်သွားခဲ့သည်။
ကျွင်းချင်ယွီ၏လက်ကို ဆုပ်ကိုင်ခံလိုက်ရပြီး ဆွဲလှည့်ခံလိုက်ရသည်။
"အာ..."
"အဲတာကိုမထိနဲ့၊ ရှမိမယ်သတိထား"
ဖုယွမ်ချွမ်းက သူ့လက်ချောင်းများဖြင့် ရေသူလေး၏လက်ဖဝါးကို ပွတ်သပ်ကာ ဒဏ်ရာရသွားလား စစ်ဆေးလိုက်သည်။
သူကရေသူလေးကို စားပွဲအဝေးမှ ခေါ်သွားလိုက်သည်။
ကျွင်းချင်ယွီက ကူညီချင်နေဆဲပင်။သိူ့သော်လည်း ယခုမူ သူကစားပွဲကိုပင် မထိနိုင်ပေ။
"အွီး..."
ကျွင်းချင်ယွီ လက်ကိုမြှောက်လိုက်ပြီး သူ့လက်ကိုဂရုစိုက်ကြည့်ခိုင်းလိုက်သည်။ ဒဏ်ရာမဆိုထားနှင့် ခြစ်ရာလေးပင်မရှိချေ။ သူကဂရုတစိုက် ကောက်ယူခဲ့တာဖြစ်သည်။
ဖုယွမ်ချွမ်း ချော့မော့လိုက်သည်။
"လိမ္မာတယ်"
ကျွင်းချင်ယွီ:"..."
ဆက်သွယ်မှု ကျရှုံး။
ငါးကန်က ကွဲသွားသော်လည်း ဖုယွမ်ချွမ်းက အသစ်တစ်ခုကို ပြင်ဆင်လိုက်သည်။
အစည်းအဝေးမစမှီ၊ ဖုယွမ်ချွမ်းက ငါးကန်အတွက် ပထမဆုံးမြင်ကွင်းကို ပြုလုပ်ပေးခဲ့လေသည်။
သူတို့အားလုံးက အသင့်လုပ်ပြီးသားများဖြစ်ကာ နေရာတကျထားလိုက်ရုံမျှသာ။
ရေမှာ ပင်လယ်ရေနှင့်အထူးအမှုန့်တစ်မျိုးကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဒီအတိုင်းဖြည့်လိုက်ရုံမျှသာ။
ဖုယွမ်ချွမ်းက ရေသူငယ်လေးကိုထည့်လိုက်ပြီး ပြောလိုက်သည်။
"ရေအပူချိန်က အဆင်ပြေရဲ့လား"
"အာ..."
ကျွင်းချင်ယွီ အမြှီးကိုယမ်းပြလိုက်သည်။
ဖုယွမ်ချမ်းက သူ့ကိုငါးခြောက်တစ်ကောင်ပေး ပြီး လက်ကိုမြှောက်ကာ ပရောဂျက်တာကိုဖွင့်လိုက်လေသည်။
ဆက်သွယ်မှုပြီးသည့်အခါ မျက်နှာပြင်ထက်တွင် စားပွဲရှည်တစ်လုံးပေါ်လာပြီး အခြားလက်အောက်ငယ်သားများက စားပွဲရှည်ကြီး၏ ဘယ်ဘက်နှင့် ညာဘက်တွင် အသီးသီးရှိနေကြသည်။
ကျွင်းချင်ယွီ အလင်းရောင်ကို ခံစားရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ဖန်သားပြင်တစ်ခုလုံးမှ လူများက ခေါင်းငုံ့ထားကြကာ မျက်လုံးများက သူ့ကို တစ်ချိန်တည်း ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ကျွင်းချင်ယွီ : "...?"
"တကယ်ရေသူတစ်ကောင်လား၊ ငါကအမြင်မှားနေတယ်ထင်နေတာ..."
"နောက်ဆုံးအကြိမ်တုံးက မာရှယ်လ် ရေသူလေးတစ်ကောင် အိမ်ပြန်ခေါ်လာတယ်လို့ကြားတော့ အဲဒီ့လူအိုကြီးတွေ ငါတို့ကိုသတင်းတွေရှုပ်ထွေးအောင် လုပ်နေတယ်လို့ထင်ခဲ့တာ၊ ကြည့်ရတာ အမှန်ဖြစ်ပုံပဲ"
"ဘယ်လိုတောင် ချစ်စရာကောင်းတဲ့အသေးလေးလဲ၊သူ့ပုံစံလေးက အပြုအမူကောင်းမယ့်ပုံလေး"
ထိုလူများက ဖုယွမ်ချွမ်း၏နောက်လိုက်များဖြစ်ပုံရသည်။ စာအုပ်ထဲတွင် သူတို့အကြောင်းကို အနည်းငယ်သာ ဖော်ပြထား၏။
ကျွင်းချင်ယွီ မှတ်မိသည်မှာ စစ်သည်များကိုဆုံးရှုံးပြီးနောက် စစ်ပွဲဖြစ်ပွားသည်ကိုပင်။ ထိုအချိန်မှစ၍ ဖုယွမ်ချွမ်းတစ်ယောက်တည်း ဖြစ်သွားခဲ့သည်။
သူခန့်မှန်းတာမှန်ပါက သူ့ရှေ့ရှိထိုလူများမှာ စစ်ပွဲထဲတွင် သေဆုံးရလိမ့်မည်။
ကျွင်းချင်ယွီ သူ့နှုတ်ခမ်းကိုဖိလိုက်ပြီး ထိုဇာတ်ကွက်ကို ကျော်ဖို့နည်းလမ်းတစ်ခုကို စဥ်းစားလိုက်သည်။
ကျွင်းချင်ယွီ တွေးနေစဥ် တစ်ဖက်မှ အသံထွက်လာသည်။
"ရေသူလေးတစ်ကောင်ရှိတယ်ဆိုရင် မာရှယ်လ်နေမကောင်းတာလည်း မကြာခင်ကုသလို့ရတော့မှာလား"
သေချာတာပေါ့!
ကျွင်းချင်ယွီ ပြုံးကာ သူတို့ကိုလက်ဝေ့ယမ်းပြလိုက်သည်။
"Eh!"
မာရှယ်လ်ဖုရဲ့ကျန်းမာရေးကို ကျွန်တော်နဲ့သာလွှဲထားလိုက်ပါ။
"ဟားဟား၊ မင်းငါတို့ကို နှုတ်ဆက်နေတာလား"
"ချစ်စရာကောင်းလိုက်တာ"
"..."
နှုတ်ဆက်နေတာမဟုတ်ပါဘူး။
ကျွင်းချင်ယွီက တစ်ခုခုကို ပိုပြောချင်သော်လည်း ဖုယွမ်ချွမ်းက သူ့လက်ကိုအောက်ချလိုက်ကာ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်မှဗီဒီယိုမီတင်လုပ်နေသည် လူတို့၏မျက်လုံးတွေကိုလည်း ပိတ်ဆို့လိုက်သည်။
"ဘော့စ်၊ လက်ကြီးဖယ်လိုက်ပါ၊ နည်းနည်းလောက် ကြည့်ခွင့်ပေးပါဦး၊ ကျွန်တော် ရွှေရောင်ဖျော့ဖျော့ရေသူလေးကို တစ်ခါမှမတွေ့ဖူးဘူးလို့"
ဖုယွမ်ချွမ်းက ပေါ့ပါးစွာပြောလိုက်သည်။
"အစည်းအဝေးစမယ်"
ငယ်သားများက ရုတ်တရက်ပင် သူတို့၏ကစားချင်နေသည့်အတွေးတွေကို ဖယ်ထုတ်လိုက်သည်။
"ဟုတ်ကဲ့!"
ဖုယွမ်ချွမ်းက ရေသူငယ်လေးကိုကြည့်ကာ ပြောလိုက်သည်။
"အစည်းအဝေးက ကြာလိမ့်မယ်၊ တကယ်လို့ပျင်းရင် ရေကူးကန်မှာ သွားကစားလို့ရတယ်၊ အစည်းအဝေးပြီးရင် မင်းကိုပြန်လာခေါ်မယ်"
ကျွင်းချင်ယွီက ကစားဖို့စိတ်ကူးမရှိပဲ အစည်းအဝေးတွင်သာ စိတ်နှစ်ထားသည်။ အဲဒါက အရေးကြီးကိုကြီးလိမ့်မယ်။ သူဘယ်လိုလုပ် ရှိမနေဘဲ နေရမှာလဲ။
"အာ.."
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ကိုဖက်ကာ သူနေချင်ကြောင်းထင်ထင်ရှားရှား ပြသလိုက်သည်။
ဖုယွမ်ချွမ်းကဆိုသည်။
"ပျင်းစရာကောင်းတယ်"
ကျွင်းချင်ယွီ ခဏမျှစဥ်းစားပြီးနောက် အခွံလေးထံဒိုင်ဗင်ထိုးသွားကာ လဲလျောင်းပြလိုက်သည်။
သူပျင်းလာရင် အိပ်လိုက်မယ်။
ရေသူငယ်လေးက ရေကူးကန်ကိုသွားပြီး မကစားချင်သည်ကိုကြည့်ပြီး ဖုယွမ်ချွမ်းကပြောလိုက်သည်။
"မင်းသွားချင်လာရင် ကိုယ့်ကိုပြော"
ကျွင်းချင်ယွီ ခေါင်းညိတ်ပြလိုက်ကာ စကားပြောဖို့ရာ ပါးစပ်ကိုဟလိုက်သော်လည်း ပူဖောင်းတွေသာထွက်လာသည်။
"ဘွန်း..."ဟူသော တုန့်ပြန်သံသာထွက်လာ၏။
ဖုယွမ်ချွမ်းက အံဆွဲကိုဖွင့်ကာ ထိုအထဲမှ အရသာရှိသည့် သရေစာအနည်းငယ်ကို ရွေးယူပြီး အချို့ကို ထုပ်ပိုးထားသည့်အတိုင်း ယူလိုက်သည်။
အဆာပြမုန့်များကို ငါးကန်အပြင်ဘက်ရှိ ပလက်ဖောင်းပေါ်တွင် ထားလိုက်သည်။ ရေသူလေးသည် စားချင်လာသည့်အခါ ရေကူးပြီးယူနိုင်ရန်အတွက်ပင်။
ပြင်ဆင်မှုများပြီးသောအခါ ဖုယွမ်ချွမ်းက သူ့လက်ချောင်းထိပ်များဖြင့် ကြမ်းပြင်ပေါ် ပုတ်လိုက်သည်။
"စကြရအောင်"
"ဟုတ်ကဲ့"
ကျွင်းချင်ယွီ စိတ်သက်သာရာရသွားပြီး ဂရုတစိုက် နားထောင်လိုက်သည်။
ပြီးနောက် သူရှာတွေ့လိုက်သည်မှာ ...
သူဘာလို့ နားမလည်ရတာလဲ။
စကားလုံးတိုင်းကို ဘာလို့သူနားလည်ပေမယ့် အဲ့ဒါတွေကို စာသားတစ်ခုတည်းအဖြစ်ပေါင်းထည့်လိုက်တော့ သူဘာလို့နားမလည်ရတော့တာလဲ။
ကျွင်းချင်ယွီ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
သူ ဖုယွမ်ချွမ်းကို ထပ်မံ၍ကြည့်လိုက်သည်။ အချိန်တွေဖြတ်ကျော်လာပြီးနောက် သူက ရံဖန်ရံခါ ပါးစပ်ကိုဖွင့်ကာ ပိုထိရောက်တဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ပေးပြီး အစီအစဉ်တချို့ကိုလည်း ငြင်းဆန်နေသည်။
ကျွင်းချင်ယွီ နှုတ်ခမ်းကိုဖိ(ကိုက်)လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဖုယွမ်ချွမ်းက ထိုသို့သောခက်ခဲသည့်ပြဿနာကို ကိုင်တွယ်နိုင်လေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို တောက်ပနေသည့်မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။ သူစကားမပြောနိုင်မှီ သူ့ရှေ့ကိုလက်တစ်ဖက်ရောက်လာသည်။
ဖုယွမ်ချွမ်းက ငါးကန်ကို လက်ညိုးဖြင့် နှစ်ကြိမ်ပုတ်လိုက်သော်ငြား အသံထွက်မလာပေ။
သူက စာရွက်စာတမ်းများကို ခွဲခြမ်းစိတ်ဖြာပြီး ကောင်းကျိုးဆိုးကျိုးများကို ရှင်းပြနေသော်လည်း သူ့လက်ကို ဖန်ခွက်နှင့်ထိထားကာ ရေသူလေးနှင့်လည်း ကစားနေလေသည်။
ကျွင်းချင်ယွီ အတော်ကြာအောင် စဥ်းစားပြီးနောက် ဖုယွမ်ချွမ်း၏လက်ချောင်းထိပ်လေးများကို လှမ်းကိုင်လိုက်၏။
သူမထိလိုက်နိုင်မှီ ထိုလက်ချောင်းများက ရွေ့လျားသွားသည်။
ကျွင်းချင်ယွီက မသိစိတ်နှင့်အတူ ထိုလက်ချောင်းများဦးတည်ရာကို လိုက်ရွေ့လျားပြီးနောက် ပြိုင်ဘက်ကို ဖမ်းဆုပ်လိုက်လေသည်။
သို့သော်လည်း အဆုံးမှာတော့ သူလွဲချော်သွား၏။
လက်ချောင်းများက ဖန်ထက်တွင် ဝိုင်းပတ်နေပြီး ကျွင်းချင်ယွီက သူ့အမြှီးကို ခတ်ကာ လိုက်ဖမ်းလေသည်။
အပေါ်မှအောက်၊ ဘယ်မှညာသို့။
ရေသူငယ်လေးက ရေကိုဖြည်းဖြည်းမကူးဘဲ အမြန်ကူးကာ အချိန်တိုင်းမှာ ဖမ်းမိဖို့ ကြိုးစားနေလေသည်။
Xxxxxx